Chapter (4)
အရင်ဘ၀ သုံးဆယ့်ခုနစ်နှစ်လုံးလုံး Tang Feng က အခြားယောက်ျားတွေနဲ့ လုံးလုံးကြီး အဆက်ဆံ အပတ်သက် မရှိခဲ့ဘူးလို့တော့ မဆိုလိုဘူး။ သူသရုပ်ဆောင်လောကထဲ ၀င်ကာစ အစောပိုင်းမှာတော့ Tang Feng အနေနဲ့ ဒီလိုကိစ္စတွေနဲ့ ကင်းရှင်းအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဒါ့အပြင် သူ့မှာ နှလုံးရောဂါလည်းရှိလို့ သူ့ကိုချဉ်းကပ်လာတဲ့ အမျိုးသားတွေကို ငြင်းဆန်ခဲ့တယ်။ ဒါက.. သူ လူငယ်လေးတစ်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိမလာခင်က အဖြစ်အပျက်တွေဖြစ်တယ်။
Tang Feng က ကိုယ့်ကိုယ်ကို ထိန်းသိမ်းရတာကို အတော်လေး တန်ဖိုးထားတယ်။ သူက ယောက်ျားတွေကို သူ့ဘ၀ထဲက လုံးဝဖယ်ထုတ်ထားတာတော့ မဟုတ်ပေမယ့် နှစ်ဦးသဘောတူဆိုရင်တော့ သူ ဒီပျော်ရွှင်မှုကို လက်ခံခဲ့တာပါပဲ။ ဒါပေမယ့် အရင်ကအခြေအနေနဲ့ မတူတာကတော့ သူ မနေ့က ဘယ်လောက်တောင် ဆေးခတ်ခံလိုက်ရပြီး သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး အတင်းအကျပ် ရယူခံလိုက်ရသလဲ မသိတော့ဘူး။
Tang Feng နိုးလာတော့ အပြင်ဘက်မှာ မှောင်မည်းနေတုန်းပဲ။ အရုဏ်ဦးရောင်ခြည်က တောင်တွေနောက်မှာ ပုန်းနေပြီး အလင်းရောင်တောင် မပေါ်သေးဘူး။ အခန်းထဲမှာတော့ ၀ိုးတ၀ါးလင်းနေတယ်။ Tang Feng နာရီကိုလှမ်းကြည့်လိုက်တော့ မနက် 5:54 မိနစ်ရှိပြီး သူ့ခေါင်းထဲက မူးဝေပြီး လေးနေတုန်းပဲ။ ကြည့်ရတာ ဆေးအရှိန်က လုံးလုံးပြယ်သေးပုံ မပေါ်ဘူး။ သူ့ဘေးမှာတော့ လူတစ်ယောက် အိပ်မောကျနေတယ်။
သူ့ခြေထောက်ကြားက တစ်ဝက်တစ်ပျက်ခြောက်နေတဲ့ အရည်တွေအရ ဒီလူက မနက် သုံးနာရီ၊ လေးနာရီအထိ သူနဲ့ဆက်ဆံပြီးမှ အိပ်ပျော်သွားပုံရတယ်။ ဘယ်လောက်တောင် သက်လုံကောင်းလိုက်တဲ့လူလဲ။
အခန်းထဲက မှောင်နေတုန်းဖြစ်လို့ ညက သူ့ကို မတရားကျင့်သွားတဲ့လူရဲ့ မျက်နှာကို Tang Feng ထင်ထင်ရှားရှား မမြင်ရဘူး။ ၀ိုးတ၀ါးအလင်းရောင်အောက်က မြင်ရတဲ့ပုံနဲ့ နှစ်ပေါင်းများစွာ လူတွေကို အကဲခတ်လာတဲ့ အတွေ့အကြုံအရ ဒီလူက ကြည့်ကောင်းတယ်ဆိုတာထက် ပိုမယ်ဆိုတာ Tang Feng သိလိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့လူရဲ့ မျက်ဝန်းတွေရယ်၊ ဆံပင်အနက်ရောင်တွေရယ်အရ ဒီလူက သွေးနှောတဲ့ ကပြားတစ်ယောက်ဖြစ်ရမယ်။
أنت تقرأ
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
عاطفيةKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...