True Star – Chapter (12)
စားသောက်ဆိုင်နှစ်လွှာလိုမျိုး ဒီ Tian Chen Group မှာ ဝန်ထမ်းတွေအတွက် အပန်းဖြေစရာနေရာကို ထားရှိထားတယ်။ ဒီနေရာမှာ ဝန်ထမ်းတွေ နှစ်သက်ရာကစားဖို့ စီစဉ်ပေးထားပြီး ဘိလိယက်ကတော့ လူကြိုက်အများဆုံးတစ်ခုဖြစ်တယ်။
Tang Feng က ဘိလိယက်ကစားတဲ့နေရာမှာ Lu Tian Chen ကို ပညာပေးမယ်ကြံထားကာမှ ကံမကောင်းစွာနဲ့ပဲ ပထမပွဲက Charles နဲ့ Lu Tian Chen တို့ ကစားကြတဲ့ပွဲဖြစ်နေတယ်။ ကံမကောင်းစွာနဲ့ သြဇာအာဏာမရှိတဲ့ မထင်မရှား သူ့လို အနုပညာသမားလေးက ဘေးကနေ ပရိသတ်အဖြစ်ပဲ ရပ်နေရတယ်။ ရိုးရိုးသားသားပြောရရင် Lu Tian Chen ကော Charles ပါ ဘိလိယက်ကောင်းကောင်း မကစားတတ်ကြဘူး။ Charles က ပြည်ပတိုင်းပြည်မှာအနေများလို့ Lu Tian Chen ထက်စာရင် ကစားတာ နည်းနည်းပြေပြစ်သေးတယ်။
CEO နှစ်ဦး ဘိလိယက်ကစားတာကိုကြည့်ရင်း Tang Feng ရေငတ်လာလို့ ကော်ဖီယူဖို့ အပြင်ဘက်နားက ကော်ဖီစက်နား ထွက်လာတယ်။ သူက ခွက်တစ်လုံးကို စက်အောက်ထိုးထည့်ပြီး ကော်ဖီကျလာတာကိုစောင့်နေရင်း သူ့နား အခြားလူက ကော်ဖီယူဖို့လာရပ်တော့ Tang Feng က ဘေးကိုယို့ပေးလိုက်ပြီး ယဉ်ကျေးမှုအရ အကျင့်ပါပြီး နောက်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။
“မင်းကိုး..”
တစ်ဖက်လူက သူ့ကိုတွေ့တော့ စက်ဆုပ်ခြင်း၊ ရွံ့ရှာခြင်း၊ သနားခြင်းဆိုတဲ့ ခံစားချက်မျိုးစုံ ရောထွေးတဲ့အကြည့်နဲ့ကြည့်ရင်း ပြောလာတယ်။
Tang Feng က နဂိုမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသိကျွမ်းဟောင်းတစ်ယောက်ကို ဆုံတွေ့လိုက်ရပြီဆိုတာ သိလိုက်တယ်။ သူက ဒီလိုအကြည့်ခံရပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ ကော်ဖီခွက်ကိုယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်တယ်။ အရသာက နည်းနည်းခါးနေလို့ ဘေးက နို့ကရားလေးထဲက နို့နည်းနည်းထည့်လိုက်ပြီး လှည့်ထွက်လာရင်း အပြုံးနဲ့ပြောလိုက်တယ်။
“တောင်းပန်ပါတယ်.. ကျွန်တော် အတိတ်မေ့နေလို့ လူအတော်များများနဲ့ ကိစ္စရပ်အများစုကို မမှတ်မိတော့ဘူး.. ကြည့်ရတာ ခင်ဗျားကို အရင်က သိကျွမ်းဖူးမယ်ထင်တယ်.. ခုကစပြီး ကျွန်တော်တို့ ဆက်ဆံရေးကောင်းကောင်းတစ်ခု တည်ဆောက်ကြတာပေါ့..”
ESTÁS LEYENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...