Volume I_ Chapter (37): ရိုးသားသော အတွေးများ (1)
အိမ်အပြန်တစ်လမ်း လုံး Charles က Tang Feng ကို စားသောက်ဆိုင်မှာ ပြောခဲ့တဲ့ စကားတွေဟာ အပြောင်အပျက်တွေပဲဖြစ်လို့ စိတ်ထဲ မထားဖို့ နှစ်သိမ့်နေသည်။
၁၆ နှစ် မိုက်ရူးရဲအရွယ်ဆိုရင်တော့ Charles ပြောတာကို ယုံကြည်မှာဖြစ်ပေမယ့် စိတ်အသက် 37 အရွယ်ဖြစ်သော Tang Feng ကတော့ ပြုံးပြီး ခေါင်းငြိမ့်ကာ စိတ်ထဲ ဘာမှ မရှိတော့ဟုသာ ပြောလိုက်သည်။
Charles ရဲ့ အိမ်တော်ကို ပြန်ရောက်တာနဲ့ Tang Feng က အခန်းထဲ ဝင် ၊ ကွန်ပြူတာ ဖွင့်ကာ Albert နဲ့ ပတ်သတ်တဲ့ အချက်အလက်မှန်သမျှကို ရှာဖွေကြည့်တော့သည်။ Tang Feng လို သာမန်သရုပ်ဆောင်က အထူးထောက်လှမ်းရေး တစ်ယောက်လို လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို အသေးစိတ် ရှာဖွေဖော်ထုတ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပေ။ ကံကောင်းစွာပဲ အင်တာနက်ထဲမှာ Albert နဲ့ ပတ်သတ်တဲ့ သတင်းတချို့ကို သူရှာလို့ရခဲ့သည်။ ထိုသတင်းတွေကို သူ သေချာ အသေးစိတ် လေ့လာကြည့်ခဲ့သည်။
Albert Downey က သူ့နာမည်ရင်းဖြစ်ပြီး ဒိန်းမတ် နိုင်ငံသားဖြစ်ကာ အောင်မြင်တဲ့ စီးပွားရေးသမား လုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။ သူ့နာမည်က ဥရောပတိုက်မှာ ထင်ရှားပြီး ခိုင်မာသောလုပ်ငန်းများကို တည်ဆောက်နိုင်သူဖြစ်သည်။ ပြီးတော့ Albert က ဒုစရိုက်လောကနဲ့ ပတ်သတ်သည်လို့လည်း ထင်ကြေးပေးခံ ရပေမယ့် ဒါကို ဘယ်သူကမှ ပေါ်ထင် တရားဝင် မဖော်ထုတ် ရဲကြပေ။
နောက် သတင်းတစ်ခုမှာတော့ Albert ရဲ့ အတင်းအဖျင်း သတင်းတွေဖြစ်ပြီး ဘယ်နေ့က Albert တစ်ယောက် ဘယ်မင်းသမီးနဲ့ တွဲခုတ်သွားသည်။ ဒီနေ့တော့ ဘယ်မင်းသားနဲ့ ဇယားရူပ်နေသည်။ ဘယ်မော်ဒယ်ကောင်လေးနဲ့ ကြိတ်တွဲနေသည်ဆိုသည့် သတင်းများဖြစ်ပြီး Albert ဆိုတဲ့လူဟာ တော်တော်လေး ပွေရှုပ်သူဖြစ်မည်ဟု တွေးလိုက်သည်။
Tang Feng က ရူပ်ထွေးတဲ့ Albert နဲ့ သတင်းထွက်ခဲ့တဲ့ မင်းသား၊ မင်းသမီး၊ မော်ဒယ်တွေရဲ့ စာရင်းကို သေချာဖတ်ကြည့်ပြီး ၊ တစ်ယောက်ချင်း ရဲ့ နောက်ဆုံးအခြေအနေ ကို အင်တာနက်ထဲမှာ ထပ်ရှာကြည့်လိုက်သည်။ သူတို့အားလုံးက Albert နဲ့ အိပ်ခဲ့ကြပေမယ့် Charles ပြောသလိုသေဆုံးသွားတာမျိုးမဟုတ်ပဲ သက်ရှိထင်ရှား ရှိနေကြသေးသည်။ ထူးဆန်းတာက အဲ့ဒီလူတွေ အတော်တော်များများ က အရက်စွဲ၊ မူးယစ်ဆေးဝါးစွဲ သွားကြတာ ပဲဖြစ်သည်။ သူတို့တွေ ထိုသို့ ဖြစ်အောင် Albert က သွေးဆောင်ခဲ့တာ ဟုတ် မဟုတ်ကို ဘုရား ပဲ သိလိမ့်မည်။
သတင်းတွေကို လေ့လာပြီးနောက် ထိုအမျိုးသား ၊ အမျိုးသမီးတွေ အကြား တူညီတဲ့ အရာတစ်ခုကို Tang Feng တွေ့ရှိသွားသည်။ သူတို့တွေအားလုံးက ပွဲဦးထွက် အနုပညာလူပ်ရှားမူ စတင်ကြတဲ့ အချိန်တုန်းက နူးညံသိမ်မွေ့ပြီး ချောမောနှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်တွေ ရှိခဲ့ကြပြီး အားလုံးက အပြစ်သူ ၊ ကြင်နာသနားတတ် သူ ၊ ရိုးသားကြိုးစားတဲ့သူတွေချည်းဖြစ်သည်။
ဘဝတစ်လျှောက်လုံး နီးပါး အမှောင်လောကထဲ ကျင်လည် ခဲ့တဲ့ လူတစ်ယောက်က ဘာကြောင့် ခုလို အလှတရားတွေကို မက်မောလိုချင်တယ်ဆိုတဲ့ အကြောင်းရင်းကို Tang Feng ကောင်းကောင်း နားလည်သည်။ အရင်ဘဝတုန်းကဆိုရင် သီလရှင်လေးတွေနဲ့ အိပ်စက်ရတာကို အထူးနှစ်ခြိုက်တဲ့ အကျင့်သိက္ခာမရှိတဲ့ သူဌေးသူကြွယ်ကြီးတွေကို Tang Feng သိကျွမ်းခဲ့ဖူးသည် ။ အဲ့လိုလူတွေထဲက တချို့က ဖြူစင်ရိုးသားတဲ့ သီလရှင်လေးတွေဆီကနေ သူတို့ စိတ်ထဲမှာ ပျောက်ကွယ်နေတဲ့ ဖြူစင်သန့်ရှင်းခြင်း ကို ရယူချင်ကြပြီး အချို့ကတော့ လူတွေလေးစားတန်ဖိုးထားကြတဲ့ အရာတစ်ခုကို နင်းခြေဖျက်ဆီး ပြီး ရလာတဲ့ သာယာမူကို လိုချင်ကြတာ ဖြစ်သည်။
ထို သတင်းတွေအပြင် နောက်ထပ်ဘာမှ Tang Feng ရှာလို့ မတွေ့တော့ပေ ။ ကြည့်ရတာ သူဟာ တကယ့် ထောက်လှမ်းရေး တစ်ယောက် မဟုတ်လို့ ထင်သည် ။
Tang Feng အသက် ခပ်ပြင်းပြင်း ရူသွင်းလိုက်ပြီး အခု ရှာတွေ့ထားသည့် သတင်းတွေက အသုံးဝင် မဝင် မသိပေမယ့် ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ထားတာတော့ မမှားပေ။ Albert နဲ့ ပတ်သတ်ပြီး ရလာတဲ့ ခံစားချက်က သူ့အတွက် ကြောက်ရွံစရာ ဖြစ်နေသည်။
Albert ရဲ့ သတင်းအပြင် Lu Tian Chen နဲ့ Charles နဲ့ ပတ်သတ်တာတွေကိုလည်း Tang Feng ရှာဖွေကြည့်လိုက်သည်။ ထူးထူးဆန်းဆန်း အသစ် မတွေ့ပဲ တွေ့ရသမျှ သတင်းတွေ အားလုံးမှာ သူတို့နှစ်ယောက်လုံးက ချောမောပြီး ငယ်ရွယ်နုပျိုသည်၊ ချမ်းသာကြွယ်ပြီးတော့ပွေရှုပ်ကြသော အကြောင်းရာတွေကို ဖော်ပြထားကြသည်။
Lu Tian Chen ရဲ့ သတင်းက နည်းနည်းပိုကောင်းသေးသည်။ မီဒီယာတွေက သူ့ကို ဖြောင့်မတ်ပြီး သစ္စာရှိသည့် ချစ်သူကောင်း ဟု ပြောဆိုထားကြပြီး ထိုသတင်းကို မျက်စိစုံမှိတ် ယုံကြည်ပြီး သဘောကျနေတဲ့ မိန်းကလေးတွေ များစွာရှိသည်။ လူအများရဲ့ ထင်မြင်ချက်ဟာ တကယ့်လက်တွေ့ နဲ့ ဘယ်လောက်တောင်မှ လွဲနေလဲဆိုတာ ဒီတစ်ခုကို ကြည့်လိုက်တာနဲ့ သိနိုင်သည်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ Lu Tian Chen နဲ့ တစ်ခဏလောက် တွဲလိုက် ခဲ့မယ်ဆိုရင် Lu Tian Chen အပေါ်ထားတဲ့ သဘောထားဟာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားမယ်ဆိုတာ Tang Feng အာမခံရဲသည်။
ရိုးသားတာ၊ ချမ်းသာကြွယ်ဝတာ၊ ရုပ်ရည်ချောမောတာတွေကို ဖယ် ကြည့်လိုက်မယ်ဆိုရင် Lu Tian Chen ဆိုတဲ့လူဟာ မာနကြီးပြီး အထက်စီးဆန်ကာ ကိုယ့်အတွက်ပဲ ကြည့်တက်တဲ့ စီးပွားရေးသမား တစ်ယောက်သာဖြစ်သည်။
ဒီလို လူမျိုးကို သဘောကျလေးစားနေမိတယ်ဆိုတာ အဲ့ဒီလူရဲ့ အတွင်းစိတ်ရင်းအမှန်ကို မမြင်မိသေးလို့သာဖြစ်သည်။ ထိုလူနဲ့ အချိန်ပြည့်ရှိနေပြီး ဆက်လက် လေးစားသဘောကျမိနေသေး တယ် ဆိုရင်တော့ မင်းရဲ့စိတ်က ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ပြီး သာယာမှုကို စွဲလမ်းနေလို့ပဲဖြစ်မည်။
Charles ကတော့ တကယ့်ကို playboy လူပွေလူရှုပ် သတ်သတ်သာဖြစ် သည်။ သူ ကစားခဲ့တဲ့ အမျိုးသား ၊ အမျိုးသမီးက ရေတွက်လို့မရအောင် များကာ ကြည့်ရတာ Charles ဟာ အစုံစားသတ္တဝါ တစ်ကောင်လို အမျိုးသား ၊ အမျိုးသမီး ဘယ်သူမဆို သူသဘောကျနှစ်သက်ရင် သူ့ရဲ့ အိပ်ဖော် ဖြစ်သွားနိုင်သည်။ Charles ရဲ့ လူစာရင်းထဲမှာ တူညီသော အချက် ကို Tang Feng ရှာ့မတွေ့ပေ။ နေဦး.....တူတဲ့ အချက်တစ်ချက်ကတော့ ထို အမျိုးသား ၊ အမျိုးသမီး အားလုံးက ငယ်ရွယ် ခန့်ညားပြီး ချောမောကြသည်။
ဒါပေမယ့် လဝက်ကျော်ကြာအောင် Charles နဲ့ အတူနေပြီးနောက် သူ့ရဲ့ အိပ်ရာထက်က အရည်အချည်းအပြင် သိလာခဲ့ရတာတွေကတော့ Charles က ပွင့်လင်းသည်။ မထိတထိ စနောက်တတ်တာ လွဲရင် တစ်ဖက်သားကို ဘာမှ အန္တရာယ် ပေးတက်တဲ့သူ မဟုတ်ပေ။ တစ်ခါတလေ လူကြီးလူကောင်းပုံ သူရဲကောင်း ပုံ ဟန်ဆောင်တတ် ပေမယ့် သူ့ရဲ့ အတွင်းစိတ် ကတော့ တဏှာ ကြီးတဲ့သူ သာဖြစ်သည်။
ဘာတွေ ဖြစ်ဖြစ် ပြသနာကို ရင်မဆိုင်ရသေးသမျှ ဘာမှ ကြိုတင်ပြောလိုမ့ရနိုင်ပေ။ သူ့ရဲ့ဘဝမှာ တစ်ခါ သေခဲ့ဖူးပြီဖြစ်လို့ ဘယ်အရာတွေကိုမှ မကြောက်တော့ပေ။
........................................................................
Volume I_ Chapter (38) - ရိုးသားသော အတွေးများ (2)
Lu Tian Chen ဟာ စားပွဲခုံထက်မှာ စာရွက်ဖိုင်တွေကို ဖတ်နေစဉ် ရုံးခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။
" ငါ ဒီကိစ္စကို စဉ်းစားနေမိတာ တော်တော်ကြာသွားပြီ ။ အခု ငါ မင်းကို ပြောပြဖို့ ဆုံးဖြတ် လိုက်ပြီ ။ "
Charles က Lu Tian Chen ရဲ့ ရှေ့ကခုံမှာ ခပ်အေးအေး ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။
" President Lu... ကျွန်မ တောင်းပန်ပါတယ်။ "
အခန်းတံခါးဝ အပြင်မှာ ရပ်နေတဲ့ အတွင်းရေးမူး က ရုံးခန်းထဲကို ဇွတ်တရက် ဝင်ရောက်လာတဲ့ Charles ကို မဟန့်တားနိုင်သောကြောင့် မျက်နှာပျက်နေသည်။
Lu Tian Chen က အေးစက်စက် နဲ့ လက်တစ်ချက်ယမ်းပြီး ပြလိုက်သည်။
" မင်း အခု ပွင့်နေတဲ့ အခန်းတံခါးကို ပြန်ပိတ်သွား ပါ "
Lu Tian Chen ဟာ အရှေ့မှာ ထိုင်နေတဲ့ Charles ကို မျက်လုံးပင့်ကြည့်ကာ လှောက်ရယ်ချင်ရိပ် ဖုံးလွှမ်းနေတဲ့ လေသံ နဲ့ မေးလိုက်သည်။
" ဒီနေမင်းရဲ့ အချစ်လေး Tang Feng တစ်ယောက် ဘေးမှာ ပါမလာတော့ပါလား ? "
" ငါဟာ ကတိတစ်လုံးကို တန်ဖိုးထားတဲ့ လူကြီးလူကောင်း တစ်ယောက် ဆိုတာ မင်းသိ ပါတယ် "
Charles ဟာ ပုခုံးတစ်ချက်တွန့်ပြီး ထိုင်ခုံမှာ ထိုင်လိုက်ကာ ဆေးပြင်းလိပ်ကို မီးညှိပြီး ရိုက်လိုက်သည်။
" ငါ Tang Feng ကို ဒီအချိန်အတွင်း အကောင်းဆုံး ချစ်သူတစ်ယောက် အဖြစ် နေပေးမယ်လို့ ကတိပေးထားတယ်။ ငါ့ဘက်က သူဇာတ်ကား ၁ဝကားလောက် ရိုက်မှ ရမယ့်ပိုက်ဆံကို အသေးသုံး မုန့်ဖိုး အနေနဲ့ ပေးနိုင်ပေမယ့် သူ အလုပ်လုပ်ချင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပေးရမယ်လေ "
ဆေးလိပ်ငွေ့တွေကို မူတ်ထုတ်ပြီး Charles က ရုံးခန်းကို လှည့်ပတ်ကြည့်လိုက်သည် ။
" သောက်စရာ အရက် မရှိဘူးလား ? "
" အလုပ်ချိန်မှာ ငါ အရက် မသောက်တတ်ဘူး ။ "
" မင်းက ကြောင်သူတော်ပဲ။ "
အထင်အမြင်သေးစွာနဲ့ ရယ်မောလိုက်ရင်း Charles က မျက်မှောက် ကြုံ့လိုက်သည်။
" လွန်ခဲ့တဲ့ နှစ်ရက် ငါ Albert ဆီ သွားလည်တုန်းက Tang Feng ကိုပါ အတူခေါ်သွားလိုက်တယ် ။ "
" ဒါ ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ။ ဒီရက်တွေထဲ မင်း သူ့ကို ခိုအားလားဝက်ဝံ လို ဘယ်သွားသွား ခေါ်သွားတာပဲမဟုတ်လား "
Lu Tian Chen ဟာ မျက်ခုံးပင့်ပြီး Charles ကိုကြည့်လိုက်သည်။
" အခုက ထူးထူးဆန်းဆန်း Albert က Tang Feng အပေါ် စိတ်ဝင်စားနေသလိုပဲ။ ဒါကမှ တကယ့် ပြသနာပဲ ။ "
Charles က ကူကယ်ရာမဲ့ ခေါင်းကို ခါယမ်းလိုက်သည်။
" ဘာလို့များ Albert တစ်ယောက် ငါ မျက်စိကျနေတဲ့ လူကို လိုက် သဘောကျနေသလဲ မသိဘူး ။ ငါနဲ့ ဒီကောင် အကြိုက်ချင်း တူနေတယ် ဆိုတဲ့ အဖြစ်ကို စိတ်ထဲမှာမတွေးချင်ဘူး။ အဲ့လိုဆိုရင် ငါလည်း ဒီကောင်လို ဆိုက်ကိုကောင် ဖြစ်သွားလိမ့်မယ် "
" Tang Feng လည်း အရင်ကနဲ့ မတူပဲ ပြောင်းလဲလာတာကိုး။ ဒါကြောင့်Albert သဘောကျမိသွားတာ နေမှာပေါ့။ "
Lu Tian Chen ကတော့ Albert တစ်ယောက် Tang Feng အပေါ် စိတ်ဝင်စားမူရှိနေတဲ့ ဖြစ်ရပ်အပေါ် သိပ် မအံသြပေ။ စားပွဲ ထက်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွ ခေါက်နေပြီး သူက မေးလိုက်သည်။
" Charles... မင်း ဘာကို စိုးရိမ်နေတာလဲ ? "
Charles က ဆေးလိပ်ငွေ့တစ်ချက် ဖွာထုတ်လိုက်သဖြင့် မီးခိုးငွေ့ထဲအကြားမှာ သူ့ရဲ့ မျက်နှာဟာ ဝေဝါးနေသည်။
" ငါတို့နှစ်ယောက်ကြား ချုပ်ထားတဲ့ စာချုပ်သက်တမ်း ကုန်သွားတဲ့ အချိန်ရောက်လို့ Albert က မင်းဆီမှာ Tang Feng ကို ပေးဖို့ လာတောင်းရင် ဘယ်လိုလုပ်မလဲ ? အခု ငါသိတဲ့ Tang Feng ဆိုတာ မင်းကို လုံးဝ စိတ်မဝင်စားတော့ဘူး။ အရင်ကလို မင်းကို အရူးအမူး စွဲလန်းနေတဲ့ Tang Feng မဟုတ်တော့ဘူးကွ"
ဒီစကားကို ပြောလိုက်တဲ့ အချိန်မှာ Charles အရမ်းကို ကျေနပ် နေတယ်ဆိုတာ မျက်နှာကြည့်တာနဲ့ သိနိုင်သည်။
Lu Tian Chen က Charles ရဲ့ ခနဲ့ စကားကို မသိချင်ယောင်ဆောင် နေလိုက်ပေမယ့် ရင်ထဲမှာတော့ အောင့်သွားသည်။ Lu Tian Chen အလေးမထားတဲ့ ပုံစံနဲ့ပြောလိုက်သည်။
" တကယ်လို့ Albert က Ge Chen ကို လိုချင်တယ်ဆိုရင် ငါတို့ Ge Chen ကို သူ့ဆီ ပေးရမှာပဲမဟုတ်လား။ Tang Feng ကို လိုချင်တယ် ပြောဆိုရင်လည်း သူ့ဆီ ပေးလိုက်ရမှာပဲ ။ ဒါပေမယ့် သုံးရက်ပဲ ပေးနိုင်မယ်။ "
" အမှန်အတိုင်း ဝန်ခံ ရင် Tang Feng က ငါ့ရဲ့ အကြိုက်နဲ့ လုံးဝ ကွက်တိပဲ ။ သူက ချောလည်း ချောပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်းတယ် ။ အဲ့ဒါတွေ ထက် သူ့ရဲ့ အကျင့်စရိုက်က အရမ်းကို နှစ်သက်စရာ ကောင်းတယ် ။ အိပ်ရာထဲမှာ ဘယ်လိုတွေ ကျွမ်းတယ်ဆိုတာ ငါထပ်ပြီး ကြော်ငြာပေးဖို့ မလို ဘူးမဟုတ်လား။ "
Charles က ဝမ်းနည်း ဟန်ဖြင့် ပြောလိုက်သည်။
" အကယ်လို ငါက Tang Feng ကို အဲ့ဒီဆိုက်ကိုကောင် Albert ရဲ့လက်ထဲ ပို့ပေးရတဲ့သူ ဖြစ် ရင် ၊ ငါ အပြစ်မကင်းတဲ့သူလို့ ခံစားမိမှာ ပဲ ။ "
ဒီ စကားလုံးကြောင့် Lu Tian Chen ရဲ့ မျက်ဝန်း မှေးစင်းသွားသည်။ Charles ရဲ့စကားကို တုန့်ပြန်တဲ့ အနေနဲ့.ပြောလိုက်သည်။
" မင်းပြောသလို Tang Feng က ဒီလောက် ပြီး ပြည့်စုံနေတယ်ဆိုရင် ၊ မင်း ငါ့ဆီကနေ ပစ္စည်းကောင်းကို ဈေးချောင်ချောင်နဲ့ ရသွားတာပဲပေါ့ ။ ဟုတ်လား ? "
Charles ဆိုတာ လူပွေလူရှုပ်တစ်ယောက် ဖြစ်ပေမယ့် ၊ သူ့ရဲ့ အိပ်ဖော်ကို ရွေးချယ်တဲ့ နေရာမှာ အရမ်း ဇီဇာကြောင်တယ်ဆိုတာကို Lu Tian Chen ကောင်းကောင်း သိသည်။
သူတို့ကြားက သဘောတူထားတဲ့ အချိန်ကာလက အမြဲတမ်း တစ်လ ပဲဖြစ်သည်။ ဒါပေမယ့် အခုချိန်ထိ Charles ရဲ့ ဘေးမှာ တစ်လပြည့်အောင် အတူနေနိုင်တဲ့သူ မရှိခဲ့သေးပေ ။ အစပိုင်း က Lu Tian Chen က Tang Feng တော့ ပထမဆုံးညမှာပဲ ပြန်အပို့ခံလိုက်မယ်လို့ ထင်ထားခဲ့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ Tang Feng က Charles နဲ့ အတူရှိနေတာ အချိန် နှစ်ပတ်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။
မှတ်ဉာဏ်ပျောက်သွား နဲ့တင် လူတစ်ယောက်ရဲ့ ပုံစံဟာ ဒီလောက်တောင် ပြောင်းလဲသွားနိုင်လို့လား ?
" အမှန်ပဲ။ ခုလို အရည်သွေးမှန် ပစ္စည်းကောင်းလေး ရလာတာ President Lu ရဲ့ သဘောထားကြီးမူကြောင့်ပေါ့။ "
မေးစေ့ကို ပွတ်သပ်ရင်း Charles ဟာ သောက်လက်စ ဆေးပြင်းလိပ်ကို ပြာခွက်ထဲ ထိုးချေ လိုက်သည်။
" နောက်နှစ်ပတ် အတွင်း ငါ သူ့အပေါ် စိတ်ကုန်သွားပါစေလို့ပဲ မျှော်လင့်ရမှာ ။ အဲ့ဒါမှ သူ့ကို Albert ရဲ့အိပ်ရာထဲ ပို့လိုက်ရတဲ့ အချိန်မှာ ငါစိတ်မကောင်း မဖြစ်မိ မှာ ။ "
Charles ဟာ သူပြောချင်တာ ပြောလည်းပြီး မတ်တပ် ရပ်လိုက်သည်။
" မင်း နည်းနည်းကြာအောင် မနေတော့ဘူးလား ? "
Lu Tian Chen ကမေးလိုက်သည်။
" ငါ့ အချစ်ဆုံးလေး Tang ရဲ့ ရိုက်ကွင်းက ၆နာရီဆို ပြီးပြီ ။ သူ့ကြည့်ရတာ ဒီနေ့ နည်းနည်း စိတ်တိုနေသလိုပဲ ။ အဲ့တော့ ပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်အနေနဲ့ သူ ကျေနပ်အောင် ချော့ရဦးမယ်လေ ။ "
Charles ရဲ့ မျက်ဝန်းဟာ ချက်ချင်း အရောင်တဖျက်ဖျက် တောက်ပသွားသည်။
" မင်း သူနဲ့ သိတာ နှစ်တော်တော် ကြာနေပြီ ။ သူ ဘာတွေ ကြိုက်တတ်လဲ ? "
" ဈေးကြီးတာဆို အကုန်ကြိုက်တယ် ။ "
Lu Tian Chen က ချက်ချင်း အဖြေပြန်ပေးလိုက်သည်။
" ဟုတ်လို့လား ? အရင်တစ်ခါတုန်းက ငါ သူ့ကို ကားတစ်စီး လက်ဆောင်ပေးတုန်းက ငါ ကားမောင်းပို့ပေးတာကိုပဲ သဘောကျတယ်လို့ ပြောခဲ့တာ ။ "
Charles က ဟက်ဟက်ပက်ပက်ပဲ ရယ်ချလိုက်သည် ။
" ကြည့်ရတာ မင်း သူ့အကြောင်း ကောင်းကောင်း မသိသေးဘူး ထင်တယ် ။ "
ကားလက်ဆောင်ထက် Charles မောင်းပို့ပေးတာကို ပိုသဘောကျတယ် တဲ့လား ? Lu Tian Chen ဟာ ခပ်ဖွဖွ ပြုံးလိုက်မိသည် ။ သူသိတဲ့ Tang Feng ဆိုတာ ဒီလို ချစ်စရာကောင်းတဲ့ စကားမျိုး ပြောမယ့် လူမျိုး လုံးဝ မဟုတ်ပေ။
........................................................................
YOU ARE READING
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...