Chapter (19)
ဒီပါတီပြဲက ပုံမွန္ ပါတီပြဲထက္ သီးသန႔္လူမ်ားကိုသာ ဖိတ္ၾကားၿပီး လုပ္ေဆာင္သည့္ ပါတီႏွင့္ ပိုတူသည္။ ဖိတ္ၾကား ခံထားရသူေတြက အရမ္းမမ်ားေပမယ့္ ပြဲတက္ေရာက္သူတိုင္းက သူ႔နယ္ပယ္နဲ႔သူ ထင္ရွားေက်ာ္ၾကားၿပီး ေအာင္ျမင္သူမ်ားျဖစ္ၾကသည္။
Tian Chen Group နဲ႔ Su Entertainment မွ အႏုပညာရွင္မ်ားသည္ သူတို႔ အဆက္အသြယ္ အလုပ္အကိုင္ ပိုတိုးလာေစရန္ ဧည့္ခံပြဲအတြင္း လိပ္ျပာေလးေ ပ်ံသန္းေနၾကသလို ရွန္ပိန္ခြက္ေလးေတြ ကိုယ္စီ ကိုင္ေဆာင္ၿပီး သူတို႔ကို ရင္းႏွီးျမဳတ္ႏွံေပးႏိုင္မည့္ အထက္တန္းလႊာ ဘီလ်ံနာႀကီးမ်ားႏွင့္ ဆုံႏိုင္ရန္ ဧည့္ပရိတ္သတ္မ်ားၾကား သြားလာမိတ္ဖြဲ႕လို႔ေနၾကသည္။
Tang Feng က ခုလိုပါတီပြဲမ်ိဳးကို မႏွစ္သက္ေပ။ ပထမ သူ႔ရဲ႕ က်န္းမာေရးအေျခအေန မေကာင္းခဲ့တဲ့ အတြက္ေၾကာင့္ အရက္ကို မေသာက္ႏိုင္ေသာေၾကာင့္ျဖစ္ၿပီး ဒုတိယကေတာ့ ဒီလိုပါတီေတြက တကယ့္တကယ္ အတြင္းက်က်အပိုင္းမွာ ေငြေၾကး၊ လုပ္ပိုင္ခြင့္ကို ကိုယ့္ဆီမွာရွိတဲ့ ကြၽမ္းက်င္မႈကို လဲလွယ္ၾကတာေၾကာင့္ျဖစ္သည္။ ဒီပါတီမွာ ပါဝင္သည့္ လူတိုင္းက အဆက္အသြယ္ရွာဖို႔ အဓိကလႈပ္ရွားေနၾကသည္ကို Tang Feng ေကာင္းေကာင္းနားလည္သေဘာေပါက္သည္။
လိုအပ္လာရင္ေတာ့ ဒီလိုပါတီပြဲမ်ိဳးကို တက္ဖို႔ Tang Feng မျငင္းပယ္တတ္ေပ။ လူတိုင္းက သီလသမာဓိရွိသည့္ ပုံမ်ိဳး တခ်ိန္လုံး လုပ္ေနစရာမလိုအပ္ေပ။ ကိုယ့္နားမွာ စိတ္ခ်ရသည့္ မိတ္ေဆြမ်ားရွိသည္ဆိုလွ်င္ လုပ္ခ်င္တာကိုလုပ္လို႔ရပါသည္။ မေကာင္းတဲ့လူစုၾကား နစ္ျမႇဳပ္မသြားမိဖို႔ေတာ့ ကိုယ့္နံေဘးမွာ ယုံၾကည္ လို႔ရတဲ့ မိတ္ေဆြစစ္ေတြဝန္းရံေနဖို႔ေတာ့ လိုအပ္သည္။
အခုက်င္းပတဲ့ ပါတီပြဲက Tian Chen Group နဲ႔ Su Entertainment အၾကား အက်ိဳးတူပူးေပါင္းျခင္းကို ဂုဏ္ျပဳဖို႔ ျပဳလုပ္တဲ့ပါတီျဖစ္ၿပီး ကုမၸဏီ ႏွစ္ခုရဲ႕ ေခါင္းေဆာင္ႏွစ္ဦးက ဒီပါတီရဲ႕အဓိက လူေတြျဖစ္ၾကသည္။ ဒါေပမယ့္ ပရိတ္သတ္မ်ားက သူေဌးႏွစ္ေယာက္လုံးနဲ႔ ပတ္သတ္ေနတယ္လို႔ သတင္းထြက္ေနတဲ့ Ge Chen ကိုပို စိတ္ဝင္စားၾကသည္။။ Ge Chen သည္ အျဖဴေရာင္ဝတ္စုံကို သေဘာက်ၿပီး ဒီပါတီပြဲကို ေဈးႀကီးသည့္ အျဖဴေရာင္ အေနာက္တိုင္း ဝတ္စုံကို ဝတ္စုံျပည့္ ဝတ္ဆင္ခဲ့သည္။ ဒီဝတ္စုံက သူ႔ရဲ႕ႏုနယ္သည့္႐ုပ္ရည္ေလးကို အျပစ္ကင္းသည့္ နတ္သားေလးလို႔ ပါတီပြဲတက္ေရာက္သူမ်ားကို ျမင္ေယာင္လာေစသည္။
ဒါေပမယ့္ အဲ့လိုဝတ္စားလာတာ နည္းနည္း အိုဗာျဖစ္မေနဘူးလား?
Ge Chen ၏ ျဖဴေဖ်ာ့ေသာ မ်က္ႏွာေလးက ခုလို အျဖဴေရာင္ဝမ္းဆက္ႏွင့္ လိုက္ဖက္ၿပီး လူၾကားထင္ရွားေပၚလြင္ေပမယ့္ သူ႔ရဲ႕ေသြးမရွိသလို ျဖဴဖတ္ျဖဴေယာ္ပုံကိုေတြ႕တိုင္း Tang Feng က သူ ေနမေကာင္းဘူးလို႔ပဲ စိတ္ထဲ ထင္ေနမိသည္။ Ge Chen က ေခ်ာေမာေပမယ့္ ေယာက်ာ္းတစ္ေယာက္ရဲ႕ ႀကံ့ခိုင္တဲ့ အလွတရား ကင္းမဲ့ေနသည္။
" ခင္ဗ်ား တကယ္ ကြၽန္ေတာ့္ကို လက္တြဲၿပီး ခန္းမထဲကို ဝင္မလို႔လား ? "
Tang Feng သူ႔မ်က္ခုံး ကို ပင့္ၿပီး ေမးလိုက္သည္။
Charles က အခုပါတီ၏ အိမ္ရွင္အဓိကလူထဲက တစ္ေယက္ျဖစ္ေသာေၾကာင့္ VIP ခန္းတစ္ခုကို သူ႔အတြက္ ျပင္ဆင္ထားသည္။ ကျပားတစ္ေယာက္ျဖစ္တာေၾကာင့္ Charles ရဲ႕႐ုပ္ရည္က ေခ်ာေမာခန႔္ညားသည့္အျပင္ အေနာက္တိုင္းဝတ္စုံ ကို စမတ္က်က် ဝတ္ဆင္ထားေတာ့ သူ႔႐ုပ္သြင္က ေငးေမာၾကည့္ခ်င္စရာ ဆြဲေဆာင္မႈျပည့္လို႔ေနသည္။ သူ႔ရဲ႕ အဂၤလိပ္လူမ်ိဳးဆန္သည့္ မ်က္ႏွာေပါက္ေၾကာင့္ လက္ထဲမွာ ရာဇႏွင္တံ က်ိဳင္းကိုသာ ကိုင္ထားလွ်င္ Charles က ဘုရင္တစ္ပါးလို႔ ထင္မွတ္ရႏိုင္သည္။
" လူေတြရဲ႕ အားက်တဲ့ အၾကည့္နဲ႔ ၊ မနာလိုတဲ့ အၾကည့္နဲ႔ ဝိုင္းၾကည့္ခံရတာကို ကိုယ္ သေဘာက်တယ္။ "
Charles ဟာ အခုေလးတင္ အနက္ေရာင္ နဲ႔ အျပာရင့္ရင့္ေရာင္ အေနာက္တိုင္းဝတ္စုံ ေျပာင္းဝတ္သည့္ Tang Feng ကို အထက္ေအာက္စုန္ဆန္ စူးစိုက္ၾကည့္ေနသည္။ ဒီဝတ္စုံက Tang Feng ရဲ႕ ေတာ္ဝင္ဆန္တဲ့ ေခ်ာမာလွပမႈကို ပိုတိုးလာေစသည္။ စက္ခ်ဳပ္သမားဆီမွာ သီးသန႔္ ခ်ဳပ္ထားတဲ့ ဒီဝတ္စုံဟာ Tang Feng ရဲ႕ လန္ဆန္းတက္ႂကြတဲ့ဟန္၊ ေႏြးေထြးတဲ့ ခံစားခ်က္ကို ေပၚလြင္ေစၿပီး တိုင္းျပည္တစ္ခုက ေတာ္ဝင္မ်ိဳးႏြယ္အလား ထင္မွတ္ခ်င္လာေစသည္။
တကယ္တမ္းေျပာရရင္ Tang Feng ဟာ Lu Tian Chen နဲ႔ Su Qi Cheng တို႔ အၿပိဳင္လိုက္ေနတဲ့ Ge Chen ထက္ အစစအရာရာ သာလြန္တယ္လို႔ ခံစားရသည္။ Charles အတြက္ Tang Feng က ပိုၿပီး ႏွစ္သက္ဖို႔ေကာင္းေန သည္။ ၾကည့္ရတာ အေရွ႕တိုင္းနဲ႔ အေနာက္တိုင္းၾကား မႀကိဳက္ မတူတာျဖစ္ႏိုင္သည္။ ဘာပဲျဖစ္ျဖစ္ Charles က သူ႔အႀကိဳက္ကို သူ ယုံၾကည္မႈ အျပည့္ရွိသည္။
အသက္၃ရႏွစ္အ႐ြယ္မွာ ႏွလုံးေရာဂါနဲ႔ ေသဆုံးခဲ့ၿပီးေနာက္ Tang Feng ဟာ လူေတြရဲ႕အျမင္ကို ဂ႐ုမစိုက္တတ္ေတာ့ေပ။ လူဆိုတာ လြတ္လြတ္လပ္လပ္ ရွင္သန္ေနထိုင္ျခင္း ျဖစ္သည္ဟု ေတြးၿပီးေနာက္ Charles ရဲ႕ လြတ္လပ္စြာ ေနထိုင္လုပ္ကိုင္တတ္သည့္ စိတ္ဓာတ္ကို သူ သေဘာက်လာသည္။
" ေက်းဇူးျပဳၿပီး ကိုယ့္လက္ကို ဆုပ္ကိုင္ေပးပါ... "
Charles က သူ႔ နက္ခ္ကတိုင္ကို သပ္ရပ္ေအာင္ ျပင္လိုက္ၿပီး သူ႔လက္တစ္ဖက္ကို ေဘးမွာရွိေနတဲ့လူငယ္ေလးဆီ ကမ္းေပးၿပီး ယဥ္ေက်းစြာေျပာလိုက္သည္။
Tang Feng ဟာ လိုက္ေလ်ာစြာနဲ႔ပဲ Charles လက္ကို ျပန္ကိုင္လိုက္ၿပီး ေလွကား ကေန ႏွစ္ေယာက္ တြဲၿပီး ဆင္းလာခဲ့သည္ႏွင့္ တၿပိဳင္နက္ အခန္းထဲရွိ လူအားလုံးရဲ႕ အၾကည့္က သူတို႔ဆီ ေရာက္လာၾကသည္။ ဒီလို ဝိုင္းၾကည့္ခံရသည့္အျဖစ္က အရင္ဘဝက media ေတြနဲ႔ ပရိသတ္ေတြ သူ႔ေနာက္ တေကာက္ေကာက္လိုက္ေနခဲ့ တဲ့ အခ်ိန္ကို ျပန္သတိရေစသည္။
စင္ေပၚ ျပန္တက္ရမွာကို သူ ေၾကာက္႐ြံ႕ေနမယ္ ထင္ေနလား ? လုံးဝမျဖစ္ ႏိုင္ပါဘူး ။
ေငးေမာၾကည့္ေနသည့္ လူအုပ္ႀကီးကို Tang Feng သဘာဝက်စြာပဲ ႏွစ္လိုဖြယ္ အၿပဳံးနဲ႔ ယဥ္ေက်း စြာၿပဳံးျပလိုက္သည္။
==================
Chapter (20)
Tang Feng သြားခ်င္သည္ျဖစ္ေစ၊ မသြားခ်င္သည္ျဖစ္ေစ Charles က သူ႔လက္ကို ဆြဲၿပီး Lu Tian Chen နဲ႔ Su Qi Cheng တို႕ဆီ ဆြဲေခၚသြားေတာ့သည္။ ျဖစ္ႏိုင္တာ က ဒီ လူႀကီးလူေကာင္းပံုနဲ႕တူတဲ့ ဂိုဏ္းစတားႀကီးက ဒါ႐ိုက္တာ Li Wei နဲ႔ ဇနီးတို႔ က Lu Tian Chen တို႔နဲ႔ စကားလက္ဆုံက်ေနတာကို ျမင္သြားလို႔ျဖစ္နုိင္သည္။ သူတို႔ေတြက ပြဲၿပီးတဲ့အထိ စကားေတြေျပာေနၾကမည္မဟုတ္ေပ။ ဘာမွ ႀကိဳတင္ျပင္ဆင္ျခင္းမရွိပဲ အေလာတႀကီး စကားဝိုင္းထဲ ဝင္သြားတာ ေကာင္းက်ိဳးသိပ္မျဖစ္နုိင္ေပ။
Tang Feng ဟာ Charles ကို ျပံဳးျပီး တခ်က္စိုက္ႀကည့္လိုကသ္ည္။ ဒီလူက သူ႕ကို ဒါ႐ိုက္တာ Li နဲ႔ ဆုံေတြ႕ဖို႕ အခြင့္အေရးေပး ခ်င္တာ တစ္ခုတည္းေႀကာင့္ ဒီပါတီပြဲကို ေခၚလာတာ မျဖစ္နုိင္ေပ။ ပြဲႀကီးပြဲေကာင္း ၾကည့္ခ်င္လို႔ ေခၚလာတာက ပိုမွန္လိ္္္မ့္မည္။ ဘယ္ေလာက္ဆိုးလိုက္တဲ့လူလဲ။ သူ႔လိုလူစားမ်ိဳးေတြဟာ တကယ္စင္းလံုးေခ်ာေကာင္းမည္ဟုေတာ့ မဟုတ္ေပ။
" Hi ကြၽန္ေတာ့္ေၾကာင့္ အေႏွာက္အယွက္ ျဖစ္မသြားပါဘူးေနာ္ ။ "
Charles ကို ၾကည့္လိုက္ရင္ အၿမဲတမ္း ယံုႀကည္မႈ အျပည့္ရွိေနျပီး ေတာင္းပန္စကားတစ္ခြန္းနွင့္အတူ Tang Feng ကို စကားဝိုင္းထဲ ဆြဲေခၚလိုက္သည္။ Tang Feng က တိတ္ဆိတ္စြာေနဖို႔ ဆုံးျဖတ္လိုက္ၿပီး အားလုံးကို အၿပဳံးေလးနူတ္ဆက္လိုက္သည္။
"ကြၽန္ေတာ့ မိတ္ေဆြ Tang Feng နဲ႕ အားလံုးကို မိတ္ဆက္ေပးပါရေစ "
Charles ဟာ Tang Feng ၿငိမ္ၿငိမ္ေလးရပ္ေနတာကို ၾကည့္မေနႏိုင္စြာနဲ႕ Tang Feng ကို ဒါ႐ိုက္တာ Li တို႔ ဇနီးေမာင္ႏွံ နဲ႔ တုိက္ရိုက္မိတ္ဆက္ေပး လိုက္သည္။
သူ႕လိုအရြယ္ သ႐ုပ္ေဆာင္ေလးေတြက အရမ္းနာမည္ႀကီးတဲ့ ဒါ႐ိုက္တာႀကီးကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာ ဘယ္လိုမ်ား တုန္႕ျပန္ လႈပ္ရွားႀကမလဲ။ ျဖစ္နုိင္တာ သူတုိ႕ေတြ အရမ္းစိတ္လႈပ္ရွားျပီး ဘာလုပ္ လို႕ ဘာကိုင္ရမွန္းမသိျဖစ္သြားနုိင္သည္။ ကိုယ့္ကိုယ္ကို အရမ္းနိမ့္ခ်ၿပီး တစ္ဖက္သားကို အရမ္းေျမွာက္ပင့္ျပီး ေလးစားျပေနတာ ျဖစ္ႏိုင္တယ္ ။
Charles ဟာ ပြဲႀကီးပြဲေကာင္း ၾကည့္ခ်င္လို႔လား ၊ စမ္းသပ္ခ်င္လို႕လား ဆိုတာ Tang Feng မသိေတာ့ေပ။ Charles နဲ႔ Lu Tian Chen တို႔အၾကား ရင္းႏွီးမူအရ သူတုိ႕နွစ္ေယာက္ၾကားမွာ သူနဲ႔ ပတ္သတ္တဲ့ ကိစၥ ေတာ္ေတာ္မ်ားမ်ားကို ေျပာၿပီးေလာက္ၿပီ ။ ဒါေပမယ့္ သူတို႔ေျပာေနၾကတဲ့ Tang Feng ဆိုတာ သူေပ။ Lu Tian Chen က အရင္လူ Tang Feng အေပၚ ဘယ္လိုပဲ သေဘာထားထား ပါေစ။ အခုTang Feng ကိုယ္ထဲ သူေရာက္လာျပီးျဖစ္မွေတာ့ သူ႔စိတ္တိုင္းက် အသက္ရွင္ သြားမည္ျဖစ္သည္။ Tang Feng စရို္က္ စိတ္ေနစိတ္ထားအသစ္ကို သူ တည္ေဆာက္သြားမည္။ သရုပ္ေဆာင္တာကိုေတာ့ ရုပ္ရွင္ဖန္သားျပင္ေပၚတြင္သာ လုပ္ျပီး လက္ေတြ႕ဘဝတြင္ သူ႕ပင္ကိုယ္စိတ္အတိုင္း သက္ေတာင့္သက္သာေနထိုင္ သြားမည္ျဖစ္သည္။
" ခုလို ေတြ႕ဆုံရတာ ဝမ္းသာပါတယ္ ။ ဒါ႐ိုက္တာ Li "
ကိုယ့္ကိုယ္ကို အရမ္းနွိမ့္ခ်ျခင္း၊ ေႀကာက္ရြံ႕ျခင္းမရွိပဲ ေၾကာက္႐ြံ႕ျပ ယဥ္ေက်းစြာနွင့္ Tang Feng သက္ေတာင့္သက္သာပဲ ေျပာလိုက္သည္။
အရင္အတိ္တ္ဘဝကတည္းက ဒါ႐ိုက္တာ Li တို႔ ဇနီးေမာင္ႏွံ Tang Feng ေကာင္းေကာင္း သိခဲ့သည္။ သက္ႀကီးေနျပီျဖစ္တဲ့ သူတို႔ႏွစ္ေယာက္ဟာ သူစိမ္းေတြနဲ႕ စကားေျပာဆိုရတာကို မနွစ္သက္ေပ။ ဒါေႀကာင့္ သူတုိ႕ကို အရမ္းျမန္ျမန္ ခ်ဥ္းကပ္လိုက္မယ္ဆိုရင္ ကိုယ့္အေပၚ အဆိုးျမင္သြားနုိင္သည္။ ဒါေႀကာင့္ ရိုးစင္းယဥ္ေက်းစြာ နူတ္ဆက္ရင္ရျပီ။
" မင္းနာမည္က Tang Feng တဲ့လား ? "
Mrs. Li က အံ့အားသင့္စြာေမးခဲ့သည္။
" Mrs.Li ဆီမွာ ကြၽန္ေတာ္နဲ႔ နာမည္ခ်င္းတူတဲ့ မိတ္ေဆြေတြ ရွိေနလို႔မ်ားလား ခင္ဗ်ာ "
ေသခ်ာေပါက္ သူမဆီမွာ ရွိေနခဲ့တာေပါ့ ။ အဲ့ဒီလူက သူပဲေလ ။
သူမက ဝမ္းနည္းစြာၿပဳံးလိုက္ျပီးေျပာခဲ့သည္။
" ဟုတ္တယ္။ အန္တီ့ အသိထဲမွာ တိုက္တိုက္ဆိုင္ဆိုင္ ဒီ နာမည္နဲ႔ တူတဲ့သူ ရွိခဲ့တယ္ ။ မင္းရဲ႕ပုံစံေလးကို ျမင္လိုက္ရေတာ့ သူ႔ကိုေတာင္ အန္တီ သတိရမိလာတယ္ "
နာမည္ျခင္းတူေနတဲ့ အေၾကာင္းနဲ႔ ပတ္သတ္ၿပီး စကား မ်ားမ်ား ဆက္မေျပာလိုက္ရေပ။ Su Qi Cheng နဲ႔ တျခားသူေတြက ႐ုပ္ရွင္ဇာတ္ကားအေၾကာင္း ဆက္လက္ေျပာဆိုၾကေပမယ့္ Tang Feng က ခုလိုပါတီေတြကို သိပ္သေဘာမက်တဲ့ Director Li တို႔လို လူမ်ိဳးက ခုလိုအခ်ိန္ မွာ အလုပ္နဲ႔ ပတ္သတ္တာေတြကို ေျပာရတာ မႏွစ္သက္ဘူး ။ ဒါေၾကာင့္ Director Li က စကားဝိုင္းေဘးမွာ ၿငိမ္ေနျပီး တစ္ခ်က္ တစ္ခ်က္ Director Li ရဲ႕အၾကည့္ေတြ သူ႔ဆီ ေရာက္လာတာကို သတိထားမိလိုက္သည္။
လူေတြအားလုံး စကားေျပာေနခ်ိန္မွာ သူတစ္ေယာက္တည္း ျငိမ္ေနတာျဖစ္လို႕ ဒီလိုေနလိုက္တာက သူ႔ကို ပိုၿပီး သတိထားမိလာေစသည္။ ဒါဟာ ေကာင္းမြန္တဲ့ စတင္ျခင္းဆိုေပမယ့္ Director Li ရဲ႕ စိတ္ ထဲ စြဲ သြားဖို႔အတြက္ မလုံေလာက္ေသးေပ။
Tang Feng ဆီမွာ တျခားသူေတြဆီမွာ မရွိတဲ့ အႏုပညာ အေတြ႕အႀကဳံ ၊ အရည္အခ်င္းေတြအျပင္ Director Li ရိုက္မည့္ ႐ုပ္ရွင္အတြက္ လိုအပ္တဲ့ အႏုပညာသရုပ္ေဆာင္စြမ္းရည္ အျပည့္ရွိသည္။ ျခံဳေျပာရရင္ Director Li က ဘယ္လို သ႐ုပ္ေဆာင္ မ်ိဳး ကို လိုခ်င္သလဲ ဆိုတာပင္ သူ သိသည္။
ဒီအခ်ိန္မွာပဲ တီးဝိုင္းက Tango music ကို စတင္တီးခတ္လိုက္သည္။
" Charles.. ခင္ဗ်ား ကြၽန္ေတာ့္ကို အတူတြဲကဖို႔ မေခၚေတာ့ဘူးလား "
Tang Feng က ေဘးမွာ ရွိေနတဲ့Charles ကို ၾကည့္ၿပီး ေမးလိုက္သည္။ မၾကာခင္႐ိုက္မည့္ ႐ုပ္ရွင္ကားထဲတြင္ အမ်ိဳးသား သ႐ုပ္ေဆာင္ ႏွစ္ဦး အတူယွဥ္တြဲၿပီး Tango အက ကရမည့္ ဇာတ္ဝင္ခန္း တစ္ခန္းပါဝင္ျပီး ဒီအခန္းက ႐ုပ္ရွင္ရဲ႕ ဇာတ္ရွိန္အျမင့္ဆုံး အခန္းေတြထဲက တစ္ခုျဖစ္လို႕ အခြင့္အေရးရတုန္း သူ႔အစြမ္းကို လူၾကားထဲ ျပခ်င္သည္။ တုိက္တိုက္ဆုိင္ဆိုင္ Mrs.Li က Tango အကကို ႀကိဳက္ႏွစ္သက္သူျဖစ္သည္။
တစ္ခါတစ္ရံမွာ လက္ေတြ႕လုပ္ျပလိုက္ျခင္းက စကားလုံးေတြထက္ ပို ထိေရာက္နုိင္သည္။ ဒါေႀကာင့္ အခု သူ လက္ေတြ႕ျပလိုက္ဖုိ႕ ဆံုးျဖတ္လိုက္တာျဖစ္သည္။
" ငါ Tango အကကို မကြၽမ္းဘူး "
Charles က Lu Tian Chen ကို တြန္းထုတ္လိုက္သည္။
" Tian Chen က တကယ္ေတာ္တဲ့ အကသမားတစ္ေယာက္ပဲ။ မင္းနဲ႔ တြဲကရရင္ သူ လုံးဝေက်နပ္မယ္ဆိုတာ ကိုယ္ ေျပာရဲတယ္ "
" President Lu အဆင္မေျပရင္လည္း ရပါတယ္။ အတင္းလုပ္ဖို႔ မလိုပါဘူး "
ခင္ဗ်ား ေနာက္ေနတာလား။ ကြ်န္ေတာ္က အဲ့ဒီ ေရခဲတုံးနဲ႔ အတူတူ တြဲကရမယ္ဟုတ္လား။
" ရပါတယ္။ ခုလို တြဲကဖို႕ အဖိတ္ခံရလို႔ ေက်းဇူးတင္ပါတယ္ "
အံ့ႀသစရာေကာင္းစြာ Lu Tian Chen က သူနဲ႔ကဖို႔ ေရွ႕ကိုထြက္လာခဲ့သည္။ ေဘးဘက္က ႀကည့္ေနသည့္ Ge Chen က ဝိုင္ခြက္ကို ကိုင္ျပီး တငံုေသာက္ေနေပမယ့္ သူ႕ပံုစံက ျဖဴေဖ်ာ့ၿပီး စိတ္မသက္မသာျဖစ္ေနပံုေပၚသည္။
...............................
Chapter (21)
စစ္တုရင္ ကစားပြဲတြင္ နယ္႐ုပ္က ဘုရင္ကို စားဖို႔ ႀကိဳးစားရင္ ၊ စစ္သူႀကီးနဲ႔ ကာကြယ္လို႔ရသည္။ ေရႀကီးၿပီးတဲ့ေနာက္မွာ အဖိုးတန္တဲ့ နႈန္းေျမႏွစ္ေတြ က်န္ရစ္စျမဲျဖစ္သည္။ အခက္အခဲတိုင္းရဲ႕ ေနာက္ကြယ္မွာ ေအာင္ျမင္ျခင္းဆိုတာ အျမဲရွိေနသည္။ သူ႔လို အသက္၃ရေက်ာ္ေနျပီျဖစ္ေသာ လူလတ္ပိုင္းက အသက္ႏွစ္ဆယ္ေက်ာ္ လူ႐ြယ္ ကို ေၾကာက္႐ြံ႕ေနစရာမဟုတ္ေပ။
Lu Tian Chen ဘက္က တြဲကဖို႔ ကမ္းလွမ္းေနမွေတာ့ Tang Feng လည္း ကမ္းလွမ္းခ်က္ကို လက္ ခံလိုက္သည္။
Lu Tian Chen ရဲ႕ လက္တစ္ဖက္ဟာ သူ႔ ခါးထက္နားကို ဆြဲဖက္ လိုက္သည္။ ဒီပုံအတိုင္းဆို Lu Tian Chen က အမ်ိဳးသမီးေနရာမွ ကဖို႔ စိတ္ကူးမရွိဘူးထင္သည္။ Tang Feng တစ္ခ်က္ ၿပဳံးလိုက္ေတာ့ သူ႔ရဲ႕ မ်က္ဝန္းနက္နက္ေတြထဲမွာ သူ႕အေရွ႕က ပုဂၢိဳလ္ရဲ႕ ေအးတိေအးစက္ပံုရိပ္ ထင္ဟပ္ေနသည္။
" ကြၽန္ေတာ္ အမ်ိဳးသမီးေနရာကေန ကမွာ မဟုတ္ဘူး "
" ငါက Tango အေၾကာင္း မင္း မသိဘူးလို႕ ထင္ေနတာ ။ "
အေရွ႕ဘက္ကို ကိုယ္ကို အနည္းငယ္ ကိုင္းၫႊတ္လိုက္ျပီး Lu Tian Chenက ႐ုတ္တရက္Tang Feng ရဲ႕ခါးကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္သျဖင့္ သူတို႕ ႏွစ္ဦးစလုံးရဲ႕ ရင္ဘတ္က အရမ္းကို နီးကပ္သြားျကီး တစ္ေယာက္ နွလံုးခုန္သံကို အျခားတစ္ေယာက္ကပင္ ႀကားရနုိင္ေအာင္ နီးကပ္သြားသည္။ Lu Tian Chen ရဲ႕ အျပဳအမူေတြက အထက္စီးဆန္ျပီး Tang Feng ေရွာင္လြဲလို႕ မရေတာ့ေပ။
ဒီအေျခအေနကို စဥ္းစားႀကည့္ေလ သူ႕ကို စစ္ေဆးေနတဲ့အရာလို႕ Tang Feng ထင္လာေလျဖစ္သည္။
သီခ်င္းသံ ညင္သာစြာ လြင့္ပ်ံလာတာနဲ႔အတူ သူတို႔ရဲ႕ ေျခအစုံလည္း စတင္လူပ္ရွားလာခဲ့သည္။ အမ်ိဳးသမီးဘက္က ကရတဲ့ အကကို Tang Feng မသိတာ မဟုတ္ေပမယ့္ တမင္ကို ဒီလိုေနရာက မကခ်င္တာျဖစ္ေပမယ့္ Lu Tian Chen ဘက္က ကလို႔ အဆင္မေျပေအာင္ အေႏွာက္အယွက္ေပးခ်င္တာမ်ိဳးလည္း မလုပ္ခ်င္ေပ။
" ကြၽန္ေတာ့္ အေၾကာင္းကို President Lu အခုထိ နားမလည္ေသးဘူး ထင္တယ္ "
ခပ္သဲ့သဲ့ၿပဳံးလိုက္ၿပီး Tang Feng က Lu Tian Chen ရဲ႕ လက္ကို ဆုပ္ကိုင္လိုက္ေတာ့ Lu Tian Chen စိတ္မသက္သာျဖစ္သြားတာကို အမူအယာကို သူ႔မ်က္ဝန္းေတြက တဆင့္ Tang Feng ျမင္လိုက္ရသည္။
ဂီတသံဟာ မျမင္ရ႕ႏိုင္တဲ့ ႏြယ္ပင္ေတြလို သူတို႔ရဲ႕ ေျခေထာက္ၾကား လြန္႕လူးေနသည္။ အကကို စလိုက္တဲ့ အခ်ိန္မွာ ပတ္ဝန္းက်င္ တစ္ခုလုံးက အရမ္းကိုအင္အားျပင္းလြန္းလွတဲ့ ခန႔္ညားတဲ့ အမ်ိဳးသားႏွစ္ေယာက္ Tango အကကို ယွဥ္တြဲ ကေနတဲ့ ျမင္ကြင္းေႀကာင့္ ေျပာင္းလဲသြားခဲ့သည္။
ေျခလွမ္းတိုင္း လူပ္ရွားမူတိုင္းရဲ႕ ေနာက္ကြယ္မွာ စြမ္းအားႀကီးတဲ့ ယွဥ္ျပိဳင္မႈေတြ ဖုနး္ကြယ္ထားသည္ကို လူတုိင္းခံစားလိုက္ရသည္။ သူတို႕နွစ္ေယာက္က တြဲကေနသည္ထက္ တစ္ေယာက္နဲ႔တစ္ေယာက္ အလစ္မေပးတမ္း ေခ်ာင္းေျမာင္းေနသည့္ ျပိဳက္ဖက္ေတြလို ျဖစ္ေနသည္။
" အိုး....အခုအေျခအရ မင္းအေၾကာင္းကို ငါ ေသခ်ာနားမလည္ေသးဘူး ဆိုတာ သိလိုက္ျပီ "
မ်က္ဝန္းကို ေမွးစင္းၿပီး Lu Tian Chen က Tang Feng ကို ေအးစက္တဲ့ အၾကည့္နဲ႔ စိုက္ၾကည့္ျပီး တစ္ဖက္သားရဲ႕ အတြင္းစိတ္ကို ဖတ္ၾကည့္ဖို႔ ႀကိဳးစားေပမယ့္ Tang Fengရဲ႕ စိတ္က ကန္ေရျပင္လို႔ ၿငိမ္သက္ေနတာကိုပဲ ေတြ႕လိုက္ရသည္။
ရင္ဘတ္ခ်င္း ထိလုနီးပါး သူတို႕အနီးကပ္ရပ္ေနေပမယ့္ ဓားသမားႏွစ္ေယာက္ ဓားေရးယွဥ္ၿပိဳင္ေနသလို အေျခအေနေတြ ဆန္႕က်င္ဘက္ အစြန္းနွစ္ဖက္မွာရွိေနသလိုျဖစ္ျပီး ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ စမ္းသပ္ဖို႔ ႀကိဳးပမ္းေနၾကသည္။
" အရာရာတိုင္း သင့္ေတာ္တဲ့ အကြာအေဝး ရွိေနသင့္တယ္လို႔ ခင္ဗ်ား မထင္ဘူးလား ။ နီးလြန္း၊ ေဝးလြန္းတာက မေကာင္းလွဘူး"
Tang Feng ရဲ႕ ႏူတ္ခမ္းေတြက ေကြးၫြတ္သြားသည္။ Lu Tian Chan ဆိုတာ သူနဲ႔ စိတ္ဓာတ္ စစ္ဆင္ေရး လုပ္ဖို႔ အေတြ႕အႀကံဳ အရမ္း ႏုေနေသးသည္။ ဆယ္နွစ္ေက်ာ္ နွလုံးေရာဂါကို ခံစားရခဲ့ရၿပီးေနာက္ သူ႔ႏွလုံးသားဟာ သံမဏိလိုမာေက်ာေအာင္ လုပ္ေဆာင္ထားနုိင္ျပီျဖစ္လို႕ ဘယ္လို ကိစၥမ်ိဳးႀကံဳပါေစ.. စိတ္ကို ၿငိမ္ေအာင္ထားသည့္ အေလ့အထသည္ သူ႔အတြက္ အက်င့္တစ္ခုလိုစြဲလို႕ေနျပီျဖစ္သည္။
" ငါ့ နားနဲ႔ ၾကားလိုက္ရတာ မဟုတ္ ရင္ ဒီစကားကို မင္းေျပာလိုက္တယ္လို႔ ငါ လုံးဝယုံႏိုင္မွာ မဟုတ္ဘူး ။ "
ဒါက သူ႔ကို ခ်ီးက်ဴးလိုက္တဲ့စကားလား။ ႀကားရတာ ေလွာင္ေျပာင္ေနတာနဲ႔ ပိုတူသည္။
Tang Feng ဟာ Lu Tian Chen ရဲ႕ မွတ္ခ်က္ကို တိတ္ဆိတ္စြာ လက္ခံလိုက္သည္။ Lu Tian Chen သူ႔ကို မႏွစ္သက္ဘူးဆိုလည္း ပြင့္ပြင့္လင္းလင္း ေျပာခ်လိုက္လို႔ရသည္။ အခုလိုမထိတထိ ေျပာဆိုေနရတာ မပင္ပန္းဘူးလားဟု ေတြးေနမိသည္။ တကယ္လို႕ သူ႔မွာ Lu Tian Chen လို အဆင့္အတန္းနဲ႔ ေနာက္ခံအင္အားေတာင့္တင္းေနပါက ဂ႐ုမစိုက္ပဲ ခပ္ကင္းကင္း ေနလိုက္မည္ျဖစ္သည္။ တကယ္လုိ႕ Lu Tian Chen ေျပာတဲ့စကားေတြထဲမွာ တစံုတခုပါေနတယ္ဆုိရင္ ဒီစကားအဓိပၸါယ္ကို ေဖာ္ဖို႕ ဝွက္စာ လိုဦးမည္ျဖစ္သည္။
" ကြၽန္ေတာ္ သရဲဝင္ပူးၿပီး ေျပာလိုက္တာလို႔ ခင္ဗ်ားထင္လို႔ရတယ္ ။ "
Tang Feng ရယ္ေမာေနလိုက္သည္။
Lu Tian Chenအံ့အားသင့္ျပီး ဆြံ႕အသြားသည္။ Tang Feng က သူ႔ကို အခုလိုမ်ိဳး ရယ္ေမာတုန္႕ျပန္မည္ဟု မေမွ်ာ္လင့္မထားမိေပ။ အခုလို ေျပာဆိုပုံေတြနဲ႔ အမူအက်င့္ ေတြက သူသိခဲ့တဲ့ Tang Feng နဲ႔ လုံးဝ မတူေတာ့ေပ။ ဒီအခ်ိန္မွာ ေတးဂီတသံက ရပ္တန႔္သြားခဲ့သည္။
Tang Feng ဟာ Lu Tian Chen ရဲ႕ လက္ကို လႊတ္လိုက္ေပမယ့္ တစ္ဖက္လူက သူ႔ခါးကို ခပ္တင္းတင္း ဆြဲဖက္ထားတုန္းျဖစ္သည္။
" President Lu ကြၽန္ေတာ့ကို နမ္းဖို႔ စိတ္ကူးေနတာ မဟုတ္ရင္ လႊတ္ေပးလို႔ ရပါၿပီ "
ရယ္ရႊင္ရိပ္နွင့္ ေတာက္ပသည့္ အရိပ္နဲ႕ Tang Feng က ကိုယ္ကို ကိုင္းၫႊတ္ၿပီး သူ႕ေရွ႕က အမ်ိဳးသားရဲ႕ နားရြက္ အနားကိုင္းညြတ္ျပီး ခပ္တိုးတိုး ေျပာလိုက္သည္။
Lu Tian Chen က Tang Feng ကို စူးစိုက္ၾကည့္ၿပီး ခံစားခ်က္ကင္းမဲ့သည့္ အမူအယာနဲ႔ လႊတ္ေပးလိုက္သည္။
အား....ဒီလူက သူ႕လက္ေအာက္ငယ္သားက ဒီေလာက္ ေႏွာက္ယွက္ေနတာေတာင္ ဘာမွမျဖစ္သလို ေရခဲတုံးပုံစံနဲ႔ ေနႏိုင္ေသးသည္။ သူတုိ႕ႏွစ္ေယာက္ တိတ္ဆိတ္စြာ တစ္ဦးကို တစ္ဦးစိုက္ႀကည့္ေနခ်ိန္ Charles က သူတို႔ေဘးကို ေရာက္လာခဲ့ျပီး သိုးေရၿခဳံထားတဲ့ ဝံပုေလြက Tang Feng ကို သူ႔ေဘးဆြဲေခၚသြားေတာ့သည္။
" ေဟး..... မင္းတို႔ႏွစ္ေယာက္ အခ်စ္ျမားေတြနဲ႕ တစ္ေယာက္ကို တစ္ေယာက္ စိုက္ႀကည့္ခ်င္တယ္ဆုိလည္း ငါ့ေရွ႕ေတာ့ မႀကည့္ႀကနဲ႕ေလ။ မင္းတို႔ ဒီေလာက္စိုက္ၾကည့္ေနၾကရင္ မ်က္လုံးထဲကေန မီးေတြေတာက္လာေတာ့မယ္ "
"ကြ်န္ေတာ္ ေရငတ္လာျပီ။ ကြၽန္ေတာ္တို႔ တစ္ခုခု သြားေသာက္ၾကရေအာင္လား ။ "
Tang Feng ဟာ Charles နဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး ေျပာလိုက္တယ္ ။ ေသာက္ၾကမယ္ဆိုတဲ့ အသံၾကားလိုက္ရတာနဲ႔ Charles တစ္ေယာက္ ေပ်ာ္ရႊင္စြာရယ္ေမာလိုက္ျပီး ႏွစ္ဦးသား ကပြဲၾကမ္းျပင္ထက္ကေန ထြက္ခြာသြားခဲ့သည္။
=========
Chapter (19)
ဒီပါတီပွဲက ပုံမှန် ပါတီပွဲထက် သီးသန့်လူများကိုသာ ဖိတ်ကြားပြီး လုပ်ဆောင်သည့် ပါတီနှင့် ပိုတူသည်။ ဖိတ်ကြား ခံထားရသူတွေက အရမ်းမများပေမယ့် ပွဲတက်ရောက်သူတိုင်းက သူ့နယ်ပယ်နဲ့သူ ထင်ရှားကျော်ကြားပြီး အောင်မြင်သူများဖြစ်ကြသည်။
Tian Chen Group နဲ့ Su Entertainment မှ အနုပညာရှင်များသည် သူတို့ အဆက်အသွယ် အလုပ်အကိုင် ပိုတိုးလာစေရန် ဧည့်ခံပွဲအတွင်း လိပ်ပြာလေးေ ပျံသန်းနေကြသလို ရှန်ပိန်ခွက်လေးတွေ ကိုယ်စီ ကိုင်ဆောင်ပြီး သူတို့ကို ရင်းနှီးမြုတ်နှံပေးနိုင်မည့် အထက်တန်းလွှာ ဘီလျံနာကြီးများနှင့် ဆုံနိုင်ရန် ဧည့်ပရိတ်သတ်များကြား သွားလာမိတ်ဖွဲ့လို့နေကြသည်။
Tang Feng က ခုလိုပါတီပွဲမျိုးကို မနှစ်သက်ပေ။ ပထမ သူ့ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းခဲ့တဲ့ အတွက်ကြောင့် အရက်ကို မသောက်နိုင်သောကြောင့်ဖြစ်ပြီး ဒုတိယကတော့ ဒီလိုပါတီတွေက တကယ့်တကယ် အတွင်းကျကျအပိုင်းမှာ ငွေကြေး၊ လုပ်ပိုင်ခွင့်ကို ကိုယ့်ဆီမှာရှိတဲ့ ကျွမ်းကျင်မှုကို လဲလှယ်ကြတာကြောင့်ဖြစ်သည်။ ဒီပါတီမှာ ပါဝင်သည့် လူတိုင်းက အဆက်အသွယ်ရှာဖို့ အဓိကလှုပ်ရှားနေကြသည်ကို Tang Feng ကောင်းကောင်းနားလည်သဘောပေါက်သည်။
လိုအပ်လာရင်တော့ ဒီလိုပါတီပွဲမျိုးကို တက်ဖို့ Tang Feng မငြင်းပယ်တတ်ပေ။ လူတိုင်းက သီလသမာဓိရှိသည့် ပုံမျိုး တချိန်လုံး လုပ်နေစရာမလိုအပ်ပေ။ ကိုယ့်နားမှာ စိတ်ချရသည့် မိတ်ဆွေများရှိသည်ဆိုလျှင် လုပ်ချင်တာကိုလုပ်လို့ရပါသည်။ မကောင်းတဲ့လူစုကြား နစ်မြှုပ်မသွားမိဖို့တော့ ကိုယ့်နံဘေးမှာ ယုံကြည် လို့ရတဲ့ မိတ်ဆွေစစ်တွေဝန်းရံနေဖို့တော့ လိုအပ်သည်။
အခုကျင်းပတဲ့ ပါတီပွဲက Tian Chen Group နဲ့ Su Entertainment အကြား အကျိုးတူပူးပေါင်းခြင်းကို ဂုဏ်ပြုဖို့ ပြုလုပ်တဲ့ပါတီဖြစ်ပြီး ကုမ္ပဏီ နှစ်ခုရဲ့ ခေါင်းဆောင်နှစ်ဦးက ဒီပါတီရဲ့အဓိက လူတွေဖြစ်ကြသည်။ ဒါပေမယ့် ပရိတ်သတ်များက သူဌေးနှစ်ယောက်လုံးနဲ့ ပတ်သတ်နေတယ်လို့ သတင်းထွက်နေတဲ့ Ge Chen ကိုပို စိတ်ဝင်စားကြသည်။။ Ge Chen သည် အဖြူရောင်ဝတ်စုံကို သဘောကျပြီး ဒီပါတီပွဲကို ဈေးကြီးသည့် အဖြူရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်ခဲ့သည်။ ဒီဝတ်စုံက သူ့ရဲ့နုနယ်သည့်ရုပ်ရည်လေးကို အပြစ်ကင်းသည့် နတ်သားလေးလို့ ပါတီပွဲတက်ရောက်သူများကို မြင်ယောင်လာစေသည်။
ဒါပေမယ့် အဲ့လိုဝတ်စားလာတာ နည်းနည်း အိုဗာဖြစ်မနေဘူးလား?
Ge Chen ၏ ဖြူဖျော့သော မျက်နှာလေးက ခုလို အဖြူရောင်ဝမ်းဆက်နှင့် လိုက်ဖက်ပြီး လူကြားထင်ရှားပေါ်လွင်ပေမယ့် သူ့ရဲ့သွေးမရှိသလို ဖြူဖတ်ဖြူယော်ပုံကိုတွေ့တိုင်း Tang Feng က သူ နေမကောင်းဘူးလို့ပဲ စိတ်ထဲ ထင်နေမိသည်။ Ge Chen က ချောမောပေမယ့် ယောကျာ်းတစ်ယောက်ရဲ့ ကြံ့ခိုင်တဲ့ အလှတရား ကင်းမဲ့နေသည်။
" ခင်ဗျား တကယ် ကျွန်တော့်ကို လက်တွဲပြီး ခန်းမထဲကို ဝင်မလို့လား ? "
Tang Feng သူ့မျက်ခုံး ကို ပင့်ပြီး မေးလိုက်သည်။
Charles က အခုပါတီ၏ အိမ်ရှင်အဓိကလူထဲက တစ်ယေက်ဖြစ်သောကြောင့် VIP ခန်းတစ်ခုကို သူ့အတွက် ပြင်ဆင်ထားသည်။ ကပြားတစ်ယောက်ဖြစ်တာကြောင့် Charles ရဲ့ရုပ်ရည်က ချောမောခန့်ညားသည့်အပြင် အနောက်တိုင်းဝတ်စုံ ကို စမတ်ကျကျ ဝတ်ဆင်ထားတော့ သူ့ရုပ်သွင်က ငေးမောကြည့်ချင်စရာ ဆွဲဆောင်မှုပြည့်လို့နေသည်။ သူ့ရဲ့ အင်္ဂလိပ်လူမျိုးဆန်သည့် မျက်နှာပေါက်ကြောင့် လက်ထဲမှာ ရာဇနှင်တံ ကျိုင်းကိုသာ ကိုင်ထားလျှင် Charles က ဘုရင်တစ်ပါးလို့ ထင်မှတ်ရနိုင်သည်။
" လူတွေရဲ့ အားကျတဲ့ အကြည့်နဲ့ ၊ မနာလိုတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ခံရတာကို ကိုယ် သဘောကျတယ်။ "
Charles ဟာ အခုလေးတင် အနက်ရောင် နဲ့ အပြာရင့်ရင့်ရောင် အနောက်တိုင်းဝတ်စုံ ပြောင်းဝတ်သည့် Tang Feng ကို အထက်အောက်စုန်ဆန် စူးစိုက်ကြည့်နေသည်။ ဒီဝတ်စုံက Tang Feng ရဲ့ တော်ဝင်ဆန်တဲ့ ချောမာလှပမှုကို ပိုတိုးလာစေသည်။ စက်ချုပ်သမားဆီမှာ သီးသန့် ချုပ်ထားတဲ့ ဒီဝတ်စုံဟာ Tang Feng ရဲ့ လန်ဆန်းတက်ကြွတဲ့ဟန်၊ နွေးထွေးတဲ့ ခံစားချက်ကို ပေါ်လွင်စေပြီး တိုင်းပြည်တစ်ခုက တော်ဝင်မျိုးနွယ်အလား ထင်မှတ်ချင်လာစေသည်။
တကယ်တမ်းပြောရရင် Tang Feng ဟာ Lu Tian Chen နဲ့ Su Qi Cheng တို့ အပြိုင်လိုက်နေတဲ့ Ge Chen ထက် အစစအရာရာ သာလွန်တယ်လို့ ခံစားရသည်။ Charles အတွက် Tang Feng က ပိုပြီး နှစ်သက်ဖို့ကောင်းနေ သည်။ ကြည့်ရတာ အရှေ့တိုင်းနဲ့ အနောက်တိုင်းကြား မကြိုက် မတူတာဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် Charles က သူ့အကြိုက်ကို သူ ယုံကြည်မှု အပြည့်ရှိသည်။
အသက်၃ရနှစ်အရွယ်မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီးနောက် Tang Feng ဟာ လူတွေရဲ့အမြင်ကို ဂရုမစိုက်တတ်တော့ပေ။ လူဆိုတာ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခြင်း ဖြစ်သည်ဟု တွေးပြီးနောက် Charles ရဲ့ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်တတ်သည့် စိတ်ဓာတ်ကို သူ သဘောကျလာသည်။
" ကျေးဇူးပြုပြီး ကိုယ့်လက်ကို ဆုပ်ကိုင်ပေးပါ... "
Charles က သူ့ နက်ခ်ကတိုင်ကို သပ်ရပ်အောင် ပြင်လိုက်ပြီး သူ့လက်တစ်ဖက်ကို ဘေးမှာရှိနေတဲ့လူငယ်လေးဆီ ကမ်းပေးပြီး ယဉ်ကျေးစွာပြောလိုက်သည်။
Tang Feng ဟာ လိုက်လျောစွာနဲ့ပဲ Charles လက်ကို ပြန်ကိုင်လိုက်ပြီး လှေကား ကနေ နှစ်ယောက် တွဲပြီး ဆင်းလာခဲ့သည်နှင့် တပြိုင်နက် အခန်းထဲရှိ လူအားလုံးရဲ့ အကြည့်က သူတို့ဆီ ရောက်လာကြသည်။ ဒီလို ဝိုင်းကြည့်ခံရသည့်အဖြစ်က အရင်ဘဝက media တွေနဲ့ ပရိသတ်တွေ သူ့နောက် တကောက်ကောက်လိုက်နေခဲ့ တဲ့ အချိန်ကို ပြန်သတိရစေသည်။
စင်ပေါ် ပြန်တက်ရမှာကို သူ ကြောက်ရွံ့နေမယ် ထင်နေလား ? လုံးဝမဖြစ် နိုင်ပါဘူး ။
ငေးမောကြည့်နေသည့် လူအုပ်ကြီးကို Tang Feng သဘာဝကျစွာပဲ နှစ်လိုဖွယ် အပြုံးနဲ့ ယဉ်ကျေး စွာပြုံးပြလိုက်သည်။
==================
Chapter (20)
Tang Feng သွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ Charles က သူ့လက်ကို ဆွဲပြီး Lu Tian Chen နဲ့ Su Qi Cheng တို့ဆီ ဆွဲခေါ်သွားတော့သည်။ ဖြစ်နိုင်တာ က ဒီ လူကြီးလူကောင်းပုံနဲ့တူတဲ့ ဂိုဏ်းစတားကြီးက ဒါရိုက်တာ Li Wei နဲ့ ဇနီးတို့ က Lu Tian Chen တို့နဲ့ စကားလက်ဆုံကျနေတာကို မြင်သွားလို့ဖြစ်နိုင်သည်။ သူတို့တွေက ပွဲပြီးတဲ့အထိ စကားတွေပြောနေကြမည်မဟုတ်ပေ။ ဘာမှ ကြိုတင်ပြင်ဆင်ခြင်းမရှိပဲ အလောတကြီး စကားဝိုင်းထဲ ဝင်သွားတာ ကောင်းကျိုးသိပ်မဖြစ်နိုင်ပေ။
Tang Feng ဟာ Charles ကို ပြုံးပြီး တချက်စိုက်ကြည့်လိုကသ်ည်။ ဒီလူက သူ့ကို ဒါရိုက်တာ Li နဲ့ ဆုံတွေ့ဖို့ အခွင့်အရေးပေး ချင်တာ တစ်ခုတည်းကြောင့် ဒီပါတီပွဲကို ခေါ်လာတာ မဖြစ်နိုင်ပေ။ ပွဲကြီးပွဲကောင်း ကြည့်ချင်လို့ ခေါ်လာတာက ပိုမှန်လိ်မ့်မည်။ ဘယ်လောက်ဆိုးလိုက်တဲ့လူလဲ။ သူ့လိုလူစားမျိုးတွေဟာ တကယ်စင်းလုံးချောကောင်းမည်ဟုတော့ မဟုတ်ပေ။
" Hi ကျွန်တော့်ကြောင့် အနှောက်အယှက် ဖြစ်မသွားပါဘူးနော် ။ "
Charles ကို ကြည့်လိုက်ရင် အမြဲတမ်း ယုံကြည်မှု အပြည့်ရှိနေပြီး တောင်းပန်စကားတစ်ခွန်းနှင့်အတူ Tang Feng ကို စကားဝိုင်းထဲ ဆွဲခေါ်လိုက်သည်။ Tang Feng က တိတ်ဆိတ်စွာနေဖို့ ဆုံးဖြတ်လိုက်ပြီး အားလုံးကို အပြုံးလေးနူတ်ဆက်လိုက်သည်။
"ကျွန်တော့ မိတ်ဆွေ Tang Feng နဲ့ အားလုံးကို မိတ်ဆက်ပေးပါရစေ "
Charles ဟာ Tang Feng ငြိမ်ငြိမ်လေးရပ်နေတာကို ကြည့်မနေနိုင်စွာနဲ့ Tang Feng ကို ဒါရိုက်တာ Li တို့ ဇနီးမောင်နှံ နဲ့ တိုက်ရိုက်မိတ်ဆက်ပေး လိုက်သည်။
သူ့လိုအရွယ် သရုပ်ဆောင်လေးတွေက အရမ်းနာမည်ကြီးတဲ့ ဒါရိုက်တာကြီးကို တွေ့လိုက်ရတဲ့အချိန်မှာ ဘယ်လိုများ တုန့်ပြန် လှုပ်ရှားကြမလဲ။ ဖြစ်နိုင်တာ သူတို့တွေ အရမ်းစိတ်လှုပ်ရှားပြီး ဘာလုပ် လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားနိုင်သည်။ ကိုယ့်ကိုယ်ကို အရမ်းနိမ့်ချပြီး တစ်ဖက်သားကို အရမ်းမြှောက်ပင့်ပြီး လေးစားပြနေတာ ဖြစ်နိုင်တယ် ။
Charles ဟာ ပွဲကြီးပွဲကောင်း ကြည့်ချင်လို့လား ၊ စမ်းသပ်ချင်လို့လား ဆိုတာ Tang Feng မသိတော့ပေ။ Charles နဲ့ Lu Tian Chen တို့အကြား ရင်းနှီးမူအရ သူတို့နှစ်ယောက်ကြားမှာ သူနဲ့ ပတ်သတ်တဲ့ ကိစ္စ တော်တော်များများကို ပြောပြီးလောက်ပြီ ။ ဒါပေမယ့် သူတို့ပြောနေကြတဲ့ Tang Feng ဆိုတာ သူပေ။ Lu Tian Chen က အရင်လူ Tang Feng အပေါ် ဘယ်လိုပဲ သဘောထားထား ပါစေ။ အခုTang Feng ကိုယ်ထဲ သူရောက်လာပြီးဖြစ်မှတော့ သူ့စိတ်တိုင်းကျ အသက်ရှင် သွားမည်ဖြစ်သည်။ Tang Feng စရိုက် စိတ်နေစိတ်ထားအသစ်ကို သူ တည်ဆောက်သွားမည်။ သရုပ်ဆောင်တာကိုတော့ ရုပ်ရှင်ဖန်သားပြင်ပေါ်တွင်သာ လုပ်ပြီး လက်တွေ့ဘဝတွင် သူ့ပင်ကိုယ်စိတ်အတိုင်း သက်တောင့်သက်သာနေထိုင် သွားမည်ဖြစ်သည်။
" ခုလို တွေ့ဆုံရတာ ဝမ်းသာပါတယ် ။ ဒါရိုက်တာ Li "
ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချခြင်း၊ ကြောက်ရွံ့ခြင်းမရှိပဲ ကြောက်ရွံ့ပြ ယဉ်ကျေးစွာနှင့် Tang Feng သက်တောင့်သက်သာပဲ ပြောလိုက်သည်။
အရင်အတိတ်ဘဝကတည်းက ဒါရိုက်တာ Li တို့ ဇနီးမောင်နှံ Tang Feng ကောင်းကောင်း သိခဲ့သည်။ သက်ကြီးနေပြီဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ သူစိမ်းတွေနဲ့ စကားပြောဆိုရတာကို မနှစ်သက်ပေ။ ဒါကြောင့် သူတို့ကို အရမ်းမြန်မြန် ချဉ်းကပ်လိုက်မယ်ဆိုရင် ကိုယ့်အပေါ် အဆိုးမြင်သွားနိုင်သည်။ ဒါကြောင့် ရိုးစင်းယဉ်ကျေးစွာ နူတ်ဆက်ရင်ရပြီ။
" မင်းနာမည်က Tang Feng တဲ့လား ? "
Mrs. Li က အံ့အားသင့်စွာမေးခဲ့သည်။
" Mrs.Li ဆီမှာ ကျွန်တော်နဲ့ နာမည်ချင်းတူတဲ့ မိတ်ဆွေတွေ ရှိနေလို့များလား ခင်ဗျာ "
သေချာပေါက် သူမဆီမှာ ရှိနေခဲ့တာပေါ့ ။ အဲ့ဒီလူက သူပဲလေ ။
သူမက ဝမ်းနည်းစွာပြုံးလိုက်ပြီးပြောခဲ့သည်။
" ဟုတ်တယ်။ အန်တီ့ အသိထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ဒီ နာမည်နဲ့ တူတဲ့သူ ရှိခဲ့တယ် ။ မင်းရဲ့ပုံစံလေးကို မြင်လိုက်ရတော့ သူ့ကိုတောင် အန်တီ သတိရမိလာတယ် "
နာမည်ခြင်းတူနေတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး စကား များများ ဆက်မပြောလိုက်ရပေ။ Su Qi Cheng နဲ့ တခြားသူတွေက ရုပ်ရှင်ဇာတ်ကားအကြောင်း ဆက်လက်ပြောဆိုကြပေမယ့် Tang Feng က ခုလိုပါတီတွေကို သိပ်သဘောမကျတဲ့ Director Li တို့လို လူမျိုးက ခုလိုအချိန် မှာ အလုပ်နဲ့ ပတ်သတ်တာတွေကို ပြောရတာ မနှစ်သက်ဘူး ။ ဒါကြောင့် Director Li က စကားဝိုင်းဘေးမှာ ငြိမ်နေပြီး တစ်ချက် တစ်ချက် Director Li ရဲ့အကြည့်တွေ သူ့ဆီ ရောက်လာတာကို သတိထားမိလိုက်သည်။
လူတွေအားလုံး စကားပြောနေချိန်မှာ သူတစ်ယောက်တည်း ငြိမ်နေတာဖြစ်လို့ ဒီလိုနေလိုက်တာက သူ့ကို ပိုပြီး သတိထားမိလာစေသည်။ ဒါဟာ ကောင်းမွန်တဲ့ စတင်ခြင်းဆိုပေမယ့် Director Li ရဲ့ စိတ် ထဲ စွဲ သွားဖို့အတွက် မလုံလောက်သေးပေ။
Tang Feng ဆီမှာ တခြားသူတွေဆီမှာ မရှိတဲ့ အနုပညာ အတွေ့အကြုံ ၊ အရည်အချင်းတွေအပြင် Director Li ရိုက်မည့် ရုပ်ရှင်အတွက် လိုအပ်တဲ့ အနုပညာသရုပ်ဆောင်စွမ်းရည် အပြည့်ရှိသည်။ ခြုံပြောရရင် Director Li က ဘယ်လို သရုပ်ဆောင် မျိုး ကို လိုချင်သလဲ ဆိုတာပင် သူ သိသည်။
ဒီအချိန်မှာပဲ တီးဝိုင်းက Tango music ကို စတင်တီးခတ်လိုက်သည်။
" Charles.. ခင်ဗျား ကျွန်တော့်ကို အတူတွဲကဖို့ မခေါ်တော့ဘူးလား "
Tang Feng က ဘေးမှာ ရှိနေတဲ့Charles ကို ကြည့်ပြီး မေးလိုက်သည်။ မကြာခင်ရိုက်မည့် ရုပ်ရှင်ကားထဲတွင် အမျိုးသား သရုပ်ဆောင် နှစ်ဦး အတူယှဉ်တွဲပြီး Tango အက ကရမည့် ဇာတ်ဝင်ခန်း တစ်ခန်းပါဝင်ပြီး ဒီအခန်းက ရုပ်ရှင်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အခန်းတွေထဲက တစ်ခုဖြစ်လို့ အခွင့်အရေးရတုန်း သူ့အစွမ်းကို လူကြားထဲ ပြချင်သည်။ တိုက်တိုက်ဆိုင်ဆိုင် Mrs.Li က Tango အကကို ကြိုက်နှစ်သက်သူဖြစ်သည်။
တစ်ခါတစ်ရံမှာ လက်တွေ့လုပ်ပြလိုက်ခြင်းက စကားလုံးတွေထက် ပို ထိရောက်နိုင်သည်။ ဒါကြောင့် အခု သူ လက်တွေ့ပြလိုက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
" ငါ Tango အကကို မကျွမ်းဘူး "
Charles က Lu Tian Chen ကို တွန်းထုတ်လိုက်သည်။
" Tian Chen က တကယ်တော်တဲ့ အကသမားတစ်ယောက်ပဲ။ မင်းနဲ့ တွဲကရရင် သူ လုံးဝကျေနပ်မယ်ဆိုတာ ကိုယ် ပြောရဲတယ် "
" President Lu အဆင်မပြေရင်လည်း ရပါတယ်။ အတင်းလုပ်ဖို့ မလိုပါဘူး "
ခင်ဗျား နောက်နေတာလား။ ကျွန်တော်က အဲ့ဒီ ရေခဲတုံးနဲ့ အတူတူ တွဲကရမယ်ဟုတ်လား။
" ရပါတယ်။ ခုလို တွဲကဖို့ အဖိတ်ခံရလို့ ကျေးဇူးတင်ပါတယ် "
အံ့သြစရာကောင်းစွာ Lu Tian Chen က သူနဲ့ကဖို့ ရှေ့ကိုထွက်လာခဲ့သည်။ ဘေးဘက်က ကြည့်နေသည့် Ge Chen က ဝိုင်ခွက်ကို ကိုင်ပြီး တငုံသောက်နေပေမယ့် သူ့ပုံစံက ဖြူဖျော့ပြီး စိတ်မသက်မသာဖြစ်နေပုံပေါ်သည်။
...............................
Chapter (21)
စစ်တုရင် ကစားပွဲတွင် နယ်ရုပ်က ဘုရင်ကို စားဖို့ ကြိုးစားရင် ၊ စစ်သူကြီးနဲ့ ကာကွယ်လို့ရသည်။ ရေကြီးပြီးတဲ့နောက်မှာ အဖိုးတန်တဲ့ နှုန်းမြေနှစ်တွေ ကျန်ရစ်စမြဲဖြစ်သည်။ အခက်အခဲတိုင်းရဲ့ နောက်ကွယ်မှာ အောင်မြင်ခြင်းဆိုတာ အမြဲရှိနေသည်။ သူ့လို အသက်၃ရကျော်နေပြီဖြစ်သော လူလတ်ပိုင်းက အသက်နှစ်ဆယ်ကျော် လူရွယ် ကို ကြောက်ရွံ့နေစရာမဟုတ်ပေ။
Lu Tian Chen ဘက်က တွဲကဖို့ ကမ်းလှမ်းနေမှတော့ Tang Feng လည်း ကမ်းလှမ်းချက်ကို လက် ခံလိုက်သည်။
Lu Tian Chen ရဲ့ လက်တစ်ဖက်ဟာ သူ့ ခါးထက်နားကို ဆွဲဖက် လိုက်သည်။ ဒီပုံအတိုင်းဆို Lu Tian Chen က အမျိုးသမီးနေရာမှ ကဖို့ စိတ်ကူးမရှိဘူးထင်သည်။ Tang Feng တစ်ချက် ပြုံးလိုက်တော့ သူ့ရဲ့ မျက်ဝန်းနက်နက်တွေထဲမှာ သူ့အရှေ့က ပုဂ္ဂိုလ်ရဲ့ အေးတိအေးစက်ပုံရိပ် ထင်ဟပ်နေသည်။
" ကျွန်တော် အမျိုးသမီးနေရာကနေ ကမှာ မဟုတ်ဘူး "
" ငါက Tango အကြောင်း မင်း မသိဘူးလို့ ထင်နေတာ ။ "
အရှေ့ဘက်ကို ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး Lu Tian Chenက ရုတ်တရက်Tang Feng ရဲ့ခါးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သဖြင့် သူတို့ နှစ်ဦးစလုံးရဲ့ ရင်ဘတ်က အရမ်းကို နီးကပ်သွားကြီး တစ်ယောက် နှလုံးခုန်သံကို အခြားတစ်ယောက်ကပင် ကြားရနိုင်အောင် နီးကပ်သွားသည်။ Lu Tian Chen ရဲ့ အပြုအမူတွေက အထက်စီးဆန်ပြီး Tang Feng ရှောင်လွဲလို့ မရတော့ပေ။
ဒီအခြေအနေကို စဉ်းစားကြည့်လေ သူ့ကို စစ်ဆေးနေတဲ့အရာလို့ Tang Feng ထင်လာလေဖြစ်သည်။
သီချင်းသံ ညင်သာစွာ လွင့်ပျံလာတာနဲ့အတူ သူတို့ရဲ့ ခြေအစုံလည်း စတင်လူပ်ရှားလာခဲ့သည်။ အမျိုးသမီးဘက်က ကရတဲ့ အကကို Tang Feng မသိတာ မဟုတ်ပေမယ့် တမင်ကို ဒီလိုနေရာက မကချင်တာဖြစ်ပေမယ့် Lu Tian Chen ဘက်က ကလို့ အဆင်မပြေအောင် အနှောက်အယှက်ပေးချင်တာမျိုးလည်း မလုပ်ချင်ပေ။
" ကျွန်တော့် အကြောင်းကို President Lu အခုထိ နားမလည်သေးဘူး ထင်တယ် "
ခပ်သဲ့သဲ့ပြုံးလိုက်ပြီး Tang Feng က Lu Tian Chen ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တော့ Lu Tian Chen စိတ်မသက်သာဖြစ်သွားတာကို အမူအယာကို သူ့မျက်ဝန်းတွေက တဆင့် Tang Feng မြင်လိုက်ရသည်။
ဂီတသံဟာ မမြင်ရ့နိုင်တဲ့ နွယ်ပင်တွေလို သူတို့ရဲ့ ခြေထောက်ကြား လွန့်လူးနေသည်။ အကကို စလိုက်တဲ့ အချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံးက အရမ်းကိုအင်အားပြင်းလွန်းလှတဲ့ ခန့်ညားတဲ့ အမျိုးသားနှစ်ယောက် Tango အကကို ယှဉ်တွဲ ကနေတဲ့ မြင်ကွင်းကြောင့် ပြောင်းလဲသွားခဲ့သည်။
ခြေလှမ်းတိုင်း လူပ်ရှားမူတိုင်းရဲ့ နောက်ကွယ်မှာ စွမ်းအားကြီးတဲ့ ယှဉ်ပြိုင်မှုတွေ ဖုန်းကွယ်ထားသည်ကို လူတိုင်းခံစားလိုက်ရသည်။ သူတို့နှစ်ယောက်က တွဲကနေသည်ထက် တစ်ယောက်နဲ့တစ်ယောက် အလစ်မပေးတမ်း ချောင်းမြောင်းနေသည့် ပြိုက်ဖက်တွေလို ဖြစ်နေသည်။
" အိုး....အခုအခြေအရ မင်းအကြောင်းကို ငါ သေချာနားမလည်သေးဘူး ဆိုတာ သိလိုက်ပြီ "
မျက်ဝန်းကို မှေးစင်းပြီး Lu Tian Chen က Tang Feng ကို အေးစက်တဲ့ အကြည့်နဲ့ စိုက်ကြည့်ပြီး တစ်ဖက်သားရဲ့ အတွင်းစိတ်ကို ဖတ်ကြည့်ဖို့ ကြိုးစားပေမယ့် Tang Fengရဲ့ စိတ်က ကန်ရေပြင်လို့ ငြိမ်သက်နေတာကိုပဲ တွေ့လိုက်ရသည်။
ရင်ဘတ်ချင်း ထိလုနီးပါး သူတို့အနီးကပ်ရပ်နေပေမယ့် ဓားသမားနှစ်ယောက် ဓားရေးယှဉ်ပြိုင်နေသလို အခြေအနေတွေ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်မှာရှိနေသလိုဖြစ်ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စမ်းသပ်ဖို့ ကြိုးပမ်းနေကြသည်။
" အရာရာတိုင်း သင့်တော်တဲ့ အကွာအဝေး ရှိနေသင့်တယ်လို့ ခင်ဗျား မထင်ဘူးလား ။ နီးလွန်း၊ ဝေးလွန်းတာက မကောင်းလှဘူး"
Tang Feng ရဲ့ နူတ်ခမ်းတွေက ကွေးညွတ်သွားသည်။ Lu Tian Chan ဆိုတာ သူနဲ့ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ဖို့ အတွေ့အကြုံ အရမ်း နုနေသေးသည်။ ဆယ်နှစ်ကျော် နှလုံးရောဂါကို ခံစားရခဲ့ရပြီးနောက် သူ့နှလုံးသားဟာ သံမဏိလိုမာကျောအောင် လုပ်ဆောင်ထားနိုင်ပြီဖြစ်လို့ ဘယ်လို ကိစ္စမျိုးကြုံပါစေ.. စိတ်ကို ငြိမ်အောင်ထားသည့် အလေ့အထသည် သူ့အတွက် အကျင့်တစ်ခုလိုစွဲလို့နေပြီဖြစ်သည်။
" ငါ့ နားနဲ့ ကြားလိုက်ရတာ မဟုတ် ရင် ဒီစကားကို မင်းပြောလိုက်တယ်လို့ ငါ လုံးဝယုံနိုင်မှာ မဟုတ်ဘူး ။ "
ဒါက သူ့ကို ချီးကျူးလိုက်တဲ့စကားလား။ ကြားရတာ လှောင်ပြောင်နေတာနဲ့ ပိုတူသည်။
Tang Feng ဟာ Lu Tian Chen ရဲ့ မှတ်ချက်ကို တိတ်ဆိတ်စွာ လက်ခံလိုက်သည်။ Lu Tian Chen သူ့ကို မနှစ်သက်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောချလိုက်လို့ရသည်။ အခုလိုမထိတထိ ပြောဆိုနေရတာ မပင်ပန်းဘူးလားဟု တွေးနေမိသည်။ တကယ်လို့ သူ့မှာ Lu Tian Chen လို အဆင့်အတန်းနဲ့ နောက်ခံအင်အားတောင့်တင်းနေပါက ဂရုမစိုက်ပဲ ခပ်ကင်းကင်း နေလိုက်မည်ဖြစ်သည်။ တကယ်လို့ Lu Tian Chen ပြောတဲ့စကားတွေထဲမှာ တစုံတခုပါနေတယ်ဆိုရင် ဒီစကားအဓိပ္ပါယ်ကို ဖော်ဖို့ ဝှက်စာ လိုဦးမည်ဖြစ်သည်။
" ကျွန်တော် သရဲဝင်ပူးပြီး ပြောလိုက်တာလို့ ခင်ဗျားထင်လို့ရတယ် ။ "
Tang Feng ရယ်မောနေလိုက်သည်။
Lu Tian Chenအံ့အားသင့်ပြီး ဆွံ့အသွားသည်။ Tang Feng က သူ့ကို အခုလိုမျိုး ရယ်မောတုန့်ပြန်မည်ဟု မမျှော်လင့်မထားမိပေ။ အခုလို ပြောဆိုပုံတွေနဲ့ အမူအကျင့် တွေက သူသိခဲ့တဲ့ Tang Feng နဲ့ လုံးဝ မတူတော့ပေ။ ဒီအချိန်မှာ တေးဂီတသံက ရပ်တန့်သွားခဲ့သည်။
Tang Feng ဟာ Lu Tian Chen ရဲ့ လက်ကို လွှတ်လိုက်ပေမယ့် တစ်ဖက်လူက သူ့ခါးကို ခပ်တင်းတင်း ဆွဲဖက်ထားတုန်းဖြစ်သည်။
" President Lu ကျွန်တော့ကို နမ်းဖို့ စိတ်ကူးနေတာ မဟုတ်ရင် လွှတ်ပေးလို့ ရပါပြီ "
ရယ်ရွှင်ရိပ်နှင့် တောက်ပသည့် အရိပ်နဲ့ Tang Feng က ကိုယ်ကို ကိုင်းညွှတ်ပြီး သူ့ရှေ့က အမျိုးသားရဲ့ နားရွက် အနားကိုင်းညွတ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
Lu Tian Chen က Tang Feng ကို စူးစိုက်ကြည့်ပြီး ခံစားချက်ကင်းမဲ့သည့် အမူအယာနဲ့ လွှတ်ပေးလိုက်သည်။
အား....ဒီလူက သူ့လက်အောက်ငယ်သားက ဒီလောက် နှောက်ယှက်နေတာတောင် ဘာမှမဖြစ်သလို ရေခဲတုံးပုံစံနဲ့ နေနိုင်သေးသည်။ သူတို့နှစ်ယောက် တိတ်ဆိတ်စွာ တစ်ဦးကို တစ်ဦးစိုက်ကြည့်နေချိန် Charles က သူတို့ဘေးကို ရောက်လာခဲ့ပြီး သိုးရေခြုံထားတဲ့ ဝံပုလွေက Tang Feng ကို သူ့ဘေးဆွဲခေါ်သွားတော့သည်။
" ဟေး..... မင်းတို့နှစ်ယောက် အချစ်မြားတွေနဲ့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ချင်တယ်ဆိုလည်း ငါ့ရှေ့တော့ မကြည့်ကြနဲ့လေ။ မင်းတို့ ဒီလောက်စိုက်ကြည့်နေကြရင် မျက်လုံးထဲကနေ မီးတွေတောက်လာတော့မယ် "
"ကျွန်တော် ရေငတ်လာပြီ။ ကျွန်တော်တို့ တစ်ခုခု သွားသောက်ကြရအောင်လား ။ "
Tang Feng ဟာ Charles နဲ့ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တယ် ။ သောက်ကြမယ်ဆိုတဲ့ အသံကြားလိုက်ရတာနဲ့ Charles တစ်ယောက် ပျော်ရွှင်စွာရယ်မောလိုက်ပြီး နှစ်ဦးသား ကပွဲကြမ်းပြင်ထက်ကနေ ထွက်ခွာသွားခဲ့သည်။
=========
ESTÁS LEYENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...