Chapter (71) _ အိပ်မက်ချစ်သူ - 3
ဒီအစီစဉ်ကို စတင်ထုတ်လွှင့် ပြသချိန်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမူကို အပြည့်အဝ ရရှိကာ ကြည့်ရှုသူနှုန်းထား အမြင့်ဆုံးတွင်ရှိနေပြီး dream lover အစီအစဉ် 3 ရဲ့ ပထမဆုံးအခန်းကို စတင်ရိုက်ကူးခြင်း စတင်ခဲ့လေပြီ။ ဒီနှစ်အစီအစဉ်အတွက် ချမှတ်ထားတဲ့ ဇာတ်ညွှန်းအရ ထုတ်လုပ်ရေးအဖွဲ့က အမျိုးသား အနုပညာရှင် ဆယ်ယောက်ကို ပါဝင်စေရန် ရွေးချယ် ဖိတ်ကြားထားခဲ့ပြီး ရုပ်ရည် ချောမောပြီး ချမ်းသာသည့် လူပျိုသူဌေးတစ်ဦးကိုလည်း " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " နေရာတွင် ပါဝင်စေရန် ဖိတ်ကြားထားပြီးဖြစ်သည်။
အစီအစဉ်ရဲ့ ဇာတ်ညွန်းအရ " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က အနုပညာရှင် ဆယ်ယောက်လုံးနဲ့ ချိန်းတွေ့ရမည်ဖြစ်ပြီး အပိုင်းတစ်ခုခြင်းရဲ့ အဆုံးတွင် အနုပညာရှင်များကို တစ်ယောက်ချင်းဆီ ဖယ်ရှားပစ်ရမည်။ နောက်ဆုံးအပိုင်းသို့ရောက်ချိန်တွင် " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " နှင့် တွဲရမည့် အမျိုးသားအနုပညာရှင်တစ်ယောက်သာ ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။ ထို ရွေးချယ်ခံရသည့် အနုပညာရှင်ကို " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က သူနေသည့် စံအိမ်ကြီးဆီကို ခေါ်ဆောင်သွားရမှာဖြစ်ပြီး လူချမ်းသာ သူဌေးကိုလူပျို မင်းသားက အနုပညာရှင်ကို သူ့ရင်ထဲက ခံစားချက်ကို ဖွင့်ဟဝန်ခံရမည်ဖြစ်သည်။ အနုပညာရှင်ဘက်က " ဆွဲဆောင်မှုရှိသည့် မင်းသားလေး "ရဲ့ ဝန်ခံချက်ကို တုန့်ပြန်မလား၊ ငြင်းပယ်မလားဆိုတာကတော့ အမျိုးသား အနုပညာရှင်၏ ရွေးချယ်မှုသာဖြစ်သည်။
အရင် အစီအစဉ် 2 ခုတွင် အမျိုးသားနဲ့ အမျိုးသမီးတွေကိုပဲ တွဲပေးခဲ့ပေမယ့် အခု တတိယအစီစဉ်တွင် အမျိုးသားအချင်းချင်းကို တွဲပေးခဲ့သောကြောင့် ပြည်တွင်းသာမက ပြည်ပ ပရိသတ်များကပါ မရိုက်ကူးခင်ကတည်းက စိတ်ဝင်စားမှုကို ရရှိနေသည့်
" Kai .... ဒီကိစ္စက အဆင်ပြေသွားမှာမဟုတ်လား "
ထုတ်လုပ်ရေးအဖွဲ့ဝင် အမျိုးသမီးက ရိုက်ကူးတော့မည်အချိန် စိတ်ပူပြီး ဒါရိုက်တာကို မေးလိုက်သည်။ အစီစဉ်၏ပထမပိုင်းကို စတင်ရိုက်ကူးတော့မည့် အချိန်ထိ သူမက ဒီအစီစဉ် တကယ်အောင်မြင်ပါ့မလားဟု သံသယဝင်နေမိသည်။ ယခုအစီစဉ်ကို ကြည့်ရှုသူ စံချိန်ချိုးစေရန်နှင့် ပိုအောင်မြင်စေရန် သာမန် လူချမ်းသာထက် ပိုသာသည့် ကိုလူပျိုသူဌေးတစ်ဦးကို ဖိတ်ခေါ်ဖို့ ကြိုးစားခဲ့ရပြီး ဒါရိုက်တာ Kai ကိုယ်တိုင် တကူးတက တောင်းတောင်းပန်ပန် ဖိတ်ကြားခဲ့သည့် သူဌေးကိုလူပျိုက လိုအပ်သည်ထက် သာလွန်သည့် အဆင့်တွင်ရှိနေပြီး ဒီအစီစဉ်ရဲ့ဇာတ်သိမ်းပိုင်းကို သူ့စိတ်တိုင်းကျရိုက်ရမည်ဟုလည်း တောင်းဆိုထားသည်။ ဒီလိုဆိုရင် ရိုက်ကူးရေးအဖွဲ့က မျှော်မှန်းထားသည့် ကြည့်ရှုသူနှုန်းထားအပေါ် သက်ရောက်မှုဖြစ်သွားနိုင်သည်။
Kai ဟာ အပြုံးမျက်နှာနဲ့ အေးဆေးစွာ ပြောလိုက်သည်။
" အရမ်း စိုးရိမ်မနေပါနဲ့ ဝမ်နန်ရာ.. ငါတို့ အစီအစဉ်အတွက် Charles ထက်ပိုပြီး သင့်တော်တဲ့သူ မရှိနိုင်တော့ဘူး။ ပြီးတော့ ထုတ်လုပ်ရေးအဖွဲ့ကိုယ်တိုင် ရှေ့ဆက် ဘာဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားနေတယ်ဆိုတော့ ပရိသတ်ကလည်း သေချာပေါက် စိတ်ဝင်စားမှာပါ။ အခု အစီစဉ်မှာ နောက်ဆုံးကျန်ရစ်မယ့်လူက Feng Xiu Jie ဆိုပြီး အွန်လိုင်းမှာ ကောလဟာလ ထွက်နေပြီး အဲ့လို မဟုတ်ခဲ့ဘူးဆိုရင် ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုက ပိုမြင့်တက်သွားမှာသေချာတယ်.... "
အမျိုးသား အနုပညာရှင် ဆယ်ယောက်စလုံးက " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " နှင့် ဘယ်သူမှ တွေ့ဖူးထားတာ မရှိသည့်အတွက် ပထမဆုံးအကြိမ် တွေ့လိုက်ချိန်မှာ ဖြစ်သွားမည့် သူတို့မျက်နှာအမူယာကို သေချာရိုက်ပြနိုင်ဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့သားများက ဘယ်သူက " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " ဆိုတာ မပေါက်ကြားအောင် လျှို့ဝှက်ထားကြဖို့ ဆုံးဖြတ်လိုက်သည်။
ရိုက်ကွင်းတွင် ကင်မရာနှစ်ဖွဲ့ကို နေရာချထားပြီး တစ်ဖွဲ့က အနုပညာရှင်တွေရဲ့ လူပ်ရှားမူတိုင်းကို အသေးစိတ်ရိုက်ကူးကြမှာ ဖြစ်ပြီး ကျန်တစ်ဖွဲ့က Charles တစ်ဦးတည်းကို ရူထောင့်ပေါင်းစုံမှ အထူး ရိုက်ကူးမည်ဖြစ်သည်။ ပရိသတ်ရင်ထဲ စွဲသွားစေမည့် ရင်သပ်ရူမောဖွယ် အနေအထားကို ရိုက်ကူးတင်ပြေပေးနိုင်စေရန် ပထမဆုံး အပိုင်းကို S မြို့တော်ရဲ့ အမြင့်မားဆုံး မိုးပျံဥယျာဉ်ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုမှာ စီစဉ်ထားခဲ့သည်။ ကင်မရာအဖွဲ့တွေက ကျယ်ဝန်းတဲ့ ဟိုတယ်ဧည့်ခန်းမှာထဲမှာ အသင့်စောင့်ဆိုင်းနေပြီး မှန်သားဖြင့်သာ ပြုလုပ်ထားသည့် ဧည့်ခန်းနဲ့ ဝရံတာကို ဖောက်ထွင်းကာ ပြာလွင်လွင်မိုးကောင်းကင်ကြီးနှင့် လှပသည့် ဥယျာဉ်၏အလှကို ခံစားရင်း ရိုက်ကူးပြသနေသည်။ တိမ်တွေကို ဖြတ်သန်းလာသည့် လေနုအေးသည် လူအုပ်ကြီးကို ငြင်သာစွာ ထွေးပွေ့ဖြတ်သန်းကာ လန်းဆန်းမှုကို ပေးအပ်လိုက်သည်။ အဝတ်လဲခန်းထဲရှိ အနုပညာရှင်များက မှန်ရှေ့ရှိ ခုံတွင် အသီးသီးထိုင်နေကြပြီး မိမိကိုယ်ကို သေသပ်အောင် ပြင်ဆင်နေကြသလို တချို့က မကြာခင်ဆုံရမည့် " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " ဆိုတာ မည်သူဖြစ်နိုင်သည်ကို အပျင်းပြေခန့်မှန်းနေကြသည်။
လူအများရဲ့ စိတ်ဝင်စားခြင်းကို ရရှိစေရန်နှင့် ရင်ခုန်ဖွယ် ချစ်ခြင်းတရားကို ခံစားရစေဖို့ ချစ်သူရှိသူများ၊ ရှိသည်ဟု နာမည်ထွက်နေသာ သရုပ်ဆောင်များကို တမင်ချန်ထားပြီး လူပျိုအနုပညာရှင်များကိုသာ ရွေးဖိတ်ထားသည်။ အဖြောင့် ယောကျာ်းစစ်စစ်နှင့် လိင်တူချစ်သူများကြားရှိ ဆက်ဆံရေးကို ပရိတ်သတ်များ ပိုမိုစိတ်ဝင်စား စပ်စုကြသည်ကို သိသည့် ထုတ်လုပ်ရေးအဖွဲ့သားများက ပရိတ်သတ်ရဲ့ အာရုံကို သိမ်းကျုံးယူထားဖို့ အပြည့်စုံကြိုတင်ပြင်ဆင်ထားသည်။
ထုတ်လုပ်ရေးအဖွဲ့က ဒီအစီအစဉ်ကို လူပိုသိစေရန် တရုတ်ပြည်ရဲ့ဆင်ဆာကိုလည်း ဖြတ်ကျော်နိုင်စေဖို့ အစီစဉ်ခေါင်းစဉ်ကို " အမျိုးသား နှစ်ယောက်ကြားက ချစ်ခြင်း" ဆိုသည့် ခေါင်းစီးထက် " အမျိုးသား နှစ်ယောက်ကြား မှ သံယောဇဉ် " ဟု သုံးစွဲခဲ့သည်။ ဘယ်သူမှ ဒီခေါင်းစဉ်ကို မယုံကြည်ပေမယ့် ပရိတ်သတ်မြင်ချင်သည့် တခုတည်းသော အချက်က အမျိုးသား အနုပညာရှင် နှင့် " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " ကြားက သံယောဇဉ်က ဘယ်လိုပေါက်ဖွားလာမလဲ ဆိုတာပဲဖြစ်သည်။
........................................................................
Chapter (72)_ အိပ်မက်ချစ်သူ - 4
လက်ထဲမှာ မိုက် ကိုင်ထားသည့် အစီစဉ်တင်ဆက်သူသည် နောက်တွင် ကင်မရာသမားများခြံရံလျက် ရောက်လာတော့ မှန်ရှေ့တွင်ပြင်ဆင်နေသည့် အနုပညာရှင်များကို နူတ်ဆက်လိုက်သည်။ ပြီးတော့ ကျန်အနုပညာရှင်များလည်း စုရုံးလာစဉ် စကားဝိုင်းတစ်ခုစတင်လိုက်သည်။
"ဒီနှစ်အစီစဉ်အတွက် " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က ဘယ်လို ပုံစံမျိုး ရှိလိမ့်မယ်လို့ မင်းတို့ ထင်ထားကြလဲ"
အစီအစဉ်တင်ဆက်သူက လတ်တလော လူတိုင်း သိချင်သည့်အကြောင်းရာဖြင့် စကားဝိုင်းကို စတင်လိုက်သည်။
" ကျွန်တော်ကတော့ အဲ့ဒီလူက ငွေကြေးဆိုင်ရာလုပ်ငန်းမှာ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်မယ်လို့ ထင်တယ်"
" မိဘအမွေတွေ ဆက်ခံထားတဲ့ နယ်မှာ အေးအေးချမ်းချမ်းနေနေတဲ့ သူဌေးသားလည်း ဖြစ်နိုင်ပါတယ် "
လူတချို့က စကားဝိုင်းထဲ ပါဝင်လာပြီး သူတို့ထင်မြင်ချက်ကို ဝိုင်းပြောကြသည်။ " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က ဘယ်သူဆိုတာ တိတိကျကျ မမှန်းနိုင်ပဲ စီးပွားရေးလောကထဲက လူသာဖြစ်မည်ဟု အကြမ်းဖျင်းခန့်မှန်းနေကြသည်။ အစီအစဉ်တင်ဆက်သူက မိုက်ကရိုဖုန်းကို ကိုင်ပြီး လက်ရှိ အနုပညာလောကမှာ နာမည်ကြီးနေသည့် Feng Xiu Jie ဆီ လျှောက်သွားပြီး မေးခွန်းထုတ်လိုက်သည်။
" Feng Xiu Jie ... မင်းလည်း " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က ဘယ်လိုလူမျိုးလို့ ထင်ထားလဲ "
Feng Xiu Jie ရဲ့ပုံစံက ကြည့်ကြည့်ခြင်းမှာ ထင်းထွက်နေပြီး ချောမောသည်မဟုတ်ပေမယ့် သူ့ထံတွင် အထက်တန်း ကျသည့် အရိပ်အငွေ့နှင့် တည်ကြည်သော ပုံစံရှိသည်။ ဒါကြောင့် ခြုံပြောရရင် သူ့ဆီမှာ နွေးထွေးတဲ့အပြုံးရှိပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ခေတ်လူငယ်လေးတစ်ယောက်ပုံမျိုးဖြစ်ကာ ရုပ်ရှင်ပိတ်ကားထက်တွင် ရုပ်ပြဖို့ အသင့်တော်ဆုံး ဟုပြောနိုင်သည်။
" " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " နေရာမှာ ပါဖို့ အရွေးခံထားတဲ့သူက သေချာပေါက် အရပ်မြင့်မြင့်၊ ရုပ်ရည်က ခန့်ညားပြီး ချမ်းသာကြွယ်ဝသူဖြစ်မှာသေချာတယ်။ ပြီးတော့ သူူက အခြားလူထက် သာတဲ့ အရည်အချင်း ရှိမယ်လို့ ယုံကြည်ပါတယ်။ "
တခြား အနုပညာရှင်တွေရဲ့ အဖြေစကားတွေထက် Feng Xiu Jie ရဲ့ အဖြေက ပိုစိတ်ဝင်စားဖို့ ကောင်းပြီး လက်တွေ့နဲ့ နီးစပ်သည်။ ရုပ်ချောပြီး ကျော်ကြားရုံနှင့် တကယ့်အရည်ချင်းရှိမည်ဟု မဆိုလိုပေ။ အနုပညာလောကလို နေရာမျိုးတွင် ရုပ်ချောပေမယ့် အရည်ချင်းမရှိလျှင် တကယ့်အောင်မြင်မှုကိုမရနိုင်ကြောင်း သူ့စကားထဲတွင် ဖော်ပြနေသည်။
အစီအစဉ်တင်ဆက်သူက ခင်မင်စွာပြုံးပြီး ဆက်မေးလိုက်သည်။
" တကယ် ဖြစ်ရပ်မှန်က ခင်ဗျား မှန်းထားတာနဲ့ လွဲနေမှာကို မစိုးရိမ်မိဘူးလား။"
" အခုအစီစဉ်က လူနှစ်ယောက် နီးစပ်သွားဖို့မဟုတ်လား။ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ကြိုက်နှစ်သက်မှုကို ကျွန်တော် ယုံကြည်ပါတယ်။ " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က သေချာပေါက် ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်မှာ သေချာတယ်။ "
Feng Xiu Jie ဟာ ဉာဏ် ရှိရှိနဲ့ သင့်တော်သည့် အဖြေကိုသာပေးရင်း မျှားဦးကို ထုတ်လုပ်ရေးအဖွဲ့ဆီကို ပြန်ပြီး ဦးတည်ပေးလိုက်သည်။
အစီစဉ်တင်ဆက်သူက လက်ထဲက မိုက်ကို လောလောဆယ်တွင် လူသိများနေသော Tang Feng ဆီ ထိုးပေးကာ မေးလိုက်သည်။
" Tang Feng မင်းကော ဘယ်လိုထင်ပါသလဲ? " ဆွဲဆောင်မှုရှိသည့် မင်းသားလေး " က ဘယ်လို ပုံစံမျိုး ရှိမယ်ထင်သလဲ.. ။ မင်းနဲ့ Michael Gino ဟာ အရမ်း ရင်းနှီးကြတယ်ဆိုတာ ငါတို့အားလုံး သိထားကြတယ်။ မင်းအနားကို မကြာခင်ရောက်လာမယ့် လူက Ginoနဲ့ ယှဉ်လိုက်ရင် မင်းကို စိတ် လူပ်ရှားစေနိုင်မယ်လို့ ထင်ပါသလား "
" ခင်ဗျား အခု Michael Gino အကြောင်း ပြောနေတာလား "
Tang Feng က အလေးအနက်ထားတဲ့ အမူအရာနဲ့ ကင်မရာကို စိုက်ကြည့်ကာ မေးလိုက်သည်။
" Gino က အရမ်းကို အကျင့်မကောင်းတဲ့လူဆိုတာ ခင်ဗျားတို့ သိမှာမဟုတ်ဘူး။ ကျွန်တော် သူများအကြောင်းကို မကောင်းအပြောချင်ပေမယ့်... ဒါပေမယ့် ... "
Tang Feng ဟာ ကင်မရာနားကို ပိုနီးအောင် တိုးသွားပြီး ကိုယ်ကို ကိုင်းကာ လျှို့ဝှက်ချက်ကို ပြောပြသည့် ပုံဖြင့် ဆက်လက်ပြောလိုက်သည်။
" အခု ကျွန်တော် ပြောတာကို သူ့ကို ပြန်မပြောပြနဲ့ဦးနော်။ Gino ဆိုတဲ့လူက တစ်ဖက်သားကို စိတ်ကသိကအောင့်ဖြစ်အောင် အမြဲလုပ်တတ်တယ်။ စကားပြောရင်လည်း မထိခလုတ်၊ ထိခလုတ်နဲ့ ခနဲ့သလိုပြောတတ်သေးတယ်။ ပုံမှန် ပြောတတ်တဲ့ ဘယ်သူမဆို သူ့ထက်တော့အများကြီးသာတယ်လို့ ကျွန်တော်မြင်တယ် ။ "
" စိတ်ချပါ။ ကျွန်တော်တို့ သူ့ကို လုံးဝ ပြန်မပြောပါဘူး "
အစီစဉ်တင်ဆက်သူဟာ ဟာသဖောက်နေသောTang Feng ကို အလိုက်သင့်ပါဝင်သရုပ်ဆောင်ပေးပြီး အလေးအနက်ကြည့်ကာ ဖြေပေးလိုက်သည်။ Tang Feng က ပုခုံးတစ်ချက်တွန့်ပြီး ခုနက သူဘာမှ မပြောခဲ့သလို သရုပ်ဆောင်လိုက်သဖြင့် ကင်မရာရဲ့ နောက်ကွယ်မှ ကြည့်ရူနေတဲ့ Kai နဲ့ ဝမ်နန်က Tang Feng ရဲ့ လွတ်လပ်ပေါ့ပါးပြီး ဟာသဉာဏ်ရွှင်သည့် အပြုမှုကို အံ့အားသင့်သွားကြသည်။ သရုပ်ဆောင်အသစ်တချို့က ပရိတ်သတ် သဘောကျစေရန် ဟာသလုပ်တတ်ပေမယ့် ခုလို သဘာဝကျကျမဟုတ်ပဲ သိသာနေသဖြင့် ပရိတ်သတ်၏ လှောင်ပြောင်ခြင်းကိုသာ ခံလိုက်ရသည်။
ဒါကြောင့် လူတစ်ယောက်ရဲ့ ပြောဆိုပုံနဲ့ ကိုယ်အမူအရာက အရမ်းအရေးကြီးတယ်ဆိုတာ ထင်ရှားသည်။ အပေါ်ယံရုပ်ရည်လေး ကြည့်ကောင်ရုံနှင့် ဒီတစ်ယောက်က အောင်မြင်မယ်လို့ ကောက်ချက်ချလို့မရနိုင်ပေ။ တချို့ရုပ်ချောသူများက အနုပညာလောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့ပေမယ့် အောင်မြင်သည့် သရုပ်ဆောင်ဖြစ်မလာပဲ သာမန် ဇာတ်ရုံအနေထားဖြင့် ရပ်တည်နေကြရသည်။ ဒီလိုဖြစ်ရတာက ထုတ်လုပ်သူများ မျက်နှာလိုက်လို့ဆိုပြီး အော်ဟစ်ကာ လူကြားကောင်းအောင် ဒရမ်မာ ချိုးနေကြပေမယ့် ပရိတ်သတ်ရဲ့ထင်မြင်ချက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ သူတို့ ဘာကြောင့် မအောင်မြင်ရသလဲဆိုတဲ့ အဓိက အားနည်းချက်ကို သေချာမြင်ရမှာ သေချာသည်။ စပွန်ဆာပေးထားသည့် ငွေအရင်းနှီးတောင့်သော ကုမ္ပဏီကြီးတွေကြောင့် ကျော်ကြားလာတဲ့ အနုပညာရှင်တွေ များစွာရှိပေမယ့် ပင်ကိုယ်အရည်ချင်းမရှိလျှင် ပရိတ်သတ်ကို ကြာကြာမလှည့်စားနိုင်ပဲ နောက်ဆုံး ကျရှုံးရမည်သာဖြစ်သည်။ ပရိတ်သတ်ဆိုတာ ဦးနှောက်မရှိပဲ မျက်နှာလေးတစ်ခုကိုပဲကြည့်ကြိုက်သည့် ငတုံးမျိုး မဟုတ်ပေ။
" ကျွန်မ Tang Feng ရဲ့ သရုပ်ဆောင်ပုံတွေကို အရင်ကတည်းက အများကြီး မြင်ဖူးခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာက တထပ်တည်းမတူဘူးဆိုရင် အခု Tang Feng နဲ့ အရင်က Tang Fengက ဆန့်ကျင်ဘက် လူနှစ်ယောက်လို့ ထင်မိလိုက်မှာ သေချာတယ်။ အရင် Tang Feng က ဂျစ်တီးဂျစ်ကန်နဲ့ သူ့ဘေးက လူတွေကို အရမ်း အနှောက်ယှက်ပေးပြီး ရင့်ကျက်ချင်ယောင်ဆောင်လေ့ရှိတယ်။ အခု Tang Feng က ကလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အားကိုးလို့ရတဲ့ ယောကျ်ားတစ်ယောက်ပုံဖြစ်တယ်"
ဝမ်နန်က မှတ်ချက်ချလိုက်သည်။
Kai က ကင်မရာကိုကြည့်နေရာကနေ အကြည့်လွဲလိုက်ပြီး ကျီစယ်လိုက်သည်။
" Tang Feng က အခု အရမ်းကို ဆွဲဆောင်မှု အရမ်းရှိလာပြီလို့ မင်းထင်လား"
" အရင်က Tang Feng က အခု Tang Feng ကို လုံးဝ ယှဉ်လို့မရတာ သေချာတယ်"
........................................................................
Chapter (73) _ အိပ်မက်ချစ်သူ - 5
အစီအစဉ်တင်ဆက်သူက သရုပ်ဆောင်များကို လိုက်လံ မေးမြန်းနေပြီး ညနေ ခုနှစ်နာရီထိုးတော့ အားလုံး ဓာတ်လှေကားနဲ့ ဟိုတယ်အပေါ်ဆုံးထပ်သို့ တက်သွားကြပြီး မိုးပျံဥယျာဉ်တွင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည်။ အနုပညာရှင်အားလုံးက အခုထိ ဆွဲဆောင်မှုရှိသည့် မင်းသားလေး က ဘယ်သူဆိုတာ မသိသေးပေ။ ထုတ်လုပ်ရေးအဖွဲ့က ပရိတ်သတ်ကို သရုပ်ဆောင်များ ခန့်မှန်းပြောဆိုသည်ကို ရိုက်ကူးသည့် ဗီဒီယိုအတိုလေးတွေကို ထုတ်လွှင့်ပြသခဲ့ပြီး ဒီအချက်က အရင် အစီစဉ်များတွင် မရှိသည့် အချက်ဖြစ်သည်။ အရင် အစီစဉ်တွင် ပါဝင်သူကို မိတ်ဆက်ပြသည့် စကားပြော အနည်းကိုသာ ဖော်ပြခဲ့သည်။ အခုတော့ ပရိတ်သတ်က ပါဝင်သည့် အနုပညာရှင်များကိုယ်တိုင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး ဆိုတာ ဘယ်သူမှန်းမသိပဲ ရော်ရည်မှန်းပြီး ခန့်မှန်းပြောဆိုသည်ကို ကြည့်ရပြီး ရင်ထဲတွင် သိလိုစိတ်ပိုပြင်းပြလာခဲ့သည်။ ဒါကလည်း ဒီအစီစဉ်ရဲ့ ပရိတ်သတ်စိတ်ဝင်စား မှုကို လှုံ့ဆော်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
ဒီအစီစဉ်တွင် ထုတ်လုပ်ရေးအဖွဲ့သည် စိတ်ဝင်စားဖွယ် ဗီဒီယိုအတိုလေးကို ရိုက်ကူးပြီး ဆွဲဆောင်မှုရှိသည့် မင်းသားလေး အကြောင်းကို မိတ်ဆက်ပေးခဲ့သည်။ ပြာလွင်လွင် ပင်လယ်ပြင်ကို နောက်ခံထားသည့် ကိုယ်ပိုင်ကျွန်းတစ်ခုတွင် တည်ဆောက်ထားသော ခမ်းနားလှပသည့် အပန်းဖြေစံအိမ်ကြီး ဟယ်လီကော်ပတာ တစ်စီးပေါ်ကနေ အထက်စီးမြင်ကွင်းဖြင့် ရိုက်ကူးထားပြီး ကျွန်းငယ်လေးရဲ့ သဘာဝအလှအပ၊ ရှုမငြီးဖွယ် ရူမျှော်ခင်းတွေက ခရီးသွားတွေ သွားရောက်လည်ပတ်နေကြတဲ့ ကမ္ဘာပေါ်က ကျွန်းတွေထက် အဆ 100 ပိုလှကာ ပရိတ်သတ်ကို ပါးစပ်အဟောင်းသားဖြစ်အောင် ငေးမောအားကျသွားစေသည်။ တောင်ကုန်းလေးတစ်ခုနဲ့ ကမ်းခြေတစ်ဝက်လောက်ကို ထည့်သွင်း တည်ဆောက်ထားသည့် အပန်းဖြေစံအိမ်ကြီးက ရုပ်ရှင်များထဲတွင် တွေ့ရသည့် ရဲတိုက်ကြီးကဲ့သလို ထည်ဝါခန့်ညားလှပေသည်။ ဒီဗီဒီယိုလေးက ရိုးရှင်းသည့် ရိုက်ချက်ပေးပဲ ပါပေမယ့် ပရိတ်သတ်တွေသာမက အနုပညာရှင်တွေပါ အံ့အားသင့်သွားစေသည်။
လှပသည့်ရှုခင်းတွေကို ပြသနေချိန်တွင် နောက်ခံစကားပြောသံ ထွက်ပေါ်လာပြီး ဆွဲဆောင်မှုရှိသည့် မင်းသားလေး ရဲ့ နောက်ခံအကြောင်းကို စတင်မိတ်ဆက်ခဲ့သည်။ အခုလို ကောင်းကင်ထက်ကနေ အပေါ်စီးရိုက်ကူးနိုင်စေရန် ဆွဲဆောင်မှုရှိသည့် မင်းသားလေး က သူပိုင်ဆိုင်တဲ့ ဟယ်လီကော်ပတာကို ရိုက်ကူးရေးအဖွဲ့အတွက် စားသောက်နေထိုင်မှုအကုန်ကိုလည်း သူပဲ တာဝန်ယူပေးခဲ့ကြောင်းကိုလည်း ထည့်သွင်းပြောပြသွားခဲ့သည်။
ဒီစံအိမ်ကြီးကို ကမ္ဘာကျော် ဗိသုကာပညာရှင်တစ်ဦးက ပုံစံထုတ်ရေးဆွဲပေးပြီး ခမ်းနားစွာ တည်ဆောက်ထားခြင်း ဖြစ်သလို စံအိမ်ကြီးထဲကို နောက်ဆုံးပေါ် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများဖြင့် တန်ဆာဆင်ထားသလို ကျွမ်းကျင်ဝန်ထမ်းများက ဝန်ဆောင်မူပေးရန် အဆင့်သင့် ခန့်ထားကြောင်းကို ဖော်ပြပေးခဲ့သည်။ ပင်လယ်ကမ်းစပ်အထိ ကျယ်ပြောတဲ့ ရေကူးကန်ကြီးလည်း ပါရှိပြီး ကိုယ်ပိုင်ရှပ်ရှင်ရုံလည်း စံအိမ်ကြီးထဲတွင် တည်ဆောက်ထားသေးသည်။ လက်ယက် အမွေးပွကော်ဇောများကိုလည်း အခန်းတိုင်း ခင်းထားပြီး ခြေမချရက်အောင် အထက်တန်းကျ ခမ်းနားထည်ဝါလွန်းနေသည်။ ဒါ့အပြင် အချစ်တော်မွေးထားသည့် သတ္တဝါလေးက ပုံမှန်သူဌေးများကဲ့သို့ ေခွေးလေး ၊ ကြောင်လေးများမဟုတ်ပဲ ၊ ခြသေ့ၤကြီးတစ်ကောင်ဖြစ်သည်။ အရင်ဘဝက နိုင်ငံတကာ တွင်ကျော်ကြားသည့် သရုပ်ဆောင်စတားအဖြစ် လူချမ်းသာမျိုးစုံကို ကြုံဖူးပေမယ့် အခုတွေ့လိုက်ရသည့် ဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ ချမ်းသာကြွယ်ဝမှုက ပြိုင်ဖက်ကင်း တကယ့်ဒိတ်ဒိတ်ကျဲ လူချမ်းသာလို့ပြောလို့ရကြောင်း Tang Feng ဝန်ခံမိသည်။ အခန်းတွင်းကို ထည့်သွင်းပြင်ဆင်ထားသည့် ပရိဘောဂတွေနှင့် အိမ်တွင်းအလှဆင်ထားသည်ကို ကြည့်ပြီး ဒီစံအိမ်ပိုင်ရှင်သူဌေး ဆွဲဆောင်မှုရှိသည့် မင်းသားလေးက ဘဝကို အထက်တန်းကျကျ ဇိမ်ကျကျနေပြီး အတ္တကြီးမည့်လူဖြစ်ကြောင်း တွေးမိပြီး ဒီလူရဲ့ အကြိုက်ဟာ Charles နဲ့ တော်တော့်ကို တူသည်ဟု Tang Feng တွေးနေမိသည်။
Tang Feng စိတ်ထဲတွင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး က မယုံနိုင်လောက်အောင် ချမ်းသာတဲ့ လူလောက်သာ တွေးမိနေချိန်တွင် အခြားအနုပညာရှင်များက ပါးစပ်အဟောင်းသားဖြစ်အောင် အံ့အားသင့်နေကြသည်။ အမျိုးသမီးအနုပညာရှင်များက ချမ်းသာသည့် သူဌေးများကို လက်ထပ်ကာ တဘဝစာ ကောင်းစားရန် ကြံလေ့ရှိပေမယ့် သူတို့ လက်ထပ်သွားသည့် သူဌေးများက ဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ကြွယ်ဝမှုနှင့်ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလို့နေသည်။
တကယ်လို့ ဆွဲဆောင်မှုရှိသည့် မင်းသားလေး ရဲ့ မျက်နှာသာပေးမှုကိုသာ ရလိုက်လျှင် နာမည်ကြီး ဒါရိုက်တာများ ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားကြီးထဲ ပါဝင်ရိုက်ကူးခွင့်ရရုံသာမက ကံကောင်းလျှင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး တော်ကောက်တာ ခံရပြီး တစ်ဘဝလုံး ဘာမှ လုပ်စရာမလိုပဲ စည်းစိမ်ပုံပေါ် အသာလေးတက်ထိုင်နေနိုင်လိမ့်မည်ဟု တွေးနေကြသည်။ ချမ်းသာဘဝမှာ ဇိမ်ကျကျ နေပြီး ကမ္ဘာပတ်ကာ လည်ပတ်နိုင်လိမ့်မည်။ အပြိုင်ဆိုင်များပြီးပင်ပန်းလှသည့် ရုပ်ရှင် ရိုက်ကူးခြင်း၊ အသံသွင်းခြင်း၊ တီဗီဇာတ်လမ်းတွဲထဲ ပါဝင်ခြင်းတွေကို ကိုယ် စိတ် ပင်ပန်းခံပြီးလုပ်ရန်မလိုတော့ပေ။
ခုနလေးအထိ ဒီအစီစဉ်ထဲ ပါသင့်၊မပါသင့် ဝေခွဲမရဖြစ်နေသည့် သရုပ်ဆောင်များက ဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ ချမ်းသာကြွယ်ဝမှုကိုတွေ့တော့ အခုလို ပါဝင်မိသည့်အတွက် တိတ်တခိုးပျော်ရွှင်သွားကြသည်။ အခုဆိုရင် သူတို့အားလုံးကဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ ချစ်သူအဖြစ်အရွေးခံဖို့ အခွင့်ရေး 1/10 စီရသွားပြီြုဖစ်သည်။ ဒီအခွင့်ရေးက အောင်မြင်မှု ရနိုင် မရနိုင် မသေချာသည့် အနုပညာလောကထဲတွင် ရုန်းကန်ရမည်ထက် အများကြီး အခြေနေ ကောင်းသည်မဟုတ်လား။
ဒီဗီဒီယို အတိုလေးထဲ မြင်လိုက်ရသည့် ဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ ချမ်းသာကြွယ်ဝမှုက ပင်လယ်ထက်တွင် ပေါ်နေသည့် ရေခဲတောင်၏ထပ်ဖျားလောက်သာရှိသေးပေမယ့် ဒီလောက်ကြွယ်ဝမှုနဲ့ဆိုရင် နာမည်မရှိသေးသည့် သရုပ်ဆောင်လေး မဆိုနှင့် ရုပ်ရှင်လောကထဲက ဒိတ်ဒိတ်ကျဲ ထိပ်ဆုံးက သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကိုတောင် တုန်လှုပ်သွားစေလောက်သည်။ သူတို့တွေရဲ့ နာမည်ထိခိုက်သွားမှာ စိုးရိမ်ပြီး ဒီအစီစဉ်တွင် ပါဝင်ဖို့ ငြင်းဆန်ခဲ့သော အမျိုးသားသရုပ်ဆောင်များက ဆွဲဆောင်မှုရှိသည့် မင်းသားလေး ၏ကြွယ်ဝမှုကိုကြည့်ကာ အကြီးကျယ်နောင်တရနေကြသည်။
ဝမ်နန် နှင့် Kai က သူတို့ဖိတ်ထားသည့် အနုပညာရှင်တွေရဲ့မျက်နှာထက်က အံ့သြတုန်လှုပ်မှုကိုတွေ့တော့ ကျေနပ်သွားကြသည်။ ဝမ်နန်က သက်ပြင်းချကာ ညည်းလိုက်သည်။
" Kai အခုလို လုံးဝ စင်းလုံးချောပြီးပြည့်စုံတဲ့ သူဌေးမျိုးကို ရှင်ရအောင်ဖိတ်နိုင်လို့ တကယ့်ကို ချီးကျူးမိပါတယ်ရှင်။ ဒါပေမယ့် ဒီလူက အရမ်းအရမ်းကို ပြည့်စုံလွန်းလို့နောက် အစီစဉ်ကျရင် ဒီလိုလူကို ဘယ်ကနေထပ်ရှာရမှာလဲ ဆိုတာ ပူမိတယ်... "
Kai က ပြုံးပြီး ခပ်ပေါ့ပေါ့အမူယာဖြင့် ပြောလိုက်သည်။
" ဒီဟာတွေကို နောက်နှစ် အစီစဉ်ရိုက်ကူးမှ ပူကြတာပေါ့။ လောလောဆယ် ငါတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ အိပ်မက်ချစ်သူကို ကြည့်ရှု့သူနှုန်းထား ထိပ်ဆုံးရောက်အောင်ပဲ အာရုံစိုက်ရအောင်... "
ကြိုတင်ပြင်ဆင်မှု အကုန်ပြီးသွားတော့ ထုတ်လုပ်ရေးအဖွဲ့က ဖိတ်ကြားထားသော အနုပညာရှင်အားလုံးကို အပေါ်ဆုံးထပ်သို့ခေါ်သွားခဲ့သည်။ မိုးပျံဥယျာဉ်ကြီးက ညနေ ဆည်းဆာအောက်က ရှုမငြီးဖွယ် မြို့ရှုခင်းကို ကောင်းစွာမြင်နေရပြီး အေးမြမွှေးပျံ့သည့် လေနုအေးတွေ၊ မြေသင့်နံ့တွေဖြင့် ထုံမွှမ်းက ကောင်းကင်ဘုံကိုရောက်နေသည့်အလား ထင်ရသည်။
သူတို့တွေအားလုံး မိုးပျံပန်းဥယျာဉ်ကြီးထဲက သတ်မှတ်ထားတဲ့ နေရာမှာ အသင့်ရပ်စောင့်နေရပြီး လူတိုင်းက ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့် ချက်ချင်းတွေ့ခွင့်မရပေ။ အစီစဉ်အရ ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့် သရုပ်ဆောင်တိုင်းက တယောက်ချင်းစီ သီးသန့်တွေ့ရမည်ဖြစ်သည်။ ဒီလိုတွေ့ဆုံပြီးသွားရင် အားလုံးစားပွဲဝိုင်းတစ်ခုထဲ စုထိုင်ပြီး ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့် အတူ ညစာစားရမည်ဖြစ်သည်။
ထိုင်ခုံနေရာကိုတော့ ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့် အတူရှိနေသည့် ကြာချိန်ပေါ်မူတည်ပြီး နေရာချသွားပေးမည်ဖြစ်သည်။ ညစာစားပြီးလျှင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး က သရုပ်ဆောင်များကို နှင်းဆီနီတပွင့်ဆီပေးပြီး နှင်းဆီပန်း မရသည့် သရုပ်ဆောင်က ပထမဆုံးအပိုင်းမှာပဲ အစီစဉ်ကနေ နူတ်ထွက်ရမှာဖြစ်သည်။
မိုးပျံဥယျာဉ်ရဲ့ ဝင်ပေါက်တံခါးနောက်တွင် အနုပညာရှင် 10 ယောက်လုံးဟာ အသင့်စောင့်နေပြီး ဘွန်ဆိုင်း နှစ်ပင်ကာထားသည့် ဥယျာဉ်ထဲတွင် ဆွဲဆောင်မှုရှိသည့် မင်းသားလေး က စောင့်ဆိုင်းနေသည်။ အပင်တွေကာထားလို့ အထဲက မြင်ကွင်းကို အပြင်က လူတွေ သေချာမမြင်ရပေ။ သေချာတာကတော့ မြို့ရဲ့အလှဆုံးရှုခင်းကို ကြည့်ရင်း ဆွဲဆောင်မှုရှိသည့် မင်းသားလေး က သူတို့ကို စောင့်နေမှာဖြစ်သည်။
Tang Feng က လူတန်း၏ အလယ်တွင်ရှိပြီး သူ့ရှေ့တွင် လူ 6 ယောက်ရှိကာ နိုင်ဖို့ ထင်ကြေးပေးခံရသည့် Feng Xiu Jie က တတိယနေရာတွင်ရှိနေသည်။ စိတ်လှုပ်ရှားကာ အနည်းငယ်တုန်ယင်နေသော အနုပညာရှင်က ပထမဆုံး ဆွဲဆောင်မှုရှိသည့် မင်းသားလေး နှင့်တွေ့ဆုံရန် ဘွန်ဆိုင်း 2 ပင်ကို ဖြတ်ကာ ဥယျာဉ်ထဲကို ဝင်သွားခဲ့သည်။
ဆွဲဆောင်မှုရှိသည့် မင်းသားလေး က ဥယျာဉ်ထဲ ဘာတွေလုပ်နေမှာပါလိမ့်?
အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ဆင်ထားသည့် Charles ရဲ့ ပုံစံက ဥရောပတိုက်သား မင်းမျိုးမင်းနွယ်ဝင်တစ်ယောက်လို ကျက်သရေဖြင့် ထည်ဝါနေပြီး သူ့ကိုယ်သူ မင်းသားတစ်ပါးထက် သြဇာကြီးမားသည့် ဘုရင်တပါးလို စိတ်ထဲ ထင်နေသည်။ အစောပိုင်း ဒီပန်းခြံထဲမှာ သူပျင်းပျင်းနှင့် ထိုင်စောင့်နေစဉ် ကင်မရာသမားများက မျောက်ပွဲပြသလို သူ့လှုပ်ရှားမှုတိုင်းကို လိုက်ရိုက်နေသဖြင့် ကြာတော့ စိတ်အချဉ်ပေါက်ပြီး ကင်မရာသမားအကုန်ကို ဥယျာဉ်အပြင်ဘက်ကို ကန်ထုတ်လိုက်သည်။
ဝရန်တာမှာ တစ်ယောက်တည်းရပ်ကာ လေညှင်းခံရင်း သူ ဘာစိတ်ရူးပေါက်ပြီး ဒီလို အစီစဉ်ထဲ ပါမိသည်ကို ပြန်စဉ်းစားနေသည်။ သူ့လို အဆင့်တန်းနှင့် လူတစ်ယောက်အတွက် သူလိုချင်သည့် လူတိုင်းကို လိုက်စရာမလိုပဲ သူ လက်ကမ်းလိုက်သည်နှင့် ချက်ချင်း ကြွေကျလာမည့် မိန်းမ ယောကျာ်းများက ဒီကမ္ဘာမှာ ရိုက်သတ်လို့မကုန်နိုင်ပေ။ ဘာကြောင့် ကိုယ့်တန်ဖိုးကိုကိုယ် နှိမ့်ချပြီး ဘာမဟုတ်တဲ့ အနုပညာရှင်တွေနဲ့ လာ ချိန်းတွေ့နေမိတာလဲဟု တွေးနေသည်။
ဒီလို တွေးကာ စိတ်မကြည်နေခိုက်သူ့နားကို ကြောက်ကြောက်နှင့် တိုးကပ်လာသည့် အနုပညာရှင်ပေါက်စလေးကို တွေ့လိုက်တော့ သူ့ဒေါသက ပိုဆိုးလာသည်။
ဒီကောင်က ဘာကောင်လဲ...။
အရင်စိတ်နှင့်ဆိုလျှင် ဒီလို မဝံ့မရဲကောင်ကို တချက်တောင်စောင်းကြည့်မည် မဟုတ်ပေ။
" ဟယ်...ဟယ်လို... "
ပထမဆုံး ဝင်လာသည့် အနုပညာရှင်လေးက Charles ရဲ့ပုံစံကို တွေ့လိုက်တော့ ကြောက်လွန်းလို့ မလှုပ်နိုင်ဖြစ်သွားသည်။ အားလုံး အံ့သြအားကျလောက်အောင် စည်းစိမ်တွေကို ပိုင်ဆိုင်ထားသူက အသက် 50 ကျော် 60 လောက်ရှိမည့် ထူးထူးဆန်းဆန်းကိုကြိုက်နှစ်သက်သည့် သူဌေးကြီးဖြစ်မည်ဟု ထင်ထားခဲ့ကြသည်။ ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ ဂရိနတ်ဘုရားကဲ့သို ငေးရလောက်အောင် တောင့်တင်းကာ အပြစ်အနာဆာကင်းသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အရှေ့တိုင်းနဲ့ အနောက်တိုင်း သွေးနှောထားပြီး ထက်မြက်ကာ ခန့်ညားသည့် ရုပ်ရည်ရှိသည့် လူရွယ်တစ်ယောက်ကို တွေ့မည်ဟု ထင်မထားမိပေ။ ပြီးတော့ ဒီ ဆွဲဆောင်မှုရှိသည့် မင်းသားလေး ရဲ့ ကိုယ်ရှိန်ကိုယ်ဝါက တကယ့် အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တွေမှာသာ တွေ့ရသည့် အရှိန်အဝါကို လည်း ထုတ်လွှတ်နေသည်။
ထိုကြောက်ရွံ့နေသော အနုပညာရှင်လေးကို Charles က နူတ်ခမ်းတွန့်ရုံသာ ဂရုမစိုက်ဟန် ခပ်ချေချေပြုံးလိုက်ပေမယ့် သရုပ်ဆောင်ကောင်လေးက ကြောက်လန့်ကာ ဘာမှ မပြောရဲပဲ ခေါင်းငုံ့ပြီး ဥယျာဉ်အပြင်ဘက်ကို သိမ်ငယ်စွာ ပြေးထွက်သွားမိတော့သည်။ Charles ရဲ့ ရှေ့တွင် သူ့ကိုယ်သူ သရုပ်ဆောင်တစ်ယောက်ဆိုတာ မေ့သွားပြီး ဘယ်လိုပြောရမလဲဆိုတာ မေ့သွားတော့သည်။
ထို့နောက် အခြားသရုပ်ဆောင်များ တယောက်ပြီးတယောက် အလှည့်နှင့်ဝင်ရောက်သွားပြီး Charles ကို နူတ်ဆက်ကြသည်။ တချို့အနုပညာရှင်များက တည်ငြိမ်ချင်ယောင်ဆောင်ကြသလို၊ တချို့က ဆွဲဆောင်သလို ပြုမှုကြပေမယ့် Charlesက လူကြီးလူကောင်းပီသသည့် ဟန်ဖြင့် အားလုံးကို ပြန်လည်နူတ်ဆက်ခဲ့သည်။ ညတဖြည်းဖြည်းမှောင်လာတော့ လေလည်းပြင်းလာပြီး Charles လည်း အတော်ပျင်းလာချိန်တွင် တတိယမြောက် ဝင်လာသူရဲ့ပုံစံက သိပ်မဆိုးပေ။ သူလက်ခံနိုင်လောက်သည့် အခြေနေတွင်ရှိပေမယ့် အခြားလူများက သူ့မျက်စိထဲ ထော်လော်ကန့်လန့်တွေချည်းဖြစ်သည်။ ဘယ်လိုလူတွေကိုများ သူ့သူငယ်ချင်း Kai ကရှာခဲ့တာလဲဟုတွေးနေသည်။ ပြီးတော့ သူတွေ့ချင်တဲ့ Tang Feng က ဘယ်ရောက်နေလို့ ခုထိပေါ်မလာသေးတာလဲ။
Charles ရဲ့ စိတ်ရှည်မူ ကုန်ဆုံးခါနီးတွင် သူစောင့်နေသည့် အမျိုးသားလေးက ဘွန်ဆိုင်းပင်နောက်မှ တည်ငြိမ်စွာဖြင့် လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ Tang Feng ခေါင်းကိုမော့ပြီး ဆွဲဆောင်မှုရှိသည့် မင်းသားလေး ကိုကြည့်လိုက်ချိန်တွင် အနည်းငယ်အံ့သြဟန်ပေါ်သွားပြီး Tang Feng ရဲ့မျက်ဝန်းထဲ Charles ရဲ့ ပုံစံက ဒီနေ့ အရမ်းသားနားနေသဖြင့် အံ့အားသင့်သွားရပြန်သည်။
မင်းကိုယ့်ကို လွမ်းနေသေးလား အချစ်လေး
Tang Feng ဆီက အံ့သြရိပ်ကို တွေ့လိုက်ရရုံနှင့် စိတ်မရှည်ဖြစ်နေသော Charles ရဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးသွားကာ တလောကလုံး လှပသွားသလို ခံစားလိုက်ရသည်။ ဒါပေမယ့် သူက ကိုယ်ကို မတ်မတ်ထားပြီး သူ့နားကို တလှမ်းချင်း တလှမ်းချင်း ချည်းကပ်လာသည့် အမျိုးသားလေးကို မျက်လုံးမလွှဲတမ်း စိုက်ကြည့်နေသည်။ ဒီလိုကြည့်နေရင်း သူ့ရင်ထဲက လွမ်းဆွတ်နေခြင်း၊ အလိုမကျဖြစ်နေခြင်းတို့အားလုံး နေလာနှင်းနှယ် လုံးဝပျောက်ကွယ်သွားတော့သည်။ အရင်က သူ Tang Feng နဲ့ သဘောတူညီမှုကို လက်ခံခဲ့တယ်ဆိုတာက Lu Tian Chen က သူနဲ့လက်တွဲလုပ်နေသည့် သူငယ်ချင်းဖြစ်နေပြီး Tang Feng ရဲ့ ရုပ်ရည်လေးက သူ လက်ခံနိုင်သည့် ပုံထဲ ပါနေသောကြောင့်ဖြစ်သည်။ ထိုစဉ်က Tang Feng ဆီမှာ မက်စရာဆိုလို့ ရုပ်ရည်လေးတစ်ခုသာရှိပြီး အခုဆိုရင် Tang Feng က သူ့အတွက် အရမ်းကို ဆွဲဆောင်မှုရှိနေပြီး တကိုယ်လုံးက မက်မောဖွယ်ရာ ညှို့ဓါတ်တွေ ထုတ်လွှတ်နေသလို ခံစားလိုက်ရသည်။ ဒီ အမျိုးသားလေးက အတူနေကြည့်မှ အချင်းရော၊ အဆင်းပါပြည့်စုံနေသည့်အပြင် သူ့ရင်ကိုလည်း ဆွဲဆောင်သိမ်းပိုက်သွားနိုင်ခဲ့သည်။
ကြည့်လေလေ Tang Feng က ပိုဆွဲဆောင်မှုရှိလေလေဖြစ်ကာ သူ့ရင်ထဲ ဒီအမျိုးသားလေးကို ပိုဆိုင်ရမည်ဆိုလျှင် စိတ်ကျေနပ်စရာကောင်းမှာပဲဟု တွေးနေမိသည်။
" ဟယ်လို "
Tang Feng က Charles ရဲ့အရှေ့မှာ ရပ်လိုက်ပြီး လက်တစ်ဖက်ကို ကမ်းကာ နူတ်ဆက်လိုက်တော့ Charles က နှစ်နှစ်ခြိုက်ခြိုက် ပြန် ပြုံးပြပြီး ခွန်အားအပြည့်ဖြင့် ထိုလက်ကို ပြန်လည်ဆုပ်ကိုင်ကာ နူတ်ဆက်လိုက်သည်။ သူတို့နှစ်ယောက်က အချိန်တလလောက် တစ်အိပ်ရာတစ်ခု အတူတူအိပ်ခဲ့ပေမယ့် အခုတော့ သူစိမ်းလို သာမန် နူတ်ဆက်သလို နူတ်ဆက်နေကြတာက နည်းနည်းတော့ ထူးဆန်းနေသည်။ နူတ်ဆက်စကား ပြောပြီးနောက် Tang Feng က သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။
" ကျွန်တော်က Tang Feng ပါ "
" ငါ့ကို Charles လို့ ခေါ်လို့ရတယ် "
တခြား စကားဆက်ပြောဖို့ စိတ်မဝင်စားဟန်ဖြင့် Charles ဟာ Tang Feng ရဲ့ လက်ကို ပြန်လွှတ်ပေးလိုက်ပြီး တခြားအနုပညာရှင်တွေ ရပ်နေတဲ့နေရာမှာ သွားရပ်နေဖို့ ညွှန်ပြလိုက်သည်။
Tang Feng အလှည့်ပြီးသွားတော့ နောက်ထပ် အနုပညာရှင်တွေက ဥယျာဉ်ထဲကို ထပ်မံဝင်ရောက်လာခဲ့သည်။ Charles ကို တွေ့လိုက်ရလို့လည်း Tang Feng ရဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်ယောင်လုံးဝမတွေ့ရပေ။သူတို့ဘာ တွေ တွေးနေတယ်ဆိုတာ သူတို့ကိုယ်တိုင်ပဲ သိမည်ဖြစ်သည်။
ဥယျာဉ်ထဲတွင် ထိုင်စောင့်နေသည့် Charles ကို ပထမဆုံး တွေ့လိုက်ချိန်တွင် Tang Feng တကယ့်ကို အံ့သြသွားခဲ့သည်။ Charles လို မာနကြီးပြီး ဘဝင်မြင်သည့်လူမျိုးက ဒီလို ဖန်စီ အစီအစဉ်တွင် ပါဝင်မည်ဟု သူ လုံးဝ မထင်ထားမိပေ။ ဒါပေမယ့်လည်း ဒါရိုက်တာ kai က ငယ်ရွယ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်သောကြောင့် Charles က Kai ရဲ့ ဖိတ်ခေါ်မူကို လက်ခံပြီး ပါဝင်ခဲ့ပုံပေါ်သည်။
Charles ပါဝင်လာလို့ သူ အံ့သြသွားပေမယ့် Charles က သံယောဇဉ်တွယ်တတ်သူ မဟုတ်သည့် ငပွေတစ်ယောက်ဖြစ်သောကြောင့် သူက ဒီအစီစဉ်ရဲ့ ပထမအပိုင်းမှာကတည်းက အထုတ်ခံရရင် သေချာပေါက် ရှက်စရာကောင်းပေလိမ့်မည်။ Tang Fengက ပထမသုံးပိုင်းလောက်ထိ အထုတ်မခံရပဲ ပါသွားဖို့ဖြစ်ပြီးနောက်ပိုင်း အထုတ်ခံရလည်း ဘာမှမဖြစ်ပေ။ တကယ်လို့ Charles က သူ့ကို ပထမဆုံးအပိုင်းတွင် ထုတ်ပစ်လိုက်လို့ကတော့ ရိုက်ကူးရေးပြီးသည်နှင့် ဒီကောင်ရဲ့ ဘောကို ကွဲအောင် ကန်ပစ်မည်ဟု Tang Feng ဆုံးဖြတ်ချက်ချလိုက်သည်။
အနုပညာရှင် ဆယ်ယောက်လုံးက Charles ရဲ့ရှေ့မှာရပ်တန့်နေကြပြီး ညစာစားပွဲမှာ ဘယ်သူ့ကို ဘယ်နေရာမှာ ထိုင်ခိုင်းမလဲဆိုတာ နေရာချခံပေးရန် စောင့်နေကြသည်။ Charles ဟာ Feng Xiu Jie ရဲ့ ရှေ့ကို လျှောက်သွားပြီး လူကြီးလူကောင်းဆန်ဆန် လက်ကမ်းပေးလိုက်ပြီးနောက် Feng Xiu Jie ကို သူထိုင်မယ့် ခုံရဲ့ ဘယ်ဘက်မှာ နေရာချေပေးလိုက်သည်။ နောက်ထပ် ငယ်ရွယ်နုပျိုပြီး အောင်မြင်မှု အလယ်လတ်တွင်ရှိသည့် လူငယ်သရုပ်ဆောင်လေးကို ခေါ်ကာ ခုံတွင်နေရာချပေးလိုက်သည်။ အဲ့ဒီနောက် သရုပ်ဆောင် တစ်ယောက်ပြီး တစ်ယောက် Charles က ရွေးခေါ်ပြီး ခုံတွင်နေရာချပေးလိုက်သည်။ အခု Tang Feng ထိုင်ရတဲ့ နေရာက အရမ်းကောင်းအရမ်းဆိုးသည့်နေရာမဟုတ်ပဲ စားပွဲအလည်လောက်တွင်ထိုင်ခွင့်ရလိုက်သည်။ Charles ရဲ့ ထိုင်ခုံနဲ့ အရမ်းကြီးမ နီးပေမယ့် Charles က သူ့ကို ကောင်းကောင်းမြင်နိုင်သည့်နေရာမျိုးဖြစ်နေသည်။
ညစာစားပွဲ စတင်ချိန်တွင် Charles နဲ့ နီးနီးကပ်ကပ် ထိုင်ခွင့်ရသည့် အနုပညာရှင်များက သူနှင့် စကားပြောခွင့်ရလိုက်ပြီး တစ်ယောက်က ဗီဒီယိုထဲတွင် မြင်ရသည့် ကျွန်းကို Charles ပိုင်သလားဟုမေးခဲ့သည်။ နောက်တဦးက Charles ဘာလုပ်ငန်းတွေ လုပ်ကိုင်သလဲလို့ မေးမြန်းခဲ့သည်။ Charles ရဲ့ အဖြေတွေက ဟာသဉာဏ်ရွှင်ပြီး နှစ်လိုဖွယ်ကောင်းလှသဖြင့် Tang Feng ကလွဲရင် သရုပ်ဆောင် အားလုံးရဲ့ အမြင်မှာ အရမ်းကို ဆွဲအားပြင်းလှသည့် လူတစ်ယောက်ဟု ခံစားလိုက်ရသည်။
Tang Feng က ညစာစားပွဲတွင် ဘာမှဝင်မပြောပဲ ညစာကို အရသာခံစားကာ ဝိုင်လေးသောက်လိုက်ဖြင့် သာယာနေသည်။ Charles က ဒီနေရာကို အနုပညာရှင်တွေနဲ့ ကစားပြီး ချိန်းတွေ့ရုံသက်သက် လာတာမဖြစ်နိုင်ပေ။ Charles ဆိုသည့် ငပွေသူဌေးက အမြဲတမ်း အရသာသစ် ခံစားချက် အသစ်ကိုပဲ နှစ်သက်ပြီး တခါသုံးပြီးသည့်အရာကို ဘယ်တုန်းကမှ လှည့်ကြည့်တတ်သူ မဟုတ်မှန်း Tang Feng ကောင်းကောင်းသိထားသည်။ ဒါကြောင့် သူက Charles နဲ့ ဆက်ဆံရေးတခုရှိခဲ့သောကြောင့် ဒီအစီအစဉ်ရဲ့ ပထမဆုံးအပိုင်းမှာ ထုတ်ပယ်ခံရဖို့ 100 % သေချာနေသည်။
ညစာစားပွဲ ပြီးသွားတော့ Charles က နှင်းဆီပန်းပွင့် ကိုးပွင့်ကို အနုပညာရှင် 9 ဦးထံသို့ကမ်းပေးမယ့်အချိန်ကိုရောက်လာပြီး ဒီအချိန်က ဒီအပိုင်းမှာ အထွတ်ထိပ်အရောက်ဆုံး အပိုင်းဖြစ်သည်။ ပန်းပေးခြင်းမခံရသည့်သူက ဒီအပိုင်းမှာပထမဆုံး ထုတ်ပယ်ခံရမည့်သူုဖြစ်သည်။
........................................................................
Chapter _ (74)_ မမျှော်လင့်သော ရွှေးချယ်မှု - 1
လူတွေက ကိုယ့် ဘဝတစ်လျှောက်တွင် ကိုယ်ဆက်လျှောက်မယ့်လမ်းအတွက် ရွေးချယ်မှုကို အမြဲလုပ်ခဲ့ကြရသည်။ ကိုယ့်ရွေးချယ်မှုပေါ်မူတည်ပြီး ရလဒ်က မတူညီနိုင်ပေ။
ဒီလူသုံးယောက်က ဘယ်လို ရွေးချယ်မူတွေ ဆက်လုပ်ကြမှာလဲ...
မှောင်မိုက်သည့် ညအချိန်တွင် အနက်ရောင် ကားတစ်စီးသည် မြို့တော်ရဲ့ အကောင်းဆုံး ဇိမ်ခံဟော်တယ်တစ်ခုရဲ့ ဝင်ပေါက်ရှေ့တွင် အသာယာရပ်သွားပြီး တကိုယ်လုံး အဖြူဆွတ်ဆွတ် ဝတ်စုံကို ဝတ်ဆင်ထားသော လူရွယ်လေးက သူ့ဘေးမှာထိုင်နေသည့်လူကို စိတ်မပါသလို ဖြင့်နူတ်ဆက်လိုက်သည်။
" ကျွန်တော် သွားတော့မယ် "
" ကောင်းပြီ "
ပြန်ဖြေလိုက်သည့်လူ၏အသံက အလေးအနက်မထားသည့်အသံမဟုတ်သလို အရမ်းဂရုစိုက်သည့် အသံလည်းမဟုတ်ပေ။
Ge Chen ဟာ ထိုလူ လက်မောင်းကို အားနဲ့ ညစ်လိုက်ကာ ပြောလိုက်သည်။
" Tian Chen ... ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတာကို မမေ့လိုက်နဲ့ဦး "
" ငါပြောထားတာကို ငါမှတ်မိပါတယ်"
Lu Tian Chen က လိုရင်းပြန်ဖြေလိုက်သဖြင့် Ge Chen က ကားပေါ်ဆင်းကာ သက်တော်စောင့်တစ်ယောက်နှင့်အတူ ဟော်တယ်ထဲ ဝင်သွားခဲ့သည်။ Lu Tian Chen က ကားပြတင်းပေါက်မှန်ကို ချကာ ဟိုတယ်ရဲ့ ဟိုးအမြင့်ဆုံးကို မော့ကြည့်လိုက်သည်။
တိုက်ဆိုင်လိုက်တာ။ Tang Feng က ဒီဟိုတယ်ရဲ့ မိုးပျံဥယျာဉ်တွင် အိပ်မက်ချစ်သူ အစီအစဉ်ကို ရိုက်ကူးနေလေရဲ့...။
Lu Tian Chen ရဲ့ မျက်နှာပြင်ထက် တွင် အေးချမ်းသောအပြုံးတစ်ခု ပေါ်လာပြီး ကားနောက်ကိုမှီကာ စီးကရက်တလိပ်မီးညှိလျက် အရသာခံ ရှိုက်ဖွာလိုက်သည်။ စီးကရက်တစ်ဝက်ကျိုးတော့မှ စီးကရက်ကို ပစ်ချကာ ဖိနပ်ဦးဖြင့် ဖိနင်းလိုက်သည်။
" Ge Chen ပြန်ထွက်လာရင် မင်း သူ့ကို ပြန်ပို့ပေးလိုက်။ ငါ့ကို မေးရင် အရေးတကြီးကိစ္စပေါ်လို့ သွားနှင့်ပြီလို့ ပြောလိုက် "
ကားသမားကို မှာပြီး Lu Tian Chen ဟိုတယ်ထဲကို ဝင်သွားသည်။ ဓါတ်လှေကားဖြင့် ထိပ်ဆုံး မိုးပံျဥယျာဉ်ရှိသည့်နေရာကို ရောက်လာတော့ ရိုက်ကူးရေးသမားများစုရုံးနေသည်ကို မြင်လိုက်ရသည်။ Lu Tian Chen ကို ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်ဟု ထင်ပြီး ဝန်ထမ်းများက ရိုက်ကူးရေးလုပ်နေသောကြောင့် ယခုအချိန် ဥယျာဉ်ထဲကို ထွက်လို့မရသေးကြောင်း အသိပေးပြောကြားခဲ့သဖြင့် ။ Lu Tian Chen ဖုန်းတစ်ချက်ဆက်လိုက်ပြီးနောက် အတားဆီးမရှိ ရိုက်ကွင်းထဲကို ဝင်ခွင့်ရလိုက်သည်။
ထိုအချိန်တွင် အိပ်မက်ချစ်သူရဲ့ ပထမအပိုင်းကိုရိုက်ကူးနေချိန်ဖြစ်ပြီး အဓိကအရေးကြီးဆုံးအပိုင်းဖြစ်သည့် နှင်းဆီပန်းလိုက်ပေးသည့် အခန်းကို ရောက်နေသည်။ ဥယျာဉ်ထဲက နှင်းဆီပန်း ကိုးပွင့်ကို Charles ခူုးလိုက်ပြီး လူကိုးယောက်လက်ထဲ ထည့်ပေးရမည်ဖြစ်ပြီး ပန်းပေးမခံရသည့် အနုပညာရှင်က နုတ်ထွက်ရမည်ဖြစ်သည်။
ဝရန်တာမှာ မတ်တပ်ရပ်နေတဲ့ Charles ကိုမြင်လိုက်ရချိန်တွင် Lu Tian Chen အနည်းငယ် အံ့သြသွားမိသည်။ အစီအစဉ် ထုတ်လုပ်သူ Kai နဲ့ Charles ရဲ့ကြားမှာ အတော်လေးရင်းနှီးတယ်ဆိုတာ သိပေမယ့် အိပ်မက်ချစ်သူ ကဲ့သို့ ဖန်စီ ဆန်သည့် အစီစဉ်မျိုး ခင်မင်မှုတစ်ခုဖြင့် ပါဝင်ရိုက်ကူးသည်ဆိုတာ Charles လုပ်တတ်သည့် အပြုမှုမဟုတ်ပေ။ ပြီးတော့ ။ Charles က အလုပ်တခုကို ရည်ရွယ်ချက်မရှိဘဲလုပ်တတ်သည့် လူမျိုးမဟုတ်ပေ။ဒါဆိုရင် သူက ရည်ရွယ်ချက်တခုကြောင့် ဒီအစီစဉ်မှာ ပါဝင်တာ သေချာသည်။
သူ့ရည်ရွယ်ချက်က ဘာလဲ...
အပျင်းပြေ အချိန်ဖြုန်းဖို့ အိပ်မက်ချစ်သူ အစီစဉ်ထဲ ပါဝင်လာတာလး။ တခြားအကြောင်းကြောင့်လား။
တွေးနေရင်း Lu Tian Chen ရဲ့ အကြည့်တွေက လူအုပ်ထဲကို လိုက်ကြည့်ရင်း Charles နဲ့မလှမ်းမကမ်းနေရာတွင် ငြိမ်သက်စွာ ထိုင်နေတဲ့ Tang Feng ကို တွေ့လိုက်ရသည်။
ဟိုတယ်ရဲ့ အလွှာတစ်နေရာရှိ စင်္ကြန်လမ်း တစ်နေရာတွင် ဒါရိုက်တာ Kai ဟာ သူ့ရဲ့ဖုန်းကိုပြန်သိမ်းလိုက်စဉ် ထုတ်လုပ်သူ ဝမ်နန်က သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
" အစီအစဉ် ရိုက်ကူးနေတဲ့ အချိန်မှာ ရှင်ကိုယ်တိုင် အပြင်ထွက်ပြီး ဖုန်းကိုင်ရလောက်တဲ့ တဖက်လူက ဘယ်လို သြဇာအာဏာကြီးတဲ့လူမို့လဲ... Kai "
" Tian Chen Entertainment ရဲ့ President Lu Tian Chen ဆက်ခဲ့တာ.. "
Kai ဟာ လက်ထဲက ဖုန်းscreenကို တစ်ချက်စိုက်ကြည့်ကာ မျက်လုံးကို မှေးစင်းပြီးပြုံးလိုက်သည်။
" နာမည်ကြီး ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုရဲ့ President ကိုယ်တိုင် သူ့ဝန်ထမ်း အဆင်ပြေ၊ မပြေ လှမ်းပြီး ဖုန်းဆက်မေးတယ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ။ အထူးသဖြင့် အလုပ်လုပ်နေတဲ့နေရာအထိ လိုက်လာတာမျိုးက ပိုလို့တောင် မဖြစ်နိုင်သလောက်ပဲ... ဒါပေမယ့် ဒီ မိုးပျံဥယျာဉ်ရှိတဲ့ ဟိုတယ်က မြို့တော်က နာမည်ကြီးနေရာတစ်ခုဆိုတော့ သူဌေးက စီးပွားရေး အစည်းဝေးတက်ရင်း လမ်းကြုံလို့ ဝင်ကြည့်တာလည်း ဖြစ်နိုင်တယ်မဟုတ်လား"
" ရှင့်ပြောပုံအရ ဒါက တကယ့်အကြောင်းရင်းမဟုတ်သလိုပဲ..."
ဝမ်နန်က ရယ်မောရင်း မော်နီတာကို ညွှန်ပြပြီးပြောလိုက်သည်။
" President Lu ဒီကို ကိုယ်တိုင်ရောက်လာတာက Tang Feng ကို လာကြည့်ဖို့ သက်သက်ပဲဖြစ်ရမယ်။ ဒီမတိုင်ခင် ဖြစ်ရပ်အရဆိုရင် Tain Chen Group က အခု Tang Feng ကို နောက်ကနေ လုံးဝပံ့ပိုးပေးနေတယ်ဆိုတာ ရှင်လည်းသိတာပဲလေ။ ဒါပေမယ့် ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးက Tang Feng ကို နောက်ဆုံးအပိုင်းထိ ဆက်ခေါ်ထားမလား၊ မခေါ်ထားဘူးလားဆိုတာတော့ မသိနိုင်သေးဘူးရှင့် "
မော်နီတာမှတဆင့် Charles ဟာ နှင်းဆီပန်းပွင့်တွေ လိုက်ပေးဖို့ ပြင်နေသည်ကို တွေ့လိုက်ရသည်။ အခုအချိန်က တကယ့်ကို ကြည့်ရသူတိုင်းကို စိတ်ဝင်စားမှုမြှင့်တက်စေပြီး မရိုးမရွဖြစ်လာစေသည်။
Charles က မတ်တပ်ထရပ်ကာ ခဏလျှောက်လာပြီး သူနှင့်အနီးဆုံးက ချစ်စရာ ငယ်ရွယ်သော သရုပ်ဆောင်လူငယ် လေးကို ပထမဆုံးနှင်းဆီပွင့်ကမ်းပေးလိုက်တော့ ထိုလူငယ်လေးက သူ့ကိုပေးလိုက်သောကြောင့် ရှက်သွေးဖြန်းကာ ခေါင်းကို ငုံ့ထားပြီး မပွင့်တပွင်ဖြင့် ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
" ကျေး...ကျေးဇူးတင်ပါတယ် "
" မင်းဟာ အတော်လေး ချစ်ဖို့ကောင်းတယ်။ အခု ညစာစားပွဲမှာ မင်းနဲ့ အတူစကားပြောခွင့်ရတာ ကိုယ့်အတွက် ကျေနပ်စရာပဲ"
Charles ရဲ့ ရွေးချယ်မူအပေါ် ဝမ်နန်က မအံ့သြပဲ ပြောလိုက်သည်။
" ထိုင်ခုံ နေရာချထားတဲ့အတိုင်း ရွေးသွားရင် ဒုတိယ Feng Xiu Jie ဖြစ်ရမယ် "
အားလုံးက ဒုတိယ နှင်းဆီပွင့်ကို ရမယ့်လူက Feng Xuu Jie ပဲလို့ ထင်နေချိန်တွင် Charles က အားလုံးအမြင်နှင့် ဆန့်ကျင်လျက် စားပွဲတဖက်ထိပ်က အခြားငယ်ရွယ်သော လူငယ်လေးတစ်ယောက်ကို နှင်းဆီပန်းကမ်းပေးလိုက်သည်။ ပန်းကို ရလိုက်သည့် လူငယ်လေးက စိတ်လှုပ်ရှားကာ မျက်ရည်ဝဲသွားခဲ့သည်။ သူ့ကို ဒုတိယမြောက် ပန်းပေးမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိဘူး။
မော်နီတာထက်က မြင်ရသည့် မြင်ကွင်းကိုကြည့်ပြီး Kai လက်ခုပ်တီးကာ ရယ်မောရင်းပြောလိုက်သည်။
" ဒါ...တကယ့်ကို ထင်မှတ်မထားတဲ့ ရွေးချယ်မှုပဲ။ ဒါကြောင့် ငါတို့ အစီအစဉ်ကို လူတွေ စိတ်ဝင်စားသွားမှာ သေချာတယ် "
" ရှင့်ရဲ့ သူငယ်ချင်းအကြောင်း ရှင်အသိဆုံးပဲပေါ့.. "
ဝမ်နန်က မရယ်ပဲ မနေနိုင်တော့ပေ။ ဒါပေမယ့် သူမ ဆက်မရယ်နိုင်တော့အောင် နှင်းဆီပန်းများကို 8 ပွင့်တိတိ ဆက်တိုက်ပေးလိုက်သည်။ နောက်ဆုံး နှင်းဆီပန်းတစ်ပွင့် ကျန်ရစ်ချိန်တွင် သရုပ်ဆောင် နှစ်ဦးဖြစ်သည့် Feng Xiu Jie နဲ့ Tang Feng တို့ကျန်ရစ်နေသည်။
Feng Xiu Jie ရဲ့ ကိုယ်ခန္ဓာကိုယ်က တောင့်တင်းနေသလို စိတ်က ကယောက်ကယက် လှုပ်ရှားလို့နေသည်။ ဒါပေမယ့် Tang Fengက ဘယ်လိုရလဒ်ထွက်ပါစေ စိတ်ရော ကိုယ်ပါ ဘယ်လိုမှ မဖြစ်သလို လုံးဝ တည်ငြိမ်နေသည်။
Kai ရဲ့ နူတ်ခမ်းဟာ အနည်းငယ် တွန့်ကွေးကာ ပြုံးယောင်ယောင်ဖြစ်သွားသည်။ Charlesက နောက်ဆုံးတော့လည်း Charles ပါပဲ။ ဘယ်တော့မှ ချမှတ်ထားသည့် စည်းမျဉ်းအတိုင်းလုပ်လေ့မရှိပေ။ စည်းမျဉ်းတွေကိုရိုက်ချိုးပြီး သူ့စိတ်တိုင်းကျ လုပ်လိုက်မည့်လူဖြစ်သည်။ ဒါပေမယ့် အစီစဉ်ရဲ့ပထမဆုံး အပိုင်းမှာပဲ လူအားလုံးမထင်မှတ်ထားသည့် ပြင်းထန်သည့်ရိုက်ချက်ကို လုပ်ချလိုက်မည်လို့တော့ သူ လုံးဝမထင်ထားခဲ့ပေ။
တကယ်လို့ Charles က Feng Xiu Jie ကို ရွေးချယ်လိုက်ရင် သူတို့က Tang Feng ကို လက်လွတ်လိုက်ရမည်ဖြစ်ပြီး လောလောဆည် ထွက်ပေါ်နေတဲ့ အွန်လိုင်း သတင်းတွေအရ Tang Feng ပေါ်စိတ်ဝင်စားမှုတိုးမြှင့်နေသည့် အချက်က နှမျှောစရာပင်။ တဖက်က Tang Feng ကိုရွေးချယ်လိုက်ရင် Feng Xiu Jie ကို ဆုံးရူံးလိုက်ရမည်ဖြစ်ပြီး Feng Xiu Jie အတွက် ကို သူတို့ရင်းနှီးထားသည့် အချိန်တွေ ၊ ငွေတွေ ၊ လူအင်အားတွေကို ဆုံးရှုံးသွားရမည်ဖြစ်သည်။ ပြီးတော့ Feng Xiu Jie ရဲ့ မန်နေဂျာကို နောက်ဆုံးအပိုင်းထိ ပါဝင်စေရန် ဖန်တီးပေးပါ့မည်ဆိုသည့် ကတိကို ပျက်ကွက်ခဲ့သည့်အတွက် ရိုက်ကူးရေးအဖွဲ့ ပြသနာဖြေရှင်းဖို့ အလုပ်တော့ရှု့ပ်သွားမည်ဖြစ်သည်။
" ဘေးကကြည့်နေတဲ့ ပရိသတ်အနေနဲ့ဆိုရင် Charles က ဘယ်သူ့ကို ရွေးချယ်မယ်လို့ မင်း ထင်သလဲ ဝမ်နန် "
Kai က လက်ပိုက်ကာ ဖန်သားပြင်ထက်က နောက်ဆုံးနှင်းဆီပွင့်ကို ကိုင်ထားသည့် Charles ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ခန့်ညားချောမောပြီး ဘာကိုမှ ဂရုမစိုက်တတ်သည့် အမျိုးသားက သူ့လက်ထဲက နောက်ဆုံးနှင်းဆီပွင့်ကို ကိုင်ရင်း ပထမဆုံး Feng Xiu Jie ရဲ့ ထိုင်ခုံနောက်မှာ ရပ်လိုက်သည်။ လူအားလုံးက Feng Xiu Jie ရဲ့ လက်ထဲကို ပန်းထည့်ပေးတော့မည်ဟု ထင်နေစဉ် သူက လှည့်ထွက်ကာ Tang Feng ဆီကို လျှောက်သွားပြီး ကြည့်နေသူ လူအပေါင်းကို နှလုံးရောဂါရမတတ် ကလိနေတော့သည်။
ဝမ်နန်က မအောင့်နိုင်ပဲ ပြောလိုက်သည်။
" ကျွန်မကတော့ သူက Feng Xiu Jie ကို ရွေးမယ်လို့ထင်တယ်။ Feng Xiu Jie က ရုပ်ချောသလို ပိုပြီးနာမည်ကြီးတယ်။ သူ့မိသားစုနောက်ခံလည်း ဘာအပြစ်မှ ပြောစရာမရှိဘူး။ Tang Feng နဲ့ ယှဉ်ရင် Feng Xiu Jie က အားလုံးသာတယ်။ အခုရက်ပိုင်း အွန်လိုင်းသတင်းတွေမှာ Tang Feng အကြောင်းတွေ ပါပေမယ့် ဒါက သာမန်သတင်းလောက်ပဲ။ ဒီလောက်နဲ့ သူက Feng Xiu Jie ကို မကျော်နိုင်ဘူး။ Tian Chen group ရဲ့ အကူညီကို မရတော့ဘူးဆိုရင် Feng Xiu Jie ရဲ့ ကျော်ကြားမှုက ဘယ်လောက်မှ ကြာမှာမဟုတ်ဘူး "
ဒါပေမယ့် ဝမ်နန် ရဲ့ ထင်မြင်ချက်ဟာ လုံးဝကိုလွဲသွားခဲ့သည်။ Charles က Tang Feng ရဲ့ နောက်နားမှာ ရပ်လိုက်ပြီး Tang Feng ရဲ့ နံဘေးကိုယ်ကို ကိုင်းညွတ်ကာ နားနားကပ်ပြီး တိုးညှင်းပြီး ဆွဲဆောင်မှုပြင်းသည့် လေသံဖြင့် ညင်သာစွာပြောလိုက်သည်။
" အချစ်လေး မင်း ကိုယ့်ကို လွမ်းနေလား"
Charles က သူ့အသံကိုနှိမ့်ကာ နှစ်ကိုယ်ကြားပြောလိုက်သောကြောင့် ဘေးမှာထိုင်နေသည့်လူများက Charles ဘာပြောလိုက်လဲဆိုတာ အရမ်းသိချင်စိတ်ပြင်းလာပေမယ့် Charlesရဲ့ စကားဆုံးတော့ ခပ်တည်တည်နေနေသည့် Tang Feng ရဲ့ မျက်နှာပြင်ထက်မှာ အပြုံးရိပ်လေး ဖြတ်ခနဲပေါ်သွားသည်။
Charles ဘာမေးလိုက်လို့ Tang Feng ပြုံးသွားသလဲဆိုတာ လူတွေပိုသိချင်လာပြီး လူတိုင်းရင်ထဲ ယားကျိကျိဖြစ်လာတော့သည်။
Charles ရဲ့လက်တစ်ဖက်ကTang Feng ရဲ့ ပုခုံးပေါ် ဖွဖွတင်လိုက်ပြီး နောက်ဆုံး နှင်းဆီပွင့်ကို Tang Feng ရှေ့က ပန်းကန်ပြားအလွတ်ရှေ့တွင် တင်လိုက်သည်။ သူ့အမူယာအားလုံးက အစီစဉ်စတင်စဉ်က Tang Feng ကို ဆက်ဆံပုံနှင့် လုံးလုံး ဆန့်ကျင်ဘက်ဖြစ်ကာ အရမ်းကို နူးညံ့လို့နေသည်။
အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းထိ ကျန်ရစ်ဖို့ သေချာသလောက်ရှိနေသော Feng Xiu Jie ကို ပထမဆုံးအပိုင်းမှာပဲ ဖြုတ်ချခံလိုက်ရမည်ဟု ဘယ်သူမှ ထင်မထားသောကြောင့် ဒီ အပိုင်းကို ထုတ်လွှင့်ပြသချိန်တွင် ကြည့်လိုက်ရသည့် ပရိတ်သတ်အားလုံး ရင်ကွဲပက်လက်ဖြစ်သွားကြသည်။ ဒီအပိုင်းကိုကြည့်ပြီးတာနဲ့ ပရိတ်သတ်ဆီက ဝေဖန်သံတွေ တက်လာတော့မည်ကို ထုတ်လုပ်ရေးအဖွဲ့က ကြိုတင်ခန့်မှန်းပြီးဖြစ်သည်။
Feng Xiu Jie ရဲ့မျက်နှာက လုံးဝပျက်ယွင်းနေပြီး ထိုင်ခုံထက်မှ ဒေါသတကြီးဝုန်းခနဲထကာ ဥယျာဉ်အပြင်ကို ထွက်သွားပြီးသူ့မန်နေဂျာနှင့် ဝန်ထမ်းတချို့ က နောက်မှ အူယားဖားယား ပြေးလိုက်သွားတော့ Kai ကြိုတင်တွေးထားသလို Feng Xiu Jie ရဲ့ အေဂျင်စီတို့ အကြီးအကျယ် ရှင်းရပေဦးမည်။ ဒါပေမယ့် ဒီချိန်မှာ ဘယ်သူမှ Feng Xiu Jie ထွက်သွားတာကို ဂရုမစိုက်အားပဲ Charles နဲ့ Tang Feng ရဲ့ လူပ်ရှားမူနှင့် ပြောဆိုသည့် စကားကိုပဲ အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
Charles က Tang Feng ကို အထူးဂရုစိုက်ပေးပြီး သူ့ကိုယ်ရော စိတ်ပါ အလုံးစုံကို အပ်နှင်းထားသလို လက်ကမ်းပေးလိုက်သည်။ Tang Feng က နှင်းဆီပန်းပွင့်ကို ကောက်ယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် Charles ရဲ့ လက်ကို ဆွဲကိုင်လိုက်သည်။
" ကျွန်တော့်စိတ်ထဲ မရှင်းသလိုဖြစ်နေတယ်။ ဘာကြောင့် ခင်ဗျားက Feng Xiu Jie လို ပြည့်စုံတဲ့ လူကို မရွေးလိုက်တာလဲ..."
Tang Feng ဆိုလိုချင်တာက အခု ကျန်နေသည့် လူစုထဲတွင် Charles ရဲ့ဘေးမှာ ရှိနေသင့်သူက Feng Xiu Jie ဖြစ်သည်။ ဒါပေမယ့် သူက ဘာကြောင့် ဒီလိုလူကို မောင်းထုတ်လိုက်သလဲဆိုတာ နားမလည်နိုင်ဖြစ်နေမိသည်။
Charles ဟာ Tang Feng ရဲ့လက်ကို ဆုပ်ကိုင်ပြီး ဥယျာဉ်ထဲက ပန်းခင်းနားကို လျှောက်သွားရင်း နှင်းဆီပန်း တစ်ပွင့်ကို ဆွတ်ခူးကာ ညင်သာစွာ ပြောလိုက်သည်။
" ကိုယ့်အသည်းလေး Tang ရေ... ကိုယ် မင်းအပေါ်ထားတဲ့ အချစ်က အခြားလူတွေနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူးဆိုတာ မင်း သိပါတယ်။ ကိုယ့်မျက်လုံးထဲမှာ မင်းကလွဲရင် ကျန်တဲ့လူအားလုံးက အဖိုးမတန်တဲ့လူတွေချည်းပဲ... ဒီလိုလူတွေ များများရှိလေ ကိုယ့်အတွက် စိတ်ပျက်စရာကောင်းလေပဲ။ ဒါကြောင့် ကိုယ်က သူတို့ကို ပျောက်သွားအောင် ရှင်းပစ်ရမှာပဲလေ။ အထူးသဖြင့် အကြီးဆုံး အရှုပ်ထုပ်ကြီးကို အရင်ရှင်းပစ်ရမှာပေါ့။ မဟုတ်ရင် ကိုယ့်အချစ်လေးကို ဒီကောင် လာတိုက်ခိုက်နေမှာပေါ့... "
Charles ရဲ့စကားကိုကြားတော့ Tang Feng က မျက်လုံးကို မှေးစင်းပြီး ဆိုလိုရင်းကို ပြန်မေးလိုက်သည်။
" Charles... ခင်ဗျား ဒီအစီအစဉ်မှာ ပါရတဲ့ အဓိကအချက်က ကျွန်တော့်ကြောင့်လို့ ပြောချင်တာလား "
" မင်းက ခုလို ပွင့်ပွင့်လင်းလင်း မေးလိုက်တော့ ကိုယ်လည်း မင်းကြောင့် ဒီကိုရောက်နေတယ်ဆိုတဲ့အကြေင်း ဝမ်းသာစွာပြောပြရမှာပေါ့။ မင်းက ကိုယ့်တစ်ယောက်တည်းအတွက်ပဲ... မင်းက ဉာဏ်ရည်မြင့်ပြီး ချောမောတဲ့အပြင် ဆွဲဆောင်မှုလည်းရှိတယ်။ ကိုယ့်လောက် အဆင့်မရှိတဲ့ကောင်တွေက မင်းကို သိမ်းပိုက်လိုက်မှာကို ကိုယ် လုံးဝ ခွင့်မပြုနိုင်ဘူး"
Charles ရဲ့စကားကိုကြားတော့ Tang Feng ထူးဆန်းသလို ခံစားလိုက်ရသည်။ Charles ထက်ပိုတော်တဲ့လူကို သူ ရွေးလိုက်မယ်ဆိုရင် ရတယ်ဆိုတဲ့သဘောလား။ ဒါမှမဟုတ် ဒီလောကမှာ သူ့ထက် သာတဲ့သူ မရှိတော့ဘူးလို့ ယုံကြည်ချက်ပြင်းပြနေတာလား။
ဘယ်လောက်တောင် ဘဝင်မြင့်လိုက်တဲ့ လူလဲ ဒီဝက်ဝံကြီးက....!
" ဟုတ်ပါပြီ။ ပန်းခြွေသူကြီးခင်ဗျာ... အခုကစပြီး ခင်ဗျား ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ "
အစတုန်းက Charlesနဲ့သူ့ကြားက ပတ်သတ်မှုက စာချုပ်သက်တမ်းကုန်တော့ပြီးသွားပြီဟု ထင်ထားပေမယ့် ဒီလူက ခုလို ဝင်ရောက်လာပြီး သူ့ဘဝကို ထပ်ရှုပ်ဦးမည်ဟု ထင်မထားမိပေ။ ဒါကြောင့် အခုဖြစ်ပျက်နေသည့်အပေါ် ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မခွဲတတ်တော့ပေ။ နောင် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုပြီး စိုးရိမ်နေမယ့်အစား အခုအစီစဉ်ကို အကောင်းဆုံးရိုက်ကူးသွားနိုင်ဖို့ကိုပဲ အာရုံစိုက်ဖို့ သူ ဆုံးဖြတ်လိုက်သည်။
" ရော့ မင်းအတွက် ကိုယ့်ရဲ့ လက်ဆောင် ပန်းစည်း "
ပန်းစည်းတစ်စည်းစာ နှင်းဆီပွင့်တွေကို ခူးပြီးနောက် Charles က သူ့ လည်စည်း နက်ခ်တိုင်ကို ချွတ်ကာ ပန်းပွင့်ကို ကျွမ်းကျင်စွာ စည်းလိုက်ကာ လှပသည့် ပန်းစည်းကို အပြုံးဖြင့် Tang Feng ဆီ ကမ်းပေးခဲ့သည်။
" မင်းက ကိုယ့်ရဲ့ ရွေးချယ်မှုပဲ "
........................................................................
Chapter (75) _ စတင်ခြင်း
နှင်းဆီပွင့်တွေ လက်ခံရရှိတဲ့ အနုပညာရှင်တွေက ချက်ချင်း ထွက်မသွားချင်ကြပဲ Charles နဲ့ ထပ်ပြီး စကားပြောချင်ပေမယ့် တာဝန်ယူရသည့် ထုတ်လုပ်ရေးဝန်ထမ်းများက အကုန် အပြင်ထွက်ရန် ညွှန်ကြားခဲ့သဖြင့် နောင်မှာ ထုတ်လုပ်ရေး အဖွဲ့နှင့် ဆက်ဆံရေးမပြတ်စေချင်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားကြတော့သည်။ သူတို့အားလုံး မထွက်သွားခင် ဥယျာဉ်ထဲတွင် ပန်းစည်းကိုင်ရင် Charles နံဘေးမှာ အတူရပ်ကာ စကားပြောနေသည့် Tang Feng ကို အားကျမနာလို ဖြင့် ကြည့်သွားကြသည်။
ဒီနေ့ ပထမဆုံး အပိုင်းကို ရိုက်ကူးခဲ့ရာတွင် အားလုံး ကြိုတင်တွေးထားသည့် ရလဒ်ကို တွေ့လိုက်ရသည်။ ပထမဆုံးအပိုင်းမှာတင် Feng Xiu Jie ကို Charlesက ငြင်းပစ်လိုက်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ နောက်ဆုံးအချိန်ရောက်မှ Tang Feng တစ်ယောက်တည်းကို ကွက်ပြီး ကဗျာဆန်ဆန် ပန်းစည်းကို ကိုယ်တိုင် ပြုလုပ်ကာ ပေးအပ်လိုက်မည်ဟု ထင်မထားခဲ့မိပေ။ ကျန်အဖွဲ့သားတွေလည်း အကုန် ထွက်သွားကြပေမယ့် Charles နဲ့ Tang Feng ကို ပြန်သင့်ပြီဟု မည်သူမှ သွားရောက် သတိမပေးရဲကြပေ။ သူတို့နှစ်ယောက်က ဥယျာဉ်ထဲမှာ ဆက်လက်ရှိနေပြီး ကင်မရာကလည်း ဆက်လက်ရိုက်ကူးနေသည်ကို သိနေကြသည်။
Charles ကတော့ ကင်မရာ ရိုက်ကူးနေသည်ကို လုံးဝ ဂရုမစိုက်ပေ။ TV မှာ မထုတ်လွှင့်ခင် သူ့စိတ်တိုင်းကျ တည်းဖြတ်ပိုင်ခွင့်ကို Kai က သူ့ကို ပေးထားပြီးဖြစ်သည်။ ပရိသတ်စိတ်ဝင်စားလာအောင် တချို့အရာကို ပြသခွင့် ပေးနိုင်ပေမယ့် သူတို့နှစ်ယောက်ကြားမှ အရာအားလုံးကို လူတကာသိအောင် ပြသမည်မဟုတ်ပေ။ မလိုအပ်သည့် အတင်းအဖျင်းတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်မည်ကို သူ အဖြစ်မခံပေ။
Charles ဟာ သူ့ခန္ဓာကိုယ်ပေါ်နှင့် Tang Feng ကိုယ်ပေး တပ်ဆင်ထားတဲ့ အသံဖမ်းကိရိယာတွေကို ဖယ်ရှားပစ်လိုက်သည်။
" အချစ်လေး Tang.... ဒီနေရာကို ကိုယ်ရောက်လာပြီး ကိုယ့်ခံစားချက်ကို ရုတ်တရက်ဖွင့်ဟဝန်ခံလိုက်လို့ မင်း စိတ်လှုပ်ရှားမယ်ဆိုတာ ကိုယ်သိတယ်။ အရင်နဲ့မတူတဲ့ မင်းရဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ ညှို့ချက်အောက်မှာ ကိုယ် ကျရှုံးသွားမိတဲ့အတွက် ကိုယ့်ဖာသာ စိတ်ပျက်မိတယ် "
Charles က သူ့အရပ်နဲ့ မတိမ်းမယိမ်းမြင့်မားပြီး မတ်မတ်ရပ်နေတဲ့ အမျိုးသားလေးကို ကြည့်ပြီး ရင်ထဲမှာ ခံစားချက်တွေ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ Tang Feng က အရမ်းကို ချစ်စရာကောင်းပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ပုံစံလေးကို အရမ်းသဘောကျမိသည်။
Tang Feng က လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ နှင်းဆီပန်းစည်းကို တချက် နမ်းရိူက်လိုက်ပြီး ခပ်အေးအေး ဖြင့် ပြောလိုက်သည်။
" ပန်းတွေက အရမ်းလှလို့ ကျေးဇူးတင်ပါတယ် "
" မင်းကို ပန်းစည်း လက်ဆောင်ပေးဖူးတဲ့ ယောကျာ်းတွေထဲမှာ ကိုယ်က ပထမဆုံးလား"
အမြဲတမ်း ယုံကြည်မှုပြည့်နေသည့် Charles ရဲ့အပြုံးက သူ့ရဲ့မျက်နှာပေါ်မှာ ပျောက်ကွယ်သွားခဲ့သည်။
သေစမ်း... ငါ ရူးတော့မှာပဲ...
Tang Feng က သူနဲ့အနီးဆုံးမှာ ရပ်နေပြီဖြစ်လို့ သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဖက်ပြီး အသက်မရှုနိုင်အောင် မွတ်သိပ်စွာ နမ်းလိုက်ချင်သည်။ အိပ်ယာထက်ကို ဆွဲတင်ပြီး 3 ရက် 3 ညတိတိ မရပ်မနား ချစ်တင်းနှောလိုက်ချင်သည်။ ထိုလူငယ်လေးရဲ့နူတ်ဖျားကနေ ညည်းသံတွေနဲ့ မျက်ရည်စတွေ ဝေ့လာအောင် လုပ်လိုက်ချင်သည်။
Tang Feng ရဲ့နူတ်ခမ်းထက်ကထွက်လာသည့် စကားတွေက မှောင်ချင်တိုင်း မှောင်နေသည့် Charles ရဲ့ အတွေးအိပ်မက်ကနေ နိုးထလာစေသည်။
" ခင်ဗျားက ပထမဆုံးနဲ့ နောက်ဆုံးတစ်ယောက်မဟုတ်တာတော့ သေချာတယ် "
အရင်ဘဝတုန်းက မရေမတွက်နိုင်တဲ့ အမျိုးသား ပရိတ်သတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ဆီကို ပန်းစည်းတွေ ပို့ဖူးခဲ့တာပဲ။ သူ နေမကောင်းဖြစ်ချိန်မှာ လူနာလာမေးသူတွေ ပန်းစည်းများစွာကို ထားစရာနေရာမရှိအောင် လက်ခံရခဲ့တာပဲလေ။
Charles ရဲ့ နူတ်ခမ်းတွေ တွန့်ကွေးသွားခဲ့သည်။
" အချစ်လေးရာ.... မင်းရဲ့စကားလုံးတွေက ကိုယ့်နှလုံးသားကို ရက်ရက်စက်စက် နင်းချေလိုက်တာပဲကွာ... မင်း ကိုယ့်ဘေးကနေ ထွက်သွားကတည်းက မင်းအကြောင်းတွေချည်းပဲ ကိုယ့်ရင်ကို လွှမ်းမိုးထားတယ်။ မင်းမရှိတဲ့ညတွေက ကိုယ့်အတွက် ခါးသီးလွန်းလှတယ်။ အထီးကျန်လွန်းလို့ ကိုယ့်နှလုံးသားလေး တစ်စစီပဲ့ကြွေရတော့မယ်... မင်းကို တကြိမ်လောက်ထွေးပွေ့ခွင့်လေးပေးပါလားကွာ... "
နောက်ဆုံးတော့လည်း နှာဘူးက နှာဘူးပါပဲ.... Charles က ကောင်းကောင်းမွန်မွန် နေထိုင်တတ်တဲ့ စမတ်ကျတဲ့ နှာဘူးလို့ပြောရမှာပဲ... သူနဲ့စတွေ့တဲ့ညက Charles က သူ့ကို ဆေးခပ်ပြီး အတင်းရယူခဲ့ပေမယ့် နောက်ပိုင်း Tang Feng အပေါ်ကို လေးလေးစားစားနဲ့ ဆက်ဆံပေးခဲ့တာက ဒီအချက်ကို သက်သေပြနေတာပဲဖြစ်သည်။ ဒါကြောင့်လည်း Tang Feng က Charles နဲ့အတူ အချိန်တစ်လကြာအောင် ဆက်နေခဲ့တာပဲဖြစ်သည်။
Tang Feng က မျက်ခုံးပင့်ကာ တစ်ချက်ရယ်လိုက်သည်။
" ကျွန်တော်က ခင်ဗျားဘေးမှာတွေ့ခဲ့ဖူးတဲ့ လီချွမ်လား.. ကျုံးချွမ်လား ...အဲ့တစ်ယောက် ရှိနေဦးမယ်ထင်နေတာ "
" ဘာလဲ? မင်း သဝန်တိုသွားတာလား "
Tang Feng က သူ့ကို မထိတထိပြောနေပေမယ့် Charles က အရမ်းကို ဝမ်းသာကြည်နူးစွာပြုံးနေပြီး သူ့မျက်ဝန်းတွေကတောက်ပနေသည်။
" အချစ်လေး....မင်းလို တန်ဖိုးရှိပြီး လှပတဲ့သူရှိနေသမျှ ကျန်တဲ့သူတွေက အလကား ဖွဲနဲ့ဆန်ကွဲပါပဲ... မင်းကလွဲရင် ဘယ်သူမှ ကိုယ့်ရှေ့ပေါ်မလာအောင် လုပ်ထားလိုက်ချင်တယ် သိရဲ့လား "
Tang Feng က တကယ့် ခံစားချက်အပြည့်နှင့်ပြောသလို ကြူနေသော သူ့စကားကို ပြုံးရုံသာ တုန့်ပြန်လိုက်သည်။
ဥပေက္ခာပြုခံရသလို ခံစားလိုက်ရသဖြင့် Charles သက်ပြင်းချကာ ရှေ့တလှမ်းတိုးပြီး Tang Feng ရဲ့ ခါးကို သိုင်းဖက်ကာ Tang Feng ဆီ ကိုယ်ကိုကိုင်းပြီး တီးတိုးပြောလိုက်သည်။
" အချစ်လေး....မင်း ကိုယ့်ကို တကယ် မလွမ်းဘူးလား။ ကိုယ်တို့နှစ်ယောက် အိပ်ယာထက်မှာရှိတဲ့အချိန်တုန်းက ဘယ်လောက် အပေးအယူမျှပြီး ကြည်နူးခဲ့ရလဲ ဆိုတာ ပြန်တွေးကြည့်ပါဦး။ကိုယ်တို့က နတ်ဖက်တဲ့ စုံတွဲတွေပါပဲကွာ... မင်းနဲ့အတူ အိပ်ယာထဲ ရှိနေချိန်ကိုပြန်တွေးမိရင် ကိုယ့်တကိုယ်လုံး ပူလာတယ်။ မင်းကိုလည်း တသက်တာ မမေ့နိုင်တဲ့ သာယာမှုကို ကိုယ်ပဲပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။ ဟုတ်တယ်မလား အချစ်လေး "
Tang Feng က ငုံ့ကိုင်းကာ နူတ်ခမ်းကို နမ်းလာမည့် အနမ်းသူခိုးကို လက်ထဲကိုင်ထားတဲ့ ပန်းစည်းနဲ့ မျက်နှာကို ချက်ချင်း ကာပစ်လိုက်သည်။ သူ့လုပ်ရပ်ကို ကျေနပ်စွာဖြင့် Tang Feng ပြုံးလိုက်မိသည်။ အဲ့ဒီအချိန် Charles ရဲ့ အနောက်ဘက်ကို တချက် လှမ်းကြည့်လိုက်မိတော့ Lu Tian Chen ဟာ ပန်းခြံအဆုံးက ခုံတန်းပေါ်မှာ ထိုင်နေတာပြီး သူတို့နှစ်ယောက် ရိုနေသည်ကို ဇိမ်ပြေနပြေကြည့်နေသည်ကို မြင်လိုက်ရသည်။
Lu Tian Chen ဟာ တိတ်ဆိတ် ထိုင်နေပြီး အေးအေးဆေးဆေး ဆေးလိပ်သောက်နေပြီး Charles နဲ့ Tang Feng ရဲ့ ချစ်ကြည်နူးတစ်တီတူးလုပ်နေသည်ကို အခမဲ့ ထိုင်ကြည့်နေသလိုထင်ရသည်။ ကိုယ့်ရဲ့ အလုပ်သမားတစ်ယောက် မျက်စိရှေ့မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံနေရတာကို ဒီတိုင်းပဲ ထိုင်ကြည့်နေသည့် သူဌေး Lu Tian Chen က တကယ့်ကို အားကိုးလို့မရသည့် သူဌေးပဲဖြစ်သည်။
" ခင်ဗျားက ကျွန်တော့်ကို ဒီလိုမေးနေတော့ President Lu ဘက်က ဘယ်လိုထင်သွားမလဲ သိလား "
Tang Fengက Lu Tian Chen ကို စကားဝိုင်းထဲ ဆွဲသွင်းပစ်လိုက်သည်။ အရင် Tang Feng က Lu Tian Chen ကို အရက်ထဲ ဆေးခပ်ပြီးတော့ အတူအိပ်ဖြစ်သွားအောင် လုပ်ခဲ့တယ်ဆိုတော့ ဒီခန္ဓာကိုယ်နဲ့ ပထမဆုံး ဆက်ဆံခွင့်ရခဲ့တဲ့ းလူက Lu Tian Chen ပဲဖြစ်သည်။ Lu Tian Chen ဟာ သူ ခံခဲ့ရတဲ့ အဖြစ်အပျက်ကို အပြင်ဘက်ကို သတင်းပေါက်ကြားခံမည့်လူ မဟုတ်တာကြောင့် ဒီအကြောင်းကို Charles လုံးဝ မသိနိင်ပေ။
Tang Feng ရဲ့ စကားကို ကြားလိုက်တဲ့အခါ Charles က Tang Feng နဲ့ Lu Tian Chen အကြားမှာ အတိတ်ဇာတ်လမ်း ရှိခဲ့တာ ပြန်စဉ်းစားမိသွားသည်။ ဒီလိုတွေးလိုက်မိတော့ သူ့ရင်ဘတ်ထဲမှာ ချဉ်စူးစူး ခံစားလိုက်ရသည်။ သူ့ သူနှင့်ပတ်သတ်သည့် လူတိုင်း လူပျို အပျိုစစ်ရမည်ဆိုတဲ့ စံသတ်မှတ်ချက်မရှိဘူးဆိုပေမယ့် Lu Tian Chen ဟာ Tang Feng ရဲ့ ပထမဆုံး ကို ရယူခဲ့သူဖြစ်သည်ဆိုတာ တွေးမိရုံနှင့် သူ့အူအသည်းတွေက ရှာလကာရည်မျိုထားမိသလို ခံစားလိုက်ရသည်။ Tang Feng ကို သူ့ဆီ တလ ပေးဖို့ Charles ဘက်ကနေ စတင်တောင်းဆိုခဲ့ပြီး ထိုအချိန်တွင် Lu Tian Chen င Tang Feng အပေါ်ခံစားချက်မရှီသောကြောင့် သဘောတူခဲ့သည်။ ဒါပေမယ့် အခုပြန်တွေးရင်း Charles ရဲ့ရင်ထဲမှာ တစစ်စစ် နာကျင်လာသလို ခံစားလိုက်ရသည်။
Charles ရဲ့သဝန်တိုမှုကို မသိချင်ယောင်ဆောင်ပြီး ခုံတန်းမှာ ထိုင်နေတဲ့ Lu Tian Chen ကို Tang Feng လှမ်းခေါ်လိုက်သည်။
" Lu Tian Chen...ခင်ဗျား ဒီမှာ ရောက်နေတာ ကြာနေပြီ မဟုတ်လား? ဘာကြောင့် လာမနူတ်ဆက်တာလဲဗျ "
သူတို့ သုံးယောက်ထဲရှိတာကြောင့် သူ့သူဌေးကို နာမည်တပ်ပြီး ခေါ်လိုက်သည်။
" မင်းတို့နှစ်ယောက်က ချစ်ကြည်နူးနေတယ်ဆိုတော့ ငါ လာမနှောက်ယှက်ချင်လို့ပါ"
" ဒီနေရာကို မင်း ရောက်လာတယ်ဆိုကတည်းက ငါ့အတွက် နှောက်ယှက်ကြီး ဖြစ်သွားပြီကွ "
Lu Tian Chen က စီးကရက်ကို ငြိမ်းသတ်ကာ ထိုနှစ်ယောက်နားကို လျှောက်လာရင်းပြောလိုက်သည်။
" Tang Feng... မနက်ဖြန် Training class တက်စရာ ရှိသေးတယ်မဟုတ်လား။ စောစော ပြန်နားသင့်ပြီ။ မင်းကို ကြိုဖို့ ရှောင်ယုကို ငါခေါ်ထားလိုက်ပြီ "
" ကောင်းပါပြီဗျာ "
Tang Feng ဟာ Charles ကို နုတ်ဆက်ကာ ပြန်သွားခဲ့သည်။ Charles က Tang Feng နောက်ကို လိုက်မသွားမိအောင် ကိုယ့်ကိုယ်ကို အတင်း ထိန်းချူပ်လိုက်ရသည်။ ပြီးတော့ သာသနာလာဖျက်သည့် သူငယ်ချင်းကောင်းကို မကြည်ကြည့် ကြည့်လိုက်သည်။
" မင်း ဘာဖြစ်နေတာလဲဆိုတာ ဝန်ခံလိုက်စမ်းပါ။ အရင်တုန်းက ဒီကောင်လေးကို အမှိုက်လို လွှင့်ပစ်လိုက်ပြီး အခုမှ ဘာကြောင့် အသည်းအသန် လိုက်ကာကွယ်နေရတာလဲ ... "
Lu Tian Chen ကို လှောင်ပြုံးပြုံးကာ လက်ပိုက်ရင်း Charles ကမေးလိုက်သည်။ အခုတော့ သူငယ်ချင်းရဲ့ကောင်းမှုကြောင့် အေးစက်နေတဲ့ အခန်းထဲ တစ်ယောက်တည်း အထီးကျန်စွာ အိပ်ရတော့မည်။
Lu Tian Chen ဟာ ပြုံးကာ Charles ရဲ့ ပုခုံးကို ပုတ်ရင်းပြတ်သားစွာပြောလိုက်သည်။
" အတိတ်က အတိတ်မှာကျန်ရစ်ခဲ့ပြီ။ အရင်က Tang Feng ကို ငါ ဘယ်လိုပဲ ဆက်ဆံခဲ့ပါစေ အခုကစပြီး ငါ ဘယ်လိုဆက်ဆံပါစေ မင်း နဲ့ လုံးဝ မဆိုင်ဘူး။ ပြီးတော့ သူ့မှာ အရည်အချင်းတွေ၊ ပါရမီတွေ အများကြီးရှိတယ်။ သူ့ကို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်အောင် ငါသေချာပေါက် ပျိုးထောင်ပေးမယ်။ မင်းတောင် တလလောက် သုံးပြီးတာတောင် မမေ့နိုင်ဖြစ်နေသေးတာပဲ... ဒါက ငါ့ အမြင် မှန်တယ်ဆိုတာ သက်သေပြနေတာပဲ... သူ့ကို ဟိုးထိပ်ထိ ရောက်အောင် ငါ တွန်းတင်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီကွ"
Charles က အထင်သေးဟန်ဖြင့် ရယ်လိုက်လိုက်ပြီး စားပွဲဝိုင်းကို ပြန်လာကာ ဝိုင်နှစ်ခွက်ဌဲ့လိုက်သည်။
" မင်း စိတ်ဝင်စားနေတဲ့သူက Ge Chen ကို မဟုတ်ဘူးလား "
" Ge Chen က သူလုပ်ရမယ့်တာဝန်ကို ဒီညမှာ လုပ်ပြီးသွားရင် ငါတို့ကြားက ပတ်သတ်မှုက ပြီးပြီ။ "
Lu Tian Chen က စားပွဲတွင်ဝင်ထိုင်ရင်းပြောလိုက်သည်။
" ထားပါတော့... Tang Feng ကို Albert စိတ်မဝင်စားသွားအောင် ဘယ်လိုရဲ့ အင်မတန် ထက်မြက်တဲ့ဉာဏ်ကို သုံးပြီး လုပ်မလဲ ဆိုတာပဲပြောတော့။ Tang Feng အပေါ်မှာ Albert ရုတ်တရက်ကြီး စိတ်ဝင်စားသွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး။ သူက အရင်တုန်းက Ge Chen ကိုပဲ အာရုံစိုက်နေရကနေ Tang Feng ကို တွေ့တော့ ကစားစရာ အသစ်ကိုတွေ့တော့ လက်ထဲက ကစားစရာအဟောင်းကို ပစ်ချသလို လူပြောင်းသွားခဲ့တာကိုး။ ဒီသောက်ရူးက ငါနဲ့ အကြိုက်လာတူနေတာ တကယ် စိတ်ပျက်ဖို့ကောင်းတယ်ကွ "
Lu Tian Chen က ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။
" ဒီကောင်က ဆိုက်ကိုကောင် တဏှာရူးဆိုတော့ ဘယ်တော့မှ သာမန်လူတစ်ယောက်လို လုပ်မှာ တွေးမှာ မဟုတ်ဘူး။ ဒီကောင့်ကို Tang Feng ရဲ့အရင်တုန်းက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပြပြီး စိတ်ပျက်အောင် လုပ်လိုက်ရင် ဒီကိစ္စက လွယ်လွယ်လေး ပြီးဆုံးသွားမှာပါကွာ "
အရင်အချိန်က Tang Feng က ခုလို တည်ငြိမ်အေးဆေးသည့် ပုံစံမဟုတ်သည့်အတွက် ဒါကို မြင်လိုက်ရရင် ဇီဇာကြောင်တဲ့ Albert လိုလူက သေချာပေါက် Tang Feng အပေါ် အကြီးအကျယ် စိတ်ပျက်သွားမှာဖြစ်သည်။
Marketing ကို အကြီးအကျယ်လုပ်ထားသည့်အတွက် True Star Training Class နဲ့ အိပ်မက်ချစ်သူ အစီစဉ် ပထမပိုင်းကို စတင်ထုတ်လွှင့်လိုက်သည်နှင့် တပြိုင်နက် ကြည့်ရှုသူနှုန်းထားက တုန့်ပြန်မှုက ထင်တာထက် ပိုကောင်းခဲ့သည်။
True Star Training ပရိသတ်တွေ အာရုံစိုက်မိသွားသည့် အဓိကအချက်ကတော့ အကသင်တန်းတွင်ဖြစ်သည်။ Tang Feng ရဲ့ ထူးချွန်လှသည့်လုပ်ဆောင်ချက်က မူကြိုကလေးတွေကြား ဘွဲ့ရတစ်ယောက်က ဘယ်လောက်ပဲ မတတ်သလို နေပေမယ့် ပေါ်လွင်နေသလိုဖြစ်နေသည်။
True Star Training Class ရဲ့ အကသင်တန်းတွင် ပက်ချီနိုနှင့် Tang Feng အတူ ယှဉ်တွဲ ကနေသည်ကိုကြည့်ပြီး ပရိသတ်တွေ အရူးအမူးဖြစ်ကုန်သည်။ ယောကျာ်းတစ်ယောက်ဟာ အကပညာမှာ ဒီလောက်တောင် ထူးချွန်နေရသလား။ အစမ်းပြသည့် မြင်းစီးသင်တန်းနှင့် သီချင်းဆိုသင်တန်းတွင် ဘယ်သူက ဘယ်လို ဆက်လက်အစွမ်းပြမလဲဆိုတာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပိုတိုးလာသည်။ နောက်ရက်တွင် အိပ်မက်ချစ်သူရဲ့ပထမအပိုင်းကို ထုတ်လွှင့်ပြသလိုက်တော့ ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုက မီးပုံထဲ ဓါတ်ဆီလောင်းလိုက်သလိုဖြစ်သွားသည်။
Charles ရဲ့ ချမ်းသာပြီး အထက်အတန်းကျလှတဲ့ ပုံရိပ်နဲ့ Charles ရဲ့ရွေးချယ်မှု လုပ်လိုက်ပုံက ပရိတ်သတ်တွေကို အံ့အားသင့်သွားစေသည်။ တချို့က Charles ရဲ့ ညိူ့ချက်ပြင်းလှတဲ့ နုနုရွရွ ကလူနေသည့် အခန်းကို ရင်တုန်ပန်းတုန်ဖြစ်ကာ မကြည့်ရဲရဲ ကြည့်ရဲရဲဖြစ်ကုန်သည်။ ပထမတော့ Kai နဲ့ ထုတ်လုပ်ရေးအဖွဲ့သားများက Feng Xiu Jie ထုတ်ပယ်ခံလိုက်ရလို့ သူ့ရဲ့ fan တွေ ပြသနာရှာကြမလားဟု စိုးရိမ်ခဲ့ကြပေမယ့် ထိုပရိသတ်က လူနည်းစုသာဖြစ်လို့ ဘာပြသနာမှ မဖြစ်ခဲ့ပေ။
အချိန်တိုအတွင်း လူတွေဟာ Feng Xiu Jie အထုတ်ခံလိုက်ရသည်ကို မေ့ကုန်ပြီး Charles နဲ့ Tang Feng ကြားမှာ ဘယ်လို ဆက်ဆံရေးတွေ ခံစားချက်တွေ တိုးလာမလဲဆိုတာကို စိတ်ဝင်စားနေကြသည် ။ ။ ချမ်းသာကြွယ်ဝသည့် ကိုလူပျို သူဌေး Charles က နောက်အပိုင်းတွေမှာ Tang Feng ကို ဆက်ရွေးဦးမလားဆိုတာ ပရိတ်သတ်တွေ အရမ်းစိတ်ဝင်စားနေကြသည်။
ဒီအစီအစဉ်နှစ်ခုကြောင့် " Tang Feng "ရဲ့ နာမည်က ပရိသတ်တွေရဲ့ စိတ်ထဲကို ဝင်ရောက်သွားခဲ့ပြီး ဒါက အောင်မြင်မှုလမ်းကြောင်းရဲ့ အစပဲ ဖြစ်နေသေးသည်။
........................................................................
ESTÁS LEYENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...