Chapter (15) –
Tang Feng က ေနာက္တစ္ေန႔ company ကိုလုိက္စရာမလိုတဲ့အတြက္ သူ ေနျမင့္တဲ့အထိ အိပ္လိုက္တယ္။ မနက္ ၈ နာရီေလာက္တုန္းက တစ္ဖက္လူက အိပ္ယာကထေတာ့ သူ႔ကို တစ္ခုခုေျပာလိုက္ေပမယ့္ အိပ္ခ်င္မူးတူးမို႔ Tang Feng ေသခ်ာမၾကားခဲ့ေပ။ သူက တစ္ဖက္ကိုလွိမ့္လိုက္ၿပီး ခ်က္ခ်င္း အိပ္ေမာက်သြားခဲ့သည္။
ေနာက္ႏွစ္နာရီၾကာေတာ့မွ သူျပန္ႏိုးလာၿပီး အိပ္ယာထက္ကေန ခက္ခက္ခဲခဲဆင္းၿပီး ေရခ်ိဳးခန္းထဲဝင္ခဲ့သည္။ ေရကန္ထဲ နာရီဝက္စိမ္ၿပီးမွ သူ တကယ္ လန္းလန္းဆန္းဆန္းႏိုးလာေတာ့သည္။ Tang Feng က ေဘာင္းဘီဝတ္ရင္း စားပြဲေပၚက Charles ခ်န္ခဲ့တဲ့စာကို ဖတ္ေနသည္။
"အခ်စ္ေလး Tang.. မင္းႏိုးတဲ့အခ်ိန္ဆိုရင္ မင္းရဲ့မန္ေနဂ်ာအသစ္က ဧည့္ခန္းထဲ ထိုင္ေစာင့္ေနေလာက္ၿပီ.. credit card ထဲမွာ သန္း ၄၀ ရွိတယ္.. ဘာမွလုပ္စရာမရွိရင္ shopping ထြက္လိုက္.. ကိုယ့္အခ်စ္ေတြကို မေမ့လိုက္နဲ႔ဦး.. ... မင္းရဲ့ Charles.."
"တကယ္ႀကီးလား.. သူက ငါ့ရဲ့ sugar daddy လုပ္ဖို႔ ႀကံထားတာလား.."
Tang Feng က အဝတ္အစားကို ေရြးခ်ယ္ဝတ္ၿပီးေတာ့ card ကို အိတ္ကပ္ထဲထည့္လိုက္သည္။ သူက Charles ရဲ့ေငြကို မသံုးခ်င္ေပမယ့္ အခုလက္ရွိ သူက တကယ့္ကို သနားစရာငမြဲေလးျဖစ္လို႔ ဒီကဒ္ထဲက နည္းနည္းသံုးၿပီး စာရင္းမွတ္ထားဖို႔ ဆံုးျဖတ္လိုက္တယ္။ ေနာက္ပိုင္း သူဝင္ေငြရွိလာမွ Charles ကို ျပန္ဆပ္ရမည္။ 10:45 ေရာက္ေတာ့ Tang Feng ေလွကားထစ္ကေန ေအာက္ကို တည္ၿငိမ္စြာ ဆင္းလာခဲ့သည္။
ဧည့္ခန္းတြင္ 20ျပည့္ၿပီးကာစ ေကာင္မေလးတစ္ဦး ၿငီးေငြ႕စြာထိုင္ေစာင့္ေနသည္ကို ေတြ႕ရသည္။ သူ႔ကို Lu Tian Chen က မန္ေနဂ်ာေကာင္းတစ္ေယာက္ မေပးေလာက္ဘူးဆိုတာ သူသိထားၿပီးျဖစ္သည္။ အခုမွေက်ာင္းၿပီးကာစ ျဖစ္ဟန္တူေသာ ေကာင္မေလးက သြက္လက္ထက္ျမက္ပံုရသျဖင့္ ဟိုအရင္မန္ေနဂ်ာေလာင္း ဖက္တီး၊ တစ္ကိုယ္ေကာင္းသမားထက္ေတာ့ ပိုသာသည္။ ေကာင္မေလးက အနက္ေရာင္ေဘာင္နဲ႔ မ်က္မွန္တစ္လက္တပ္ထားၿပီး လက္ဖက္ရည္တစ္ခြက္ႏွင့္ ဧည့္ခန္းထဲမွာ ပ်င္းရိစြာ ထိုင္ေစာင့္ေနရပံုေပၚသည္။
"Hi.. ရွင္က Tang Feng ထင္တယ္.. ကၽြန္မက ရွင့္ရဲ့မန္ေနဂ်ာ Zhang Yu ပါ.. Xiao Yu လို႔ေခၚလို႔ရပါတယ္.."
ေကာင္မေလးက သူဆင္းလာတာေတြ႕ေတာ့ ခ်က္ခ်င္းမတ္တပ္ရပ္ ႏႈတ္ဆက္လိုက္သည္။ Tang Feng ကို အထက္ေအာက္ အကဲခတ္လိုက္ၿပီး သူမက ပါးစပ္ကို လက္ဝါးေလးနဲ႔အုပ္ၿပီး အံ့အားသင့္သြားပံုရသည္။
"ငါက မေကာင္းဆိုးဝါးနဲ႔ တူေနလို႔လား.."
Tang Feng ကေတြးလိုက္ၿပီး ေဖာ္ေရြစြာၿပံဳးၿပီး လက္ကမ္းေပးရင္း ႏႈတ္ဆက္လိုက္သည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္.. ငါက Tang Feng ပါ.."
"Ah.. hello.. ရွင့္ကိုေတြ႕ေတြ႕ခ်င္း စိုက္ၾကည့္မိတာ ခြင့္လႊတ္ေပးပါ.. ရွင္က ကၽြန္မေတြးထားတာနဲ႔ မတူလို႔ အံ့ၾသသြားမိလို႔ပါ.."
"ဟား ဟား.. ဘယ္လိုမတူတာလဲ.."
Tang Feng က စားပြဲေပၚက လက္ဖက္ရည္ခြက္ကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။
"ငါ မနက္စာမစားရေသးဘူး.. မင္း ငါနဲ႔အတူ မနက္စာလာစားပါလား.."
"ဟုတ္ကဲ့.. ေက်းဇူးတင္ပါတယ္.."
ေရွာင္ယုက ၿပံဳးရင္း ထပ္ေျပာလိုက္သည္။
"ရွင္က ပံုထဲကထက္ ပိုၾကည့္ေကာင္းတယ္.."
သူမက အမွန္တရားရဲ့ တစ္စိတ္တစ္ေဒသကိုသာ ေျပာလိုက္ျခင္းျဖစ္သည္။ ဒီေန႔မနက္ meeting မဆံုးခင္ထိ သူမအေနနဲ႔ Tang Feng က လွပတဲ့မ်က္ဝန္းေလးပဲရွိၿပီး ဘာမွသံုးစားမရသူဟု ထင္ခဲ့မိသည္။ သူမကို Tang Feng ရဲ့မန္ေနဂ်ာအျဖစ္ တာဝန္ေပးခံရတယ္ၾကားေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြက ဝိုင္းသနားေနၾကေသးတယ္။ ဒါေပမယ့္ အခုေတာ့ သူမက ႏြံနစ္ေနတဲ့ပတၱျမားကို ေကာက္မိၿပီဆိုတာ သိလိုက္သည္။
"ရွင့္မ်က္ဝန္းေတြက အရမ္းလွတယ္.."
Tang Feng က ရယ္ရင္း ျပန္ေျပာလိုက္သည္။
"ခ်ီးက်ဴးတဲ့အတြက္ ေက်းဇူးတင္ပါတယ္.."
Tang Feng ရဲ့စကားေျပာပံုနဲ႔ အမူအယာေတြက သူၾကားထားတာနဲ႔ လံုးဝကြဲေနသည္။ ေရွာင္ယုသည္ ဒီလူ၏ ရွည္သြယ္ေသာအရပ္၊ ေျဖာင့္တန္းေသာေက်ာျပင္ကို အေနာက္ကေငးၾကည့္ၿပီး ရင္တထိတ္ထိတ္ခုန္လာသည္။ ဘယ္သူကမ်ား Tang Feng က ေခါင္းမာၿပီး ဆင္ျခင္တံုတရားမရွိသူ၊ စီမံဖို႔ခက္ခဲသူလို႔ ေျပာလိုက္တာလဲ။
သူ႔ေရွ႕မွာရပ္ေနသူက ႏူးညံ့သိမ္ေမြ႕ၿပီး အနာဂတ္မွာ ေတာက္ပလာႏိုင္သည့္ ခ်စ္စဖြယ္အညိႈ႕ကို ပိုင္ဆိုင္ထားသည္။ ေရွာင္ယုက ဒီလူသာ ပရိသတ္ၾကားေရာက္သြားရင္ လူတိုင္းက အံ့ၾသသြားမယ္ဆုိတာ အခိုင္အမာယံုၾကည္သည္။
===============
Chapter (15) –
Tang Feng က နောက်တစ်နေ့ company ကိုလိုက်စရာမလိုတဲ့အတွက် သူ နေမြင့်တဲ့အထိ အိပ်လိုက်တယ်။ မနက် ၈ နာရီလောက်တုန်းက တစ်ဖက်လူက အိပ်ယာကထတော့ သူ့ကို တစ်ခုခုပြောလိုက်ပေမယ့် အိပ်ချင်မူးတူးမို့ Tang Feng သေချာမကြားခဲ့ပေ။ သူက တစ်ဖက်ကိုလှိမ့်လိုက်ပြီး ချက်ချင်း အိပ်မောကျသွားခဲ့သည်။
နောက်နှစ်နာရီကြာတော့မှ သူပြန်နိုးလာပြီး အိပ်ယာထက်ကနေ ခက်ခက်ခဲခဲဆင်းပြီး ရေချိုးခန်းထဲဝင်ခဲ့သည်။ ရေကန်ထဲ နာရီဝက်စိမ်ပြီးမှ သူ တကယ် လန်းလန်းဆန်းဆန်းနိုးလာတော့သည်။ Tang Feng က ဘောင်းဘီဝတ်ရင်း စားပွဲပေါ်က Charles ချန်ခဲ့တဲ့စာကို ဖတ်နေသည်။
"အချစ်လေး Tang.. မင်းနိုးတဲ့အချိန်ဆိုရင် မင်းရဲ့မန်နေဂျာအသစ်က ဧည့်ခန်းထဲ ထိုင်စောင့်နေလောက်ပြီ.. credit card ထဲမှာ သန်း ၄၀ ရှိတယ်.. ဘာမှလုပ်စရာမရှိရင် shopping ထွက်လိုက်.. ကိုယ့်အချစ်တွေကို မမေ့လိုက်နဲ့ဦး.. ... မင်းရဲ့ Charles.."
"တကယ်ကြီးလား.. သူက ငါ့ရဲ့ sugar daddy လုပ်ဖို့ ကြံထားတာလား.."
Tang Feng က အဝတ်အစားကို ရွေးချယ်ဝတ်ပြီးတော့ card ကို အိတ်ကပ်ထဲထည့်လိုက်သည်။ သူက Charles ရဲ့ငွေကို မသုံးချင်ပေမယ့် အခုလက်ရှိ သူက တကယ့်ကို သနားစရာငမွဲလေးဖြစ်လို့ ဒီကဒ်ထဲက နည်းနည်းသုံးပြီး စာရင်းမှတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်း သူဝင်ငွေရှိလာမှ Charles ကို ပြန်ဆပ်ရမည်။ 10:45 ရောက်တော့ Tang Feng လှေကားထစ်ကနေ အောက်ကို တည်ငြိမ်စွာ ဆင်းလာခဲ့သည်။
ဧည့်ခန်းတွင် 20ပြည့်ပြီးကာစ ကောင်မလေးတစ်ဦး ငြီးငွေ့စွာထိုင်စောင့်နေသည်ကို တွေ့ရသည်။ သူ့ကို Lu Tian Chen က မန်နေဂျာကောင်းတစ်ယောက် မပေးလောက်ဘူးဆိုတာ သူသိထားပြီးဖြစ်သည်။ အခုမှကျောင်းပြီးကာစ ဖြစ်ဟန်တူသော ကောင်မလေးက သွက်လက်ထက်မြက်ပုံရသဖြင့် ဟိုအရင်မန်နေဂျာလောင်း ဖက်တီး၊ တစ်ကိုယ်ကောင်းသမားထက်တော့ ပိုသာသည်။ ကောင်မလေးက အနက်ရောင်ဘောင်နဲ့ မျက်မှန်တစ်လက်တပ်ထားပြီး လက်ဖက်ရည်တစ်ခွက်နှင့် ဧည့်ခန်းထဲမှာ ပျင်းရိစွာ ထိုင်စောင့်နေရပုံပေါ်သည်။
"Hi.. ရှင်က Tang Feng ထင်တယ်.. ကျွန်မက ရှင့်ရဲ့မန်နေဂျာ Zhang Yu ပါ.. Xiao Yu လို့ခေါ်လို့ရပါတယ်.."
ကောင်မလေးက သူဆင်းလာတာတွေ့တော့ ချက်ချင်းမတ်တပ်ရပ် နှုတ်ဆက်လိုက်သည်။ Tang Feng ကို အထက်အောက် အကဲခတ်လိုက်ပြီး သူမက ပါးစပ်ကို လက်ဝါးလေးနဲ့အုပ်ပြီး အံ့အားသင့်သွားပုံရသည်။
"ငါက မကောင်းဆိုးဝါးနဲ့ တူနေလို့လား.."
Tang Feng ကတွေးလိုက်ပြီး ဖော်ရွေစွာပြုံးပြီး လက်ကမ်းပေးရင်း နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်.. ငါက Tang Feng ပါ.."
"Ah.. hello.. ရှင့်ကိုတွေ့တွေ့ချင်း စိုက်ကြည့်မိတာ ခွင့်လွှတ်ပေးပါ.. ရှင်က ကျွန်မတွေးထားတာနဲ့ မတူလို့ အံ့သြသွားမိလို့ပါ.."
"ဟား ဟား.. ဘယ်လိုမတူတာလဲ.."
Tang Feng က စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ငါ မနက်စာမစားရသေးဘူး.. မင်း ငါနဲ့အတူ မနက်စာလာစားပါလား.."
"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်.."
ရှောင်ယုက ပြုံးရင်း ထပ်ပြောလိုက်သည်။
"ရှင်က ပုံထဲကထက် ပိုကြည့်ကောင်းတယ်.."
သူမက အမှန်တရားရဲ့ တစ်စိတ်တစ်ဒေသကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ ဒီနေ့မနက် meeting မဆုံးခင်ထိ သူမအနေနဲ့ Tang Feng က လှပတဲ့မျက်ဝန်းလေးပဲရှိပြီး ဘာမှသုံးစားမရသူဟု ထင်ခဲ့မိသည်။ သူမကို Tang Feng ရဲ့မန်နေဂျာအဖြစ် တာဝန်ပေးခံရတယ်ကြားတော့ လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းသနားနေကြသေးတယ်။ ဒါပေမယ့် အခုတော့ သူမက နွံနစ်နေတဲ့ပတ္တမြားကို ကောက်မိပြီဆိုတာ သိလိုက်သည်။
"ရှင့်မျက်ဝန်းတွေက အရမ်းလှတယ်.."
Tang Feng က ရယ်ရင်း ပြန်ပြောလိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
Tang Feng ရဲ့စကားပြောပုံနဲ့ အမူအယာတွေက သူကြားထားတာနဲ့ လုံးဝကွဲနေသည်။ ရှောင်ယုသည် ဒီလူ၏ ရှည်သွယ်သောအရပ်၊ ဖြောင့်တန်းသောကျောပြင်ကို အနောက်ကငေးကြည့်ပြီး ရင်တထိတ်ထိတ်ခုန်လာသည်။ ဘယ်သူကများ Tang Feng က ခေါင်းမာပြီး ဆင်ခြင်တုံတရားမရှိသူ၊ စီမံဖို့ခက်ခဲသူလို့ ပြောလိုက်တာလဲ။
သူ့ရှေ့မှာရပ်နေသူက နူးညံ့သိမ်မွေ့ပြီး အနာဂတ်မှာ တောက်ပလာနိုင်သည့် ချစ်စဖွယ်အညှို့ကို ပိုင်ဆိုင်ထားသည်။ ရှောင်ယုက ဒီလူသာ ပရိသတ်ကြားရောက်သွားရင် လူတိုင်းက အံ့သြသွားမယ်ဆိုတာ အခိုင်အမာယုံကြည်သည်။
===============
VOCÊ ESTÁ LENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...