True Star_ Volume I_ Chapter (43+44+45+46) _ (Z+U)

5.7K 838 10
                                    

Chapter (43) _ (Z+U)

ဒီေန႔အတြက္ Tang Feng ႐ိုက္ကူးရမယ့္ အခန္းထဲမွာ စကားေျပာ ခန္းေတြ မပါဝင္ေပ။ ကူခ်င္ တီးခတ္ရင္း ဇာတ္လိုက္မင္းသမီးနဲ႔  အၾကည့္ခ်င္း သြားသည့္ အခန္းကို ႐ိုက္ကူးရမွာ ျဖစ္တယ္ ။ တူရိယာပစၥည္းေတြကို ေနရာခ်ထားၿပီးတဲ့ေနာက္ ဒါ႐ိုက္တာက စ႐ိုက္ကူးဖို႔ အမိန႔္ေပးလိုက္သည္။

 ဒါ႐ိုက္တာရဲ႕ အမိန႔္ေပးသံအဆုံးမွာ Tang Feng ၾကက္သီးထလာသလို ခံစားလိုက္ရၿပီး သူ႔ကိုယ္ထဲက ခံစားခ်က္တစ္ခုဟာ ႏွလုံးသားထဲကေန ႏိုးထလာသလို ခံစားလိုက္ရသည္။
 
႐ိုက္ကြင္းအျပင္မွာ Tang Feng ဟာ ဘယ္လိုပုံစံပဲျဖစ္ေနပါေစ ႐ိုက္ကြင္းစလိုက္သည္ႏွင့္  Tang Feng ဟာ ဇာတ္ေကာင္စ႐ိုက္ ပူးကပ္ခံလိုက္ရေတာ့သည္။

ႏူးညံ့တဲ့ ေလေျပညႇင္းေလးက  Tang Feng ရဲ႕ ေျဖာင့္စင္းတဲ့  ဆံပင္ရွည္ေတြကို တိုးေဝွ႔ေနၿပီး မ်က္ႏွာထက္ကို  က်ဆင္းေနသည္။ အခုခ်ိန္မွာ သူက ေတာ္ဝင္ေ႐ႊနန္းေတာ္ႀကီးမွာ ေဖ်ာ္ေျဖရတဲ့ အႏုပညာအဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ျဖစ္သြားေလၿပီ။  သူ႔ အထီးက်န္ဘဝျဖစ္စဥ္ကို စကားတစ္လုံးႏွင့္မွ ေျပာျပခြင့္မရေပယမ့္ ကုခ်င္ ႀကိဳးကို တီးခတ္လိုက္သည့္ လက္ဟန္ဟန္ႏွင့္ သံစဥ္ေလးေတြထဲမွာပဲ သူ႔ရဲ႕ အေတြး စိတ္ခံစားခ်က္ေတြ၊ သူ႔ရဲ႕  အထီးက်န္မူေတြကို  ဖန္တီးခဲ့သည္။

သူ႔ပတ္ဝန္းက်င္မွာ ဘုရင္မင္းျမတ္ရဲ႕ စားေသာက္ပြဲဆီ  ေအာ္ဟစ္သံေတြနဲ႔ ဆူညံေနေပမယ့္ သူ႔ရဲ႕ နားထဲမွာေတာ့ ကုခ်င္ ထြက္ေပၚလာတဲ့ ဂီတသံကိုပဲ ၾကားေနမိသည္။ သူ႔သ႐ုပ္ေဆာင္မႈေတြအတြက္  အနီးကပ္ ႐ိုက္ကူးတာေတြ မလိုပဲ သူ  ထိုင္ေနယုံေလးႏွင့္ပင္ အထီးက်န္ပန္းခ်ီကားတစ္ခ်ပ္ကို ေဖာ္က်ဴးလို႔ေနသည္။

ေရွာင္ယုသည္  ကင္မရာေနာက္ကေန ၾကည့္ေနရင္း အံ့ၾသကာ မ်က္ဝန္းေတြ ဝိုင္းစက္လာသည္။ Tang Feng ကို  ဆုံေတြ႕ခဲ့ခ်ိန္ကတည္းက သူဟာ ေနာင္တမွာ ေသခ်ာေပါက္  ေအာင္ျမင္မယ့္လူပဲလို႔ သူမက အလိုလို ခံစားမိေနသည္။ အခု  Tang Feng ရဲ႕ သ႐ုပ္ေဆာင္ခ်က္ကို  ေတြ႕ျမင္လိုက္ရတဲ့အခါမွာ အရမ္း  အံ့ၾသသြားမိခဲ့သည္။

ဒါကမွ သ႐ုပ္ေဆာင္ပညာစစ္စစ္ျဖစ္သည္။
 စကားေျပာခန္းေတြ ၊  ဟန္ေဆာင္ထားတဲ့  အမူအရာ အိုက္တင္ေတြ ဘာတစ္ခုမွ မလိုပဲ မ်က္လႊာခ်ထားတဲ့ Tang Feng ရဲ႕  မ်က္ႏွာျပင္ေပၚမွာ ဝမ္းနည္းအားငယ္မူကို ေတြ႕ျမင္ လိုက္ရသည္။ ႏူတ္ခမ္းပါးထက္မွာလည္း အထီးက်န္ဆန္တဲ့ ခံစားခ်က္ကို  စကားတလုံးမွမေျပာပဲ တဖက္လူကို ခံစားမိေစသည္။ ႐ိုးရွင္းသည့္  သူ႔ရဲ႕ စိတ္ခံစားခ်က္ဟာ အားလုံးဆီ ကူးစက္ျပန႔္ႏွံ႔သြားေစသည္။

စကားလုံးမ်ားစြာ ေျပာေနတာထက္ Tang Feng ရဲ႕ မ်က္ဝန္းက ထင္ဟပ္ေနတဲ့ ဝမ္းနည္းအားငယ္တဲ့ပုံစံက  နက္႐ိူင္း အဓိပၸာယ္ကို ေဖာ္ျပလို႔ေနသည္။ အခု႐ိုက္ေနသည့္အခန္းက

  ေပ်ာ္႐ႊင္ေနတဲ့ ပြဲေတာ္ႀကီးတစ္ခုလုံးကိုေပၚေအာင္  အေဝးကေန ႐ိုက္ေနတဲ့ ႐ိုက္ခ်က္ျဖစ္ေပမယ့္  စားေသာက္ပြဲကေန ထြက္လာတဲ့ ဆူညံသံေတြ ၊  သြားလာလူပ္ရွားမူေနတဲ့လူေတြရဲ႕ပုံရိပ္က ျဖဴဆြတ္တဲ့ ဝန္႐ုံကို ဝတ္ဆင္ထားတဲ့ လူရဲ႕ အေရွ႕မွာ အရာအားလုံး ၿငိမ္သက္တိတ္ဆိတ္သြားေတာ့သည္။

အခု႐ိုက္ေနတဲ့  ႐ိုက္ခ်က္က ေပ်ာ္႐ႊင္ေနသည့္ လူအုပ္ၾကားက တိတ္ဆိတ္ေနသည့္ အထီးက်န္ အႏုပညာရွင္ကို ႐ိုက္ျပတာ မဟုတ္ေပမယ့္ ဒီ အႏုပညာရွင္ရဲ႕ပုံက တမင္မလုပ္ရပဲ ေပၚလြင္လို႔ေနသည္။

ေရွာင္ယုသည္  ဒီအခန္းကို ၾကည့္ရင္း ႏူတ္ခမ္းကို အသာဖိကိုက္ကာ ငိုခ်င္သလို ခံစားမိလာသည္။ အဖိုးတန္ရတနာက ေနာက္ဆုံးေတာ့ အေရာင္ထြက္လာေလၿပီ။

 ဇာတ္လမ္းထဲမွာ နန္းတြင္းသူအျဖစ္ အျဖစ္ သ႐ုပ္ေဆာင္ရတဲ့  ဇာတ္လိုက္မင္းသမီးဟာ  လူအုပ္ႀကီးၾကားထဲကို ေကာက္ေကာက္ေကြ႕ေကြ႕ ျဖတ္သန္းသြားလာရင္း ႐ုတ္တရက္ ဂီတပညာရွင္ေလးနဲ႔ အၾကည့္ခ်င္း ဖ်တ္ခနဲ ဆုံသြားၾကသည္။ ႏွစ္ေယာက္စလုံးရဲ႕ မ်က္ဝန္းေတြထဲမွာ အထီးက်န္မူ အရိပ္အေငြ႕တို႔ ျပည့္လို႔ေနသည္။ ဂီတ ပညာရွင္ေလးက အပ်ိဳေတာ္ေလးရဲ႕ ေတြေဝေနသည့္ စိတ္အေျခအေနႏွင့္ အနာဂတ္အတြက္ လမ္းေပ်ာက္သလို ျဖစ္ေနသည္ကို ျမင္လိုက္သည္။ သူ႔ ဘဝအေျခအေနနဲ႔  တူညီေနတဲ့အပ်ိဳေတာ္ေလးရဲ႕ သနားစရာ အေျခအေနကို ေတြ႕လိုက္ရလို႔ အပ်ိဳေတာ္ေလးကို  ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးျပလိုက္မိသည္။

အပ်ိဳေတာ္ေလးရဲ႕တည္ရွိမႈက မီးပင္လယ္ေဘးက ေအးျမတဲ့ စမ္းေခ်ာင္းေလး ကဲ့သို႔ သူ႔ရင္ကို ေအးျမမႈေပးေနေစသည္။ အခက္ခဲႀကဳံေနရသည့္ အပ်ိဳေတာ္ေလးရဲ႕ စိတ္ညစ္ေနသည့္ ႏွလုံးသားေလးကို သူ႔ဂီတေလးႏွင့္ ကုစားေပးခ်င္ေနမိသည္။ တေန႔တခ်ိန္မွာ အပ်ိဳေတာ္ေလးအတြက္ သူ႔ ဘဝတစ္ခုကို စေတးေပးလိုက္ခ်င္သည္။


တစ္ေန႔မွာ  ဒီအပ်ိဳေတာ္ေလးက မင္းႀကီးရဲ႕ ေမာင္းမေတာ္ေလးလည္း ျဖစ္လာႏိုင္သည္။ အဲ့ဒီအခ်ိန္မွာ အပ်ိဳေတာ္ေလးက လူအမ်ားၾကား သူမ ၿပဳံးျပခဲ့မိသည့္ ဂီတပညာရွင္ေလးကို မွတ္မိႏိုင္ပါဥိးမလား။ သူမ သတိရခ်င္လည္း ရႏိုင္ပါသည္။ သူမအတြက္ စိတ္ေရာကိုယ္ပါ ႏြမ္းနယ္ေစသည့္ ဖိစီးမႈေတြကို ခံစားေနရေပမယ့္ သူမ ေပ်ာ္႐ႊင္စြာ အသက္ဆက္ရွင္ သန္ႏိုင္သြားဖို႔ကိုပဲ သူေမွ်ာ္လင့္ေနခဲ့မိသည္။

" Cut ! ေကာင္းတယ္ ။ အားလုံး အိုေကတယ္ ။ "

ဒါ႐ိုက္တာရဲ႕ ေအာ္သံႏွင္အတူ ႐ိုက္ကြင္း  ၿပီးဆုံးသြားခဲ့သည္။  ျပန္႐ိုက္စရာမလိုပဲ တစ္ခါတည္းနဲ႔ သူလိုခ်င္တဲ့ ပုံစံ  ရသြားခဲ့သည္။

အႏုပညာရွင္ေတြဆိုတာ ကိုယ္သ႐ုပ္ေဆာင္ရမယ့္ဇာတ္ေကာင္စ႐ိုက္ကို အျမန္ဆုံးပူးကပ္ကာ သ႐ုပ္ေဆာင္ႏိုင္ရသလို သ႐ုပ္ေဆာင္ၿပီးသြား လွ်င္လည္း မူလ အေျခေနကို ျပန္ေရာက္ႏိုင္စြမ္းရွိရမည္။

   ဇာတ္လမ္းထဲက ဇာတ္ေကာင္ဆိုတာ စာေရးဆရာဖန္တီးထားသည့္ စိတ္ကူးယဥ္ဇာတ္ေကာင္သက္သက္သာျဖစ္ၿပီး သ႐ုပ္ေဆာင္တာၿပီးသြားခ်ိန္ ကိုယ့္ရဲ႕ လက္ေတြ႕ဘဝကို ျပန္လည္က်င္လည္ရမည္ျဖစ္သည္။

Tang Feng ဟာ  မတ္တပ္ထရပ္လိုက္ၿပီး မ်က္ႏွာေပၚ ဝဲက်ေနတဲ့ ဆံပင္ရွည္ေတြကို ဖယ္လိုက္သည္။ ထိုစဥ္ ေခ်ာေမာလွပၿပီး ႏူးညံ့သိမ့္ေမြ႕တဲ့ ဇာတ္လိုက္မင္းသမီးတစ္ေယာက္က သူရွိရာကို ေလွ်ာက္လာသည္။

" ကြၽန္မ Tang Tian Tian ပါ။  င္နဲ႔ ကြၽန္မရဲ႕ မ်ိဳး႐ိုးနာမည္ေတြက တိုက္ဆိုင္ေနတယ္ ။ ၾကည့္ရတာ ရွင္နဲ႔ ကြၽန္မက အမ်ိဳးေတာ္မယ္ ထင္တယ္ေနာ္"

ဇာတ္လိုက္မင္းသမီးက ခ်စ္စဖြယ္ အမူအရာနဲ႔ ရယ္ေမာလိုက္ၿပီး သူမရဲ႕ လက္တစ္ဖက္ကို ေရွ႕သို႔ ဆန႔္ေပးရင္းေျပာလိုက္သည္။

" ခုနက ရွင္ သ႐ုပ္ေဆာင္တာ အရမ္းေကာင္းတာပဲ ။ ကြၽန္မက ရွင့္သ႐ုပ္ေဆာင္ခ်က္ထဲ လုံးဝ ေမ်ာသြားေတာ့တာပဲ "

" Tang Ting Ting ဟုတ္လား ။ Tang ဆိုတာ ခ်ိဳၿမိန္ျခင္းပဲ။   မင္းက နာမည္ထက္ အမ်ားႀကီး ပိုၿပီး ခ်ိဳၿမိန္တယ္။ မင္းရဲ႕ စကားေလးေတြက ပ်ားရည္ေတြလိုပဲ ၾကားရသူကို အရမ္း စိတ္ခ်မ္းသာေစတာပဲ "

Tang Feng ဟာ အၿပဳံးမ်က္ႏွာနဲ႔  လက္ဆြဲႏူတ္ဆက္လိုက္သည္။

" ငါတိုမ်ိဳးႏြယ္ခ်င္း  တူေနတယ္ဆိုေတာ့  ငါက မင္းရဲ႕ ေသြးေဝးတဲ့ အမ်ိဳးတစ္ေယာက္ျဖစ္ႏိုင္တယ္။   ညီမေလး..အကိုႀကီးကို ဖက္ၿပီး ႏူတ္ဆက္ပါဦး "

Tang Ting Ting ဟာ  အေရွ႕ကို ထြက္လာၿပီး Tang Feng ကို ဖက္ကာ ႏူတ္ဆက္လိုက္သည္။

=======================
 Chapter (44) _  Hello,President Lu  

Tang Feng ရဲ႕ ပထမဆုံးေန႔  ႐ိုက္ကြင္းက အဆင္ေျပစြာၿပီးသြားခဲ့သည္။  ေနာက္ၿပီး Tang Tian Tian ဆိုသည့္ ေခါင္းေဆာင္မင္းသမီးနဲ႔လည္း ရင္းႏွီးခဲ့သည္။ သူမဟာ လွပၿပီးေတာ့ ပြင့္လင္းေသာ မိန္းကေလးျဖစ္ကာ    ႏိုင္ငံျခားတြင္ ပညာသင္ၾကားခဲ့ေသာေၾကာင့္  အေတြ႕အႀကဳံလည္း  ရွိသည္။ Tang Feng လို ဉာဏ္နီဉာဏ္နက္မ်ားတဲ့လူအိုႀကီးနဲ႔ပင္ အဆင္ေျပေအာင္ ေပါင္းတတ္သည္။ သူမရဲ႕ ပါးစပ္ကေန  " တ်န္းေကာေကာ... တ်န္းေကာေကာ " ႏွင့္ေျပာေနေသာေၾကာင့္    ႐ိုက္ကြင္းက ဝန္ထမ္းေတြက သူတို႔ႏွစ္ေယာက္ကို ဝိုင္းစလာၾကေတာ့သည္။

ဒီေန႔ေန႔လည္မွာ တျခားလုပ္စရာ  မရွိတာေၾကာင့္ Tang Feng ဟာ  သ႐ုပ္ေဆာင္ဝတ္စုံနဲ႔ပဲေဘးကေန တျခားသ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္မူကို  ေလ့လာေနသည္။ တစ္ခါတေလ ေဘးနားမွာ ရွိေနတဲ့ ဝန္ထမ္းေတြနဲ႔ စကား  ေျပာဆိုေနသည္။   ႐ိုးသားၿပီး   ဆက္ဆံရလြယ္ကူတဲ့ ဘယ္လူမ်ိဳးကိုမဆို လူေတြက ရင္းႏွီးကြၽမ္းဝင္ၾကတယ္ ဆိုေပမယ့္  တခ်ိဳ႕သ႐ုပ္ေဆာင္ေတြက Tang Feng ကို အဖက္မလုပ္ၾကေပ။

အနက္ေရာင္ Aston Martin ဒီဇိုင္းခပ္မိုက္မိုက္နဲ႔ ၿပိဳင္ကားတစ္စီး သည္  ႐ုပ္ရွင္႐ိုက္ကြင္း ထဲကို တျဖည္းျဖည္း  ဝင္လာတာ ျမင္လိုက္ရေပမယ့္ Tang Feng   အာ႐ုံမစိုက္လိုက္မိေပ။  ေနပူဆာလုံကာ ဝန္ထမ္းေတြနဲ႔ စကားလက္ဆုံက်ေနေတာ့  ဝင္လာတဲ့ ကားကို ေမ့သြားေပမယ့္ေရွာင္ယုက   Tang Feng ကို ကားပိုင္ရွင္အေၾကာင္း သတင္းလာေပးခဲ့သည္။

" Tang Feng ခုနက ဝင္လာတဲ့ကားက  President Lu ရဲ႕ကားပဲ ! "

ေရွာင္ယုက ေျပာရင္း  ဝန္ထမ္းေတြနဲ႔  စကားေျပာေနတဲ့ Tang Feng ကို  အတင္းဆြဲေခၚသြားသည္။

" Lu Tian Chen ရဲ႕ကားလား ? သူက ဒီကို ဘာလာ လုပ္တာလဲ ? "

" ဒီေန႔ ရွင့္ရဲ႕ ပထမဆုံး႐ိုက္ကြင္းေန႔မဟုတ္လား။  အဲ့ေတာ့ ဒီကို  ရွင္ အဆင္ေျပမေျပ လာၾကည့္တာေနမွာေပါ့   "

Tang Feng ၿပဳံးလိုက္မိသည္။ Lu အိမ္ေတာ္ရဲ႕  အရွင္သခင္က ဘယ္တုန္းက သူ႔လက္ေအာက္ငယ္သားကို ခုလို  ဂ႐ုစိုက္ သြားခဲ့တာလဲ။  Tang Feng က ဒါကို လုံးဝမယုံၾကည္ေပ ။ ဒါေပမယ့္ သူေ႒းက  ေရာက္လာၿပီဆိုေတာ့ ဝန္ထမ္းအေနနဲ႔  ဒီတိုင္းပဲ တိတ္ဆိတ္ စြာ ႀကိဳက္လိုက္ရသည္။

ၿပိဳင္ကားက ကားပါကင္တြင္ ရပ္လိုက္သည္။ Tang Feng ဟာ ေရွာင္ယု ရဲ႕ အေနာက္ကေန စိတ္မပါလက္မပါ လိုက္လာခဲ့သည္။ ကားတံခါးပြင့္သြားၿပီး အထဲကေန Lu Tian Chen ဆင္းလာသည္။ သူက ဇာတ္လမ္းတြဲထဲက ဇာတ္လိုက္မင္းသားေတြထက္ ပို ေခ်ာေမာခန႔္ညားေနသည္။ သူ႔ မ်က္ႏွာအမူအရာကေတာ့ ခါတိုင္းလိုပဲ ခံစားခ်က္မရွိတဲ့ ေရခဲတုံးလို ေအးစက္စက္ႏွင့္ပင္ရွိေနၿပီး  သိမ္းငွက္လို စူးရွသည့္ မ်က္ဝန္းေတြက ေအးစက္စက္ ျဖင့္  Tang Feng  ႐ိုက္ကြင္းအတြက္ ဝတ္ဆင္ထားရတဲ့ ဝတ္႐ုံအေပၚ က်ေရာက္ေနသည္။

" President Lu... အလုပ္ မအားလပ္ရတဲ့ၾကားထဲက  တကူးတက ေရာက္လာရလို႔ အားနာပါတယ္  "

ေရွာင္ယုက  Lu Tian Chenေဘးကိုအေျပးသြားကာ ေျပာလိုက္သည္။
 ဒါေပမယ့္ Lu Tian Chen ရဲ႕ အၾကည့္ေတြက Tang Feng ဆီမွာပဲ ရွိေနသည္။

" မင္း ႐ိုက္ေနတဲ့ အခန္း  မၿပီးေသးဘူးလား ? "

" ကြၽန္ေတာ္...... "

Tang Feng ဆုံးေအာင္ေတာင္မွ မေျပာလိုက္ရခင္ သူက  စကားျဖတ္ေျပာလိုက္သည္။

" မိတ္ကပ္သြားဖ်က္ၿပီး ဝတ္စုံသြားလဲလိုက္။ မင္း ငါနဲ႔  လိုက္ခဲ့ရမယ္   "

ဖာ့ခ္.......

စိတ္ထဲမွာ ျပစ္ႏွစ္စြာ ဆဲလိုက္ေပမယ့္   မ်က္ႏွာထက္မွာ အၿပဳံးျဖင့္ ကို  ႐ို႐ိုေသေသ ေခါင္းၿငိမ့္ျပလိုက္ရသည္။

" ဒါဆို President Lu ကို  ခဏေစာင့္ခိုင္းရေတာ့မွာပဲ ။ ကြၽန္ေတာ္ အဝတ္လဲၿပီး ခ်က္ခ်င္း ျပန္လာခဲ့ပါမယ္  "

ေရွာင္ယုက  Tang Feng ကို မိတ္ကပ္ခန္းဆီ အတင္းဆြဲေခၚသြားသည္။ President Lu ကိုအၾကာႀကီး ေစာင့္ခိုင္းေနတာ မေကာင္းလွေပ။

" ေဟး...ျဖည္းျဖည္းလုပ္ပါကြ "

မိတ္ကပ္ခန္းမွာ ထိုင္ေနတဲ့ Tang Feng ဟာ  သူ႔အဝတ္အစားေတြ အတင္းဆြဲခြၽတ္တာ ခံလိုက္ရသည္။ သူက သက္ျပင္း ခ်ကာ  Lu Tian Chen ကို အၾကာႀကီး ေစာင့္ေနရေအာင္ အခ်ိန္ဆြဲေနဖို႔ စကတည္းက သူ မစဥ္းစားထားေပ။  ဒါက လူႀကီးတစ္ေယာက္အတြက္   သိကၡာရွိတဲ့ အလုပ္မဟုတ္လို႔ သူ လုပ္မွာ မဟုတ္ေပ။

ဒါေပမယ့္ ေရွာင္ယုက အတင္းကို  Tang Feng ဝတ္အစားေတြ အကုန္ဆြဲခြၽတ္ေနေတာ့သည္။

" President Lu...ေစာင့္ေနတာ ၾကာေနဦးမယ္ "

ေရွာင္ယုက တဖြဖြေျပာေနသည္။

" ၾကာလည္း ေစာင့္ေနပါေစေပါ့ ။ ငါက သူ႔ကို  လာခိုင္းတာမွ မဟုတ္ပဲ "

 တပ္ထားတဲ့ ဆံပင္တုကို အတင္းျဖဳတ္လိုက္ေတာ့   ဦးေရျပား ေတြ နာက်င္သြားေတာ့သည္။   ေခါင္းကို လက္ႏွင့္  ပြတ္သပ္လိုက္ၿပီး ထိုင္ခုံမွာ ထိုင္ေနရက္ပဲ ေျခေထာက္ႏွစ္ဖက္ကို ေျမႇာက္ေပးလိုက္သည္။  ဒါမွေရွာင္ယု သူ႔ရဲ႕ ေဘာင္းဘီကို အလြယ္တကူခြၽတ္လို႔ ရမည္ျဖစ္သည္။

" အာ... ကြၽန္မကို ဘာလို႔ ရွင့္ရဲ႕ ေဘာင္းဘီ လာခြၽတ္ခိုင္းေနရတာလဲ ! "

မ်က္ႏွာတစ္ျပင္လုံး နီ သြားၿပီး ေရွာင္ယုက  ေအာ္ဟစ္လိုက္သည္။ သူမက  မ်က္ႏွာကို လက္နဲ႔ ကာထားေပမယ့္  လက္ေခ်ာင္းၾကားကေန ေခ်ာင္းၾကည့္ေနသည္။

" ရွင့္  ပုံစံကေလ မဂၢဇင္း  ကာဗာ   ႐ိုက္မယ္ဆို ႐ိုက္လို႔ေတာင္ ရေနၿပီ သိလား "

"  က်န္တာ ငါ ဆက္လုပ္ေပးလိုက္မယ္ ။ "  

အခန္းတံခါးဝဆီကေန အမ်ိဳးသားတစ္ေယာက္ရဲ႕ အသံ ႐ုတ္တရက္ ထြက္ေပၚလာေတာ့ Tang Fengႏွင့္ ေရွာင္ယု တို႔  အေနာက္ကို ၿပိဳင္တူ လွည့္ၾကည့္လိုက္မိေတာ့ ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေသာ  Lu Tian Chen ကို အခန္းတံခါးဝနားမွာ မတ္တပ္ရပ္ေနတာေတြ႕လိုက္ရ သည္။
 
........................................................................

  Chapter (45) -  Hello, President Lu ( Part.2)


Tang Feng ဟာ Lu Tian Chen နဲ႔ ႏွစ္ေယာက္တည္း သီးသန႔္ ညစာစားခြင့္ ရတာ   ပထမဆုံးျဖစ္သည္။ ေရွာင္ယုက   ေဘးမွာ အတူရွိေနရမယ့္ မန္ေနဂ်ာ ျဖစ္ေပမယ့္  Lu Tian Chen ဟာ သူမကို အိမ္ျပန္ခိုင္းလိုက္သည္။ Lu Tian Chen ရဲ႕ေရွ႕မွာ ပ်ာယာခတ္ကာ က်ိဳးက်ိဳးႏြံႏြံ ေနခဲ့ေပမယ့္   ေခ်ာင္ထိုးခံလိုက္ရတဲ့ ေရွာင္ယု အေၾကာင္း ေတြးလိုက္မိေတာ့ Tang Feng အဲ့ဒီ ေကာင္မေလးရဲ႕ ေခါင္းကို ေခါက္လိုက္ခ်င္သည္။  

စားေသာက္ဆိုင္ရဲ႕ ဝင္ေပါက္ နားမွာ ကားဟာ ရပ္တန႔္သြားၿပီး Lu Tian Chen ဟာ ကားေသာ့ကို တံခါးေစာင့္ လက္ထဲ လွမ္းေပးလိုက္သည္။ Tang Feng က Lu Tian Chen ေနာက္ကေန လိုက္လာၿပီး အထဲကို ေရာက္ေတာ့ စားပြဲထိုးေခါင္းေဆာင္ဟာ သူတို႔ႏွစ္ေယာက္ကို ခရီးဦး ႀကိဳဆိုလိုက္သည္။ ဒါကိုၾကည့္ၿပီး Lu Tian Chen ဟာ  ပုံမွန္ လာေနက် ေဖာက္သည္ တစ္ေယာက္ ျဖစ္မည္ဆိုတာ သိလိုက္သည္။  Tang Feng ကို ေတြ႕လိုက္ရတဲ့ အခ်ိန္  စားပြဲထိုးေခါင္းေဆာင္ရဲ႕  အံ့ၾသသြားတဲံ အမူအယာေၾကာင့္  Lu Tian Chen နဲ႔  ခါတိုင္း ဒီဆိုင္ကို လာစားေနက်လူက  သူမဟုတ္လို႔ အံ့ၾသသြားေၾကာင္း Tang Feng သိလိုက္သည္။

အဲ့ဒီလူက ဘယ္သူလဲ ? Ge Chen လား ?

" President Lu... ခါတိုင္း သုံးေဆာင္ေနက် ဟင္းလ်ာေတြပဲ ျပင္ေပးရမလား ခင္ဗ်ာ ။ "

VIP အခန္းထဲမွာ စားပြဲထိုးေခါင္းေဆာင္က ညင္သာစြာ ေမးလိုက္ၿပီး သူ႔ရဲ႕ အၾကည့္ေတြဟာ   Tang Feng ဆီကိုတခ်က္ ရာက္လာသည္။
Lu Tian Chenငအေျဖျပန္ေပးဖို႔  ပါးစပ္ဖြင့္လိုက္ေပမယ့္ Tang Feng ကို ၾကည့္လိုက္ၿပီး မီႏူးကဒ္ကို လွမ္းေပးလိုက္သည္။

" မင္း ဘာစားခ်င္လဲ ? ႀကိဳက္တာမွာလိုက္ "

Tang Feng  လည္း စာအုပ္ကို လွန္ၾကည့္ၿပီးေတာ့ သူ႔ အႀကိဳက္လည္းျဖစ္ ေဈးအႀကီးဆုံးလည္းျဖစ္ေသာ ဟင္းကို ေ႐ြးမွာလိုက္သည္။  သူ႔အႀကိဳက္နဲ႔ မတူလို႔  စားမေကာင္းရင္လည္း ျပသနာမရွိေပ။  ေဈးႀကီးေနဖို႔သာလိုသည္။ President Lu ကိုယ္တိုင္ လိုက္လာၿပီး ခုလို ညစာလိုက္ေကြၽးေတာ့ ဖိတ္ေကြၽးတဲ့သူ ေက်နပ္သြားေအာင္ သူ႔ဘက္က ဒီေလာက္ေတာ့ လုပ္ေပးသင့္တယ္မဟုတ္လား။  

 " သူ မွာတဲ့ အတိုင္း  ခ်ေပးလိုက္ပါ "

  ေဈးႏူန္းကို Lu Tian Chen ေစာင္းငဲ့ ေတာင္ မၾကည့္ခဲ့ေပ။

စားပြဲထိုးေခါင္းေဆာင္ဟာ အခန္းထဲကေန လ်င္ျမန္စြာထြက္ခြာသြားၿပီး အခန္းတံခါးကို  ေသခ်ာ ပိတ္သြားေပးခဲ့သည္။

ဒီတစ္ခါေတာ့ Tang Feng ပါးနပ္သြားၿပီျဖစ္သည္။ Lu Tian Chen လို လူစားမ်ိဴးနဲ႔ ထိပ္တိုက္ေတြ႕တဲ့အခါ ကိုယ့္ဘက္ကေနစၿပီး စကား မေျပာသင့္ေပ။  စကားမ်ားမ်ား ေျပာမိေလ ၊ တစ္ဘက္က သူ႔ရဲ႕ အားနည္းခ်က္ေတြကို ဖမ္းမိေလ ျဖစ္သြားႏိုင္သည္။  ဒါၾကာင့္မို႔ Tang Feng ဟာ ေခါင္းကိုငုံ႔ထားၿပီး အေအးကိုပဲ ေသာက္ေနသည္။ တကယ္လို႔ တိတ္ဆိတ္ေနတဲ့ အေျခအေနမ်ိဳးကို ဘယ္ေလာက္ၾကာၾကာ သည္းခံႏိုင္မလဲဆိုၿပီး လာၿပိဳင္ရင္ေတာ့ သူ  ေသခ်ာေပါက္ ႐ူံးမွာ မဟုတ္ေပ။

တစ္ခါေသဖူးၿပီးသား လူတစ္ေယာက္ဟာ  ပိုၿပီး ေခါင္းမာတက္ၾကသည္။  အခု သူ ယူထားတဲ့ ဘဝအသစ္မွာ တျခားလူေတြရဲ႕ ခံစားခ်က္ေတြ ၊ ထင္ျမင္ယူဆခ်က္ေတြကို ဘာမွ ဂ႐ုစိုက္ေနဖို႔ မလိုအပ္ေပ။

 မိနစ္ေတြ ကုန္ဆုံးသြားေပမယ့္ အခန္းထဲမွာ တိတ္ဆိတ္ ၿငိမ္သက္ေနဆဲျဖစ္ၿပီး စားပြဲထိုးေခါင္းေဆာင္ ျပန္ဝင္လာၿပီး ဟင္းပြဲေတြ ခ်ေပးတဲ့ အခ်ိန္ထိ  ႏွစ္ေယာက္သား  အေအးေသာက္လိုက္ ၊ မဂၢဇင္းဖတ္လိုက္ ၊ ဖုန္း ၾကည့္လိုက္နဲ႔ ၊ အသိးသီး အခ်ိန္ျဖဳန္း ေနၾကသည္။

မွာထားသမွ် ဟင္းပြဲေတြ အကုန္လုံး တည္ခင္းၿပီး စားပြဲထိုးေခါင္းေဆာင္ဟာ  ကိုယ္ကိုင္းၫႊတ္ကာ အ႐ိုအေသေပးၿပီး  ထြက္ခြာသြားသည္။ ဒီတစ္ခါမွာေတာ့ အခန္းကို ေလာ့ခ္ခ်သြားေကဒ ခဲ့သည္။ ျပန္မထြက္သြားခင္ စားပြဲထိုးေခါင္းေဆာင္ဟာ Tang Feng ကို မ႐ိုးမသား အၾကည့္နဲ႔ ၾကည့္သြားခဲ့သျဖင့္ Tang Feng ထိုအၾကည့္နဲ႔  မ်က္လုံးခ်င္းဆုံသြားခ်ိန္မွာ   ေရွာ့ခ္ရသြားၿပီး ေသာက္ေနတဲ့ အေအးေတာင္ သီးေတာ့မလို ျဖစ္သြားသည္။

" ျဖည္းျဖည္း ေသာက္ပါ "

Lu Tian Chen ဟာ ေခါင္းကို ေမာ့လိုက္ၿပီး Tang Feng ဆီကို တစ္႐ူးအခ်ိဳ႕ လွမ္းေပးကာေျပာလိုက္သည္။

" ေက်းဇူးပဲ  "

Tang Feng ဟာ တစ္႐ူးကို လွမ္းယူ ကာ ၊ ေခါင္းကိုငုံ႔ၿပီး ႏူတ္ခမ္းေထာင့္ တစ္ဝိုက္မွာ ေပေနတဲ့ အေအးေတြကို သုတ္ပစ္လိုက္သည္။

  ရွက္စရာေကာင္းလိုက္တာ....

" မင္းရဲ႕ ပုံစံ ေျပာင္းလဲသြား႐ုံမကဘူး ။ မင္းရဲ႕ အျပဳအမူေတြပါ ဘာေၾကာင့္ ယဥ္ေက်းသြားရတာလဲ "

Lu Tian Chen ရဲ႕ အမူအရာဟာ   ေအးတိေအးစက္ႏွင့္ ဓားနဲ႔ ခက္ရင္းကို သုံးကာ သူ႔ရဲ႕ ပန္းကန္ထဲက အမဲသားလႊာကို လွီးျဖတ္ရင္း ေျပာလိုက္သည္။
အခုအခ်ိန္ထိ သူက Tang Feng ရဲ႕ မ်က္ႏွာကို တစ္ခ်က္မွ  မၾကည့္ေသးေပ။

" President Lu ရဲ႕ ခ်ီးက်ဳးစကားအတြက္ ေက်းဇူးတင္ပါတယ္ "

" အရင္တုန္းက မင္းငါနဲ႔ ဆုံလိုက္တိုင္း စကားေတြ  အဆက္မျပတ္ ေျပာေနၾကပါ  "

President ႀကီးက အဲ့ဒီစကားကို ခပ္ေပါ့ေပါ့ေလး ေျပာလိုက္တယ္လို႔ ထင္ရေပမယ့္ ၊ ဒါ  တမင္တကာ ရည္႐ြယ္ၿပီး တိုက္စစ္ဆင္လိုက္တဲ့ ေမးခြန္းတစ္ခုျဖစ္သည္။

" President Lu က အရင္က ကြၽန္ေတာ့္ ပုံစံကို လြမ္းေနတာလား "

ဗိုက္ ဆာေလာင္ေနၿပီျဖစ္လို႔ Tang Feng ဟာ တူကို ယူၿပီး စတင္ စားေတာ့သည္။ အေနာက္ႏိုင္ငံမွာ တစ္ဘဝလုံး ေနထိုင္ခဲ့ေပမယ့္ တ႐ုတ္ဟင္းလ်ာေတြကို သူ အႀကိဳက္ႏွစ္သက္ဆုံးျဖစ္ကာ  စီခြၽမ္ေဟာ့ေပါ့က အႀကိဳက္ဆုံး ျဖစ္ၿပီး ဘယ္ေလာက္စားစား  မုန္းမသေပ။ ဆရာဝန္က က်န္းမာေရး အတြက္ အစပ္  ေရွာင္ရမယ္လို႔ မေျပာမခ်င္း ေဟာ့ေပါ့ကို ေန႔တိုင္း စားခဲ့သည္။

" မဟုတ္ဘူး ။ ငါ မင္းရဲ႕ လက္ရွိ ပုံစံကို ပိုသေဘာက်တယ္  "

" ခုလို သေဘာက်ေပးတဲ့အတြက္ ေက်းဇူးပါပဲ"

Tang Feng က အလုပ္သေဘာဆန္ဆန္ ျပန္ေျပာလိုက္သည္။ ဒီေလသံနဲ႔   စကားလုံးေတြဟာ ေလွာင္ေျပာင္သည့္ အရိပ္ အေငြ႕ပင္ပါေနေသးသည္။

ပါးစပ္ထဲက အမဲသားေတြကို Lu Tian Chen မ်ိဳခ်လိုက္ၿပီး Tang Feng ရဲ႕ ပန္းကန္ထဲက ပူစပ္စပ္ႏွင့္ အရသာရွိပုံေပၚတဲ့ ဟင္းပြဲေတြ ျမင္လိုက္ရေတာ့ သူ႔ရဲ႕ မ်က္ဝန္းေတြ က်ဥ္းေျမာင္းသြားသည္။ ၿပီးေတာ့ သူက   သူ႔ပန္းကန္ထဲက ခပ္ခ်ိဳခ်ိဳ အရသာရွိတဲ့ ဟင္းေတြကို ဆက္စားေနလိုက္သည္။

" ငါ  ဒီေန႔ ေရာက္လာတာက မင္းအတြက္ သတင္းေကာင္း ေျပာျပခ်င္လို႔ ပဲ "

" ဘာမ်ားလဲ ...ကြၽန္ေတာ့္လစာတိုးသြားတာလား ? "

Tang Feng ၿပဳံးၿပီး ေမးလိုက္သည္။

" အဲ့ဒီလိုမ်ိဳးပဲ ဆိုပါေတာ့ ။ "

Lu Tian Chen ဟာ သူ႔ရဲ႕ အမဲသားလႊာကို စားေနရင္း ေျဖလိုက္တယ္ ။ ဟင္းလ်ာရဲ႕ အရသာအေပၚ စိတ္ေက်နပ္ေနေသာေၾကာင့္ Tang Feng ရဲ႕ မ်က္ဝန္းေတြ တလက္လက္ေတာက္ပေနသည္။  

" ဒါ႐ိုက္တာ လီေဝ့က  သူ႔ရဲ႕ ႐ုပ္ရွင္ကို မင္းနဲ႔ ႐ိုက္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီ  "  

........................................................................

  Chapter (46) - Hello, President Lu ( Part.3)


" ဒါ႐ိုက္တာလီေဝ့က အစကတည္းက သူ႔ရဲ႕ ႐ုပ္ရွင္မွာ ဘယ္သူကို ထည့္ၿပီး သုံးမယ္ဆိုတာ ဆုံးျဖတ္ခ်က္ ခ်ထားၿပီးသားပဲ။  သူေ႐ြးထားတဲ့ လူနဲ႔ ႐ိုက္ဖို႔ အဆင္မေျပျဖစ္သြားလို႔ ငါတို႔က သူ႔ကို Su Qi Cheng ရဲ႕ ကုမၸဏီက Ge Chen ကို မိတ္ဆက္ေပးခဲ့တာျဖစ္တယ္။ Ge Chen ရဲ႕ အရည္အခ်င္းက သ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ႔ ေကာင္းမြန္တယ္ ဆိုေပမယ့္ ဒါ႐ိုက္တာႀကီးက မင္းက Ge Chen ထက္ ပိုၿပီးေတာ့ ကင္မရာ အေရွ႕မွာ အသက္ဝင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တယ္လို႔ ယူဆခဲ့တယ္ "

Lu Tian Chen ဟာ အဲ့ဒီ စကားလုံးေတြကို ေျပာဆိုရင္း Tang Feng ကို အဓိပၸာယ္ပါပါ စိုက္ၾကည့္လိုက္သည္။

လူေ႐ြးပြဲ လုပ္တဲ့ အခ်ိန္တုန္းက Lu Tian Chen က သူနဲ႔ Geno အနမ္းေပးၾကတဲ့ သ႐ုပ္ေဆာင္ခန္းကို ေဘးကေန တဝႀကီး ရပ္ၾကည့္ေနခဲ့သည္ကို အမွတ္ရလိုက္သည္။

" President Lu  ေျပာစရာရွိတာ လိုရင္းကို တည့္တည့္ေျပာလိုက္ပါ ။ ကြၽန္ေတာ့္ကို ေ႐ြးလိုက္တာလား ။ ျငင္းလိုက္တာလား ? "

လိုရင္းကို မေရာက္တဲ့ စကားကိုေျပာေနသျဖင့္  Lu Tian Chen သူ႔ကို တမင္လာကလိေနတာ ေသခ်ာသည္။  

"  စိတ္မရွည္ေတာ့ဘူးလား ? "

ႏူတ္ခမ္းေထာင့္ကို ေကာ့ၫြတ္စြာၿပဳံးလိုက္ၿပီး   Lu Tian Chen ေမးလိုက္သည္။

"   Ge Chen နဲ႔ မင္းတိူႈ ႏွစ္ေယာက္ထဲမွာ ဒါ႐ိုက္တာႀကီးက မင္းကို ေ႐ြးခ်ယ္ဖို႔ အခြင့္အေရး ပိုမ်ားတယ္ ။ ဒါ႐ိုက္တာလီေဝ့ရဲ႕ ႐ုပ္ရွင္မွာ   Tain Chen Entertainment နဲ႔ Su Shi Entertainment အတူပူးေပါင္းၿပီး အက်ိဳးတူ ေဆာင္႐ြက္ၾကတယ္ ဆိုေပမယ့္ ငါတို႔ တာဝန္ယူထားၾကတာက marketing အပိုင္းပဲ။ အဓိက ရင္းႏွီးျမဳတ္ႏွံတဲ့ သူက Charles ပဲ "

အဲ့ေတာ့ ဘာျဖစ္လဲ။ ဒါေတြ အားလုံး သူသိၿပီးသား ေတြပဲ။ Lu Tian Chen အခုထိ လိုရင္းကို မေရာက္ႏိုင္ေသးေပ။

" မင္းနဲ႔ Charles ၾကားက ကတိေၾကာင့္ Ge Chen ဟာ ဒါ႐ိုက္တာႀကီးရဲ႕ လူေ႐ြးပြဲမွာ  ပါခြင့္ရခဲ့တယ္ ။ ဒါေပမယ့္   Charles  က မင္းကို အခ်စ္စိတ္ေတြ မႊန္သြားခဲ့ေတာ့ အေျခအေနက တမ်ိဳးျဖစ္သြားတယ္။ ရင္းႏွီးျမဳတ္ႏွံသူ တစ္ေယာက္အေနနဲ႔ သူ႔ဘက္က မင္းကို အဓိက ေခါင္းေဆာင္ေနရာကေန တင္႐ိုက္မယ္ဆိုရင္ အရင္က သေဘာတူထားတာထက္ ပိုၿပီး ရင္းႏွီးျမဳတ္ႏွံမယ္ဆိုတဲ့ အေပးအယူကို လုပ္ခဲ့တယ္ "

အစပိုင္းကေတာ့ Lu Tian Chen ေျပာတာက ပုံမွန္  ေျပာတာမ်ိဳးလို႔ ထင္ေနေပမယ့္  ျပန္ၿပီး သုံးသပ္ၾကည့္လိုက္ေတာ့ တစ္ခုခုကို  အရိပ္အႁမြက္ ေျပာခ်င္ေနသလိုျဖစ္သည္။

  Charles တစ္ေယာက္ သူ႔အေပၚ မႊန္ထူေနတဲ့ ကိစၥကို အဓိက ေျပာခ်င္ေနတာ သူ သိလိုက္သည္။

" အခုလို ျဖစ္လာတာက President Lu ဘက္က အခြင့္အေရး ေပးခဲ့တဲ့ ေက်းဇူးေတြေၾကာင့္ပါ "  

Lu Tian Chen ဘက္က သူ႔ကို ျပန္လည္ ေခ်ပေျပာဆိုဖို႔ အခြင့္အေရး ေပးသင့္သည္။ ၿပီးေတာ့   ၿငိမ္ၿငိမ္ေလး ထိုင္ေနၿပီး တစ္ဖက္လူ ေလွာင္ေျပာင္သမွ်ကို ၿငိမ္ခံတယ္ဆိုတာ Tang Feng ရဲ႕အက်င့္စ႐ိုက္ မဟုတ္ေပ။

" မင္းကိုယ္တိုင္ ႀကိဳးစားၿပီး ရလာတဲ့ရလဒ္ပဲ။ ငါ့ကို ေက်းဇူးတင္ဖို႔ မလိုပါဘူး   "

Lu Tian Chen က  ရွင္းရွင္းပဲ ေျပာလိုက္သည္။

အဲ့ဒီ လူက  ဒီစကားကို မ်က္ေတာင္  မခတ္ပဲ ေျပာသြားခဲ့သည္။ Tang Fengက  သူနဲ႔ လက္ရည္တူသည့္ ႏူတ္စ ေကာင္းသည့္ၿပိဳင္ဖက္ကို    ေတြ႕ၿပီလို႔ ခံစားလိုက္ရသည္။

" ဒါ႐ိုက္တာလီေဝ့ဆိုတာ ရင္းႏွီးျမဳတ္ႏွံသူေတြရဲ႕ စကားကို နားေထာင္ ဖို႔ အမိန႔္ေပးလို႔ရတဲ့ လူမ်ိဳး မဟုတ္ဘူး။ ဒါေၾကာင့္ သူ႔ရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္က အခုခ်ိန္ထိ မေသခ်ာေသးဘူး။ မင္းနဲ႔ Ge Chen အျပင္ ေနာက္ထပ္ ကိုရီးယား နဲ႔ ဂ်ပန္က သ႐ုပ္ေဆာင္ေတြကိုလည္း  ရွာေနေသးတယ္။ ဒါေပမယ့္လည္း မင္းတို႔ႏွစ္ေယာက္ ၾကားမွာ  မင္းက ေခါင္းေဆာင္မင္းသားျဖစ္ဖို႔ အေျခအေနပိုမ်ားေနတယ္ ။  ဒီအတြက္ေၾကာင့္ အခုခ်ိန္က စၿပီး မင္းအေပၚ ငါ အရင္ကထက္ပိုၿပီး ရင္းႏွီးဖို႔ ဆုံးျဖတ္လိုက္ၿပီ ။ "

ကြၽန္ေတာ္က အစကတည္းက ခင္ဗ်ားရဲ႕ အလုပ္သမားပဲ။ ခင္ဗ်ား ခ်မ္းသာဖို႔ ကြၽန္ေတာ္ပဲ ေငြရွာေပးေနတာ။ အစကတည္းက ၿပိဳင္ဘက္ ကုမၸဏီက လူကို သြားၿပီး ေျမေတာင္ေျမႇာက္ေနမယ့္အစား ကြၽန္ေတာ့္အေပၚ  ပိုဂ႐ုစိုက္သင့္တယ္ မဟုတ္လား။

အဲ့ဒါအတြက္ေၾကာင့္  Lu Tian Chen  သူ႔အေပၚ သေဘာထား ေျပာင္းလဲသြားျခင္း အေပၚ  Tang Feng ေက်းဇူးမတင္မိတဲ့ေပ။ Tian Chen ကုမၸဏီနဲ႔ စာခ်ဳပ္သက္တမ္းေၾကာင့္ ေျခခ်ဳပ္မိ မေနခဲ့ဘူးဆိုရင္ သူ ခ်က္ခ်င္းထြက္သြားၿပီး အျခား  ေအဂ်င္စီ နဲ႔ တြဲလုပ္ေနေလာက္ၿပီ။ ဘယ္ေနရာကို ေရာက္ေရာက္  ေအာင္ျမင္လာေအာင္ သူ႔ရဲ႕ အရည္အခ်င္းေတြကို ေဖာ္ထုတ္ျပသႏိုင္ေပလိမ့္မည္။

ဒီကမာၻႀကီးမွာ သ႐ုပ္ေဆာင္ေကာင္းေတြက   အမ်ားအျပားရွိေပမယ့္  အားလုံးကို ျဖတ္ေက်ာ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ႏိုင္တဲ့ လူမ်ိဳးက အနည္းငယ္ပဲ ရွိသည္။

" မင္းရဲ႕ တုံ႔ျပန္မူက အရမ္းကို ယဥ္ေက်းေနပါလား "

" President Lu... ကြၽန္ေတာ့္ေၾကာင့္ ခင္ဗ်ား စိတ္မပ်က္ေစရပါဘူး "

ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လည္း စိတ္ပ်က္ေအာင္  လုံးဝ မလုပ္ဘူး။  

Lu Tian Chenက  ခပ္ဖြဖြေလး ၿပဳံးလိုက္သည္။

" အရင္ရက္ေတြက Charles မင္းကို တခ်ိဳ႕ ေနရာ  ေခၚသြားၿပီး လူတစ္ခ်ိဳ႕နဲ႔  ေတြ႕ခဲ့ရတယ္မလား ? အဲ့ဒါေတြ စိတ္ပူမေနနဲ႔ ။ ကိုယ္လုပ္ရမယ့္ အလုပ္အေပၚမွာပဲ အာ႐ုံ အျပည့္ထား။ ငါ အားလုံး ကို ရွင္းေပးထားမယ္ ။ "

"   ေက်းဇူးပါပဲ"

 ဒီ စကားေတြ ၾကားလိုက္ရေတာ့ Tang Feng ရဲ႕စိတ္ထဲ Lu Tian Chen က ေအးစက္စက္ျဖစ္ေနရာမွ   အလင္းေရာင္ေအာက္ ေရာက္လာသလို ေႏြးေထြးစျပဳလာသည္ဟု ခံစားရမိသည္။Tang Fengက  Albert နဲ႔ ေတြ႕ခဲ့ရတဲ့ အေျခအေနအေပၚ စိတ္လက္မသက္မသာ ျဖစ္ေနခဲ့ရေပမယ့္ အခုလို အာ႐ုံစိုက္ေနစရာ မလိုေတာ့ဘူးဆိုတာ သိလိုက္ရေတာ့ စိတ္နည္းနည္း ေအးခ်မ္းသြားသည္။ သူက အလုပ္ကိုပဲ အျပည့္အဝ   ႀကိဳးစားၿပီး ဘဝကို ေအးေအးခ်မ္းခ်မ္း ဆက္လက္ အသက္ရွင္ ေနထိုင္ခ်င္႐ုံျဖစ္ၿပိး ဒုစ႐ိုက္အဖြဲ႕အစည္းေတြနဲ႔  မပတ္သက္  ခ်င္ေပ။

" Charles အေရွ႕မွာလည္း မင္း အခုလို ယဥ္ယဥ္ေက်းေက်း ေနတတ္ တာပဲလား "  

Lu Tian Chen ဟာ Tang Feng ကို  ၾကည့္ၿပီး ေမးလိုက္သည္။

" ဘယ္ဟုတ္မလဲ ။ ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ အလုပ္ရွင္ေလ။  "

Charles လိုလူရဲ႕ ေရွ႕မွာ သိမ္သိမ္ေမြ႕ေမြ ေနလိုက္မိလို႔ကေတာ့ တစ္ခါတည္း အစားခံရလိုက္ရမွာေသခ်ာသည္။ ဒါေၾကာင့္   ယဥ္ေက်းတဲ့  အမူအရာမ်ိဳး သူ႔ရဲ႕ ေရွ႕မွာ မျပရေပ။ ေ သူ႔ကို ခပ္ေဝးေဝး ထားကာ မဆက္ဆံလွ်င္ ကိုယ့္ကိုေရာင္းစားသြားလိမ့္မည္။

Lu Tian Chen ၿပဳံးေနၿပီး ဘာမွ ဆက္မေျပာေတာ့ေပ။  စားေသာက္ ၿပီးစီးသြားေတာ့Tang Feng ကို Charles ရဲ႕ စံအိမ္ဆီ ျပန္လိုက္ပို႔ေပးခဲ့သည္။

" မဂၢဇင္းကာဗာတခ်ိဳ႕ မင္းနဲ႔႐ိုက္ဖို႔ ငါစီစဥ္ထားတယ္ ။ ၿပီးေတာ့ ေနာက္ႏွစ္ပတ္ၾကာရင္ ငါကိုယ္တိုင္ လာၿပီး မင္းကို ျပန္ေခၚသြားမယ္ "  

Tang Feng ကို  ေျပာခဲ့ၿပီးေတာ့ Lu Tian Chen ျပန္လည္ ထြက္ခြာသြားခဲ့သည္။

Tang Feng ရဲ႕ ရင္ထဲ အခုမွ စိတ္ သက္သာသြားေတာ့သည္။ ေနာက္ဆုံးေတာ့ Lu Tian Chen ဟာ သူ႔ကို အမိူက္လို႔ မျမင္ေတာ့ပဲ  ဝန္ထမ္းတစ္ေယာက္အျဖစ္ သတ္မွတ္လာေလၿပီ

........................................................................














Chapter (43+44+45+46) _ (Z+U)

ဒီနေ့အတွက် Tang Feng ရိုက်ကူးရမယ့် အခန်းထဲမှာ စကားပြော ခန်းတွေ မပါဝင်ပေ။ ကူချင် တီးခတ်ရင်း ဇာတ်လိုက်မင်းသမီးနဲ့  အကြည့်ချင်း သွားသည့် အခန်းကို ရိုက်ကူးရမှာ ဖြစ်တယ် ။ တူရိယာပစ္စည်းတွေကို နေရာချထားပြီးတဲ့နောက် ဒါရိုက်တာက စရိုက်ကူးဖို့ အမိန့်ပေးလိုက်သည်။

 ဒါရိုက်တာရဲ့ အမိန့်ပေးသံအဆုံးမှာ Tang Feng ကြက်သီးထလာသလို ခံစားလိုက်ရပြီး သူ့ကိုယ်ထဲက ခံစားချက်တစ်ခုဟာ နှလုံးသားထဲကနေ နိုးထလာသလို ခံစားလိုက်ရသည်။
 
ရိုက်ကွင်းအပြင်မှာ Tang Feng ဟာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ ရိုက်ကွင်းစလိုက်သည်နှင့်  Tang Feng ဟာ ဇာတ်ကောင်စရိုက် ပူးကပ်ခံလိုက်ရတော့သည်။

နူးညံ့တဲ့ လေပြေညှင်းလေးက  Tang Feng ရဲ့ ဖြောင့်စင်းတဲ့  ဆံပင်ရှည်တွေကို တိုးဝှေ့နေပြီး မျက်နှာထက်ကို  ကျဆင်းနေသည်။ အခုချိန်မှာ သူက တော်ဝင်ရွှေနန်းတော်ကြီးမှာ ဖျော်ဖြေရတဲ့ အနုပညာအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်သွားလေပြီ။  သူ့ အထီးကျန်ဘဝဖြစ်စဉ်ကို စကားတစ်လုံးနှင့်မှ ပြောပြခွင့်မရပေယမ့် ကုချင် ကြိုးကို တီးခတ်လိုက်သည့် လက်ဟန်ဟန်နှင့် သံစဉ်လေးတွေထဲမှာပဲ သူ့ရဲ့ အတွေး စိတ်ခံစားချက်တွေ၊ သူ့ရဲ့  အထီးကျန်မူတွေကို  ဖန်တီးခဲ့သည်။

သူ့ပတ်ဝန်းကျင်မှာ ဘုရင်မင်းမြတ်ရဲ့ စားသောက်ပွဲဆီ  အော်ဟစ်သံတွေနဲ့ ဆူညံနေပေမယ့် သူ့ရဲ့ နားထဲမှာတော့ ကုချင် ထွက်ပေါ်လာတဲ့ ဂီတသံကိုပဲ ကြားနေမိသည်။ သူ့သရုပ်ဆောင်မှုတွေအတွက်  အနီးကပ် ရိုက်ကူးတာတွေ မလိုပဲ သူ  ထိုင်နေယုံလေးနှင့်ပင် အထီးကျန်ပန်းချီကားတစ်ချပ်ကို ဖော်ကျူးလို့နေသည်။

ရှောင်ယုသည်  ကင်မရာနောက်ကနေ ကြည့်နေရင်း အံ့သြကာ မျက်ဝန်းတွေ ဝိုင်းစက်လာသည်။ Tang Feng ကို  ဆုံတွေ့ခဲ့ချိန်ကတည်းက သူဟာ နောင်တမှာ သေချာပေါက်  အောင်မြင်မယ့်လူပဲလို့ သူမက အလိုလို ခံစားမိနေသည်။ အခု  Tang Feng ရဲ့ သရုပ်ဆောင်ချက်ကို  တွေ့မြင်လိုက်ရတဲ့အခါမှာ အရမ်း  အံ့သြသွားမိခဲ့သည်။

ဒါကမှ သရုပ်ဆောင်ပညာစစ်စစ်ဖြစ်သည်။
 စကားပြောခန်းတွေ ၊  ဟန်ဆောင်ထားတဲ့  အမူအရာ အိုက်တင်တွေ ဘာတစ်ခုမှ မလိုပဲ မျက်လွှာချထားတဲ့ Tang Feng ရဲ့  မျက်နှာပြင်ပေါ်မှာ ဝမ်းနည်းအားငယ်မူကို တွေ့မြင် လိုက်ရသည်။ နူတ်ခမ်းပါးထက်မှာလည်း အထီးကျန်ဆန်တဲ့ ခံစားချက်ကို  စကားတလုံးမှမပြောပဲ တဖက်လူကို ခံစားမိစေသည်။ ရိုးရှင်းသည့်  သူ့ရဲ့ စိတ်ခံစားချက်ဟာ အားလုံးဆီ ကူးစက်ပြန့်နှံ့သွားစေသည်။

စကားလုံးများစွာ ပြောနေတာထက် Tang Feng ရဲ့ မျက်ဝန်းက ထင်ဟပ်နေတဲ့ ဝမ်းနည်းအားငယ်တဲ့ပုံစံက  နက်ရိူင်း အဓိပ္ပာယ်ကို ဖော်ပြလို့နေသည်။ အခုရိုက်နေသည့်အခန်းက

  ပျော်ရွှင်နေတဲ့ ပွဲတော်ကြီးတစ်ခုလုံးကိုပေါ်အောင်  အဝေးကနေ ရိုက်နေတဲ့ ရိုက်ချက်ဖြစ်ပေမယ့်  စားသောက်ပွဲကနေ ထွက်လာတဲ့ ဆူညံသံတွေ ၊  သွားလာလူပ်ရှားမူနေတဲ့လူတွေရဲ့ပုံရိပ်က ဖြူဆွတ်တဲ့ ဝန်ရုံကို ဝတ်ဆင်ထားတဲ့ လူရဲ့ အရှေ့မှာ အရာအားလုံး ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။

အခုရိုက်နေတဲ့  ရိုက်ချက်က ပျော်ရွှင်နေသည့် လူအုပ်ကြားက တိတ်ဆိတ်နေသည့် အထီးကျန် အနုပညာရှင်ကို ရိုက်ပြတာ မဟုတ်ပေမယ့် ဒီ အနုပညာရှင်ရဲ့ပုံက တမင်မလုပ်ရပဲ ပေါ်လွင်လို့နေသည်။

ရှောင်ယုသည်  ဒီအခန်းကို ကြည့်ရင်း နူတ်ခမ်းကို အသာဖိကိုက်ကာ ငိုချင်သလို ခံစားမိလာသည်။ အဖိုးတန်ရတနာက နောက်ဆုံးတော့ အရောင်ထွက်လာလေပြီ။

 ဇာတ်လမ်းထဲမှာ နန်းတွင်းသူအဖြစ် အဖြစ် သရုပ်ဆောင်ရတဲ့  ဇာတ်လိုက်မင်းသမီးဟာ  လူအုပ်ကြီးကြားထဲကို ကောက်ကောက်ကွေ့ကွေ့ ဖြတ်သန်းသွားလာရင်း ရုတ်တရက် ဂီတပညာရှင်လေးနဲ့ အကြည့်ချင်း ဖျတ်ခနဲ ဆုံသွားကြသည်။ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းတွေထဲမှာ အထီးကျန်မူ အရိပ်အငွေ့တို့ ပြည့်လို့နေသည်။ ဂီတ ပညာရှင်လေးက အပျိုတော်လေးရဲ့ တွေဝေနေသည့် စိတ်အခြေအနေနှင့် အနာဂတ်အတွက် လမ်းပျောက်သလို ဖြစ်နေသည်ကို မြင်လိုက်သည်။ သူ့ ဘဝအခြေအနေနဲ့  တူညီနေတဲ့အပျိုတော်လေးရဲ့ သနားစရာ အခြေအနေကို တွေ့လိုက်ရလို့ အပျိုတော်လေးကို  ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်မိသည်။

အပျိုတော်လေးရဲ့တည်ရှိမှုက မီးပင်လယ်ဘေးက အေးမြတဲ့ စမ်းချောင်းလေး ကဲ့သို့ သူ့ရင်ကို အေးမြမှုပေးနေစေသည်။ အခက်ခဲကြုံနေရသည့် အပျိုတော်လေးရဲ့ စိတ်ညစ်နေသည့် နှလုံးသားလေးကို သူ့ဂီတလေးနှင့် ကုစားပေးချင်နေမိသည်။ တနေ့တချိန်မှာ အပျိုတော်လေးအတွက် သူ့ ဘဝတစ်ခုကို စတေးပေးလိုက်ချင်သည်။


တစ်နေ့မှာ  ဒီအပျိုတော်လေးက မင်းကြီးရဲ့ မောင်းမတော်လေးလည်း ဖြစ်လာနိုင်သည်။ အဲ့ဒီအချိန်မှာ အပျိုတော်လေးက လူအများကြား သူမ ပြုံးပြခဲ့မိသည့် ဂီတပညာရှင်လေးကို မှတ်မိနိုင်ပါဥိးမလား။ သူမ သတိရချင်လည်း ရနိုင်ပါသည်။ သူမအတွက် စိတ်ရောကိုယ်ပါ နွမ်းနယ်စေသည့် ဖိစီးမှုတွေကို ခံစားနေရပေမယ့် သူမ ပျော်ရွှင်စွာ အသက်ဆက်ရှင် သန်နိုင်သွားဖို့ကိုပဲ သူမျှော်လင့်နေခဲ့မိသည်။

" Cut ! ကောင်းတယ် ။ အားလုံး အိုကေတယ် ။ "

ဒါရိုက်တာရဲ့ အော်သံနှင်အတူ ရိုက်ကွင်း  ပြီးဆုံးသွားခဲ့သည်။  ပြန်ရိုက်စရာမလိုပဲ တစ်ခါတည်းနဲ့ သူလိုချင်တဲ့ ပုံစံ  ရသွားခဲ့သည်။

အနုပညာရှင်တွေဆိုတာ ကိုယ်သရုပ်ဆောင်ရမယ့်ဇာတ်ကောင်စရိုက်ကို အမြန်ဆုံးပူးကပ်ကာ သရုပ်ဆောင်နိုင်ရသလို သရုပ်ဆောင်ပြီးသွား လျှင်လည်း မူလ အခြေနေကို ပြန်ရောက်နိုင်စွမ်းရှိရမည်။

   ဇာတ်လမ်းထဲက ဇာတ်ကောင်ဆိုတာ စာရေးဆရာဖန်တီးထားသည့် စိတ်ကူးယဉ်ဇာတ်ကောင်သက်သက်သာဖြစ်ပြီး သရုပ်ဆောင်တာပြီးသွားချိန် ကိုယ့်ရဲ့ လက်တွေ့ဘဝကို ပြန်လည်ကျင်လည်ရမည်ဖြစ်သည်။

Tang Feng ဟာ  မတ်တပ်ထရပ်လိုက်ပြီး မျက်နှာပေါ် ဝဲကျနေတဲ့ ဆံပင်ရှည်တွေကို ဖယ်လိုက်သည်။ ထိုစဉ် ချောမောလှပပြီး နူးညံ့သိမ့်မွေ့တဲ့ ဇာတ်လိုက်မင်းသမီးတစ်ယောက်က သူရှိရာကို လျှောက်လာသည်။

" ကျွန်မ Tang Tian Tian ပါ။  င်နဲ့ ကျွန်မရဲ့ မျိုးရိုးနာမည်တွေက တိုက်ဆိုင်နေတယ် ။ ကြည့်ရတာ ရှင်နဲ့ ကျွန်မက အမျိုးတော်မယ် ထင်တယ်နော်"

ဇာတ်လိုက်မင်းသမီးက ချစ်စဖွယ် အမူအရာနဲ့ ရယ်မောလိုက်ပြီး သူမရဲ့ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ပေးရင်းပြောလိုက်သည်။

" ခုနက ရှင် သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ ။ ကျွန်မက ရှင့်သရုပ်ဆောင်ချက်ထဲ လုံးဝ မျောသွားတော့တာပဲ "

" Tang Ting Ting ဟုတ်လား ။ Tang ဆိုတာ ချိုမြိန်ခြင်းပဲ။   မင်းက နာမည်ထက် အများကြီး ပိုပြီး ချိုမြိန်တယ်။ မင်းရဲ့ စကားလေးတွေက ပျားရည်တွေလိုပဲ ကြားရသူကို အရမ်း စိတ်ချမ်းသာစေတာပဲ "

Tang Feng ဟာ အပြုံးမျက်နှာနဲ့  လက်ဆွဲနူတ်ဆက်လိုက်သည်။

" ငါတိုမျိုးနွယ်ချင်း  တူနေတယ်ဆိုတော့  ငါက မင်းရဲ့ သွေးဝေးတဲ့ အမျိုးတစ်ယောက်ဖြစ်နိုင်တယ်။   ညီမလေး..အကိုကြီးကို ဖက်ပြီး နူတ်ဆက်ပါဦး "

Tang Ting Ting ဟာ  အရှေ့ကို ထွက်လာပြီး Tang Feng ကို ဖက်ကာ နူတ်ဆက်လိုက်သည်။

=======================
 Chapter (44) _  Hello,President Lu  

Tang Feng ရဲ့ ပထမဆုံးနေ့  ရိုက်ကွင်းက အဆင်ပြေစွာပြီးသွားခဲ့သည်။  နောက်ပြီး Tang Tian Tian ဆိုသည့် ခေါင်းဆောင်မင်းသမီးနဲ့လည်း ရင်းနှီးခဲ့သည်။ သူမဟာ လှပပြီးတော့ ပွင့်လင်းသော မိန်းကလေးဖြစ်ကာ    နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သောကြောင့်  အတွေ့အကြုံလည်း  ရှိသည်။ Tang Feng လို ဉာဏ်နီဉာဏ်နက်များတဲ့လူအိုကြီးနဲ့ပင် အဆင်ပြေအောင် ပေါင်းတတ်သည်။ သူမရဲ့ ပါးစပ်ကနေ  " တျန်းကောကော... တျန်းကောကော " နှင့်ပြောနေသောကြောင့်    ရိုက်ကွင်းက ဝန်ထမ်းတွေက သူတို့နှစ်ယောက်ကို ဝိုင်းစလာကြတော့သည်။

ဒီနေ့နေ့လည်မှာ တခြားလုပ်စရာ  မရှိတာကြောင့် Tang Feng ဟာ  သရုပ်ဆောင်ဝတ်စုံနဲ့ပဲဘေးကနေ တခြားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မူကို  လေ့လာနေသည်။ တစ်ခါတလေ ဘေးနားမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ စကား  ပြောဆိုနေသည်။   ရိုးသားပြီး   ဆက်ဆံရလွယ်ကူတဲ့ ဘယ်လူမျိုးကိုမဆို လူတွေက ရင်းနှီးကျွမ်းဝင်ကြတယ် ဆိုပေမယ့်  တချို့သရုပ်ဆောင်တွေက Tang Feng ကို အဖက်မလုပ်ကြပေ။

အနက်ရောင် Aston Martin ဒီဇိုင်းခပ်မိုက်မိုက်နဲ့ ပြိုင်ကားတစ်စီး သည်  ရုပ်ရှင်ရိုက်ကွင်း ထဲကို တဖြည်းဖြည်း  ဝင်လာတာ မြင်လိုက်ရပေမယ့် Tang Feng   အာရုံမစိုက်လိုက်မိပေ။  နေပူဆာလုံကာ ဝန်ထမ်းတွေနဲ့ စကားလက်ဆုံကျနေတော့  ဝင်လာတဲ့ ကားကို မေ့သွားပေမယ့်ရှောင်ယုက   Tang Feng ကို ကားပိုင်ရှင်အကြောင်း သတင်းလာပေးခဲ့သည်။

" Tang Feng ခုနက ဝင်လာတဲ့ကားက  President Lu ရဲ့ကားပဲ ! "

ရှောင်ယုက ပြောရင်း  ဝန်ထမ်းတွေနဲ့  စကားပြောနေတဲ့ Tang Feng ကို  အတင်းဆွဲခေါ်သွားသည်။

" Lu Tian Chen ရဲ့ကားလား ? သူက ဒီကို ဘာလာ လုပ်တာလဲ ? "

" ဒီနေ့ ရှင့်ရဲ့ ပထမဆုံးရိုက်ကွင်းနေ့မဟုတ်လား။  အဲ့တော့ ဒီကို  ရှင် အဆင်ပြေမပြေ လာကြည့်တာနေမှာပေါ့   "

Tang Feng ပြုံးလိုက်မိသည်။ Lu အိမ်တော်ရဲ့  အရှင်သခင်က ဘယ်တုန်းက သူ့လက်အောက်ငယ်သားကို ခုလို  ဂရုစိုက် သွားခဲ့တာလဲ။  Tang Feng က ဒါကို လုံးဝမယုံကြည်ပေ ။ ဒါပေမယ့် သူဋ္ဌေးက  ရောက်လာပြီဆိုတော့ ဝန်ထမ်းအနေနဲ့  ဒီတိုင်းပဲ တိတ်ဆိတ် စွာ ကြိုက်လိုက်ရသည်။

ပြိုင်ကားက ကားပါကင်တွင် ရပ်လိုက်သည်။ Tang Feng ဟာ ရှောင်ယု ရဲ့ အနောက်ကနေ စိတ်မပါလက်မပါ လိုက်လာခဲ့သည်။ ကားတံခါးပွင့်သွားပြီး အထဲကနေ Lu Tian Chen ဆင်းလာသည်။ သူက ဇာတ်လမ်းတွဲထဲက ဇာတ်လိုက်မင်းသားတွေထက် ပို ချောမောခန့်ညားနေသည်။ သူ့ မျက်နှာအမူအရာကတော့ ခါတိုင်းလိုပဲ ခံစားချက်မရှိတဲ့ ရေခဲတုံးလို အေးစက်စက်နှင့်ပင်ရှိနေပြီး  သိမ်းငှက်လို စူးရှသည့် မျက်ဝန်းတွေက အေးစက်စက် ဖြင့်  Tang Feng  ရိုက်ကွင်းအတွက် ဝတ်ဆင်ထားရတဲ့ ဝတ်ရုံအပေါ် ကျရောက်နေသည်။

" President Lu... အလုပ် မအားလပ်ရတဲ့ကြားထဲက  တကူးတက ရောက်လာရလို့ အားနာပါတယ်  "

ရှောင်ယုက  Lu Tian Chenဘေးကိုအပြေးသွားကာ ပြောလိုက်သည်။
 ဒါပေမယ့် Lu Tian Chen ရဲ့ အကြည့်တွေက Tang Feng ဆီမှာပဲ ရှိနေသည်။

" မင်း ရိုက်နေတဲ့ အခန်း  မပြီးသေးဘူးလား ? "

" ကျွန်တော်...... "

Tang Feng ဆုံးအောင်တောင်မှ မပြောလိုက်ရခင် သူက  စကားဖြတ်ပြောလိုက်သည်။

" မိတ်ကပ်သွားဖျက်ပြီး ဝတ်စုံသွားလဲလိုက်။ မင်း ငါနဲ့  လိုက်ခဲ့ရမယ်   "

ဖာ့ခ်.......

စိတ်ထဲမှာ ပြစ်နှစ်စွာ ဆဲလိုက်ပေမယ့်   မျက်နှာထက်မှာ အပြုံးဖြင့် ကို  ရိုရိုသေသေ ခေါင်းငြိမ့်ပြလိုက်ရသည်။

" ဒါဆို President Lu ကို  ခဏစောင့်ခိုင်းရတော့မှာပဲ ။ ကျွန်တော် အဝတ်လဲပြီး ချက်ချင်း ပြန်လာခဲ့ပါမယ်  "

ရှောင်ယုက  Tang Feng ကို မိတ်ကပ်ခန်းဆီ အတင်းဆွဲခေါ်သွားသည်။ President Lu ကိုအကြာကြီး စောင့်ခိုင်းနေတာ မကောင်းလှပေ။

" ဟေး...ဖြည်းဖြည်းလုပ်ပါကွ "

မိတ်ကပ်ခန်းမှာ ထိုင်နေတဲ့ Tang Feng ဟာ  သူ့အဝတ်အစားတွေ အတင်းဆွဲချွတ်တာ ခံလိုက်ရသည်။ သူက သက်ပြင်း ချကာ  Lu Tian Chen ကို အကြာကြီး စောင့်နေရအောင် အချိန်ဆွဲနေဖို့ စကတည်းက သူ မစဉ်းစားထားပေ။  ဒါက လူကြီးတစ်ယောက်အတွက်   သိက္ခာရှိတဲ့ အလုပ်မဟုတ်လို့ သူ လုပ်မှာ မဟုတ်ပေ။

ဒါပေမယ့် ရှောင်ယုက အတင်းကို  Tang Feng ဝတ်အစားတွေ အကုန်ဆွဲချွတ်နေတော့သည်။

" President Lu...စောင့်နေတာ ကြာနေဦးမယ် "

ရှောင်ယုက တဖွဖွပြောနေသည်။

" ကြာလည်း စောင့်နေပါစေပေါ့ ။ ငါက သူ့ကို  လာခိုင်းတာမှ မဟုတ်ပဲ "

 တပ်ထားတဲ့ ဆံပင်တုကို အတင်းဖြုတ်လိုက်တော့   ဦးရေပြား တွေ နာကျင်သွားတော့သည်။   ခေါင်းကို လက်နှင့်  ပွတ်သပ်လိုက်ပြီး ထိုင်ခုံမှာ ထိုင်နေရက်ပဲ ခြေထောက်နှစ်ဖက်ကို မြှောက်ပေးလိုက်သည်။  ဒါမှရှောင်ယု သူ့ရဲ့ ဘောင်းဘီကို အလွယ်တကူချွတ်လို့ ရမည်ဖြစ်သည်။

" အာ... ကျွန်မကို ဘာလို့ ရှင့်ရဲ့ ဘောင်းဘီ လာချွတ်ခိုင်းနေရတာလဲ ! "

မျက်နှာတစ်ပြင်လုံး နီ သွားပြီး ရှောင်ယုက  အော်ဟစ်လိုက်သည်။ သူမက  မျက်နှာကို လက်နဲ့ ကာထားပေမယ့်  လက်ချောင်းကြားကနေ ချောင်းကြည့်နေသည်။

" ရှင့်  ပုံစံကလေ မဂ္ဂဇင်း  ကာဗာ   ရိုက်မယ်ဆို ရိုက်လို့တောင် ရနေပြီ သိလား "

"  ကျန်တာ ငါ ဆက်လုပ်ပေးလိုက်မယ် ။ "  

အခန်းတံခါးဝဆီကနေ အမျိုးသားတစ်ယောက်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာတော့ Tang Fengနှင့် ရှောင်ယု တို့  အနောက်ကို ပြိုင်တူ လှည့်ကြည့်လိုက်မိတော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော  Lu Tian Chen ကို အခန်းတံခါးဝနားမှာ မတ်တပ်ရပ်နေတာတွေ့လိုက်ရ သည်။
 
........................................................................

  Chapter (45) -  Hello, President Lu ( Part.2)


Tang Feng ဟာ Lu Tian Chen နဲ့ နှစ်ယောက်တည်း သီးသန့် ညစာစားခွင့် ရတာ   ပထမဆုံးဖြစ်သည်။ ရှောင်ယုက   ဘေးမှာ အတူရှိနေရမယ့် မန်နေဂျာ ဖြစ်ပေမယ့်  Lu Tian Chen ဟာ သူမကို အိမ်ပြန်ခိုင်းလိုက်သည်။ Lu Tian Chen ရဲ့ရှေ့မှာ ပျာယာခတ်ကာ ကျိုးကျိုးနွံနွံ နေခဲ့ပေမယ့်   ချောင်ထိုးခံလိုက်ရတဲ့ ရှောင်ယု အကြောင်း တွေးလိုက်မိတော့ Tang Feng အဲ့ဒီ ကောင်မလေးရဲ့ ခေါင်းကို ခေါက်လိုက်ချင်သည်။  

စားသောက်ဆိုင်ရဲ့ ဝင်ပေါက် နားမှာ ကားဟာ ရပ်တန့်သွားပြီး Lu Tian Chen ဟာ ကားသော့ကို တံခါးစောင့် လက်ထဲ လှမ်းပေးလိုက်သည်။ Tang Feng က Lu Tian Chen နောက်ကနေ လိုက်လာပြီး အထဲကို ရောက်တော့ စားပွဲထိုးခေါင်းဆောင်ဟာ သူတို့နှစ်ယောက်ကို ခရီးဦး ကြိုဆိုလိုက်သည်။ ဒါကိုကြည့်ပြီး Lu Tian Chen ဟာ  ပုံမှန် လာနေကျ ဖောက်သည် တစ်ယောက် ဖြစ်မည်ဆိုတာ သိလိုက်သည်။  Tang Feng ကို တွေ့လိုက်ရတဲ့ အချိန်  စားပွဲထိုးခေါင်းဆောင်ရဲ့  အံ့သြသွားတဲံ အမူအယာကြောင့်  Lu Tian Chen နဲ့  ခါတိုင်း ဒီဆိုင်ကို လာစားနေကျလူက  သူမဟုတ်လို့ အံ့သြသွားကြောင်း Tang Feng သိလိုက်သည်။

အဲ့ဒီလူက ဘယ်သူလဲ ? Ge Chen လား ?

" President Lu... ခါတိုင်း သုံးဆောင်နေကျ ဟင်းလျာတွေပဲ ပြင်ပေးရမလား ခင်ဗျာ ။ "

VIP အခန်းထဲမှာ စားပွဲထိုးခေါင်းဆောင်က ညင်သာစွာ မေးလိုက်ပြီး သူ့ရဲ့ အကြည့်တွေဟာ   Tang Feng ဆီကိုတချက် ရာက်လာသည်။
Lu Tian Chenငအဖြေပြန်ပေးဖို့  ပါးစပ်ဖွင့်လိုက်ပေမယ့် Tang Feng ကို ကြည့်လိုက်ပြီး မီနူးကဒ်ကို လှမ်းပေးလိုက်သည်။

" မင်း ဘာစားချင်လဲ ? ကြိုက်တာမှာလိုက် "

Tang Feng  လည်း စာအုပ်ကို လှန်ကြည့်ပြီးတော့ သူ့ အကြိုက်လည်းဖြစ် ဈေးအကြီးဆုံးလည်းဖြစ်သော ဟင်းကို ရွေးမှာလိုက်သည်။  သူ့အကြိုက်နဲ့ မတူလို့  စားမကောင်းရင်လည်း ပြသနာမရှိပေ။  ဈေးကြီးနေဖို့သာလိုသည်။ President Lu ကိုယ်တိုင် လိုက်လာပြီး ခုလို ညစာလိုက်ကျွေးတော့ ဖိတ်ကျွေးတဲ့သူ ကျေနပ်သွားအောင် သူ့ဘက်က ဒီလောက်တော့ လုပ်ပေးသင့်တယ်မဟုတ်လား။  

 " သူ မှာတဲ့ အတိုင်း  ချပေးလိုက်ပါ "

  ဈေးနူန်းကို Lu Tian Chen စောင်းငဲ့ တောင် မကြည့်ခဲ့ပေ။

စားပွဲထိုးခေါင်းဆောင်ဟာ အခန်းထဲကနေ လျင်မြန်စွာထွက်ခွာသွားပြီး အခန်းတံခါးကို  သေချာ ပိတ်သွားပေးခဲ့သည်။

ဒီတစ်ခါတော့ Tang Feng ပါးနပ်သွားပြီဖြစ်သည်။ Lu Tian Chen လို လူစားမျိူးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ကိုယ့်ဘက်ကနေစပြီး စကား မပြောသင့်ပေ။  စကားများများ ပြောမိလေ ၊ တစ်ဘက်က သူ့ရဲ့ အားနည်းချက်တွေကို ဖမ်းမိလေ ဖြစ်သွားနိုင်သည်။  ဒါကြာင့်မို့ Tang Feng ဟာ ခေါင်းကိုငုံ့ထားပြီး အအေးကိုပဲ သောက်နေသည်။ တကယ်လို့ တိတ်ဆိတ်နေတဲ့ အခြေအနေမျိုးကို ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲဆိုပြီး လာပြိုင်ရင်တော့ သူ  သေချာပေါက် ရူံးမှာ မဟုတ်ပေ။

တစ်ခါသေဖူးပြီးသား လူတစ်ယောက်ဟာ  ပိုပြီး ခေါင်းမာတက်ကြသည်။  အခု သူ ယူထားတဲ့ ဘဝအသစ်မှာ တခြားလူတွေရဲ့ ခံစားချက်တွေ ၊ ထင်မြင်ယူဆချက်တွေကို ဘာမှ ဂရုစိုက်နေဖို့ မလိုအပ်ပေ။

 မိနစ်တွေ ကုန်ဆုံးသွားပေမယ့် အခန်းထဲမှာ တိတ်ဆိတ် ငြိမ်သက်နေဆဲဖြစ်ပြီး စားပွဲထိုးခေါင်းဆောင် ပြန်ဝင်လာပြီး ဟင်းပွဲတွေ ချပေးတဲ့ အချိန်ထိ  နှစ်ယောက်သား  အအေးသောက်လိုက် ၊ မဂ္ဂဇင်းဖတ်လိုက် ၊ ဖုန်း ကြည့်လိုက်နဲ့ ၊ အသိးသီး အချိန်ဖြုန်း နေကြသည်။

မှာထားသမျှ ဟင်းပွဲတွေ အကုန်လုံး တည်ခင်းပြီး စားပွဲထိုးခေါင်းဆောင်ဟာ  ကိုယ်ကိုင်းညွှတ်ကာ အရိုအသေပေးပြီး  ထွက်ခွာသွားသည်။ ဒီတစ်ခါမှာတော့ အခန်းကို လော့ခ်ချသွားကေဒ ခဲ့သည်။ ပြန်မထွက်သွားခင် စားပွဲထိုးခေါင်းဆောင်ဟာ Tang Feng ကို မရိုးမသား အကြည့်နဲ့ ကြည့်သွားခဲ့သဖြင့် Tang Feng ထိုအကြည့်နဲ့  မျက်လုံးချင်းဆုံသွားချိန်မှာ   ရှော့ခ်ရသွားပြီး သောက်နေတဲ့ အအေးတောင် သီးတော့မလို ဖြစ်သွားသည်။

" ဖြည်းဖြည်း သောက်ပါ "

Lu Tian Chen ဟာ ခေါင်းကို မော့လိုက်ပြီး Tang Feng ဆီကို တစ်ရူးအချို့ လှမ်းပေးကာပြောလိုက်သည်။

" ကျေးဇူးပဲ  "

Tang Feng ဟာ တစ်ရူးကို လှမ်းယူ ကာ ၊ ခေါင်းကိုငုံ့ပြီး နူတ်ခမ်းထောင့် တစ်ဝိုက်မှာ ပေနေတဲ့ အအေးတွေကို သုတ်ပစ်လိုက်သည်။

  ရှက်စရာကောင်းလိုက်တာ....

" မင်းရဲ့ ပုံစံ ပြောင်းလဲသွားရုံမကဘူး ။ မင်းရဲ့ အပြုအမူတွေပါ ဘာကြောင့် ယဉ်ကျေးသွားရတာလဲ "

Lu Tian Chen ရဲ့ အမူအရာဟာ   အေးတိအေးစက်နှင့် ဓားနဲ့ ခက်ရင်းကို သုံးကာ သူ့ရဲ့ ပန်းကန်ထဲက အမဲသားလွှာကို လှီးဖြတ်ရင်း ပြောလိုက်သည်။
အခုအချိန်ထိ သူက Tang Feng ရဲ့ မျက်နှာကို တစ်ချက်မှ  မကြည့်သေးပေ။

" President Lu ရဲ့ ချီးကျုးစကားအတွက် ကျေးဇူးတင်ပါတယ် "

" အရင်တုန်းက မင်းငါနဲ့ ဆုံလိုက်တိုင်း စကားတွေ  အဆက်မပြတ် ပြောနေကြပါ  "

President ကြီးက အဲ့ဒီစကားကို ခပ်ပေါ့ပေါ့လေး ပြောလိုက်တယ်လို့ ထင်ရပေမယ့် ၊ ဒါ  တမင်တကာ ရည်ရွယ်ပြီး တိုက်စစ်ဆင်လိုက်တဲ့ မေးခွန်းတစ်ခုဖြစ်သည်။

" President Lu က အရင်က ကျွန်တော့် ပုံစံကို လွမ်းနေတာလား "

ဗိုက် ဆာလောင်နေပြီဖြစ်လို့ Tang Feng ဟာ တူကို ယူပြီး စတင် စားတော့သည်။ အနောက်နိုင်ငံမှာ တစ်ဘဝလုံး နေထိုင်ခဲ့ပေမယ့် တရုတ်ဟင်းလျာတွေကို သူ အကြိုက်နှစ်သက်ဆုံးဖြစ်ကာ  စီချွမ်ဟော့ပေါ့က အကြိုက်ဆုံး ဖြစ်ပြီး ဘယ်လောက်စားစား  မုန်းမသပေ။ ဆရာဝန်က ကျန်းမာရေး အတွက် အစပ်  ရှောင်ရမယ်လို့ မပြောမချင်း ဟော့ပေါ့ကို နေ့တိုင်း စားခဲ့သည်။

" မဟုတ်ဘူး ။ ငါ မင်းရဲ့ လက်ရှိ ပုံစံကို ပိုသဘောကျတယ်  "

" ခုလို သဘောကျပေးတဲ့အတွက် ကျေးဇူးပါပဲ"

Tang Feng က အလုပ်သဘောဆန်ဆန် ပြန်ပြောလိုက်သည်။ ဒီလေသံနဲ့   စကားလုံးတွေဟာ လှောင်ပြောင်သည့် အရိပ် အငွေ့ပင်ပါနေသေးသည်။

ပါးစပ်ထဲက အမဲသားတွေကို Lu Tian Chen မျိုချလိုက်ပြီး Tang Feng ရဲ့ ပန်းကန်ထဲက ပူစပ်စပ်နှင့် အရသာရှိပုံပေါ်တဲ့ ဟင်းပွဲတွေ မြင်လိုက်ရတော့ သူ့ရဲ့ မျက်ဝန်းတွေ ကျဉ်းမြောင်းသွားသည်။ ပြီးတော့ သူက   သူ့ပန်းကန်ထဲက ခပ်ချိုချို အရသာရှိတဲ့ ဟင်းတွေကို ဆက်စားနေလိုက်သည်။

" ငါ  ဒီနေ့ ရောက်လာတာက မင်းအတွက် သတင်းကောင်း ပြောပြချင်လို့ ပဲ "

" ဘာများလဲ ...ကျွန်တော့်လစာတိုးသွားတာလား ? "

Tang Feng ပြုံးပြီး မေးလိုက်သည်။

" အဲ့ဒီလိုမျိုးပဲ ဆိုပါတော့ ။ "

Lu Tian Chen ဟာ သူ့ရဲ့ အမဲသားလွှာကို စားနေရင်း ဖြေလိုက်တယ် ။ ဟင်းလျာရဲ့ အရသာအပေါ် စိတ်ကျေနပ်နေသောကြောင့် Tang Feng ရဲ့ မျက်ဝန်းတွေ တလက်လက်တောက်ပနေသည်။  

" ဒါရိုက်တာ လီဝေ့က  သူ့ရဲ့ ရုပ်ရှင်ကို မင်းနဲ့ ရိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ  "  

........................................................................

  Chapter (46) - Hello, President Lu ( Part.3)


" ဒါရိုက်တာလီဝေ့က အစကတည်းက သူ့ရဲ့ ရုပ်ရှင်မှာ ဘယ်သူကို ထည့်ပြီး သုံးမယ်ဆိုတာ ဆုံးဖြတ်ချက် ချထားပြီးသားပဲ။  သူရွေးထားတဲ့ လူနဲ့ ရိုက်ဖို့ အဆင်မပြေဖြစ်သွားလို့ ငါတို့က သူ့ကို Su Qi Cheng ရဲ့ ကုမ္ပဏီက Ge Chen ကို မိတ်ဆက်ပေးခဲ့တာဖြစ်တယ်။ Ge Chen ရဲ့ အရည်အချင်းက သရုပ်ဆောင်တစ်ယောက် အနေနဲ့ ကောင်းမွန်တယ် ဆိုပေမယ့် ဒါရိုက်တာကြီးက မင်းက Ge Chen ထက် ပိုပြီးတော့ ကင်မရာ အရှေ့မှာ အသက်ဝင်အောင် သရုပ်ဆောင်နိုင်တယ်လို့ ယူဆခဲ့တယ် "

Lu Tian Chen ဟာ အဲ့ဒီ စကားလုံးတွေကို ပြောဆိုရင်း Tang Feng ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

လူရွေးပွဲ လုပ်တဲ့ အချိန်တုန်းက Lu Tian Chen က သူနဲ့ Geno အနမ်းပေးကြတဲ့ သရုပ်ဆောင်ခန်းကို ဘေးကနေ တဝကြီး ရပ်ကြည့်နေခဲ့သည်ကို အမှတ်ရလိုက်သည်။

" President Lu  ပြောစရာရှိတာ လိုရင်းကို တည့်တည့်ပြောလိုက်ပါ ။ ကျွန်တော့်ကို ရွေးလိုက်တာလား ။ ငြင်းလိုက်တာလား ? "

လိုရင်းကို မရောက်တဲ့ စကားကိုပြောနေသဖြင့်  Lu Tian Chen သူ့ကို တမင်လာကလိနေတာ သေချာသည်။  

"  စိတ်မရှည်တော့ဘူးလား ? "

နူတ်ခမ်းထောင့်ကို ကော့ညွတ်စွာပြုံးလိုက်ပြီး   Lu Tian Chen မေးလိုက်သည်။

"   Ge Chen နဲ့ မင်းတိူှု နှစ်ယောက်ထဲမှာ ဒါရိုက်တာကြီးက မင်းကို ရွေးချယ်ဖို့ အခွင့်အရေး ပိုများတယ် ။ ဒါရိုက်တာလီဝေ့ရဲ့ ရုပ်ရှင်မှာ   Tain Chen Entertainment နဲ့ Su Shi Entertainment အတူပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်ကြတယ် ဆိုပေမယ့် ငါတို့ တာဝန်ယူထားကြတာက marketing အပိုင်းပဲ။ အဓိက ရင်းနှီးမြုတ်နှံတဲ့ သူက Charles ပဲ "

အဲ့တော့ ဘာဖြစ်လဲ။ ဒါတွေ အားလုံး သူသိပြီးသား တွေပဲ။ Lu Tian Chen အခုထိ လိုရင်းကို မရောက်နိုင်သေးပေ။

" မင်းနဲ့ Charles ကြားက ကတိကြောင့် Ge Chen ဟာ ဒါရိုက်တာကြီးရဲ့ လူရွေးပွဲမှာ  ပါခွင့်ရခဲ့တယ် ။ ဒါပေမယ့်   Charles  က မင်းကို အချစ်စိတ်တွေ မွှန်သွားခဲ့တော့ အခြေအနေက တမျိုးဖြစ်သွားတယ်။ ရင်းနှီးမြုတ်နှံသူ တစ်ယောက်အနေနဲ့ သူ့ဘက်က မင်းကို အဓိက ခေါင်းဆောင်နေရာကနေ တင်ရိုက်မယ်ဆိုရင် အရင်က သဘောတူထားတာထက် ပိုပြီး ရင်းနှီးမြုတ်နှံမယ်ဆိုတဲ့ အပေးအယူကို လုပ်ခဲ့တယ် "

အစပိုင်းကတော့ Lu Tian Chen ပြောတာက ပုံမှန်  ပြောတာမျိုးလို့ ထင်နေပေမယ့်  ပြန်ပြီး သုံးသပ်ကြည့်လိုက်တော့ တစ်ခုခုကို  အရိပ်အမြွက် ပြောချင်နေသလိုဖြစ်သည်။

  Charles တစ်ယောက် သူ့အပေါ် မွှန်ထူနေတဲ့ ကိစ္စကို အဓိက ပြောချင်နေတာ သူ သိလိုက်သည်။

" အခုလို ဖြစ်လာတာက President Lu ဘက်က အခွင့်အရေး ပေးခဲ့တဲ့ ကျေးဇူးတွေကြောင့်ပါ "  

Lu Tian Chen ဘက်က သူ့ကို ပြန်လည် ချေပပြောဆိုဖို့ အခွင့်အရေး ပေးသင့်သည်။ ပြီးတော့   ငြိမ်ငြိမ်လေး ထိုင်နေပြီး တစ်ဖက်လူ လှောင်ပြောင်သမျှကို ငြိမ်ခံတယ်ဆိုတာ Tang Feng ရဲ့အကျင့်စရိုက် မဟုတ်ပေ။

" မင်းကိုယ်တိုင် ကြိုးစားပြီး ရလာတဲ့ရလဒ်ပဲ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး   "

Lu Tian Chen က  ရှင်းရှင်းပဲ ပြောလိုက်သည်။

အဲ့ဒီ လူက  ဒီစကားကို မျက်တောင်  မခတ်ပဲ ပြောသွားခဲ့သည်။ Tang Fengက  သူနဲ့ လက်ရည်တူသည့် နူတ်စ ကောင်းသည့်ပြိုင်ဖက်ကို    တွေ့ပြီလို့ ခံစားလိုက်ရသည်။

" ဒါရိုက်တာလီဝေ့ဆိုတာ ရင်းနှီးမြုတ်နှံသူတွေရဲ့ စကားကို နားထောင် ဖို့ အမိန့်ပေးလို့ရတဲ့ လူမျိုး မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အခုချိန်ထိ မသေချာသေးဘူး။ မင်းနဲ့ Ge Chen အပြင် နောက်ထပ် ကိုရီးယား နဲ့ ဂျပန်က သရုပ်ဆောင်တွေကိုလည်း  ရှာနေသေးတယ်။ ဒါပေမယ့်လည်း မင်းတို့နှစ်ယောက် ကြားမှာ  မင်းက ခေါင်းဆောင်မင်းသားဖြစ်ဖို့ အခြေအနေပိုများနေတယ် ။  ဒီအတွက်ကြောင့် အခုချိန်က စပြီး မင်းအပေါ် ငါ အရင်ကထက်ပိုပြီး ရင်းနှီးဖို့ ဆုံးဖြတ်လိုက်ပြီ ။ "

ကျွန်တော်က အစကတည်းက ခင်ဗျားရဲ့ အလုပ်သမားပဲ။ ခင်ဗျား ချမ်းသာဖို့ ကျွန်တော်ပဲ ငွေရှာပေးနေတာ။ အစကတည်းက ပြိုင်ဘက် ကုမ္ပဏီက လူကို သွားပြီး မြေတောင်မြှောက်နေမယ့်အစား ကျွန်တော့်အပေါ်  ပိုဂရုစိုက်သင့်တယ် မဟုတ်လား။

အဲ့ဒါအတွက်ကြောင့်  Lu Tian Chen  သူ့အပေါ် သဘောထား ပြောင်းလဲသွားခြင်း အပေါ်  Tang Feng ကျေးဇူးမတင်မိတဲ့ပေ။ Tian Chen ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကြောင့် ခြေချုပ်မိ မနေခဲ့ဘူးဆိုရင် သူ ချက်ချင်းထွက်သွားပြီး အခြား  အေဂျင်စီ နဲ့ တွဲလုပ်နေလောက်ပြီ။ ဘယ်နေရာကို ရောက်ရောက်  အောင်မြင်လာအောင် သူ့ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသနိုင်ပေလိမ့်မည်။

ဒီကမ္ဘာကြီးမှာ သရုပ်ဆောင်ကောင်းတွေက   အများအပြားရှိပေမယ့်  အားလုံးကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ လူမျိုးက အနည်းငယ်ပဲ ရှိသည်။

" မင်းရဲ့ တုံ့ပြန်မူက အရမ်းကို ယဉ်ကျေးနေပါလား "

" President Lu... ကျွန်တော့်ကြောင့် ခင်ဗျား စိတ်မပျက်စေရပါဘူး "

ကျွန်တော့်ကိုယ် ကျွန်တော်လည်း စိတ်ပျက်အောင်  လုံးဝ မလုပ်ဘူး။  

Lu Tian Chenက  ခပ်ဖွဖွလေး ပြုံးလိုက်သည်။

" အရင်ရက်တွေက Charles မင်းကို တချို့ နေရာ  ခေါ်သွားပြီး လူတစ်ချို့နဲ့  တွေ့ခဲ့ရတယ်မလား ? အဲ့ဒါတွေ စိတ်ပူမနေနဲ့ ။ ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာပဲ အာရုံ အပြည့်ထား။ ငါ အားလုံး ကို ရှင်းပေးထားမယ် ။ "

"   ကျေးဇူးပါပဲ"

 ဒီ စကားတွေ ကြားလိုက်ရတော့ Tang Feng ရဲ့စိတ်ထဲ Lu Tian Chen က အေးစက်စက်ဖြစ်နေရာမှ   အလင်းရောင်အောက် ရောက်လာသလို နွေးထွေးစပြုလာသည်ဟု ခံစားရမိသည်။Tang Fengက  Albert နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေအပေါ် စိတ်လက်မသက်မသာ ဖြစ်နေခဲ့ရပေမယ့် အခုလို အာရုံစိုက်နေစရာ မလိုတော့ဘူးဆိုတာ သိလိုက်ရတော့ စိတ်နည်းနည်း အေးချမ်းသွားသည်။ သူက အလုပ်ကိုပဲ အပြည့်အဝ   ကြိုးစားပြီး ဘဝကို အေးအေးချမ်းချမ်း ဆက်လက် အသက်ရှင် နေထိုင်ချင်ရုံဖြစ်ပြိး ဒုစရိုက်အဖွဲ့အစည်းတွေနဲ့  မပတ်သက်  ချင်ပေ။

" Charles အရှေ့မှာလည်း မင်း အခုလို ယဉ်ယဉ်ကျေးကျေး နေတတ် တာပဲလား "  

Lu Tian Chen ဟာ Tang Feng ကို  ကြည့်ပြီး မေးလိုက်သည်။

" ဘယ်ဟုတ်မလဲ ။ ခင်ဗျားက ကျွန်တော့်ရဲ့ အလုပ်ရှင်လေ။  "

Charles လိုလူရဲ့ ရှေ့မှာ သိမ်သိမ်မွေ့မွေ နေလိုက်မိလို့ကတော့ တစ်ခါတည်း အစားခံရလိုက်ရမှာသေချာသည်။ ဒါကြောင့်   ယဉ်ကျေးတဲ့  အမူအရာမျိုး သူ့ရဲ့ ရှေ့မှာ မပြရပေ။ ေ သူ့ကို ခပ်ဝေးဝေး ထားကာ မဆက်ဆံလျှင် ကိုယ့်ကိုရောင်းစားသွားလိမ့်မည်။

Lu Tian Chen ပြုံးနေပြီး ဘာမှ ဆက်မပြောတော့ပေ။  စားသောက် ပြီးစီးသွားတော့Tang Feng ကို Charles ရဲ့ စံအိမ်ဆီ ပြန်လိုက်ပို့ပေးခဲ့သည်။

" မဂ္ဂဇင်းကာဗာတချို့ မင်းနဲ့ရိုက်ဖို့ ငါစီစဉ်ထားတယ် ။ ပြီးတော့ နောက်နှစ်ပတ်ကြာရင် ငါကိုယ်တိုင် လာပြီး မင်းကို ပြန်ခေါ်သွားမယ် "  

Tang Feng ကို  ပြောခဲ့ပြီးတော့ Lu Tian Chen ပြန်လည် ထွက်ခွာသွားခဲ့သည်။

Tang Feng ရဲ့ ရင်ထဲ အခုမှ စိတ် သက်သာသွားတော့သည်။ နောက်ဆုံးတော့ Lu Tian Chen ဟာ သူ့ကို အမိူက်လို့ မမြင်တော့ပဲ  ဝန်ထမ်းတစ်ယောက်အဖြစ် သတ်မှတ်လာလေပြီ

........................................................................















(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်   (MM)حيث تعيش القصص. اكتشف الآن