အပိုင်း - ၃

4.5K 259 3
                                    

အသံလာရာဆီသူတို့အားလုံးကြည့်လိုက်မိကြတဲ့အခါလူရည်ခပ်သန့်သန့်ကောင်လေးတစ်ယောက်က Table ဝိုင်းတစ်ခုရဲ့ဘေးမှာခါးထောက်ပြီးမတ်တပ်ရပ်နေတာကိုတွေ့လိုက်ရသည်။ကောင်လေးရဲ့ပုံစံကတစ်ခုခုကိုအလိုမကျဖြစ်နေဟန်...။ထိုကောင်လေးရဲ့အနားမှာတော့ဝန်ထမ်းကောင်မ​လေးတစ်ယောက်ကမျက်နှာမသာမယာနဲ့မတ်တပ်ရပ်လို့နေလေသည်။ဒီအဖြစ်အပျက်ကိုသူတို့နည်းတူအ​ခြား Table ဝိုင်းက Customer တွေသည်လည်းစိတ်ဝင်တစားကြည့်နေကြ၏။

ရုတ်တရက်ဆန်ဆန်ဖြစ်ပျက်သွားတဲ့အခြေအနေကြောင့်ပြုံးဝေကကောင်လေးရဲ့အနားကိုချက်ခြင်းလျှောက်သွားလိုက်သည်။အနားရောက်တဲ့အခါမျက်နှာကိုအချိုသာဆုံးပြုံးလိုက်ပြီးလက်နှစ်ဖက်ကိုယှက်ကာ...

" မင်္ဂလာပါခင်ဗျာ...ကျွန်တော်ကဒီ Cafe ဆိုင်ရဲ့မန်နေဂျာပါ...ဒီကလူကြီးမင်းဘာများအဆင်မပြေဖြစ်လို့ပါသလဲခင်ဗျာ..."

" မင်းကဒီဆိုင်ရဲ့မန်နေဂျာလား...ဒီမှာတွေ့လား...ငါမှာတဲ့ pizza ထဲမှာဆံပင်မွှေးပါလာတယ်..."

" ဒါပေမယ့်...ဒီကိစ္စကိုမင်းနဲ့မဖြေရှင်းချင်ဘူး...မင်းအထက်ကမန်နေဂျာယောဆိုတဲ့တစ်ယောက်နဲ့ပဲငါဖြေရှင်းချင်တယ်...သူ့ကိုခုချက်ခြင်းခေါ်ပေး..."

ကောင်လေးရဲ့အသံကဒေါသကြောင့်လိုတာထက်ကိုပိုကျယ်လို့နေသည်။အားလုံးကဒီအဖြစ်ပျက်ကိုစိတ်ဝင်တစားကြည့်ရှုနေကြတာမို့ Cafe ဆိုင်လေးကပုံမှန်ထက်ကိုပိုပြီးတိတ်ဆိတ်လွန်းနေ၏။ထို့ကြောင့်ကောင်လေးရဲ့အသံကတစ်ဆိုင်လုံးကိုစိုးမိုးထားလေတော့သည်။

" ဒီကိစ္စကိုကျွန်တော်ဖြေရှင်းပေးပါ့မယ်ခင်ဗျာ... ပြီးတော့...ကိုယောကဒီနေ့အလုပ်မလာဘူးခင်ဗျ..."

" အဲ့ဒါတွေငါစိတ်မဝင်စားဘူး...ငါလိုချင်တာဒီကိစ္စကိုသူကိုယ်တိုင်လာဖြေရှင်းစေချင်တာ..."

ကျစ်...ဒုက္ခပဲ...။

တကယ်ဆိုသူလည်းမန်နေဂျာတစ်ယောက်သာပင်...။ဒီကိစ္စလောက်ကိုသူအနေနဲ့ဖြေရှင်းပေးနိုင်ပါသည်။ကိုယောကိုခေါ်ဖို့လောက်ထိတော့ပြသနာကကြီးမနေပေ...။ဒီ Customer ကိုကတမင်သက်သက်ရစ်နေတာဖြစ်၏။ဘေးဘီကိုကြည့်လိုက်တော့တစ်ဆိုင်လုံးမှာရှိတဲ့ Customer အားလုံးရဲ့အကြည့်တွေကသူတို့နှစ်ယောက်အပေါ်မှာသာစုပြုံရောက်ရှိလို့နေကြသည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Nơi câu chuyện tồn tại. Hãy khám phá bây giờ