အပိုင်း - ၂၉

2.2K 141 2
                                    

" ဖြည်းဖြည်းဆွဲပါ နောင်လေးရာ...ဘယ်အထိသွားမလို့တုန်း...ဟိုမှာလူကြီးတွေရှိသေးတယ်လေ..."

" လာပါ ကိုကိုရာ...ဧည့်သည်တွေကသိပ်မရှိတော့ပါဘူး..."

ပြန်ကြတော့မယ့်ဧည့်သည်တွေကိုခြံဝထိလိုက်ပို့ပေးရင်းနှုတ်ဆက်စကားပြောနေတုန်း​အနားကိုရောက်လာတဲ့နောင်လေးကသူ့ရဲ့လက်တစ်ဖက်ကိုခပ်တည်တည်နဲ့ဆုပ်ကိုင်လိုက်၏။ပြီးနောက်စကားတစ်ခွန်းမျှမဆိုပဲထိုလူတွေနဲ့ဝေးရာကိုဆွဲခေါ်လေတော့သည်။ရုတ်တရက်ဆန်လွန်းတဲ့အ​ခြေအနေမို့သူ့မှာနောင်လေးဆွဲခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါလာရ၏။ဆွဲခေါ်လာတာကအိမ်နဲ့အနည်းငယ်အလှမ်းဝေးတဲ့သရက်ပင်အောက်ကိုဖြစ်သည်။

" ဘာပြောစရာရှိလို့လဲနောင်လေးရဲ့...ပြောစရာရှိရင်နောက်မှအေးဆေးပြောမယ်လေ..."

အိမ်ဘက်ကိုစောင်းငဲ့ကြည့်ရင်းသူဆိုလိုက်၏။အချိန်ကမနည်းတော့ပြီမို့တရားနာလာကြတဲ့ဧည့်သည်တွေအားလုံးကတဖွဲဖွဲနဲ့ပြန်ကုန်ကြလေပြီ...။ထိုအထဲမှာရပ်ရွာရဲ့လူကြီးပိုင်းတွေအပြင်အဖေ့ရဲ့မိတ်ဆွေအများစုလည်းပါတာမို့သူ့အနေနဲ့အားလုံးကိုလိုက်လံနှုတ်ဆက်နေရခြင်းဖြစ်သည်။အခုလိုရုတ်တရက်ကြီးသူပျောက်တာကိုသာသတိထားမိသွားကြရင်အားနာစရာတွေဖြစ်ကုန်လိမ့်မည်။

" ဟင့်အင်း...ပြောစရာရှိလို့မဟုတ်ဘူး..."

ကြားလိုက်ရတဲ့စကားတစ်ခွန်းကအနည်းငယ်တော့ပေါ့တိပေါ့ပျက်နိုင်လွန်းလှ၏။ထို့ကြောင့်သူ့ရဲ့အကြည့်တွေကိုလူဆိုးလေးပေါ်ခြေချလိုက်မိသည်။တကယ်ဆိုဒီလိုအချိန်မျိုးမှာ'နှစ်ယောက်သားအေးအေးဆေးဆေးတွေ့ဖို့မသင့်တော်သေးဘူး'ဆိုတာဒီကောင်းလေးသိတန်ကောင်းပါရဲ့...။

စကားလုံးတွေကပေါ့ပျက်ပျက်နိုင်လွန်းလှပေမယ့်သူ့စိတ်ထဲမှာစိုစိမျှငြိုငြင်မှုမရှိတာဘာကြောင့်များလဲ...။

ဒီလူဆိုးလေးဖြစ်နေလို့ပဲထင်ပါရဲ့...။

ထိုအခါလူဆိုးလေးကသတိလက်လွတ်ငေးမောကာကြည့်နေမိတဲ့သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြရင်းခပ်လွင်လွင်လေးပြုံးပြလေသည်။ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့အရာလေးတစ်ခုကသူ့ရဲ့ရင်ကိုအေးငြိမ်အောင်လုပ်ဆောင်နိုင်စွမ်းရှိ၏။ပြီးတော့ချစ်ရသူရဲ့အပြုံးချိုချိုလေးတစ်ပွင့်ကအရင်လိုစိမ်းလန်းလို့နေဆဲပင်...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Onde histórias criam vida. Descubra agora