အပိုင်း - ၃၆

1.7K 116 3
                                    

တစ်ဖက်လူရဲ့စကားကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဝင်လေ၊ထွက်လေတွေကတဒင်္ဂမျှရပ်တန့်သွားကြကုန်၏။ထိုတစ်ခဏအရှိန်မပြယ်သေးတဲ့စိုးရိမ်ပူလောင်ခြင်းတို့ကသူ့တစ်ကိုယ်လုံးကိုအထိန်းအချုပ်မဲ့ဝါးမြိုတော့သည်။ကြားလိုက်ရတဲ့စကား၊ရုတ်တရက်ဆောင့်တက်လာတဲ့ခံစားမှုတွေကြောင့်မြင်မြင်သမျှအရာအားလုံးကဝေဝါးပြီးသူ့တစ်ကိုယ်လုံးလေဟာနယ်ထဲမှာ​မျောလွင့်နေရသလိုပင်...။

ဒါ့အပြင်...။

ခန္ဓာကိုယ်ထဲမှာလှည့်ပတ်စီးဆင်းနေတဲ့သွေးတွေအားလုံးကလည်းတစ်ပြိုင်နက်တည်းမှာပဲအပေါ်၊အောက်ပြောင်းပြန်စီးသွားသလိုသူခံစားလိုက်ရသည်။ယုံကြည်ဖို့ခက်ခဲနေတဲ့စကားလုံးတွေကြောင့်အချိန်တစ်ခုကြာတဲ့အထိလူကကြက်သေသေနေမိ၏။

" Hello...Hello..."

အတန်ကြာငြိမ်သက်လို့နေတဲ့ Connection ကိုတစ်ဖက်လူမှပြန်လည်ပြီးအစပျိုးလိုက်ပေမယ့်သူ့ရဲ့နားထဲမှာတော့ထိုအသံကနီးကပ်လာလိုက်၊ဝေးသွားလိုက်ပင်...။တုံ့ပြန်ရမယ်ဆိုတာသူသိသည်။သို့သော်နားထဲမှာတဝဲလည်လည်ကြားယောင်နေတဲ့စကားလုံးတွေကြောင့်လူကရှင်လျှက်နဲ့သေဆုံးနေသလိုတောင့်တောင့်ကြီးဖြစ်နေ၏။

'နောင်လေးကားတိုက်ခံရတယ်'တဲ့လား...။

ဟင့်အင်း...။

မဟုတ်ဘူးမလား...။

ဒါအမှန်မဟုတ်ဘူးမလား...။

ကျေးဇူးပြုပြီး'သူအိမ်မက်မက်နေတာ'လို့တစ်ယောက်ယောက်ကပြောပေးကြပါ...။

ယောက်ယက်ခတ်နေတဲ့အတွေးတွေရဲ့အလယ်မှာသူ့ရင်တစ်ခုလုံးဝုန်းဒိုင်းကြဲနေခဲ့သလိုဘယ်အချိန်ကတည်းကခိုတွဲနေမှန်းမသိတဲ့မျက်ရည်ဥများကလည်းပါးပြင်ပေါ်ကိုပြိုဆင်းလာကြ၏။တင်းကြပ်လွန်းတဲ့စိတ်တွေကြောင့်မျက်ရည်ကျနေပေမယ့်ရှိုက်သံကတော့ကင်းမဲ့နေသည်။

သူ့အနေနဲ့အရူးတစ်ယောက်လိုအော်ဟစ်ငိုကြွေးလိုက်ချင်သည်။သို့သော်ထုံနေပြီဖြစ်တဲ့နာကျင်ခြင်းတွေကြောင့်ဘယ်အရာကိုမှနင့်နင့်သည်းသည်းသူခံစားလို့မရပေ...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Where stories live. Discover now