အပိုင်း - ၃၇

1.8K 109 3
                                    

" နောင်လေး...ဒီကိုလာ..."

" အိုခေ..."

သဘာဝရှုခင်းတွေကိုအမှတ်တရမှတ်တမ်းတင်နေတဲ့သူ့ကို,ကိုကိုကဓာတ်ပုံရိုက်ဖို့ခေါ်နေခြင်းပင်...။ဓာတ်ပုံရိုက်ရတာဝါသနာမပါတဲ့ကိုကိုကဒီတစ်ခါတော့ဘာစိတ်ကူးပေါက်သွားလည်းမသိပေ...။သူ့ကိုဓာတ်ပုံရိုက်ခိုင်းနေ၏။ထိုကြောင့်သူလည်းကိုကို့အလိုကျဓာတ်​ဖမ်းပေးဖို့အတွက်ကိုကိုရပ်နေတဲ့နေကြာပန်းခင်းကြီးထဲကိုလျှောက်သွားလိုက်၏။လိမ္မော်ရောင် Hoodie လေးနဲ့တစ်မျိုးလေးအသွင်ဆန်းနေတဲ့ကိုကိုကသူ့မျက်လုံးထဲမှာတော့ရွှေဝါရောင်နေကြာပန်းတွေထက်ပင်ပိုပြီးချစ်ဖို့ကောင်းနေ၏။

" ဟုတ်ပြီ...အဲ့အတိုင်းလေးပဲနေ..."

" ချပ်..."

" အိုခေ..."

နေကြာပန်းခင်းကြီးရဲ့အလယ်မှာလက်ကလေးနှစ်ဖက်ကိုဆန့်တန်းပြီးသူ့ကိုလှမ်းကာပြုံးပြနေတဲ့ကိုကို့ရဲ့သဘာဝကျကျ Snap ပုံလေးကိုအမိအရသူရိုက်ယူလိုက်၏။ပုစွန်ဆီရောင်သမ်းနေတဲ့နေဝင်ဆည်းဆာကိုအဓိကနောက်ခံထားပြီးရိုက်ယူလိုက်တာမို့ကိုကို့ရဲ့ပုံလေးက Camera ထဲမှာအရမ်းကိုအသက်ဝင်လွန်းလှသည်။

" ဘယ်လိုလဲ ကိုကို...အိုခေလား..."

" Wow...မိုက်တယ်..."

Camera ထဲကသူ့ပုံကိုသူပြန်ကြည့်ပြီးကိုကိုကသဘောကျလို့မဆုံးတော့ပေ...။ထိုအခါသူလည်းကိုကို့ကိုနောက်ထပ် Pose အမျိုးမျိုးပေးခိုင်းပြီး Memory တွေကိုမနားတမ်းသိမ်းဆည်းလိုက်၏။ကြာတော့ကိုကိုတစ်ယောက်မဟန်တော့ပေ...။

" နောင်လေး...တော်ပြီလေ..."

" အိုခေ ကိုကို...ဒီတစ်ပုံနောက်ဆုံးပဲ..."

သဘာဝကျလွန်းတဲ့အပြုံးချိုချိုနဲ့ဒီလူသားလေးကိုတစ်နေကုန်၊တစ်နေခမ်းဓာတ်ပုံရိုက်ပေးနေရလည်းသူမောမိမှာမဟုတ်ပေ...။သူကိုယ်တိုင်ကိုကဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့အပြင်သူချစ်ရတဲ့ရွှေရင်အေးလေးရဲ့အပြုံးတွေကိုပါသိမ်းဆည်းခွင့်ရတဲ့အတွက်သူ့အနေနဲ့အတိုင်းထက်အလွန်ဖြစ်လို့နေသည်။

နောက်ထပ်ပုံစံသုံး၊လေးမျိုးလောက် Pose ပေးပြီးတဲ့အခါကိုကိုကနေကြာပန်းခင်းကြီးထဲကနေပြေးထွက်ကာခပ်လှမ်းလှမ်းမှာရှိတဲ့တောင်ကုန်းလေးပေါ်မှာခြေပစ်၊လက်ပစ်ထိုင်ချလိုက်၏။ပြီးနောက်ခေါင်းမှာဆောင်းထားတဲ့အဖြူရောင်ဦးထုပ်အဝိုင်းလေးကိုဆွဲချွတ်ကာယက်ခပ်လို့နေသည်။ယပ်ခပ်နေရင်းနဲ့ဖြူနုနုပါးနှစ်ဖက်ကိုလည်းဖောင်းလိုက်ပိန်လိုက်လုပ်ကာလေပူတွေကိုလျှော့ချနေပြန်သည်။ကိုကို့ရဲ့ပုံစံလေးကိုကြည့်ပြီးသူသဘောကျနေမိသည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Hikayelerin yaşadığı yer. Şimdi keşfedin