အပိုင်း - ၇

3.7K 235 5
                                    

" နောင်မျိုးနွယ်..."

ရင်းရင်းနှီးနှီးကြားဖူးတဲ့အသံချိုချိုလေးကြောင့်အနောက်ဘက်ကိုသူလှည့်ကြည့်လိုက်မိသည်။ထို့အတူအနားမှာထိုင်နေကြတဲ့မြတ်ခေါင်တို့၊ရှိန်းမင်းတို့သုံးယောက်ရဲ့အကြည့်တွေကလည်းအသံပိုင်ရှင်ဆီသို့သာ...။

ဘဲကြီး...။

ဒီဆိုင်ရဲ့ Uniform ​ဖြစ်တဲ့အဖြူရောင် Shirt လက်ရှည်ကိုအနက်ရောင် Style ဘောင်းဘီနဲ့လိုက်ဖက်ညီစွာ Smart ကျကျဝတ်ဆင်ထားတဲ့ဘဲကြီးကမိန်းမထုကြီးတွေလည်ပြန်ငေးရလောက်အောင်ရှင်းသန့်ချောမောလွန်းနေသည်။ဒါ့အပြင်နားရွက်ပေါ်အောင်ညှပ်ထားတဲ့မတိုမရှည်ဆံစလေးများကလည်းမဟာဆန်ဆန်နဖူးထက်မှာဟိုတစ်စ၊ဒီတစ်စကြဲပြန့်လို့နေ၏။ပြုံးလိုက်တိုင်းပေါ်လာတဲ့ပုလဲလုံးပမာအဖြူရောင်သွားတန်းလေးနဲ့မှေးကျသွားတဲ့ခပ်ကျဥ်းကျဥ်းမျက်ဝန်းအိမ်လေးနှစ်ဖက်ကတော့ထိုလူ့ရဲ့ရင်နှီးဖော်ရွေမှုနဲ့ဖြူစင်ရိုးသားမှုတို့ကိုဆောင်ကြဥ်းပေးနေသယောင်ယောင်...။

နာမည်ခေါ်ပြီးခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်နေတဲ့ဘဲကြီးကသူတို့လှည့်ကြည့်တာကိုမြင်တဲ့အခါအနားကိုတစ်လှမ်းချင်းလျှောက်လာလေသည်။အရမ်းကိုပြီးပြည့်စုံလွန်းတဲ့ဒီဘဲကြီးကသူ့တို့ဆီကိုလှမ်းလာတဲ့ခြေလှမ်းတွေကအစ Smart ကျလွန်း၏။

" မင်းလားဆိုပြီးအစ်ကိုဟိုဘက်နားကကြည့်နေတာ...ဒဏ်ရာသက်သာရဲ့လားကောင်လေး...အစ်ကိုမနက်ကဆေးခန်းမပြပေးလိုက်ရဘူး.. အားနာစရာကောင်းလိုက်တာ..."

သူ့ကိုစိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်ကာစကားကိုတရစပ်ပြောနေတဲ့ဒီလူကပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်တတ်သလိုပင်...။သူ့ကိုတည့်တည့်ကြည့်ပြီးခရားရေလွှတ်ပြောချသွားတာပဲကြည့်...။မြတ်ခေါင်တို့သုံးယောက်ကတော့သူတို့နှစ်ယောက်ရဲ့အခြေအနေကိုငြိမ်သက်စွာအကဲခတ်လို့နေကြသည်။

" ရတယ်...ဘာမှမဖြစ်ဘူး...ကျွန်တော်ဆေးသောက်ထားတယ်..."

ဖြစ်လည်းဒီလူကြီးကိုသူမပြောဖို့ဆုံးဖြတ်ထား၏။တစ်ထောင့်တစ်ညပုံပြင်တွေလိုရှည်လျားထွေပြားမယ့်အရေးကိစ္စမျိုးတွေကိုသူ Crazy မဖြစ်ပေ...။အထူးသဖြင့်ဒီလိုဘာမဟုတ်တဲ့ဒဏ်ရာလေးတစ်ခုအတွက်နဲ့ပေါ့...။ဒီလူကြီးရဲ့အမြင်မှာဒဏ်ရာကသူ့ကြောင့်ရတယ်လို့ထင်နေပေမယ့်တကယ်တမ်းတော့သူကိုယ်တိုင်ကလူပီသချင်တဲ့စိတ်တွေများသွားလို့ရခဲ့ခြင်းသာ...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }حيث تعيش القصص. اكتشف الآن