" ကျွန်တော် Part - time job တစ်ခုလောက်လုပ်မလားလို့...ကိုကို့ကိုတိုင်ပင်..."
" ဟာ...မလုပ်ရပါဘူး..."
ကျစ်...။
ထင်တဲ့အတိုင်းပဲ...။
စကားကပြောလို့တောင်မဆုံးသေးပေ...။သို့သော်သူ့ရဲ့စကားလမ်းကြောင်းကဘယ်အရပ်ဆီဦးတည်ချင်နေလဲဆိုတာချက်ချင်းသဘောပေါက်နားလည်သွားပုံရတဲ့ကိုကိုကရုတ်တရက်ကြီးခါးခါးသီးသီးကိုထပြီးငြင်းဆိုလာလေသည်။သူ့ရဲ့အဆိုကို,ကိုကိုပယ်ချမယ်ဆိုတာအစကတည်းကသူတွေးထားပြီးသားပင်...။သို့ပေမယ့်လည်းရလိုရငြားသူပြောလိုက်ခြင်းဖြစ်သည်။
မရတော့လည်းသူဘာတတ်နိုင်မည်နည်း...။
တကယ်တမ်းဆိုရသော်ကိုကို့ရဲ့ကန့်ကွက်မှုကသူ့ကိုလမ်းပျောက်စေတာတော့အမှန်ပင်...။
သူဘာလုပ်ချင်လဲ...။သူဘာဖြစ်ချင်လဲ...။ပြီးတော့ကြုံလာမယ့်မနက်ဖြန်တိုင်းကိုသူဘယ်လိုစိတ်မျိုးနဲ့ရှေ့ဆက်ချင်လဲ...။
ကိုကိုသိအောင်လို့ဒီအရာတွေအားလုံးကိုသူပြောပြချင်သည်။မျှဝေချင်သည်။သူ့ရဲ့ရင်တွင်းဖြစ်တွေကိုကြားပြီးတဲ့အခါကိုကိုတစ်ယောက်သူ့ကိုနားလည်လက်ခံလာမယ်လို့သူယုံကြည်သည်။သူမျှော်လင့်မိသည်။သို့သော်အတူရင်ဆိုင်ခြင်းထက်ဖြည့်ဆည်းပေးဆပ်ခြင်းကိုသာခုံမင်နှစ်သက်တဲ့ကိုကို့ကြောင့်သူ့အနေနဲ့စိတ်ကူးရုံသာတတ်နိုင်၏။
အနှောင်အဖွဲ့တွေကိုအမုန်းကြီးမုန်းတတ်တဲ့သူကချည်နှောင်မိတဲ့ချစ်ခြင်းမေတ္တာတစ်ခုအတွက်ချစ်ရသူစေစားရာအတိုင်းလိုက်မြောနေမိပြီ...။ထိုအခါကိုကိုကထမင်းစားနေတာကိုချက်ချင်းရပ်ပစ်လိုက်၏။ပြီးနောက်သူ့ကိုစူးစူးစိုက်စိုက်ကြည့်ကာ...
" အလုပ်လုပ်မယ်လို့ဘာကြောင့်ကိုကို့ကိုအမြဲပြောနေရတာလဲ နောင်လေး..."
" ကျွန်တော်..."
ကိုကို့ရဲ့မေးခွန်းကသူ့ကိုမလူးသာ၊မလွန့်သာဘေးကြပ်၊နံကြပ်ဖြစ်စေ၏။ဖြစ်နိုင်ရင်ကိုကို့ရဲ့မေးခွန်းကိုသူမဖြေချင်ပေ...။အဖြေကရှိနေပြီးသားဖြစ်ပေမယ့်သူ့နှုတ်ဖျားကထွက်ကျလာမယ့်စကားလုံးတွေကြောင့်ကိုကိုခံစားသွားရမှာကိုသူမလိုလားပေ...။ထိုတစ်ခဏသူနဲ့ကိုကို့ကြားမှာအချိန်တစ်ခုကြာတိတ်ဆိတ်ငြိမ်သက်သွားရသည်။
YOU ARE READING
ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed }
Romanceဤဇာတ်လမ်းသည် Real Life နဲ့ကိုက်ညီမှုမရှိတဲ့စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။