အပိုင်း - ၁၆

2.4K 167 3
                                    

" ကဲ...ဆေးတွေဝင်သွားပြီ...မခါးတော့ဘူးမဟုတ်လား..."

​ကောင်လေးကသူ့ကိုမျက်လုံးလေးတစ်ဖက်မှိတ်ပြရင်းမေး၏။အမေးစကားဆိုသော်ငြားကောင်လေးရဲ့မျက်နှာအမူအရာကလုပ်ချင်တာလုပ်လိုက်ရလို့ကျေနပ်သွားတဲ့မျက်နှာထားမျိုး...။အမြင်ကပ်စရာကောင်းလွန်းလောက်အောင်ပြီတီတီဖြစ်နေ၏။

အတော့်ကိုလည်လွန်းတဲ့လူဆိုးလေး...။

လူကဖျားနေတာတောင်သူလူလည်ကျတာကိုခံလိုက်ရ၏။အခုတော့သူ့မှာလေကိုအငမ်းမရရှူနေရလေပြီ...။ပုံမှန်အနေအထားကိုသူပြန်လည်ရောက်ရှိလာတဲ့အခါလည်ချောင်းထဲမှာကိန်းဝပ်နေတဲ့အခါးဓာတ်တွေကတဖြည်းဖြည်း​ရုပ်လုံးပေါ်လာခဲ့လေသည်။ကောင်လေးရဲ့အနမ်းတွေအောက်မှာလူကမူးမေ့ပြီးဆေးလုံးတွေကိုမြိုချလိုက်မိပေမယ့်ခါးသက်သက်အရသာကတော့ဆေးလုံးတွေနဲ့အတူဗိုက်ထဲကိုမြောပါသွားခဲ့ပုံမရပေ...။အခုတော့အရမ်းကိုကြောက်မိတဲ့အခါးဓာတ်ကိုသူခံစားရလေပြီ...။

" ရေသောက်ချင်တယ်...ပါးစပ်ထဲမှာနည်းနည်းခါးနေသေးတယ်..."

" အိုကေ...ခဏလေး..."

အခါးဓာတ်ကြောင့်မချိုမချဥ်ဖြစ်နေတဲ့သူ့ပုံစံကိုကောင်လေးကမြင်တဲ့အခါမီးဖိုခန်းထဲကိုအလျင်အမြန်ဝင်သွားလေသည်။မကြာမီဖန်ခွက်တစ်ခွက်ကိုကိုင်ပြီးမီးဖိုခန်းထဲကနေကောင်လေးကထွက်လာ၏။

" ရေနွေးရှိလို့တော်သေးတယ်...ရေအေးမသောက်နဲ့...ချွေးထွက်အောင်ရေနွေးသောက်လိုက်...နေဦး..."

သူ့ဆီကမ်းပေးတဲ့ဖန်ခွက်ကိုကောင်လေးကပြန်ဆွဲယူကာပူနေတဲ့ရေနွေးကိုအေးအောင်မှုတ်လိုက်၏။ပုံမှန်ဆိုမျက်နှာသေနဲ့ခပ်တည်တည်သာနေတတ်တဲ့ကောင်လေးကအခုတော့လည်းခလေးငယ်လေးတစ်ယောက်လိုခပ်ပါးပါးနှုတ်ခမ်းနှစ်လွှာကအရှေ့ကိုစူချွန်ကာထော်ထွက်လို့နေလေသည်။ကိုယ့်ငါးချဥ်ကိုယ်ချဥ်တယ်ပဲဆိုဆို...။ကောင်လေးရဲ့ပုံစံကသူ့အမြင်မှာတော့တစ်မျိုးလေးချစ်စရာကောင်းနေ၏။ပြီးတော့အသည်းတွေယားလွန်းလို့ရင်ထဲမှာလည်းကလိကလိဖြစ်နေမိသည်။

ကောင်လေးကတော့သူကြည့်နေတာကိုသတိထားမိပုံမရပေ...။ဖန်ခွက်ထဲကရေနွေးကိုအေးအောင်သာအသည်းအသန်ကြိုးစားလို့နေ၏။ကြည့်နေရုံနဲ့မတင်းတိမ်နိုင်တဲ့အဆုံးကောင်လေးရဲ့ဖောင်းလိုက်၊ပိန်လိုက်ဖြစ်နေတဲ့ပါးတစ်ဖက်ကိုအားပါးတရသူနမ်းရှိုက်လိုက်မိတော့သည်။ထိုအခါလူဆိုးလေးကသူ့ကိုမျက်လုံးထောင့်ကနေတစ်ချက်စွေကြည့်လာခဲ့၏။ဘာမှတော့မပြောချေ...။သူလည်းလုပ်ချင်တာလုပ်လိုက်ရတာမို့ပျော်ရွှင်ကျေနပ်သွားတဲ့အမူအရာနဲ့ကောင်လေးကိုနှာခေါင်းတွန့်ပြလိုက်မိသည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Where stories live. Discover now