အပိုင်း - ၂၄

2.1K 141 1
                                    

( ၁ )ပတ်ခန့်ကြာပြီးတဲ့နောက်...,

Bar မှာသူအလုပ်ဝင်နေတာ(၁)ပတ်တောင်ရှိသွားလေပြီ...။ Bar ပိုင်ရှင်ကသူနဲ့သိပ်မရင်းနှီပေမယ့်မင်းမင်းတို့နဲ့အရမ်းကိုရင်းနှီးလေတော့သူ့အနေနဲ့အလုပ်လုပ်ရတာအဆင်ပြေသည်ထက်ပိုပါ၏။ပြီးတော့သူလုပ်နေတာက Full - time မဟုတ်ပဲ Part - time တစ်ခုသာပင်...။သူ့အနေနဲ့အတန်းချိန်ပြီးသွားလို့ကျောင်းဆင်းတာနဲ့အလုပ်ကိုတန်းပြီးဝင်လိုက်ရုံပင်....။ည(၉)နာရီဆိုသူ့ရဲ့အလုပ်ချိန်ပြီးလေပြီ...။ကျန်တဲ့အချိန်ကသူ့ရဲ့စာကြည့်ချိန်နဲ့သူ့ရဲ့အိပ်ချိန်ဖြစ်သည်။

Bar မှာသူအလုပ်လုပ်တာ(၁)ပတ်ပြည့်သွားပြီဖြစ်သလိုကိုကို့ဆီကိုလည်းသူမပြန်ဖြစ်တာ(၁)ပတ်ပြည့်သွားလေပြီ...။ပြန်လည်းမပြန်ဖြစ်သလို Phone လည်းမဆက်ဖြစ်ခဲ့ပေ...။ကိုကိုကတော့သူ့ကိုမျှော်နေမှာသေချာသည်။ပြီးတော့လွမ်းလည်းလွမ်းနေလောက်မည်။သူလည်းကိုကို့ကိုလွမ်းပါ၏။

တစ်ခါတစ်လေကိုကို့လွမ်းလို့သွားတွေ့ချင်ပေမယ့်မခေါ်ပဲဝင်ရောက်လာတဲ့အကြောင့်အရာတစ်ချို့ကသူ့ကို,ကိုကို့ဆီမရောက်အောင်တားမြစ်တတ်လေသည်။သူ့အနေနဲ့ထိုအကြောင်းအရာတွေကိုမဖျောက်ဖျက်နိုင်သရွေ့တော့ကိုကို့ဆီပြန်သွားဖြစ်မှာတော့မဟုတ်ပေ...။ပြီးတော့သူဒီ Bar မှာအလုပ်လုပ်နေတာကိုကိုမသိပေ...။မသိအောင်လည်းသူအပါအဝင်မြတ်ခေါင်တို့ကကိုကို့ကိုဝိုင်းပြီးဖုံးဖိထားကြ၏။

ကိုကို့အမြင်မှာတော့သူကစာတွေနဲ့မအားလပ်တဲ့ကျောင်းသားတစ်ယောက်ပေါ့...။

တကယ့်တကယ်မှာတော့...။

တောင်းပန်ပါတယ် ကိုကို...။

တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့လိမ်လည်မိတဲ့အပြစ်၊ပျော့ညံ့မိတဲ့အပြစ်တွေအတွက်အတိုးရော၊အရင်းပါပေါင်ပြီးကိုကို့ကိုကျွန်တော်ပြန်ပြီးပေးဆပ်မှာပါ...။အခုချိန်မှာတော့ကိုကို့ရဲ့မျက်ရည်တွေကိုခဏလောက်ဖြစ်ဖြစ်လျစ်လျူရှုထားပါရစေ...။

ဒီနေ့ည Bar မှာလူကအရမ်းကိုကျ​(များ)နေတာကြောင့်ဟိုပြေး၊ဒီပြေးပဲနဲ့အချိန်ကဘယ်လိုကုန်လို့ကုန်သွားလဲမသိလိုက်ပေ...။နောက်ထပ်(၅)မိနစ်ဆိုသူ့ရဲ့အလုပ်ချိန်ကပြည့်လေပြီ...။သို့နှင့်သူလည်းကျန်တဲ့(၅)မိနစ်ကိုသိမ်းသင့်တာသိမ်း၊ Customer မှာထားတဲ့ Order တွေကိုချပေးရင်းနဲ့ပဲကုန်ဆုံးစေလိုက်သည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Onde histórias criam vida. Descubra agora