အပိုင်း - ၁၇

2.5K 143 4
                                    

မျိုးနွယ်ဒီမနက်အစောကြီးနိုးလာခဲ့၏။မနေ့ကကိုကို့ကိုစိတ်တိုပြီးအိမ်ပြန်ရောက်တာနဲ့ရေတောင်မချိုးပဲသူထိုးအိပ်လိုက်တာဖြစ်သည်။ကိုကို Phone ​ခေါ်တော့မှသာသူနိုးလာခဲ့တော့သည်။အိပ်နေတုန်းမရပ်မနားမြည်နေတဲ့ Phone သံကြောင့်ထွက်လာမိတဲ့ဒေါသကကိုကို့နာမည်ကိုမြင်တဲ့အခါပိုပြီးဆိုးသွားရလေသည်။

သို့သော်ခေါ်နေတဲ့လူကရင်နှင့်အမျှချစ်ရတဲ့သူမို့ထွက်နေတဲ့ဒေါသကိုအတင်းမြိုသိပ်ချိုးနှိမ်ကာသူ Phone ကိုကိုင်လိုက်၏။တကယ်ဆိုသူ့အနေနဲ့ Phone ကို Accept မလုပ်လိုက်ရင်ကောင်းသား...။

အခုတော့ကိုကို့ရဲ့ချွဲနွဲ့မှုတွေ၊ရေရေရာရာမရှိတဲ့အကြောင်းပြချက်တွေအောက်မှာလူကရူးခါသွားရပြီ...။ကိုကို့ရဲ့ငိုသံကိုကြားရတဲ့အခါထွက်နေမိတဲ့ဒေါသတွေကဘယ်ဆီ၊ဘယ်ဝယ်မှန်းမသိတော့ပေ...။ဒါ့အပြင်နိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြစ်နေတဲ့သူ့စိတ်တွေသည်လည်းကိုကို့ရဲ့ဂျီတိုက်မှုကြောင့်တစ်စစီအငွေ့ပျံလွင့်ပြယ်သွားလေတော့သည်။နောက်ဆုံးတော့လည်းကလေးလူကြီးကြောင့်စိတ်တိုဒေါသထွက်ရတဲ့လူကသူပဲဖြစ်သလိုသူ့ရဲ့လူကြီးလေးအဆင်ပြေစေဖို့ချော့မော့နှစ်သိမ့်ရတဲ့လူကလည်းသူသာပင်...။

ဘယ်မှာလဲသူ့အတွက်တရားမျှတမှု...။

နောက်မှထိုကလေးလူကြီးကိုအချစ်ခုံရုံးမှာစွဲချက်သွားတင်ရမည်။ကိုကိုနဲ့ Phone ပြောပြီးတဲ့အခါအချိန်ကိုကြည့်လိုက်တော့ည(၈:၃၅)နာရီတောင်ရှိနေလေပြီ...။အချိန်ကမနည်းတော့ပြီမို့သူလည်းညစာမစားတော့ပဲ Alarm ပေးပြီးပြန်အိပ်လိုက်တော့သည်။မနက်ရောက်တော့လူကမာမီလာခေါ်မနှိုးခင်ကတည်းကနိုးနေပြီဖြစ်သည်။ထို့နောက်ရေကိုကမန်းကတန်းချိုးကာကျောင်းသွားဖို့အတွက်ပါတစ်ခါတည်းပြင်ဆင်ပြီးကိုကို့ဆီသူထွက်လာခဲ့လိုက်၏။

မနက်အစောပိုင်းဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုကအေးစိမ့်စိမ့်လေးနဲ့သာသာယာယာရှိလှသည်။ထို့ကြောင့်လမ်းမဝဲယာတစ်ဖက်ခြမ်းစီမှာလေ့ကျင့်ခန်းလုပ်သူ၊အားကစားလုပ်သူများနဲ့စည်းကားပြည့်နှက်လို့နေ၏။အိမ်ကနေသူထွက်လာတော့ Breakfast ဝိုင်းကပြင်ဆင်နေတုန်းသာရှိသေးသည်။ထို့ကြောင့်ကိုကို့တိုက်ခန်းမရောက်ခင်စျေးရှေ့မှာသူကားကိုရပ်လိုက်၏။ပြီးနောက်စျေးထဲကိုဝင်ကာကိုကိုနဲ့သူ့အတွက်ကြေအိုးနှစ်ပွဲနဲ့အခြားစားစရာ၊သောက်စရာအချို့ကိုသူဝယ်လိုက်သည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Nơi câu chuyện tồn tại. Hãy khám phá bây giờ