အပိုင်း - ၂၁

1.8K 137 1
                                    

နှစ်ဦးသားအနမ်းတွေနဲ့ချွေးသိပ်ကြပြီးတဲ့နောက်ကိုကိုကရေချိုးဖို့ဆိုကာအခန်းထဲကိုဝင်သွားလေသည်။ကိုကိုရေချိုးနေတုန်းသူလည်းညစာအတွက်ချက်ပြုတ်ဖို့လုပ်လိုက်၏။ကိုကိုကအလုပ်ပင်ပန်းနေတာဆိုတော့အားရှိအောင်သူချက်ကျွေးရမည်။အတွေးနဲ့အတူအင်္ကျီကိုလက်နှစ်ဖက်လုံးသူခေါက်တင်ပစ်လိုက်၏။ပြီးနောက်ဝယ်လာတဲ့အသား၊ငါး၊အသီးအနှံတွေထဲကနှစ်ယောက်စာကိုချက်ပြုတ်ဖို့အတွက်ဖယ်ပြီးကျန်တာတွေကိုရေခဲသေတ္တာထဲသူထည့်လိုက်သည်။

အရင်ရွှေထီးဆောင်းခဲ့တဲ့နေ့တွေတုန်းကတော့မီးဖိုဆောင်ဆိုတာသူနဲ့လုံးဝကိုမသက်ဆိုင်တဲ့ရပ်ဝန်းတစ်ခုသာဖြစ်၏။အခုလိုချက်ပြုတ်ဖို့မဆိုထားနဲ့၊စားချင်တာမျိုးရှိခဲ့ရင်တောင်တစ်ယောက်ယောက်ကိုသူခိုင်းလိုက်တာပဲဖြစ်သည်။သို့သော်ခိုင်းဖို့လူမရှိတဲ့အချိန်းမျိုး၊တစ်ခြားသူလုပ်ပေးတဲ့အရာကိုစိတ်တိုင်းမကျတဲ့အချိန်မျိုးဆိုရင်တော့တစ်ခါတစ်ရံသူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်တတ်သည်။ထိုအချိန်မျိုးဆိုရင်တော့မီးဖိုဆောင်ဆိုတာဒုတိယကမ္ဘာစစ်ရဲ့လက်ကျန်နယ်မြေနဲ့မခြားပေ...။

သို့ပေမယ့်လည်းမီးဖိုဆောင်မှာရှိတဲ့ပစ္စည်းမှန်သမျှကိုမျက်မှန်းတန်းမိသွားတာကတော့သူ့ဘဝရဲ့ကံကောင်းခြင်းရလဒ်တစ်ခုလို့ဆိုရလေမလား...။ထိုကျေးဇူးကြောင့်ပဲသူကအခုကိုကို့ရဲ့မူပိုင်စာဖိုမှူးလေးတစ်ဦးဖြစ်လို့နေလေပြီ...။

ကိုကိုနဲ့အတူနေပြီးတဲ့နောက်မှာတော့ Internet ကဟင်းချက်နည်းတွေကိုသူလေ့လာဖြစ်၏။ပြီးတဲ့အခါကိုကို့အတွက်အရသာရှိမယ့်အစားအစာလေးတွေကိုသူချက်ကျွေးဖြစ်သည်။

အခုထိတိုင်ပေါ့...။

အစပိုင်းမှာသူ့အနေနဲ့အိုးနင်း၊ခွက်နင်းဖြစ်ပေမယ့်တဖြည်းဖြည်းကြာလာတဲ့အခါကိုကိုကပင်သူ့ရဲ့လက်ရာကိုအသည်းစွဲလို့နေလေပြီ...။ကိုကိုကြိုက်တာ၊ကိုကိုစားချင်တာချက်ကျွေးရင်းနဲ့ပဲသူ့ဘဝကကိုကို့ရဲ့တစ်ဦးတည်းသောမူပိုင်စားဖိုမှူးဖြစ်မှန်းမသိဖြစ်သွားရ၏။

အခုလက်ရှိသူ့ရဲ့အခြေအနေကဘဝကိုလက်တွေ့ကျကျဖြတ်သန်းနေတဲ့လူတစ်ယောက်လိုပင်...။အရင်အခြေအနေနဲ့လုံးဝကိုကွဲထွက်နေ၏။သို့ပေမယ့်လည်းသူပျော်ပါသည်။အထူးသဖြင့်ကိုကိုနဲ့အခုလိုအတူရှိရတဲ့ဘဝလေးမှာသူနေပျော်သည်။သူတို့နှစ်ယောက်ကိုခွဲမယ့်သူလည်းမရှိသလိုတားဆီပိတ်ပင်မယ့်သူလည်းမရှိပေ...။ပြီးတော့သူငတ်မွတ်နေတဲ့နွေးထွေးမှု၊ဂရုစိုက်မှု၊ချစ်ခြင်းမေတ္တာတွေကိုလည်းကိုကို့ဆီကနေအမြဲရ၏။တစ်ခါတစ်ရံမွှန်းကြပ်ပိတ်လှောင်ရတာကလွဲလို့ပေါ့...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }حيث تعيش القصص. اكتشف الآن