(၄)နှစ်ခန့်ကြာပြီးတဲ့နောက်...။
" သား...တာတာရေ..."
" ဂျာ..."
နောက်ကျောကနေထွက်လာတဲ့မပီကလာ၊ပီကလာအသံလေးကြောင့်သူလှည့်ကြည့်လိုက်မိ၏။လှေကားအတက်၊အဆင်းထောင့်နားမှာထိုင်ပြီးကစားနေတဲ့သားငယ်လေးကိုသူတွေ့လိုက်ရတဲ့အခါ...
" အေအေ...အဲ့နားမှာပဲထိုင်ဆော့နေနော် သားငယ်...ဖေ ဒီမှာအလုပ်လုပ်လိုက်ဦးမယ်..."
" ဟုတ်..."
သားကသူ့ကိုလှည့်မကြည့်ပဲအသံတစ်ချက်သာပြုပြီးဆက်ကစားနေ၏။အရင်နေ့တွေလိုဂျီကျမနေပဲငြိမ်ချက်သားကောင်းနေတဲ့သားဖြစ်သူရဲ့အပြုအမူကြောင့်သူ့အနေနဲ့ထူးဆန်းသလိုခံစားနေရသည်။ပြီးတော့အံ့ဩစိတ်လည်းသူဖြစ်မိသည်။သို့ပေမယ့်သားငယ်ဒီလိုလေးငြိမ်နေတဲ့အခါအလုပ်ကိုနောက်ဆံမတင်းပဲအေးအေးဆေးဆေးသူလုပ်ကိုင်လို့ရ၏။မဟုတ်ရင်ဆိုင်ကတစ်ဖက်၊ကလေးကတစ်ဖက်နဲ့သူဗျာများနေရဦးမှာပင်...။
ဒီနေ့ကအများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့အတွက်
ဆိုင်ကမနက်စဖွင့်ပြီဆိုကတည်းစားသုံးသူတွေနဲ့ပြည့်နှက်လို့နေ၏။ဝန်ထမ်းအင်အားမလုံလောက်တဲ့အပြင်ရှိတဲ့ဝန်ထမ်းတွေထဲကမှတစ်ယောက်ကလည်းခွင့်ယူထားတာမို့သူကိုယ်တိုင်ဝင်လုပ်နေရသည်။ထို့ကြောင့်သားငယ်လေးဘက်ကိုသူခြေဦးလှည့်လို့မရဖြစ်နေခြင်းပင်...။သူ့ရဲ့တစ်ဦးတည်းသောမှီခိုအားထားရာ၊တွယ်တာရာဖြစ်တဲ့ 'ကောင်းဆင့်မေတ္တာ(ခေါ်)တာတာ' ကဒီနှစ်ဆို(၃)နှစ်ကျော်လို့(၄)နှစ်ပြည့်ခါနီးလေပြီ...။တဖြည်းဖြည်းနဲ့အရွယ်လေးကရောက်လာပြီဖြစ်သလိုစကားတွေလည်းတီတီတာတာပြောတတ်၊ဆိုတတ်နေပြီဖြစ်တဲ့သားလေးကိုသူကဒီရပ်ကွက်ရဲ့(၁)လမ်းကျော်မှာရှိတဲ့မူကြိုကျောင်းလေးမှာကျောင်းအပ်နှံထား၏။ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်သားငယ်လေးကအိမ်မှာရှိနေခြင်းပင်...။
ပုံမှန်ဆိုသားငယ်လေးရဲ့ကျောင်းပိတ်ရက်ဖြစ်တဲ့ဒီလိုနေ့မျိုးကိုသားအဖနှစ်ယောက်စားသောက်ဆိုင်တစ်ခုခုမှာအချိန်ဖြုန်းတာပဲဖြစ်ဖြစ်၊သားငယ်လေးကိုကစားကွင်လိုက်ပို့တာပဲဖြစ်ဖြစ်သူအချိန်ဖြုန်းတတ်၏။ဒီနေ့တော့ဆိုင်ရဲ့အခြေအနေကြောင့်ထို့သို့လုပ်လို့မရတော့ပေ...။သားငယ်လေးကထိုကိစ္စအတွက်နဲ့သူ့ကိုဂျီမကျပဲသူ့ဖာသာကစားစရာတွေနဲ့ဆော့နေလို့တော်သေးသည်။မဟုတ်ရင်ဒီနေ့တော့သူ့တစ်ယောက်တည်းဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ပေ...။
أنت تقرأ
ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed }
عاطفيةဤဇာတ်လမ်းသည် Real Life နဲ့ကိုက်ညီမှုမရှိတဲ့စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။