အပိုင်း - ၁၁

2.7K 195 3
                                    

" ကျိုက်ထိုမှာဆင်းမယ့်ခရီးသည်များအသင့်ပြင်ထားကြပါ..."

ကားစပါယ်ရာကောင်လေးရဲ့​သတိပေးအော်သံကြောင့်အိပ်ပျော်နေရာမှသူလန့်နိုးလာခဲ့သည်။ထို့နောက်ဝေဝါးနေတဲ့မျက်လုံးနှစ်လုံးကိုပွတ်ကာအပြင်ဘက်ကိုကြည့်လိုက်တော့ကားကကျိုက်ထိုမြို့အဝင်တောင်ရောက်နေလေပြီ...။မကြာမီဆင်းရမယ့်နေရာရောက်တော့မှာဖြစ်တဲ့အတွက်အိပ်ပျော်နေကြတဲ့ကောင်လေးတွေကိုသူခေါ်နှိုးလိုက်သည်။

သိပ်မကြာခင်မှာပဲရန်ကုန် - မော်လမြိုင်ခရီးသည်တင် Express ကားကြီးသည်ကျိုက်ထိုမြို့ယာဥ်ရပ်နားစခန်းတွင်ခဏတဖြုတ်နားဖို့အတွက်ထိုးရပ်လိုက်လေတော့သည်။သူတို့သွားရမယ့်ခရီးကကျိုက်ထိုမြို့မှာဂိတ်ဆုံးတဲ့အတွက်ကားရပ်တာနဲ့သူတို့လည်းကားပေါ်ကဆင်းလိုက်ကြသည်။ပြီးနောက် Phone ကိုထုတ်ကာမော်လမြိုင်မှာအလုပ်လုပ်စဥ်တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဆီသူ Phone ခေါ်လိုက်၏။

ကြိုတင်ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သူ့ Phone သံကြားတာနဲ့သူ့သူငယ်ချင်းကကားတစ်စီးနဲ့ပေါက်ချလာတော့သည်။ပြီးနောက်သူတို့အဖွဲ့ကိုကင်မွန်းစခန်းတောင်ခြေထိလိုက်ပို့ပေးလေသည်။တောင်ခြေရောက်တာနဲ့လိုက်ပို့ပေးတဲ့သူငယ်ချင်းကိုနှုတ်ဆက်ပြီးမကြာခင်ထွက်တော့မယ့်တောင်တက်ကားပေါ်ကိုသူတို့အလျင်အမြန်တက်လိုက်ကြသည်။မကြာမီသူတို့စီးတဲ့ကားသည်ကျိုက်ထီးရိုးတောင်ပေါ်ကိုဦးတည်ကာမောင်းနှင်လေတော့သည်။

" ဝိုး...အရမ်းလှတာပဲဗျာ..."

" မိုက်တယ်ကွာ...ရှုခင်းတွေက..."

" wow..."

ခရီးစဥ်စထွက်တာနဲ့မြို့ကြီး၊ပြကြီးမှာမရှိတဲ့တောတောင်သဘာဝအလှအပရေမြေတောတောင်ရှုခင်းတွေကိုသူတို့အားလုံးတဝကြီးခံစားလိုက်ကြရသည်။လတ်ဆတ်တဲ့လေ၊ပုံမှန်ထက်စိမ်းစိုနေတဲ့တောတောင်ရေမြေ၊လူလုပ်ဖန်တီးထားတာထက်ကွဲပြားပြီးပိုမိုလှပတဲ့သဘာဝအလှအပတွေကြောင့်ကားပေါ်မှာလိုက်ပါလာကြတဲ့လူတစ်ချို့ဆီကနေအာမေဋိတ်သံများကအပြိုင်အဆိုင်ထွက်လာကြ၏။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Hikayelerin yaşadığı yer. Şimdi keşfedin