အပိုင်း - ၃၅

1.8K 115 1
                                    

အခုတလောသူ(မ)ရဲ့သမီးငယ်လေးမူမမှန်တာကိုဒေါ်ယွန်းမေသတိထားမိနေသည်။ပြီးတော့သမီးလေးက'တစ်ခုခုကိုဖုံးကွယ်ထားတယ်'လို့လည်းသူ(မ)စိတ်ထဲမှာခံစားနေရ၏။အရင်ကဆိုကျောင်းပိတ်လို့အိမ်ပြန်လာတိုင်းသူ(မ)ကိုချွဲနွဲ့ပြီးစနောက်ကာပျော်ရွှင်နေတတ်တဲ့သမီးလေးကဒီရက်တွေအတွင်းကျောင်းပိတ်လို့အိမ်ပြန်လာတဲ့အခါအခန်းသာအောင်းနေတတ်​၏။ဒီလိုအခြေအနေတွေကတစ်ကြိမ်လည်းမဟုတ်၊နှစ်ကြိမ်လည်းမဟုတ်ပဲအကြိမ်ကြိမ်အခါခါဖြစ်နေတာမို့သူ(မ)သတိထားမိခြင်းပင်...။

'သမီးတစ်ခုခုဖြစ်နေတယ်'ဆိုတာသူ(မ)ရဲ့စိတ်ထဲကအလိုလိုသိနေသည်။ဒီနေ့လည်းမနက်စာစားပြီးသွားကတည်းကအိပ်ခန်းထဲဝင်သွားတာအခုညနေတောင်စောင်းနေလေပြီ...။သမီးကအခန်းထဲကနေအခုထိမထွက်လာသေးပေ...။

သူ(မ)ရဲ့သမီးလေးဘာတွေဖြစ်နေတာများလဲ...။

သားကြီးကရပ်ဝေးကိုရောက်နေတာမို့သမီးလေးကိုသာဒေါ်ယွန်းမေအဖော်ပြုနေရ၏။သူ(မ)ဘဝမှာ'ခင်ပွန်းသည်မရှိတော့ပေမယ့်သားနဲ့သမီးရှိသေးတယ်'ဆိုတဲ့အသိကသူ(မ)ကိုကြံ့ခိုင်သန်မာစေဖို့လုံလောက်သည်။လိမ္မာသိတတ်လွန်းကြတဲ့သားနဲ့သမီးကြောင့်လည်းသူ(မ)အမှန်တကယ်ပင်စိတ်ချမ်းသာရသည်။

သို့သော်...။

ပြောင်းလဲသွားတဲ့သမီးလေးရဲ့အမူအရာကသူ(မ)ကိုအမှန်တကယ်အတွေးများစေသည်။အကြောင်းအရင်းကိုသိချင်ပေမယ့်သမီးလေးကိုယ်တိုင်ကိုကသူ(မ)မရိပ်မိအောင်ဖုံးကွယ်ထား၏။ပြောပြဖို့လည်းဆန္ဒရှိပုံမရပေ...။

ကျောင်းမှာအဆင်မပြေတာများရှိလို့လား...။

မဖြစ်နိုင်ပေ...။

ပျော်ပျော်နေတတ်တဲ့သူ(မ)ရဲ့သမီးကပေါင်းသင်းဆက်ဆံရေးမှာလည်းအလွန်ကိုညက်ညောလှ၏။အပြစ်ဆိုဖွယ်ရာမရှိပေ...။သူစိမ်းတစ်ယောက်ကိုတောင်ချက်ခြင်းခင်မင်ရင်းနှီးစေနိုင်တဲ့အထိစကားတတ်၊နှုတ်သွက်လွန်းလှတဲ့ဒီခလေးမကိုအားလုံးက'ချစ်ခင်ရင်းနှီးကြမယ်'လို့သူ(မ)ယုံကြည်သည်။

ဒါဆို...။

အရွယ်ရောက်လာတဲ့သမီးလေးကရည်စားသနာကိစ္စအတွက်နဲ့များအခုလိုဖြစ်နေတာများလား...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Nơi câu chuyện tồn tại. Hãy khám phá bây giờ