အပိုင်း - ၂၂

1.8K 137 4
                                    

နောင်လေးသူ့ကိုအရင်လိုဟုတ်တိပတ်တိစကားတွေဖောင်ဖွဲ့မပြောတော့တာဒီနေ့နဲ့ဆို(၁၀)ရက်မြောက်ခဲ့လေပြီ...။ထိုရက်တွေမှာသူ့အနေနဲ့စိတ်ပင်ပန်းရသလိုရင်တစ်ခုလုံးလည်းနာကျင်ကြေကွဲရ၏။ဘာကြောင့်မှန်းမသိတဲ့အခြေအနေတစ်ခုမှာအဖြေရှာမရတဲ့အတွေးတစ်ချို့ကိုဆုပ်ကိုင်ဖမ်းဆုပ်ရင်းလူကတစ်ယောက်သောသူကိုတိတ်ဆိတ်စွာငေးမောကြည့်နေရသည်။

အချစ်ကမြစ်တစ်စင်းဆိုရင်အချစ်ကြောင့်ရတဲ့နာကျင်ကြေကွဲမှုကကမ်းမဲ့နေတဲ့လှေငယ်လေးတစ်စင်းလိုပင်...။

အရင်ကဆိုနောင်လေးကသူ့ရဲ့အားလပ်ချိန်တစ်ချို့ကိုကိုယ်နဲ့အတူကုန်ဆုံးပေမယ့်အခုရက်ပိုင်းအမြဲတမ်းစာအုပ်နဲ့မျက်နှာသာကပ်နေတတ်၏။စကားကိုလည်းလိုအပ်မှသာပြောတော့သည်။နောင်လေးနဲ့သူ့ရဲ့အခြေအနေကရေရာမှုမရှိတဲ့ခေါင်းစဥ်တစ်ခုအောက်မှာတဖြည်းဖြည်းဝေးကွာသွားသလိုပင်...။ချက်ခြင်းကြီးပြောင်းလဲသွားတဲ့နောင်လေးကြောင့်သူ့မှာနားမလည်နိုင်ဖြစ်ရသလိုအံ့လည်းအံ့ဩမိသည်။

နောင်လေးဘာကြောင့်ပြောင်းလဲသွားရတာလဲ...။

နှစ်ဦးသားကြားမှာထာဝရတည်ရှိနေမယ်လို့ထင်ခဲ့မိတဲ့ကြည်နူးစရာအချိန်လေးတွေကအခုတော့မြူတစ်မှုန်လိုလွင့်ပြယ်ပျောက်ကွယ်သွားရလေပြီ...။

ဘာကြောင့်လဲ...။

နောင်လေးသူ့ကိုမချစ်တော့တာများလား...။

မဖြစ်နိုင်ပေ...။

ရွေးချယ်မှုတွေများစွာထဲမှသူ့ကိုသာကောင်လေးကရွေးချယ်ခဲ့တာမို့မချစ်တော့တာမဖြစ်နိုင်ပေ...။

ဒါမှမဟုတ်...။

ကောင်လေးမှာသူ့ထက်ပိုပြီးချစ်ရမယ့်သူရှိနေတာများလား...။

ဟင့်အင်း...။

ဒီလိုသာဆိုသူသေရပါလိမ့်မည်။ဒီလူသားလေးနဲပဲအစပြုပြီးဒီလူသားလေးတစ်ယောက်တည်းနဲ့သာအဆုံးသတ်ချင်မိတဲ့သူ့ရဲ့စိတ်ကြောင့်အရာအားလုံးကိုဒီကောင်လေးအပေါ်၌သာသူပုံအပ်ထားမိသည်။သူ့မှာဘာမှမကျန်တော့ပေ...။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Место, где живут истории. Откройте их для себя