အခန်း - ၄၆ (ဒုတိယပိုင်း)

1.6K 63 0
                                    

အနက်ရောင်ကမ္ဗလာလွှမ်းခြုံထားတဲ့ကောင်းကင်ကြီးထက်မှာဟိုတစ်စ၊ဒီတစ်စပြန့်ကျဲနေတဲ့ကြယ်မှုန်၊ကြယ်မွှားလေးများကတစ်ခြမ်းပဲ့လခြမ်းကွေးလေးနဲ့အပြိုင်ထွန်းလင်းတောက်ပလျှက်ရှိသည်။အေးချမ်းလှတဲ့ညချမ်းအချိန်အခါဖြစ်တာနဲ့အညီခပ်သောသောတိုက်ခတ်နေတဲ့မိုးသက်လေတို့ရဲ့အထိအတွေ့ကအရပ်လေးမျက်နှာအနှံ့ဖြန့်ကျက်လို့နေ၏။

အေးချမ်းခြင်း...။

ဆွတ်ပျံ့ကြည်နူးခြင်း...။

အခုချိန်မှာဤခံစားမှုတွေကသူ့အတွက်တော့ဖွဲ့သီခွင့်မရှိတဲ့တေးသွားကဗျာတစ်ပုဒ်လိုပင်...။

ခန္ဓာကိုယ်အနှံ့တိုးဝှေ့တိုက်ခတ်နေတဲ့ညလေးညှင်းရဲ့အထိအတွေ့ကိုအံတုရင်းကြယ်မစုံ၊လမပြည့်တဲ့အနက်ရောင်မိုးကောင်းကင်ကြီးကိုအကြောင်းမဲ့သူငေးမောကာကြည့်နေမိသည်။မျက်ဝန်းအိမ်နှစ်ဖက်ရဲ့ဆုံရပ်ကမိုးကောင်းကင်ကြီးဆိုသော်ငြားအစိုးမရတဲ့စိတ်အစုံကတော့တိမ်တွေလိုလေသင့်ရာမျောလွင့်နေကြ၏။သူ့အနေနဲ့ဤဖြစ်ရပ်အပေါ်ထိန်းချုပ်ဖို့လည်းမကြိုးစားသလို၊ရပ်တန့်ပစ်ဖို့လည်းမတွေးမိပေ...။

အဖော်မဲ့နေတဲ့သူ့အဖို့တစ်ခုတည်းသောစိတ်ဖြေရာကစိတ်တွေကိုရွက်လွှင့်ထားခြင်းပင်...။ဘဝထဲကနေတစ်ယောက်သောသူထွက်ခွာသွားပြီးတဲ့နောက်သူ့ရဲ့ကမ္ဘာမှာအိပ်ပျက်ညတွေများလာခဲ့သည်။အိပ်မပျော်တဲ့ညတွေများလာတော့ကောင်းကင်ကြီးကိုအကြောင်းမဲ့ငေးမောရတာကိုသူသဘောကျတတ်လာသည်။

ဒီည...။

ကောင်းကင်ကြီးကကြယ်ရောင်မစုံသလိုလမင်းကြီးကလည်းမပြည့်စုံ​ပေ...။

ဒါဆို...။

ကောင်းကင်ကြီးကိုညစဥ်၊ညတိုင်းငေးမောကြည့်နေမိတဲ့သူကရော...။

သေချာတာတစ်ခုကတော့သူ့ဘဝသည်လည်းတစ်ယောက်သောသူမရှိတော့ကတည်းကပြည့်စုံမှုမရှိပဲလစ်ဟာလို့သွားရလေပြီ...။

" သား..."

နောက်ကျောကနေရုတ်တရက်ထွက်ပေါ်လာတဲ့အသံဖျော့ဖျော့လေးကြောင့်မျက်ဝန်းအိမ်နှစ်ဖက်ကမသိမသာလေးလှုပ်ခတ်လို့သွားရ၏။တိုးလျပြီးညင်သာပျော့ပျောင်းလှတဲ့ခြေသံဖွဖွလေးတွေကတဖြည်းဖြည်းနီးကပ်လာတဲ့အခါခိုတွဲနေကြတဲ့မျည်ရည်ဥများကိုအလျင်အမြန်ပုတ်ခတ်သိမ်းဆည်းလိုက်မိသည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Место, где живут истории. Откройте их для себя