ကောင်လေးရဲ့အနားကိုရောက်တဲ့အခါအနားမှာရှိတဲ့ခုံတစ်လုံးကိုဆွဲယူပြီးသူထိုင်ချလိုက်သည်။ပြီးနောက်ခုံပေါ်တင်ထားတဲ့ကောင်လေးရဲ့လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်သူဆုပ်ကိုင်လိုက်၏။ကြားလိုက်ရတဲ့သတင်းကသူ့ကို Shock ဖြစ်စေတာတော့အမှန်ပင်...။ထိုသတင်းကြောင့်သူ့ရင်တစ်ခုလုံးလည်းမီးကင်ခံထားရသလိုပူလောင်လို့နေသည်။
ထိုအခါအဝေးကိုငေးကြည်ကာအတွေးစိတ်တွေပျံ့လွင့်နေတဲ့ကောင်လေးကနွမ်းလျကြေကွဲမှုတွေအထင်းသားပေါ်လွင်လို့နေတဲ့မျက်နှာအမူအရာနဲ့သူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာခဲ့လေသည်။ထိုတစ်ခဏဖော်ပြလို့မတတ်တဲ့နာကျင်မှုကသူ့ရင်ထဲကိုတစိမ့်စိမ့်တိုးဝင်လာခဲ့လေတော့သည်။အရင်လိုသူကိုတွေ့တဲ့အခါပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ကောင်လေးရဲ့ဖြူဖြူဖွေးဖွေးသွားထပ်လေးကအခုချိန်မှာပျောက်ရှလို့နေသည်။ထိုအစားသူတွေ့လိုက်ရတာကညိုမဲနေတဲ့ဒဏ်ရာဒဏ်ချက်တွေသာဖြစ်၏။
ဒဏ်ရာတွေကမနည်းပါလား...။
ကောင်လေးရဲ့အပြုံးတွေပျောက်ရှသွားတဲ့အခါသူ့နှလုံးသားကပထမအကြိမ်နာကျင်ဝမ်းနည်းရသည်။သူသိပ်ကိုမြတ်နိုးရတဲ့ကောင်လေးရဲ့မေးရိုးခပ်ထင်းထင်းထက်ကဒဏ်ရာ၊ဒဏ်ချက်တွေကိုထပ်တွေ့ရတဲ့အခါသူ့နှလုံးသားကဒုတိယအကြိမ်နာကျင်ဝမ်းနည်းရပြန်၏။တတိယအကြိမ်သာရှိလာခဲ့ရင်သူနှလုံးသားကနလန်ပြန်ထူနိုင်မှာမဟုတ်တော့ပေ...။
ဒီကောင်လေးအပေါ်မှာနှစ်နှစ်ကာကာပျော်ဝင်ငြိတွယ်သွားကတည်းကသူ့နှလုံးသားကနာကျင်ခြင်း၊ဝမ်းနည်ခြင်းတွေနဲ့တိုက်ရိုက်အချိုးကျလို့နေလေပြီ...။
ပြဿနာဖြစ်တယ်ဆိုတာသိပေမယ့်ဒီအခြေအနေအထိရောက်သွားမယ်လို့သူမထင်ခဲ့မိပေ...။မိဘနဲ့သားသမီးကြားမှာဖြစ်တဲ့ပြဿနာမို့စကားလုံးတွေနဲ့သာတိုက်ခိုက်ထိုးနှက်ကြမယ်လို့သူတွေးခဲ့မိသည်။
အခုတော့...။
ပြဿနာကဒီလောက်ထိဆိုးရွားသတဲ့လား...။
ဟင်...။
ကောင်လေးရဲ့မျက်နှာကိုအခုမှသူသေသေချာချာကြည့်မိသည်။ဒဏ်ရာတွေကအရင်တစ်ခါသူ့ဆီကိုကောင်လေးရောက်လာတုန်းကရခဲ့တဲ့ဒဏ်ရာတွေနဲ့မခြားပေ...။အနည်းအများသာကွာ၏။
BẠN ĐANG ĐỌC
ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed }
Lãng mạnဤဇာတ်လမ်းသည် Real Life နဲ့ကိုက်ညီမှုမရှိတဲ့စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။