အပိုင်း - ၄၀ (ပထမပိုင်း)

2.1K 115 1
                                    

ကိုကို...

ကျွန်တော်တို့နှစ်ယောက်ဝေးကွာနေတဲ့ဒီကာလအတောအတွင်းမှာကိုကိုကောင်းကောင်းမွန်မွန်ရှင်သန်နေတယ်မဟုတ်လား....

ပြီးတော့ကျွန်တော့်ကိုရောလွမ်းနေရဲ့လား...

ကျွန်တော်ကတော့ကိုကို့ကိုအချိန်တိုင်း၊စက္ကန့်တိုင်းလွမ်းနေမိတယ်....

အဲ့ဒါကြောင့်...ကိုကိုနဲ့မြန်မြန်ပြန်ဆုံနိုင်ဖို့အတွက်ကျွန်တော်ကိုကို့စကားကိုနားထောင်ပြီးကျန်းကျန်းမာမာနေတယ်...

အခု...ကျွန်တော်လေ....အရင်လိုလူကောင်းတစ်ယောက်လိုပြန်ပြီးကျန်းမာလာခဲ့ပြီဗျ...ကိုကိုသိလား...ကျွန်တော်ကိုကို့ကိုချီပိုးပျံသန်းနိုင်တဲ့အနေအထားပြန်ရောက်နေပြီ...

ပြီးတော့ကိုကို့ကိုလည်းချီပိုးပျံသန်းဖို့ကျွန်တော်အသင့်ဖြစ်နေပြီ...

ကျွန်တော်တို့နှစ်ယောက်မွန်းကြပ်မှုတွေ၊အတားအဆီးအဟန့်အတားတွေကြားကနေရုန်းထွက်ပြီးလွတ်လပ်တဲ့ဘဝတစ်ခုကိုတည်ဆောက်ကြစို့ကိုကို....

ကျွန်တော်ချီပိုးပျံသန်းရာနောက်ကိုကိုလိုက်ရဲလား...

ကျွန်တော်သိချင်မိတယ်...

ကိုကို့ရဲ့နောင်လေး...

ရင်ခုန်စရာမျှော်လင့်ချက်တို့နဲ့ထုံမွှန်းသီကုံးဖွဲဆိုထားတဲ့နောင်လေးရဲ့ခပ်သောသောစာကြောင်းလေးတွေအဆုံးသတ်သွားပေမယ့်သူ့ရဲ့မျက်ဝန်းအိမ်နှစ်ဖက်ကတော့ထိုစကားလုံးလေးများပေါ်မှာငြိတွယ်နေဆဲပင်...။ဖတ်နေရင်းနဲ့ရင်ထဲကိုသံစဥ်တစ်ပုဒ်လိုတငြိမ့်ငြိမ်တိုးဝင်လာခဲ့တဲ့ကြည်နူးခြင်းတွေကသူ့ကိုမျက်ရည်လည်အောင်လုပ်နိုင်စွမ်းရှိ၏။ထိုကြည်နူးခြင်းတွေကြောင့်ပဲလူကအငိုမျက်လုံး၊အပြုံးမျက်နှာနဲ့အရူးတစ်ယောက်ပမာခေါင်းတဆက်ဆက်ငြိမ့်နေမိသည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Hikayelerin yaşadığı yer. Şimdi keşfedin