အပိုင်း - ၄၃

2.2K 132 12
                                    

ရက်တွေ၊လတွေအလီလီပြောင်းလဲကုန်ဆုံးသွားပြီးတဲ့နောက်...။

" ကိုယော..."

ရင်ထဲကနေလှိုက်တက်လာတဲ့အံ့ဩဝမ်းသာစိတ်တို့ကအရာအားလုံးကိုခဏတာရပ်တန့်သွားစေဖို့လုံလောက်၏။ထိုခံစားမှုတွေကြောင့်ပဲအမြဲတမ်းလွမ်းနေခဲ့ရတဲ့တစ်ယောက်သောသူရဲ့အမည်နာမလေးကိုနှုတ်ခမ်းဖျားလေးလှုပ်ရုံသာသူဖွင့်ဟခေါ်ဆိုမိသည်။'သေသည့်တိုင်နောက်ထပ်ဘယ်တော့မှတွေ့ဖို့မဖြစ်နိုင်တော့ဘူး'လို့ထင်မှတ်ခဲ့ပေမယ့်အခြေအနေတွေကအိပ်မက်ဆန်လွန်းလှစွာမျက်စိတစ်မှိတ်အတွင်းမှာပြောင်းလဲသွားကုန်ကြ၏။

ဒီအခြေအနေ၊ဒီဖြစ်ရပ်ကိုသူ့အနေနဲ့မသိစိတ်ထဲမှာတိတ်တခိုးမျှော်လင့်နေခဲ့တာအတော့်ကိုကြာခဲ့လေပြီ...။အခုတော့သူ့ရဲ့ဆန္ဒတွေပြည့်ဝသွားပြီဖြစ်သည်။နှိုင်းဆမရအောင်ဖြစ်တည်ပေါက်ဖွားလာတဲ့ဝမ်းသာကြည်နူးစိတ်တို့ကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးကြောမျှင်လေးတွေလိုလှည့်ပတ်စီးဆင်းလို့နေ၏။

တစ်စုံတစ်ယောက်က'သူ့ဘဝထဲကနေထာဝရပျောက်ကွယ်သွားပြီ'ဆိုတဲ့အသိကသူ့ရဲ့စိတ်ခံစားချက်ကိုအချိန်တစ်ခုတိုင်အလင်းမဲ့စေခဲ့၏။သို့သော်အခုချိန်မှာသူသည်သူမဟုတ်တော့သလိုပင်...။မလှမ်းမကမ်းမှာသူ့ကိုကျောခိုင်းပြီးရပ်နေတဲ့တစ်စုံတစ်ယောက်ကြောင့်အလင့်မဲ့နေတဲ့သူ့ရဲ့ခံစားချက်တွေကအသစ်တဖန်ရောင်နီသမ်းလာလေပြီ...။

သို့ပေမယ့်လည်း...။

" ကိုယော..."

ထိန်းချုပ်ဖို့မစွမ်းသာတဲ့အခြေအနေအရပ်ရပ်ကိုကြုံခဲ့၊ဆုံခဲ့ရဖူးပြီမို့လက်ရှိအနေအထားကသူ့ကိုအနည်းငယ်တော့ဇဝေဇဝါဖြစ်စေ၏။မထင်မှတ်ပဲပျောက်ကွယ်သွားလေခြင်း၊ပြီးတော့ရုတ်တရက်မြင်တွေ့နေရခြင်...။ဤဖြစ်ရပ်နှစ်ခုကြားမှာသူ့ရဲ့စိတ်တွေကလွန်ဆွဲနေသည်။

အခုသူ့အရှေ့မှာရပ်နေတဲ့လူကပုံရိပ်ယောင်လား၊ဒါမှမဟုတ်အမှန်တကယ်ပဲကိုယောလား...။

ဝေဝါးနေတဲ့အတွေးစိတ်ကစိုးရွံ့မှုကိုဖြစ်စေတာတော့အမှန်ပင်...။သို့သော်မသိစိတ်ထဲမှာတော့တိတ်တခိုးလေးဆုတောင်းနေမိသည်က...

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Où les histoires vivent. Découvrez maintenant