အပိုင်း - ၃၁

1.9K 125 1
                                    

" ဒေါက်...ဒေါက်..."

တံခါးခေါက်သံသဲ့သဲ့ကြောင့် TV ဇာတ်လမ်းအပေါ်မှာစျာန်ဝင်နေမိတဲ့သူ့ရဲ့စိတ်အာရုံအလုံးစုံကအခန်းတံခါးဝဆီရောက်ရှိသွားရတော့သည်။တံခါးခေါက်သံကမဖွင့်မချင်းအဆက်မပြတ်ထွက်နေတဲ့အခါသူလည်းမနေသာတော့ပဲထိုင်နေရာမှကမန်းကတန်းထကာအခန်းတံခါးဝဆီလျှောက်သွားလိုက်သည်။

" ကျွီ..."

" ဟာ...မြတ်ခေါင်တို့၊မင်းမင်းတို့ပါလား...လာ...လာ..."

တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲအခုတလောပျောက်ချက်သားကောင်းနေကြတဲ့မြတ်ခေါင်တို့၊ရှိန်းမင်းတို့ကိုသူတွေ့လိုက်ရ၏။မ​တွေ့ရတာကြာပြီမို့သုံးယောက်လုံးကိုရုတ်တရက်တွေ့လိုက်ရတဲ့အခါသူအံ့ဩသွားမိသည်။နယ်ကနေအတူပြန်လာကြပြီးတည်းကသုံးယောက်လုံးပျောက်သွားလိုက်ကြတာဆိုင်ဘက်ကိုလည်းမရောက်လာကြသလိုအခန်းဘက်ကိုလည်းယောင်လို့တောင်ခြေဦးမလှည့်လာကြပေ...။

လာမှလာတော့လည်းရုတ်တရက်ကြီး...။

" နေကောင်းတယ်နော် ကိုယော..."

မြတ်ခေါင်ကသူ့ရဲ့မူပိုင်တည်ငြိမ်အေးဆေးလှတဲ့အပြုံးတစ်ခုကိုနှုတ်ခမ်းထက်မှာချိတ်ဆွဲရင်းနှုတ်ဆက်စကားဆို၏။ကျန်နှစ်ယောက်ကတော့သူ့ကိုနှုတ်ဆက်တဲ့အနေနဲ့ခေါင်းငြိမ့်ပြုံးပြကြလေသည်။

" ကောင်းပါ့ဗျာ..."

မြတ်ခေါင်တို့အခန်းထဲကိုဝင်ပြီးတဲ့အခါသူလည်းအခန်းတံခါးကိုပိတ်လိုက်၏။ပြီးနောက်မြတ်ခေါင်တို့အနားကိုလျှောက်သွားရင်း...

" ထိုင်ကြ...အလည်းသက်သက်ပဲလား ညီလေးတို့... "

" အလည်ပဲကိုယော...ဒါနဲ့...ဟိုကောင်ငနောင်ရော..."

ရှိန်းမင်းကလာရင်းကိစ္စကိုပြောနေရင်းနဲ့အခန်းတစ်ဝိုက်ကိုဝေ့ဝဲကြည့်ကာအမေးစကားဆိုလာ၏။ရှိန်းမင်းမေးမှပဲကျောင်းပိတ်ရက်မှာအိပ်ရာကနေထဖို့ပျင်းတဲ့နောင်လေးကိုသူသတိရတော့သည်။

" ရေချိုးနေပုံရတယ်...ဘာသောက်မလဲညီလေးတို့...အပူလား၊အအေးလား...."

" နေ...နေ...ဘာမှမလုပ်နဲ့ကိုယော..."

တစ်ယောက်နဲ့တစ်ယောက်ကအားနာရမယ့်လူတွေမဟုတ်တာမို့သူလည်းအတင်းကြီးဧည့်ခံမနေတော့ပေ...။လွတ်လွတ်လပ်လပ်ပေါ့ပေါ့နေတတ်တဲ့ဒီကောင်လေးတွေကသူ့တိုက်ခန်းကိုကိုယ့်အိမ်ကိုယ်ယာလိုပဲသဘောထားကြ၏။ဗိုက်ဆာတဲ့အခါမရှိရှိတာကိုလှန်လှောပြီးစားတတ်ကြသည်။အခုလိုငြင်းနေပုံထောက်ရင်တော့ဗိုက်ပြည့်နေကြလို့ပဲဖြစ်မည်။

ကိုယ့်ရင်ထဲမှာအလွမ်းမိုးတွေစွေ{ Completed  }Wo Geschichten leben. Entdecke jetzt