အပိုင်း ၃၃
Unicode
တိုက်ဆိုင်မှု ဆိုတာ တခါတလေ အံ့ဩစရာကောင်းသည်။ဟိန်းစစ်၏ ကားနှင့် တိုက်မိမလို ဖြစ်သူဟာ အရင်ရပ်ကွက်က အိမ်နီးနားချင်း ညီမလေး ရွှေစင်သွန်းမြတ် ဖြစ်နေသည်။
ဒဏ်ရာရလားလို့ သေချာမေးကြည့်တော့ဘာမှမဖြစ်ဟု သိရသည်မို့ စကားစမြည်ပြောရန် ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ကြသည်။ရွှေစင်သွန်းမြတ်၏ ပြောကြားချက်အရ အတိတ်က သူ့ဘဝကို သိခွင့်ရခဲ့သည်။
"ညီမလေးတို့ ရပ်ကွက် က ပြောင်းသွားတာတော့ သိတယ်။ညီမလေးအမေကော နေကောင်းရဲ့လား။"
"အမေ က ဆုံးသွားပြီ ကိုကြီး။"
"ဟယ်....ဘယ်လိုဖြစ်ရတာလဲ ညီမလေးရယ်။ရှင်းပြပါဦး။"
"ပြောရမှာတော့ အားနာပါတယ် ကိုကြီးရယ်။အမေ ကလေ။ကိုကြီး ကို သဘောကျနေတာ။သားမက်တော်ချင်နေတာပါ။ဒါ့ကြောင့်လည်း ကိုကြီးနဲ့ နီးစပ်ဖို့ ညီမလေးကို အမြဲပြောပါတယ်။တကယ်တော့ ညီမလေး က ကိုကြီး ကို အကိုရင်း တယောက်လိုပဲ ခင်မင်တာပါ။ဒါ့ကြောင့် အမေ့ စကားကို နားမထောင်ခဲ့ဘူး။အဲ့ဒီ့တော့ အမေက ညီမလေးကို စိတ်ဆိုးတယ်လေ။နောက်တော့ ကိုကြီး တို့နဲ့ အဆက်အသွယ်ပြတ်သွားတယ််။အမေလည်း ကိုကြီးနဲ့ သဘောတူတဲ့ ကိစ္စ ငြိမ်သွားတယ်။နောက်တော့
အမေ က သူ့ရဲ့ ငယ်ငယ်က အသိမိတ်ဆွေ နဲ့ ပြန်တွေ့ပြီး သူ့သားဆိုတဲ့သူနဲ့ ညီမလေးကို သဘောတူပြန်တယ်။အဲ့ဒီ့လူက ရည်ရည်မွန်မွန်ပါပဲ။ငွေကြေးလည်း ချမ်းသာတယ်။တခုရှိတာက အဲ့လူက မိဘရဲ့ဆန္ဒ မဟုတ်ဘဲ သူ့ဆန္ဒနဲ့ ညီမလေးကို ချစ်တယ်။လက်ထပ်ချင်တယ် လို့ ပြောလာတာပဲ။"စားပွဲရှေ့မှာ ချထားသည့် ရေခွက်ထဲမှ ရေတငုံကို သောက်ပြီး ရွှေစင်သွန်းမြတ် စကားဆက်ပြောလေသည်။
"ညီမလေး ဘက်က သူ့အချစ်ကို လက်ခံခဲ့တယ်။လက်ထပ်ခွင့်တောင်းတာကို လက်ခံပေးလိုက်ပါတယ်။ကိုကြီးနဲ့ လွဲခဲ့လို့ ညီမလေးကို စိတ်ခုနေတဲ့ အမေလည်း ပြုံးပျော်သွားလို့ ညီမလေးလည်း စိတ်ချမ်းသာ ရပါတယ်။အတိုချုပ်ပြောရရင် သူနဲ့ညီမလေး လက်ထပ်ဖြစ်ခဲ့တယ် ကိုကြီး။ရန်ကုန်မှာ လက်ထပ်တာ မဟုတ်ဘဲ။သူ့ရဲ့ လုပ်ငန်းရှိတဲ့ နယ်ဘက်မှာ လက်ထပ်တာ။ခမ်းခမ်းနားနား မင်္ဂလာဆောင်တာမျိုးလည်း မဟုတ်ခဲ့တော့ အရင်ကမိတ်ဆွေတွေကိုလည်း ထွေထွေထူးထူး မဖိတ်ဖြစ်တော့ဘူး။ကိုကြီးတို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတာလည်း ကြာပြီဆိုတော့လေ။"
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi