အပိုင်း ၁၉

1K 74 9
                                    

အပိုင်း ၁၉

Unicode

ခေါင်ထက် အိပ်ရာမှ နိုးတဲ့အချိန်မှာ နာရီကို ကြည့်လိုက်တော့ မနက်၇နာရီခွဲနေပြီ။ညက အိပ်မပျော်တာနဲ့ အိပ်ရာထ နောက်ကျပါပြီ။နံဘေးကို ကြည့်လိုက်တော့ ဟိန်းစစ် မရှိတော့ အိပ်ရာကနေ ထသွားပြီ။

ခေါင်ထက် လည်း အိပ်ရာကထပြီး ဟိန်းစစ် တစ်ယောက် ရေချိုးခန်းထဲရှိမလား သွားကြည့်သည်။မရှိ။ခဏတာ မျက်လုံးဝေ့ကြည့်လိုက်သည်။မ‌နေ့က ရေချိုးခန်းထဲက အဖြစ်အပျက်ကို မျက်လုံး မြင်ယောင်လာပြီး ရှက်စိတ်ပြန်ဝင်လာတာကြောင့် အမြန်လှည့်ထွက်ခဲ့ရသည်။မျက်နှာသစ်၊သွားတိုက် ရေချိုးဖို့လည်း စိတ်မကူးသေးဘဲ ဟိန်းစစ် ဘယ်မှာ ရှိမလဲ ရှာရသည်။အပေါ်ထပ်နေရာက ကျယ်ဝန်းလွန်းတာ မဟုတ်တဲ့အတွက် မီးဖိုချောင်ထဲမှာ ထပ်ရှာဖို့ သွားသည်။ဒီအချိန်ဆိုရင်တော့ မီးဖိုချောင်ထဲမှာ ရှိလောက်သည်။

ထင်တဲ့အတိုင်းပါပဲ။မီးဖိုချောင်မှာ အခန်းပေါက်ကို နောက်ကျောပေးကာ ဟင်းချက်နေသူကို တွေ့ရသည်။အဝတ်အစားကလည်း ညက သူလဲပေးထားတဲ့ အဝတ်အစားနဲ့ပါ။ဟိန်းစစ်လည်း ရေမချိုးရသေးဘဲ မျက်နှာသစ်၊သွားတိုက်ပြီး မီးဖိုချောင်ထဲ ဝင်ပုံရသည်။

ဟင်းချက်နေသူနားကို ခြေဖွဖွလေးသွားပြီး ကျောဘက်မှနေ၍ ခါးလေးကို လက်နှစ်ဖက်နှင့် ဖွဖွလေး ဖက်လိုက်သည်။သူ့လုပ်ရပ်ကို လန့်သွားလို့ ထင်ပါရဲ့။ကိုယ်လေးတွန့်ခနဲ ဖြစ်သွားပြီး ခြေလှမ်းတွေ နောက်ဆုတ်လာတော့ ခေါင်ထက် လည်း ယောင်ယမ်းကာ လက်လွှတ်ပေးလိုက်သည်။ဟိန်းစစ်၏ ‌ယိုးတိုးယိုင်တိုင် နောက်ဆုတ်ခြေလှမ်းနဲ့အတူ "ခွမ်း" ဆိုတဲ့အသံပါ ပါလာပြီး
ဟိန်းစစ်၏ လက်ထဲမှာ ရှိနေသည့် ပန်းကန်လုံးမှာ
အထဲမှာပါတဲ့ ဟင်းတွေနဲ့အတူ ကြမ်းပြင်ပေါ်သို့ကျကာ ပန်းကန်လုံးတလုံးကွဲသွားသည်။ကံကောင်းစွာဖြင့် နှစ်ယောက်စလုံး၏ ခြေထောက်ပေါ်သို့ မကျခြင်းဖြစ်သည်။

"ဟာ ....ဆောရီးပါ ညီငယ်။အရမ်းလန့်သွားလား။"

ပြောပြီးပြီးချင်းပဲ ခေါင်ထက် က ပန်းကန်းကွဲတွေကို ကောက်ဖို့ ပြင်လိုက်တာကို မြင်တဲ့ ဟိန်းစစ် က တားလေသည်။

ညီငယ် (ဒုတိယတွဲ) unicode and zawgyiDonde viven las historias. Descúbrelo ahora