အပိုင်း ၄၁
Zawgyi
ခေါင်ထက် တရေးနိုးတိုင်း ဘေးဘက်နေရာကို ကြည့်လိုက်ရင် ဟိန်းစစ် ရှိမနေပါ။ဒီလိုပုံစံမျိုး ကြုံရတာ တပတ် နီးနီးလောက် ရှိနေပြီ။
ခေါင်ထက် လည်း ရှယ်ယာရှင်တွေနဲ့ ပြဿနာ ပေါင်းစုံ ဖြေရှင်းနေရတာကြောင့် ဟိန်းစစ် ဘက်ကို လှည့်မကြည့်ဖြစ်ခဲ့။နေ့ဘက် ဆိုရင်လည်း အလုပ်ကိုယ်စီ ဖြစ်နေပြီး ညဘက်ရောက်ရင်လည်း ပင်ပန်းတာနဲ့ စောစော အိပ်ဖြစ်နေသည်။ညတရေးနိုးလာမှ အနားက ဟိန်းစစ် ကို သတိရပြီး ပွေ့ဖက်မည်ဟု ကြံရွယ်လိုက်တိုင်း ဟိန်းစစ် ကို အိပ်နေတာ မတွေ့ရပေ။တခါတလေ ရေချိုးခန်းဝင်နေတာ တွေ့ရသည်။တခါတလေ မီးဖိုချောင်ထဲ ရောက်နေတတ်သည်။တခါတလေ အောက်ထပ်က မီးဖိုခန်းထဲ ရှိနေတတ်သည်။ညီငယ် ဘာထလုပ်နေတာလဲ။မအိပ်ဘူးလား မေးရင် အိပ်မပျော်လို့ ဟု ပြန်ဖြေတတ်သည်။ရင်ခွင်ထဲထည့်ပြီး ပြန်ချော့သိပ်လိုက်မှ ပြန်လည် အိပ်ပျော်သွားတတ်သည်။
ယခုလည်း ရှိနိုင်သည့် နေရာ လိုက်ရှာတာ မတွေ့ဘဲ သီဟ အရင်နေခဲ့သည့် အခန်းမှာ ဟိန်းစစ် ကို တွေ့ရသည်။ညအိပ်မီး မှိန်ပျပျအောက်မှာ စားပွဲခုံပေါ် အခန်းပေါက်ကို ကျောပေးကာ မှောက်အိပ်နေသည့် ဟိန်းစစ် ကို တွေ့ရသည်။ခုံပေါ်မှာ အိပ်ပျော်နေသည့် ဟိန်းစစ် ကို ချီမပြီး အခန်းထဲပြန်ခေါ်သွားဖို့ ဟိန်းစစ် အနားကို ချဉ်းကပ်လိုက်ရင်ပဲ ရှိုက်သံကို စတင်ကြားရသည်။တိတ်ဆိတ်တဲ့ညဖြစ်လို့ ဟိန်းစစ်၏ ရှိုက်သံကို သဲ့သဲ့လေး ကြားရပါသည်။"ညီငယ်"
ခေါင်ထက် ခေါ်လိုက်ရင်ပဲ ဟိန်းစစ်၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားပြီး အိပ်နေရာမှ ထလာပြီး သူ့ကို မော့ကြည့်ကာ မျက်နှာကို လက်နဲ့ပွတ်သပ်ကာ မျက်ရည်တွေကို ဖွက်ထားဖို့ ကြိုးစားနေပါသည်။ခေါင်ထက် ကလည်း ဟိန်းစစ်၏ လက်ကို အတင်းဆွဲယူပြီး မျက်ရည်စတွေ ထင်ကျန်နေဆဲ ဖြစ်သည့်မျက်နှာလေးကို သေချာစွာ ကြည့်လိုက်သည်။
"ငိုနေတာလား။ဘာကြောင့်လဲ။"
"ဟို.....အရမ်း အိပ်ချင်နေလို့။သန်းလိုက်လို့ပါ။"
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi