အပိုင်း ၂၃
Unicode
ဒီနေ့ ခေါင်ထက် အိမ်ပြန်လာသည်။အိမ်ပြန်လာမည် ဆိုတာကိုလည်း ဟိန်းစစ် ကို ကြိုတင် ဖုန်းဆက်ထားပါသည်။ရန်ကုန် ချောင်းသာ လမ်း ဟာ ကိုယ်ပိုင်ကားနဲ့ မောင်းလာရင် ဘယ်နှစ်နာရီမှ မမောင်းရတဲ့ ခရီးပါ။နေ့လယ် မတိုင်ခင် အချိန်မှာပဲ အိမ်ကို ရောက်သည်။ရောက်ရောက်ချင်း သီဟဆီက ကြားလိုက်ရသည့် စကားကတော့ ဟိန်းစစ် မရှိဘူး။အပြင်သွားသည်တဲ့။ဈေးသွားဝယ်တာလား လို့ မေးတော့ ရဲထက်နှင့် ဆိုင်ခန်းနေရာသွားကြည့်သည်ဟု ပြောသည်။
ခေါင်ထက် လည်း ဆက်မေးမနေတော့ဘဲ အပေါ်ပြန်တက်ခဲ့သည်။အဝတ်အစား သေတ္တာကိုတော့ အခန်းထောင့်မှာပဲ ပစ်ထားလိုက်သည်။ပူလောင်လာသည်မို့ အဲကွန်းဖွင့်ပြီး ဝတ်ထားတဲ့ အဝတ်အစားတွေကို ဆွဲချွတ်ပစ်လိုက်ပြီး မျက်လုံးထဲတွေ့တဲ့ ဘောင်းဘီတို တထည်ကိုဆွဲယူ ဝတ်ကာ အင်္ကျီမပါဘဲ ခုတင်ပေါ်တက်အိပ်လိုက်သည်။
ဒီအခြေအနေမျိုး ဟိန်းစစ် မြင်ရင် သူအဆူခံရမှာ အသေအချာပါပဲ။ဖုန်းကို ယူကာ ဟိန်းစစ် ဆီ ဆက်သည်။မကိုင်ပါ။၃ကြိမ်မှ ၅ကြိမ်တိတိ ဖုန်းခေါ်သည် မကိုင်ပါ။ခေါင်ထက် စိတ်တိုလာသည်။
ထပ်မဆက်တော့ဘဲ စားပွဲပေါ် ဖုန်းကို ပစ်တင်ကာ အင်္ကျီမဝတ်တော့ဘဲ အပေါ်ပိုင်း ဗလာနှင့် စောင်ကို လည်ပင်းထိ ဆွဲခြုံကာ မျက်လုံးအစုံ မှိတ်ပစ်လိုက်သည်။ကားမောင်းလာရ၍ ပင်ပန်းသည်က တကြောင်း၊ မနက်အစောကြီး ထခဲ့ရလို အိပ်ချင်တာ တမျိုးနှင့် ပေါင်းစပ်ကာ အချိန်တို အတွင်းမှာပဲ ခေါင်ထက် တယောက် နှစ်ခြိုက်စွာ အိပ်မောကျသွားပါသည်။ဟိန်းစစ် ပြန်ရောက်လာချိန်ထိ ခေါင်ထက် မနိုးသေးပါ။
ဟိန်းစစ် ခေါ်သံကိုလည်း သူ မကြားပါ။"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေလားဟင်။"
လည်ပင်းပေါ်ထိ စောင်ကို ဆွဲခြုံအိပ်နေသူကို အနားကပ်ကာ အသာမေးလိုက်သည်။ဘာတုံ့ပြန်ချက်မှ မရတဲ့ အတွက်
အိပ်ပျော်နေသည် ဆိုတာ သေချာသည့်အတွက် ဆက်မနှိုးတော့ဘဲ
ခေါင်ထက် စားသောက်ဖို့ အတွက် စီစဉ်ရန် မီးဖိုချောင်ကို ထွက်လာခဲ့လိုက်သည်။
သူ စားလို့ရမည့်အရာတွေကို ခပ်မြန်မြန်ချက်ပြီး အခန်းထဲ ပြန်ဝင်လာသည်အထိ စောင်ခြုံအိပ်နေသူက မနိုးသေးပါ။သူ ပင်ပန်းလို့ ထင်ပါရဲ့။
ESTÁS LEYENDO
ညီငယ် (ဒုတိယတွဲ) unicode and zawgyi