အပိုင်း ၅

1.6K 122 6
                                    

အပိုင်း ၅

Unicode

"သီဟ...အစ်ကို စကားနည်းနည်းလောက် ပြောလို့ရမလား။"

ဆိုင်သိမ်းပြီးချိန်ဖြစ်တာမို့ ဝန်ထမ်းတွေလည်း ပြန်ကုန်ပြီ။သီဟ ကတော့ ဆိုင်မှာ လုပ်လက်စတွေကို လက်စသတ်ရင်း ကောင်တာက တစ်နေ့ဝင်ငွေ ငွေကြေးတွေကို ရေတွက်သည်။ပုံမှန်ဆို ငွေသိမ်းအလုပ်က ဟိန်းစစ် က ဆောင်ရွက်သည်။
အခု ဟိန်းစစ် နေမကောင်းလို့ ဆိုင်မလာနိုင်တော့ ဆိုင်တာဝန် အားလုံး သီဟ ခေါင်းပေါ် ရောက်လာသည်။

ဦးခေါင်ထက် က သူ့ကို မကြည်လင်ဘူး ဆိုတာ သိနေတဲ့အတွက် အပေါ်ထပ်ကို တက်ပြီး ဟိန်းစစ်ရဲ့ ကျန်းမာရေး သတင်းကိုတောင် သိချင်ပေမယ့် မမေးဖြစ်ပါ။ဆိုင်ကို အချိန်မှန်လာဖွင့်ပေမယ့် ဦးခေါင်ထက် အိမ်မှာရှိနေချိန်မို့ အိမ်ပေါ်တောင် မတက်ပါ။ဆိုင်သိမ်းပြီး ညကျရင်လည်း အဖေ့ဟိုတယ်မှာပဲ အိပ်သည်။

"ဟုတ်ကဲ့...ရပါတယ်။"

သီဟ နဲ့ မလှမ်းမကမ်းမှာ ခုံတစ်ခု ယူကာ ဝင်ထိုင်သည်။

"အစ်ကို တောင်းပန်ပါတယ် ညီလေး။အထင်လွဲမိပါတယ်။ဒီတစ်ခါ ခွင့်လွှတ်ပေးပါ။"

"ရပါတယ်။ကျွန်တော် အပြစ်မယူပါဘူး။ဟိန်းစစ် ကို ဦးခေါင်ထက် ဘယ်လောက်ချစ်လဲ ဆိုတာ သိနေတာပဲ။
ဟိန်းစစ်ကို ချစ်လို့ သဝန်တိုတာကို နားလည်ပါတယ်။
ကျွန်တော့်ကို တောင်းပန်မယ့်အစား ဟိန်းစစ် ကိုပဲ စိတ်ချမ်းသာအောင် ထားပေးစေချင်ပါတယ်။
ပြီးတော့ ကျွန်တော် တစ်ခုပြောချင်တယ်။"

"ပြောပါ ညီလေး။အစ်ကို နားထောင်နေပါတယ်။"

"အရာအားလုံး ဦးခေါင်ထက် ဘက်ကပဲ ပေးနေရတယ် မထင်ပါနဲ့။အလုပ်မှာလည်း အဲ့လိုပါပဲ။ဦးခေါင်ထက်ပဲ အလုပ်ပင်ပန်းတယ် မထင်ပါနဲ့။ဟိန်းစစ် က ဆိုင်မှာဆိုရင် သူဌေးတစ်ယောက်လို နေတာ မဟုတ်ဘူး။ပန်းကန်လည်း ဝင်ဆေးတယ်။သန့်ရှင်းရေး ဆိုလည်း သူ လုပ်တယ်။စားပွဲထိုးလည်း လုပ်တယ်။
မီးဖိုချောင်ထဲ တစ်မနက်လုံးရပ်နေပြီး ဆူရှီလည်းလိပ်တယ်။ဆိုင်က အစားအစာ menu တွေကိုလည်း ကိုယ်တိုင် ချက်ပြုတ်တယ်။
တခါတလေ တစ်နေကုန်နီးနီး အလုပ်လုပ်ရတာ
ထိုင်ချိန်တောင်မရှိဘူး။
သူ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ တွေးကြည့်ပေါ့။
တစ်နေကုန် အလုပ်လုပ်ရလို့ ပင်ပန်းနေတာတောင် ဦးခေါင်ထက် ရဲ့ ဝေယျာဝစ္စအားလုံးကို သူကိုယ်တိုင် လုပ်ပေးတယ်။ချက်ပြုတ်ကျွေးတာကအစ သူကိုယ်တိုင် ချက်ကျွေးတယ်။ဟိန်းစစ် က အိမ်ထောင်ရေးသာယာ ချင်သူပါ။ခက်ခက်ခဲခဲ စဉ်းစားပြီးမှ တည်ဆောက်ထားတံ့ အိမ်ထောင်ရေးကို သူကိုယ်တိုင်အပျက်အစီး ခံမှာမဟုတ်ဘူး။"

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now