အပိုင်း ၂၇
သီတင်းကျွတ်အမှတ်တရ
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့
ဖြစ်သည်။ဟိန်းစစ်၏ ဆိုင်ကတော့ ဝန်ထမ်းတွေလည်း တရက်နားလို့ရအောင် ဆိုင်ပိတ်ပေးလိုက်သည်။
ခေါင်ထက်လည်း ရန်ကုန်မှာ ရှိနေသည်။ခေါင်ထက်၏ ရုံးလည်းပိတ်သည်။မနက်စာ စားပြီးကြပြီး
ခေါင်ထက်မိဘနှင့် ဟိန်းစစ်၏ မိဘတွေကို ကန်တော့ရန်အတွက် နှစ်ယောက်သား ပစ္စည်းတွေ သွားဝယ်ကြသည်။ပစ္စည်းတွေ ဝယ်ပြီးကြတာနဲ့ ခေါင်ထက် သူ၏မိဘအိမ်ကို အရင်သွားဖို့ ပြောလာသည်။
"အကို့ အဖေနဲ့အမေကို အရင်သွားကန်တော့မယ်နော်။"
"ဟုတ်ကဲ့ ကိုကို။ဒါဆို ဒီနေရာကနေ လမ်းခွဲကြမယ်။ကျွန်တော့်ကို ဟိုရှေ့နားမှာ ကားရပ်ပေး။ကားဌားပြီး မေမေ့အိမ်ကို သွားလိုက်မယ်လေ။ပြီးရင် ကျွန်တော့်ကို ပြန်လာခေါ်မှာလား။ကျွန်တော့်ဖာသာ အိမ်ပြန်လာရမလား။"
" အကို့မိဘတွေကို ညီငယ်နဲ့အတူ ကန်တော့ချင်တယ်။အခု အကို့အိမ်ကို တခါတည်း လိုက်ခဲ့ပါလား။"
"ဗျာ။"
"တခါတည်း သွားလိုက်ကြရအောင်လေ.....နော်။"
ခေါင်ထက်၏ စကားကြောင့် ဟိန်းစစ်မှာ အတော်လေး အံ့ဩသွားရသည်။မဖြစ်နိုင်သည့်စကားပါ။
"ကိုကို့ရဲ့ မိဘတွေကို ကျွန်တော့်မျက်နှာပြလို့ မရဘူး ဆိုတာ ကိုကိုလည်းသိရဲ့နဲ့။အဝေးကနေပဲ မှန်းဆပြီး ကန်တော့ပါ့မယ်။ကိုကိုပဲသွားပါ။"
"အကို ကတော့ လိုက်စေချင်တယ် ညီငယ်။နောင်လည်း အကိုတို့နှစ်ယောက်အတူသွားရမှာပဲလေ။"
"အခုချိန်မှာ မဖြစ်နိုင်ပါဘူး ကိုကို။အခြေအနေကိုလည်း ကိုကို သိနေတာပဲလေ။ဟိုတခါတုန်းကလည်း ကျွန်တော့်ကို အလှူခေါ်သွားပြီး ကိုကို တဇွတ်ထိုး လုပ်ခဲ့တုန်းကလည်းကိုကို့အမေမှာ ဘယ်လောက်တောင် စိတ်ဆင်းရဲသွားရလဲ ဆိုတာ ကိုကိုလည်း သိတာပဲလေ။
အခုလို သီတင်းကျွတ်အခါသမယနေ့ နေ့ကြီးရက်မြတ်မှာ ကိုကို့မိဘတွေကို စိတ်မဆင်းရဲပါစေနဲ့နော်။ကိုကို တယောက်တည်းပဲ သွားပါနော်။"
ESTÁS LEYENDO
ညီငယ် (ဒုတိယတွဲ) unicode and zawgyi