အပိုင်း ၄၅
Unicode
"နိုးပြီလား ညီငယ်"
"ဟုတ်ကဲ့ ကိုကို။ဪ...ဆောရီးနော်။လက်နာသွားလား။"
အိပ်မှုံစုံဖွားပုံစံလေးနှင့် ပြန်ဖြေလေသည်။
ခေါင်ထက် လက်မောင်းကိုခေါင်းအုံးကာ အိပ်နေရာမှ နိုးလာသည်ကို သတိရပြီး ခေါင်ထက်
လက်နာနေမည်ကို စိုးရိမ်မိသွားပါသည်။"မနာပါဘူးကွာ။နည်းနည်း ကျဉ်ရုံလေးပါပဲ။"
"ဟုတ်လား။ကျွန်တော်နှိပ်ပေးရမလားဟင်။"
"ရပါတယ်။အဲ့လောက်လည်း မဟုတ်ပါဘူး။"
"ဆောရီး ကိုကို ။အိပ်ေပျာ်သွားတယ်။ကျွန်တော် ပင်ပန်းသွားလို့ပါ။"
"အွန်....ညီငယ် ပင်ပန်းအောင် ကိုကို လည်း ဘာမှ မလုပ်ရပါလား။"
"ဗျာ...."
ပထမက ခေါင်ထက်၏ ဘာမှ မသိသလို ရှိပေမယ့် ဟိန်းစစ် ရင်ဘတ်တလျှောက် လက်ဖဝါးနှင့် အထက်မှအောက်သို့ ပွတ်သပ်လိုက်သည်မို့ ချက်ချင်း ဆိုသလို ဟိန်းစစ် သဘောပေါက်လိုက်ပါသည်။
"ဟာ.....ကိုကို ကလဲ။"
မျက်နှာလေး ချက်ချင်းရဲတွက်လာကာ တဖက်ကို လှည့်သွားသည်။မာနခဲလေး ရှက်သွားလေပြီ။တဖက်လှည့် သွားသည့် မျက်နှာကို လက်ဖဝါးနှင့် အသာဆွဲယူကာ သူ့ဘက်ကို ပြန်လှည့်စေသည်။
"အကို က ဘာများပြောရသေးလို့ ညီငယ် က ရှက်သွားရတာလဲဟင်။"
ခေါင်ထက် ပြုံးစိပြုံးစိ လုပ်နေပါသည်။အဲ့ဒီ့ပုံစံက ပိုပြီး ရှက်စရာကောင်းသည်။
"ကျွန်တော့်ကို ကြည့်ပြီး ကိုကို က ဘာလို့ပြုံးနေတာလဲ။"
"ဟာ .... ဘာဖြစ်လို့လဲ။ညီငယ့် ကို သဘောကျလို့ပြုံးပြ ကြည့်နေတာလေ။မကြည့်ရဘူးလား။"
"ကိုကို က အဲ့လို ပြုံးနေတော့ ကျွန်တော် က ရှက်တာပေါ့။"
"ရှက်ရင် အကို့ ရင်ခွင်ထဲမှာနေ...... လာ ...ပြန်အိပ်ကြစို့။"
ဟိန်းစစ် ၏ ခန္ဓာကိုယ်ကို အတင်းဆွဲကို မွေ့ယာပေါ် ပြန်လှဲချနေသည်။
ESTÁS LEYENDO
ညီငယ် (ဒုတိယတွဲ) unicode and zawgyi