အပိုင်း ၃၅
Unicode
"မနက်ဖြန် မိဘမဲ့ကလေးကျောင်းကို ပိုက်ဆံသွားလှူရမယ်။အဲ့ဒါ ညီငယ် လည်း လိုက်ခဲ့ရမယ်။"
"ဗျာ။ကျွန်တော် မလိုက်လို့မရဘူးလားဟင်။"
"မရဘူးလေ။ပိုက်ဆံ သိန်း ၈၀၀ ကို ညီငယ်နဲ့အတူ လာလှူပါ့မယ်လို့ ဆရာတော့်ကို ကတိခံခဲ့ပြီးပြီလေ။"
ဆရာတော့်ကို ကတိခံပြီးပြီ ဆိုတော့ ဟိန်းစစ် မလိုက်လို့ မရတော့ပေ။မလိုက်ချင်ပါ။
ဟိန်းစစ် ၏ မျက်နှာကို ကြည့်ပြီး ခေါင်ထက် သဘောပေါက်သည်။သူနှင့်အတူ လူမြင်ကွင်းသွားဖို့ ငြင်းဆန်ချင်နေပုံပါ။ဆရာတော့်ကို ကတိခံပြီးပြီ ဆိုတဲ့ စကားက ဟိန်းစစ် ကို ချည်ပြီးတုတ်ပြီး ဖြစ်စေလို့ ကျေနပ်ပါသည်။
ခေါင်ထက် အဝတ်အစားလဲချိန် ဟိန်းစစ် လုပ်ပေးနေကျအတိုင်း အဝတ်အစား ကူလဲပေးပါသည်။
"မိဘမဲ့ ကလေးကျောင်းမှာ လစဉ် ငွေဆယ်သိန်း လှူတဲ့ ကိစ္စ၊ ကလေးတွေဆီ မကြာခဏ သွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အကို ဘာမှ မသိရဘူး။အခု အကို့ကို ပြောပြချင်လား။"
ခေါင်ထက် ၏ စကားကြောင့် မျက်လုံးလေး ဝိုင်းလာကာ သူ့ကို မော့ကြည့်သည်။ပြီးတော့ အပြစ်ရှိသူတယောက်လို ခေါင်းပြန်ငုံသွားသည်။စိတ်ဆိုးပြေသွားတဲ့ အချိန်မျိုးဆိုရင် ချစ်စရာကောင်းလွန်းနေတဲ့ မျက်နှာလေးကို ဆွဲမွှေ့ကာ နမ်းလိုက်ပြီးပါပြီ။ဟိုရက်က စိတ်ဆိုးထားတဲ့ အရှိန်ကလည်း ရှိနေ၊ ဟိန်းစစ် မသိလိုက်တဲ့ အိမ်ပြန်လာတဲ့ ညက အခန်းထဲက စားပွဲပေါ်မှာ တွေ့ထားတဲ့ နှုတ်ခမ်းနီတောင့် ၊ သူ့ကို မပြောပြတဲ့ မိဘမဲ့ကျောင်းကို သွားတဲ့ ကိစ္စ အားလုံး စုပေါင်းပြီး ခေါင်ထက် အခုထိ နှုတ်ခမ်းစူနေဆဲပါ။
အမေ့ အိမ်မှာ အိပ်မယ် ဆိုပြီး ဟိန်းစစ် ကို စာပို့လိုက်တဲ့နေ့ကစပြီး ဟိန်းစစ် ဆီ ညပြန်မအိပ်တာ အခုဆို ၃ရက်မြောက်နေ့မှ ပြန်လာခြင်းဖြစ်သည်။အိမ်မှာပြန်နေတဲ့ ရက်အတွင်းလည်း အမေနှင့်အတူ နေပေမယ့်လည်း သားအမိနှစ်ယောက် အဆင်မပြေပါ။စကားများရတဲ့အချိန်က များနေသည်။ခေါင်ထက် ကလည်း သူ ဖြစ်ချင်နေတာ၊ သူလိုချင်တာကို မရရအောင် တောင်းသည်။အမေ ကလည်း ခါးခါးသီးသီးငြင်းသည်။သားအမိနှစ်ယောက် တယောက်မှ အလျော့မပေးဘဲ လိုချင်တာကိုပဲ အပြန်အလှန်ပြောနေကြပါသည်။ခေါင်ထက် အတော်လေး စိတ်ပင်ပန်းခဲ့ရပါသည်။
DU LIEST GERADE
ညီငယ် (ဒုတိယတွဲ) unicode and zawgyi