A/N တွေးမိတွေးရာ

789 42 11
                                    

တွေးမိတွေးရာ

အဆိုတော် စည်သူလွင် ဆိုထားတဲ့ "ဒုတိယ" ဆိုတဲ့ သီချင်းကို အရင်ကတည်းက ကြိုက်နှစ်သက်ပါတယ်။အခုတော့ သီချင်းလေး နားထောင်ရင်း ဇာတ်လမ်းလေးတစ်ပုဒ် စဉ်းစားမိတယ်။ဒုတိယလူ ဆိုတဲ့ စာသားကြောင့်  မျက်ရည်လည်ရွှဲမယ်ပေါ့။

Bl fiction အရှည်ထဲမှာ ဆိုရင် ညီငယ် က တတိယမြောက်ရေးဖူးတဲ့ fic ပါ။မပြီးပြတ်သေးတဲ့ fic အချို့ရှိတယ်။ညီငယ့် အရင် ရေးဖူးတဲ့ fic ၂ပုဒ်ကတော့
စာအုပ်ထဲမှာ ရေးထားတဲ့ လက်ရေးစာမူ ဖြစ်တဲ့အတွက် ကွန်ပျူတာစာလုံး ပြန်စီဖို့က အချိန်အများကြီး ပေးရဦးမယ်။

ပြီးခဲ့တဲ့တစ်ရက်က 2020 ထွက် (ဟိုတစ်လောက အရမ်းနာမည်ကြီးဇာတ်ကားပဲ။နာမည်တော့ မပြောတော့ပါဘူး။) ဇာတ်ကားတစ်ကား ကြည့်မိလိုက်တယ်။ကြည့်ဖြစ်တာလည်း တစ်ကားလုံးမှာမှ အဲ့တစ်ပိုင်းတည်းပဲ ကြည့်ဖြစ်တာပါ။
ကြည့်ဖြစ်တဲ့ တစ်ပိုင်းမှာမှ 2018 ခုနှစ်က ကျွန်မ ရေးထားတဲ့ fic အရှည်ရဲ့ ဇာတ်လမ်းအချိုးအကွေ့နဲ့ သွားတူနေတယ်။ ကျွန်မ ရေးထားတာက 2018 က ဇာတ်လမ်း။ ဇာတ်ကားထွက်တာက 2020 က ဇာတ်ကား ဆိုတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။
"ညီငယ် (ဒုတိယတွဲ)" ဇာတ်သိမ်းပိုင်း ရေးပြီးရင် 2018 က ရေးထားတဲ့ fic လေးကို up ပေးမယ်လို့ စိတ်ကူးထားမိပေမယ့် အခုတော့...။

အဲ့ဒါနဲ့ ထပ်ပြီးစဉ်းစားမိတာက
ကျွန်မရဲ့ fic နဲ့ တူနေတဲ့ အခြားစာရေးဆရာတွေ ရေးတဲ့ fic မျိုးများရှိနေမလားတွေးမိတယ်။လူ့သဘာဝထဲက လူသားတွေရဲ့ နေ့စဉ်လုပ်ဆောင်ဖြတ်သန်းမှု အကြောင်းတွေ ရေးတာဆိုတော့ အခြေခံတူကြမှာပါ။
Own creation တွေ ဖြစ်ကြပေမယ့် တခါတလေ အတွေးတူ၊ စိတ်ကူးတူပြီး၊ စဉ်းစားတာလေးတွေ တူတဲ့ တိုက်ဆိုင်မှုတွေ ဖြစ်သွားတတ်ပြန်ပါတယ်။
ဇာတ်လမ်းကျောရိုးနဲ့ ဇာတ်အိမ်ဖွဲ့ပုံ ဆင်တူရင်တောင် တင်ပြပုံခြင်း ကွဲထွက်မှာပါ။

Wattpad , Facebook နဲ့ အခြားမှာ  ညီငယ် နဲ့ plot ထပ်တူကျတာမျိုး မြင်မိရင်တော့ အချက်ပြကာ သတိပေးကြပါလို့ ။ fictionအားလုံးကို အချိန ဖတ်မိဖို့က လက်လှမ်းမမှီလို့ပါ။တကယ်လို့ plot တူတာ ရှိနေရင်လည်း တစ်ဖက်က စာရေးဆရာကို ကျွန်မဘက်က အားနာစိတ် ဖြစ်မိမှာပါ။

ညီငယ် (ဒုတိယတွဲ) unicode and zawgyiTempat cerita menjadi hidup. Temukan sekarang