အပိုင်း ၄၆
Unicode
"ကိုကြီးဟိန်းစစ်"
"ဟေ....ဘာလဲ။"
ဟိန်းစစ်နှင့်သီဟ မီးဖိုချောင် မှာ အလုပ်ရှုပ်နေတုန်း ဝန်ထမ်းလေးတယောက် သူ့တို့ဆီ အပြေးအလွှား ရောက်လာသည်။
"ဦးလေးကြီး ရောက်လာတယ်။"
"ဆရာလား။"
"ဟုတ်ကဲ့။အခု ဆိုင်ထဲကို ဝင်လာပြီ။"
"ဟုတ်လား။အေး အေး ကိုကြီး အခု သွားလိုက်မယ်လေ။"
"ဦးခေါင်ထက် က ဒီအချိန်ကြီး အိမ်ပြန်လာတာလား။"
သီဟ လှမ်းမေးလေသည်။
"အင်း ဟုတ်မယ် ထင်တယ်။
ဘာကိစ္စရှိလို့လဲ မသိဘူး။ငါသွားလိုက်ဦးမယ်။"ဟိန်းစစ် မှာ Apron တောင် မချွတ်ဘဲ ဆိုင်ရှေ့ကို ထွက်လာခဲ့လိုက်သည်။
"ညီငယ်"
မီးဖိုခန်းဝရောက်တော့ ခေါင်ထက်နှင့်ဟိန်းစစ် တန်းတိုးသည်။
"ကိုကို အစောကြီး ပြန်လာတာလား။ကိစ္စရှိလို့လားဟင်။"
"ဟုတ်တယ်။ညီငယ်နဲ့ လာတွေ့တာ။လာ.....အကိုနဲ့ လိုက်ခဲ့။"
ဟိန်းစစ် ၏ လက်ကို ဆွဲပြီး ဆိုင်ထဲသွားဖို့ ခေါ်လေသည်။
"ကျွန်တော့်ကို လက်ကို လွှတ်ပါ။ဆိုင်မှာ လူတွေနဲ့လေ။"
ဆွဲထားသည့် လက်ကို ရုန်းရင်း လွှတ်ပေးဖို့ အသံကို ခပ်အုပ်အုပ်လေး ပြောလေသည်။ခေါင်ထက် က လက်ကို မလွှတ်ပေ။ရှေ့ဆက်သွားလေသည်။ဟိန်းစစ် မှာ ခေါင်ထက် ခေါ်ရာ လိုက်ခဲ့ရလေသည်။
ထောင့်ကျကျ စားပွဲခုံရှိရာဆီ ခေါ်လာသည်။ Apron ဝတ်ထားသည့် ကောင်လေး တယောက်ကို အခြားကောင်လေးက လက်ဆွဲပြီး ခေါ်လာပုံဟာ ဆိုင်ထဲက လူတွေ စိတ်ဝင်စားစရာ ကိစ္စတခု ဖြစ်သွားမှာတော့ အမှန်ပင် ဖြစ်သည်။ခေါင်ထက် ခေါ်လာသည့် စားပွဲဝိုင်းမှာ ကောင်လေးတယောက်နှင့်ကောင်မလေး တယောက် ထိုင်နေလေသည်။ကောင်မလေး ကို ဟိန်းစစ် မြင်သည်နှင့် သိသည်။နန်းမှုံရတနာ။သူ့ကို ခေါင်ထက် ခေါ်လာသည် ဆိုတာ ဘာအတွက်ကြောင့်လဲ။
ESTÁS LEYENDO
ညီငယ် (ဒုတိယတွဲ) unicode and zawgyi