အပိုင်း ၈
Unicode
ခေါင်ထက် ရန်ကုန် ကို ပြန်ရောက်တဲ့အချိန်ဟာ ညဘက် ဖြစ်နေသည်။ဖုန်းဆက်ပြောတုန်းကတော့ မမှောင်ခင် ရောက်မည်ဟု ဆိုသည်။အခုတော့ ဟိန်းစစ် ဆိုင်ပိတ်ပြီးမှ သူရောက်လာပါသည်။
သူရောက်လာတာနဲ့ ဟိန်းစစ် က သူ့ရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရပါသည်။သူ ယူလာတဲ့ အထုပ်အပိုးတွေကို ကားပေါ်က ချသည်။အခန်းထဲထိ သယ်လာပြီး အခန်းရဲ့ လွတ်နေတဲ့ နေရာမှာ ခဏထားလိုက်ပြီး ဟိန်းစစ်နောက်ကနေ ကားပေါ်ကျန်နေသေးတဲ့ အထုပ်တွေကို သယ်မလာပြီး နေရာချနေသူ ခေါင်ထက် ဘက် လှည့်ကာ ကြည့်လိုက်သည်။
"ညစာ စားပြီးပြီလား။"
"ပြီးပြီ။သူငယ်ချင်း အိမ်မှာ စားခဲ့တယ်။"
သူဝတ်လာတဲ့ အဝတ်အစားတွေကို ကူညီချွတ်ပေးရင်း ဟိန်းစစ် မေးလိုက်သည်။ခေါင်ထက် ကတော့ အဝတ်အစားချွတ်ပေးနေသည့် ဟိန်းစစ် ခါးကို အတင်းဖက်ကာ ရင်ခွင်ထဲထည့်ဖို့သာ ကြိုးစားနေသည်။အင်္ကျီကြယ်သီးဖြုတ်နေတဲ့ လက်ကို အတင်းဆွဲယူနမ်းရှိုက်ရင်း အနှောင့်အယှက် ပေးနေသည်။
"လွမ်းလိုက်တာ ညီငယ်ရယ်။ဒီလက်ကလေးကိုလည်း လွမ်းတယ်။အိစက်စက်ပါးပြင်လေးကိုလည်း လွမ်းတယ်။အကို ချစ်တဲ့ နှာခေါင်းထိပ်ကလေးကိုလည်း လွမ်းတယ်။အထူးသဖြင့် ချိုမြိန်တဲ့ နှုတ်ခမ်းပါးလေး။အရမ်းလွမ်းတယ်။"
ပါးစပ်ကလည်းပြောရင်း သူ့ရဲ့အလွမ်းတွေကို အနမ်းနဲ့ သက်သေပြလေပြီ။နဖူးပြင်က စလို့ လည်တိုင်ကြော့ထိ သူ အကုန်ပိုင်ဆိုင်ကြောင်း ခေါင်ထက် တစ်ယောက် လက်တွေ့ပြလေသည်။အဝတ်အစားချွတ်ပေးနေတဲ့ လက်တွေဟာ အလိုလို လျော့ရဲလာသည်။
မဆွတ်ခင်က ညွတ်နေရသူမှာ ဟိန်းစစ် သာ ဖြစ်သည်။ရက်ပိုင်းလောက် ခဏတာ ပျောက်ကွယ်နေတဲ့ သူ့အနမ်း၊သူ့ရဲ့အယုအယတွေဟာ တဒင်္ဂ မူးမေ့ ရူးသွပ်စေသည်။အသံမထွက်နိုင်လောက်အောင် သူ့လက်တွင်းမှာ ပျော့ခွေကျနေပါပြီ။
ဟိန်းစစ် အပေါ်မှာ လိုချင်တပ်မက်မှုများတဲ့ ခေါင်ထက်ဟာ အထိအတွေ့တစ်ခုမှာ မရပ်တန့်နိုင်တော့။ဟိန်းစစ် မျက်နှာ၊ နှုတ်ခမ်းတွေ ထူအမ်းလာတာကိုလည်း သူ ဂရုမစိုက်တော့။အထပ်ထပ်၊အကြိမ်ကြိမ် ရယူမိနေသည်။
ŞİMDİ OKUDUĞUN
ညီငယ် (ဒုတိယတွဲ) unicode and zawgyi