အပိုင်း ၃၉
Unicode
ညက တညလုံး မအိပ်နိုင်ဘဲ မိုးလင်းကာနီးမှ အိပ်ပျော်သွားတာကြောင့် ဟိန်းစစ် အိပ်ယာနိုးလာသည့် အချိန်သည် မနက် ၇နာရီကျော် နေပါပြီ။နံဘေးကို ကြည့်လိုက်တော့ ခေါင်ထက် မရှိတော့ပါ။ရေချိုးခန်းထဲ သွားကြည့်လည်း မတွေ့။အောက်ထပ်ဆင်းကြည့်တော့လည်း မတွေ့။ခြံထဲသွားကြည့်တော့ သူ့ကား ကို မတွေ့တော့ပါ။ဟိန်းစစ် မနိုးခင် သူထသွားတာ ဖြစ်လိမ့်မည်။အိမ်ပေါ်ပြန်တက်ပြီး သူ့ကို ဖုန်းဆက်ကြည့်လိုက်သည်။
ဖုန်းကိုချက်ချင်းမကိုင်ပေ။အချိန် အတန်ကြာမှ ကိုင်လေသည်။
"ကိုကို .... အစောကြီး ကုမ္ပဏီ သွားတာလားဟင်။"
"ဟုတ်တယ်။"
"ကျွန်တော် အိပ်ပျော်သွားတယ်။ကျွန်တော့် ကို နှိုးလိုက်တာ မဟုတ်ဘူး။ထမင်းချိုင့် တောင် ထည့်မပေးလိုက်ရဘူး။"
"ရတယ်။အပြင်မှာပဲ ဝယ်စားလိုက်မယ်။"
"အပြင်မှာ ဝယ်မစားပါနဲ့။ကျွန်တော် ထမင်းချိုင့် လာပို့ပေးပါ့မယ်။"
"ရတယ်။ရတယ်။ကိစ္စမရှိဘူး။လာမပို့နဲ့။ဒီနေ့လည်း ရုံးမှာ အချိန်ပြည့် ရှိနေမှာ မဟုတ်ဘူး။
ဒါပဲနော်။ဖုန်းချလိုက်တော့မယ်။ကားမောင်းနေလို့။"ဟိန်းစစ် ဘာမှ ပြန်ပြောချိန်မရလိုက်ဘဲ တဖက်မှ ဖုန်းချသွားသည်။ကားမောင်းနေသည် ဆိုတာကြောင့် ဖုန်းထပ်မခေါ်ဖြစ်တော့ပါ။
သေချာတာကတော့ ညကကိစ္စ စိတ်ဆိုးမပြေသေးဘူးဆိုတာ အသေအချာပဲ ဖြစ်သည်။
ခုတင်ပေါ်မှာ ခဏထိုင်ရင်း အခန်းထဲကို ဝေ့ကြည့်လိုက်ပါသည်။မထိရမတို့ရသေးသော ကိတ်မုန့်နဲ့အအေး။တခန်းလုံးပြန့်ကျဲနေသော နှင်းဆီပွင့်ဖတ်တွေ။တခုချင်းစီ လိုက်လံရှင်းလင်းရပါသည်။ခေါင်ထက် စိတ်တိုတိုနှင့် လွှင့်ပစ်ထားသည့် စာချုပ်ဖိုင်ကို ကောက်ယူကာ အံဆွဲထဲသို့ သေချာစွာ ထည့်ထားလိုက်သည်။ဆိုင်ဖွင့်ချိန်ရောက်တော့ အောက်ထပ်ကို ဆင်းလာခဲ့သည်။မီးဖိုချောင် သန့်ရှင်းရေးလုပ်နေချိန် သီဟ ရောက်လာသည်။
DU LIEST GERADE
ညီငယ် (ဒုတိယတွဲ) unicode and zawgyi