ညီငယ် အတွဲ ၂ new year present
Unicode
"ကိုကို ထတော့လေ။"
အိပ်ရာထဲမှာ စောင်နှင့်ကွေးကာ အိပ်နေသူ ခေါင်ထက် ကို အသာအယာလှုပ်ကာ နှိုးလိုက်ပါသည်။
"အင်း....မထချင်သေးဘူးကွာ။အစောကြီးရှိသေးတာကို။"
မျက်လုံးမဖွင့်ဘဲ စောင်ပုံထဲကနေ အစောကြီး ရှိသေးတယ်ပဲ အော်နေပါသည်။
"မစောတော့ဘူးလေ ကိုကိုရယ်။ဘုရားက မနက်အစောဖူးမှ ကောင်းတာ။"
ဒီမနက် ဘုရားသွားမည်ဟု ညကတည်းက ခေါင်ထက် ကို ပြောထားခြင်းပင် ဖြစ်သည်။သွားမည်ဟု သဘောတူထားပြီးမှ မနက်ကျတော့ အိပ်ရာမှ မထချင်ဘဲ ခေါင်ထက်တယောက် ဂဂျိုးဂဂျောင်တွေ လုပ်နေပါသည်။
"ထပါ ကိုကိုရယ်။အရမ်းနောက်ကျသွားရင် မကောင်းဘူး။"
"ဟင့်အင်းကွာ။"
ဘယ်လိုမှ ပြောမရသည့်အတွက်ကြောင့် ခြုံထားသည့်စောင်ကို ခွာပစ်လိုက်ရသည်။ညဝတ်အဝတ်အစားဖြင့် ပိုးတုံးလုံးလေးလို ကွေးပြီး အိပ်နေသည့် ခေါင်ထက် ပေါ်လာပါတော့သည်။ခေါင်ထက်၏ နံဘေး ခုတင်စွန်း တဖက်မှာ တင်ပါးလွှဲထိုင်ကာ ခေါင်ထက်၏ လက်မောင်းကို ပုတ်ကာ လှုပ်နှိုးရပါသည်။
"အမလေး...ကိုကို။"
နှိုးနေသည်ကို နိုးမလာသည့်အပြင် ဟိန်းစစ်၏ လက်ကို သူ့လက်နှင့်ဆွဲယူကာ အိပ်ရာပေါ်လှိမ့်ကျစေကာ ခေါင်ထက်၏ ရင်ခွင်ထဲသို့ ဆွဲထည့်ခြင်းခံလိုက်ရပါတော့သည်။
"ကိုကို ဘာလုပ်တာလဲ။ထပါဆို။မထဘဲနဲ့ ကျွန်တော့်ကို ဘာဖြစ်လို့ ပြန်လှဲချတာလဲ။ကျွန်တော် ရေချိုးပြီးပြီ။အဝတ်အစားလည်း လဲပြီးပြီး။အဝတ်အစားတွေ ကြေကုန်တော့မှာပဲ။လွှတ်ဗျာ။"
ဟိန်းစစ် ပြောမှ ခေါင်ထက် မျက်လုံးတွေ ပွင့်လာသည်။အပြည့်တော့မဟုတ်။ရင်ခွင်ထဲမှ အသာအယာခွာစေပြီး
တဝက်တပျက် ပွင့်လျက် မျက်လုံးနှင့် ဟိန်းစစ် ကို ကြည့်နေခြင်းဖြစ်သည်။"ချောလိုက်တာ။ဘယ်သူ့ချစ်သူပါလိမ့်။"
အပြောနှင့်အတူ ဟိန်းစစ်၏ ပါးပြင်လေးကို ဘယ်ပြန်ညာပြန် မွှေးကြူလိုက်ပါသည်။
ESTÁS LEYENDO
ညီငယ် (ဒုတိယတွဲ) unicode and zawgyi