အပိုင်း ၆

1.6K 110 5
                                    

အပိုင်း ၆

Unicode

"ဗျာ"

ဆိုတဲ့ စကားလုံးလေး ထွက်ပေါ်လာပြီး
အံ့ဩတဲ့ မျက်လုံးနဲ့ ကြည့်နေသူလေးဟာ သိပ်မကြာခင်မှာပဲ အရောင်တောက်တောက် မျက်ဝန်းတွေ အဖြစ်ပြောင်းလဲသွားသည်။

ချစ်သူကတောင် နာကျင်မှုတွေနဲ့အတူ ခေါင်ထက်အတွက် ပေးဆပ်ခဲ့သေးတာပဲလေ။
အပြောမဟုတ်တဲ့ တကယ့်လက်တွေ့မှာ သူ ဘာ့ကြောင့် တွန့်ဆုတ်နေရမှာလဲ။

ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဟာ သူ့ကို ရဲရင့်စေသည်။လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို လက်မတွန့် ရှေ့တိုးမိသည်။

ညင်သာတဲ့ ခြေလှမ်းတွေနဲ့အတူ ခုတင်ပေါ်ကို တရွေ့ရွေ့ တက်လှမ်းလိုက်သည်။ခုတင်စွန်းမှာ ထိုင်ပြီး
နေရာမှာတင် တုတ်တုတ်မှ မလှုပ်ဘဲ သူ့ရဲ့ လှုပ်ရှားမှုတွေကို မျက်တောင်မခတ်ကြည့်နေသူ ဟိန်းစစ် နားကို တစတစ တိုးလာမိသည်။

"တကယ်ပြောနေတာလား"

"အစ်ကို့ မျက်နှာနဲ့လုပ်ရပ်က နောက်နေတဲ့ ပုံစံနဲ့ ပေါက်နေလို့လား ညီငယ်။"

"ဆုံးဖြတ်ပြီးပြီပေါ့။ဒါဆို ကျွန်တော် ရှေ့ဆက်လို့ ရပြီပေါ့။"

"ညီငယ့် သဘောပါ။"

ဟိန်းစစ် ရှေ့မှာ ပုဆစ်တုပ် ထိုင်ကာ ပေါင်ပေါ်ကို လက်နှစ်ဖက် တင်ထားပြီး ဟိန်းစစ် ကို မျက်နှာချင်းဆိုင် ကြည့်နေလိုက်သည်။ခေါင်ထက်ဘက်က အညံ့ခံပြီးသား ဟိန်းစစ် သဘောအတိုင်း ပြုမူနိုင်ဖို့ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။နွေးထွေးမှုတွေ မခံစားရတာ ကြာပြီမို့ အကြည့်တစ်ချက်နဲ့တင် ခေါင်ထက် ရင်တွေပေါက်ကွဲလုလုပါ။ရင်ခုန်သံတွေ မြန်နေပေမယ့် မျက်လုံးတော့ မှိတ်မထားပါ။ဟိန်းစစ်မျက်နှာကို ရှုမြင်ရင်း ရင်ခုန်ခြင်းတွေ အတူခံစားနိုင်ဖို့ အတွက်ပါ။

"ရင်တွေ အရမ်းခုန်နေပါလား။"

ခေါင်ထက် ရင်ဘတ်နေရာမှာ ရှိတဲ့ နှလုံးသားတည့်တည့်နေရာကို လက်ဖဝါးလေးတစ်ဖက် တင်ကာ စမ်းပြီး ပြောသည်။နဂိုကတည်းက ရင်ခုန်သံမြန်နေတဲ့ ခေါင်ထက်ဟာ ဟိန်းစစ်ရဲ့ အထိအတွေ့မှာ ပိုကျယ်လာတဲ့  ရင်ခုန်သံနဲ့အတူ‌ နှလုံးသားတွေ  ဗြောင်းဆန်ကုန်ပါပြီ။

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now