အပိုင်း ၃၄ (zawgyi)

389 22 0
                                    

အပိုင်း ၃၄

Zawgyi

ဟိန်းစစ် ကို စိတ်ကောက်ပြီး ရုံး‌ကို အစောကြီး ထွက်လာခဲ့မိတော့ ရုံးစောင့်မှလွဲ၍
ရုံးမှာ ဝန်ထမ်းလည်း တယောက်မှ မရောက်သေးပါ။ကိုယ်တိုင်ပဲ ရုံးခန်းတခါးတွေ ဖွင့်ပြီး ရုံးခန်းထဲဝင်ခဲ့လိုက်သည်။ရက်အနည်းငယ်အကြာ ရုံးမထိုင်ဖြစ်ပေမယ့် ရုံးခန်းကတော့ သန့်ရှင်းသပ်ရပ်လို့နေပါသည်။စပယ် က တာဝန်ယူပြီး သန့်ရှင်းအောင် ရှင်းလင်းပေးထားပုံရသည်။

လက်ထဲမှာ ပါလာသည့် စာရွက်စာတမ်းနှင့်
laptop ကို စားပွဲပေါ် တင်လိုက်သည်။ပြီးတော့ ဆိုဖာပေါ်မှာ  စိတ်ပျက်လက်ပျက်နှင့် ထိုင်လိုက်ပါသည်။သက်ပြင်းကိုလည်း ချလိုက်မိပါသည်။တယောက်တည်း အတွေးပေါင်းစုံ စတင်နေမိပါတော့သည်။

ခေါင်ထက် ဟိန်းစစ် ကို အရမ်းချစ်သည်။အချစ်နဲ့အတူ အပြည့်အဝ ပိုင်ဆိုင်မှုကိုပါ သူ လိုချင်သည်။
သူ နဲ့ ဟိန်းစစ် နှစ်ယောက်ကြားမှာ  ဘာများလိုအပ်နေသေးလဲ။ဘာတွေများထပ်ပြီး ကွာခြားနေသေးပါလဲ။သူ့ဘက်က ဘာတွေ ထပ်ပြီး လုပ်ကိုင်ပေးရဦးမလဲ။

ဟိန်းစစ် မာနကြီးသူ တယောက်ဆိုတာ ခေါင်ထက် သိပါသည်။မာနကြီးလွန်းသည့် ကောင်လေး ကိုပဲ သူ့ဘက်က ချစ်ခဲ့တာ မဟုတ်လား။ဟိန်းစစ် မာန က တခါတလေ သူ့ရဲ့စိတ်ကို အောက်ဆုံးထိုးကျစေပါသည်။
စိတ်ကသိကအောက် ဖြစ်စေသည်။

သူနှင့်ဟိန်းစစ် အတူတူ နေထိုင်လာတာလည်း ကြာပါပြီ။ဟိန်းစစ် သည် သူ၏ အပေါ် ကောင်းလွန်းသူဖြစ်သည်။အစစအရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးသူ ဖြစ်သည်။အနစ်နာခံပြီးလည်း သူ့အပေါ်
ချစ်ပေးသည်။ကောင်းပေးပါသည်။တကယ့်ကို လိုလေသေးမရှိပါ။

ဟိန်းစစ် ဘက်ကသာ သူ့အပေါ် ပေးဆပ်ထားတာတွေ အများကြီး ရှိသည်။သူ ဟိန်းစစ် အပေါ် ချစ်သည့်အချစ်သည် ဟိန်းစစ် သူ့အပေါ်ထားသည် ပေးဆပ်မှု၊အနစ်နာခံမှုနဲ့ ယှဉ်ရင် မြူမှုန်သေးလေးလောက်သာ ရှိသေးသည်။

ဟိန်းစစ် အပေါ် သူ့ဘက်က ပျက်ကွက်ခဲ့တာတွေ
အများကြီး ရှိသည်။ဟိန်းစစ်၏မာနကို ငဲ့ကွက်နေသည့်အတွက် သူ့ဘက်က ဘာမှ လုပ်ပေးခွင့်မရ။ဟိန်းစစ် ဌားထားသည့်အိမ်မှာ သူနေရသည်။အိမ်အသုံးစရိတ်၊ စားစရိတ်သောက်စရိတ် အကုန်လုံးကလည်း ဟိန်းစစ်၏ ငွေကြေးနဲ့သာ ဖြစ်သည်။

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now