အပိုင်း ၁၆
Unicode
"ညီငယ်"
"ဗျာ"
"အကို့ ကို ဒီနေ့ အချိန်ပေးလို့ရမလား"
"ဘာအတွက်လဲ ကိုကို"
"ညီငယ်နဲ့အတူ သွားရမယ့် ကိစ္စတစ်ခုရှိနေလို့"
"ဘာကိစ္စလဲ "
"သွားစရာရှိလို့ပါ။အခုတော့ အကို အခု ရုံးခဏသွားဦးမယ်။၁၀နာရီထိုးလောက် ပြန်လာခေါ်မယ်။အဆင်သင့်လုပ်ထားနော်။
"ဟုတ်ကဲ့။ဘယ်သွားမှာလဲ ကိုကို ။ကျွန်တော် ဘာအဝတ်အစား ဝတ်ထားရမလဲ။"
"ပုဆိုးနဲ့ကော်လံကတုံးအဖြူပဲ ဝတ်ထားလိုက်ပါ။"
"ကိုကိုကော.....ဘာဝတ်သွားမှာလဲ။ဒီအဝတ်အစားကို ပြန်လာရင် ထပ်လဲဦးမလား။"
"မလဲတော့ဘူး။အကို လာတာနဲ့ တန်းသွားမယ်။ပြင်စရာရှိတာ ပြင်ထားနော်။"
"ဟုတ်ကဲ့"
ခေါင်ထက် သွားဖို့လာဖို့ ပြင်ဆင်ပေးနေတဲ့ ဟိန်းစစ် ကို မှာစရာရှိတာမှာပြီးသွားဖို့ပြင်ရသည်။အခန်းဝအရောက်မှာတော့ တစုံတခုကို သတိရသွားပြီး အနောက်ဘက်မှာ လိုက်လာသည့် ဟိန်းစစ် ဆီ လှည့်ကာ ပါးပြင်လေးကို အသံထွက်အောင် နမ်းလိုက်သည်။
"မေ့တော့မလို့ တော်သေးတယ်"
ပါးပြင်နှင့် ဘယ်တော့မှ မရပ်တဲ့ ခေါင်ထက်ဟာ သူ၏ စိတ်ကြိုက် ဟိန်းစစ် မျက်နှာ ခြယ်လှယ်ပါသည်။အတော်နှင့်အရှိန်မသတ်နိုင်သူ၏ ရင်ဘတ်ကို လက်ဖဝါးတဖက်နှင့် တွန်းကာ ရပ်ဖို့ ပြောရသည်။
"တော်ပြီ ကိုကို။သွားတော့လေ"
"ဟင့်အင်း။မကျေနပ်သေးပါဘူး။ညီငယ့် ဆီကလည်း ပြန်လိုချင်သေးတယ်။"
"တော်တော့လေ။ကျွန်တော့် နှုတ်ခမ်းတခုလုံးလည်း ထူအမ်းနေပြီ။ဒါတောင် မကျေနပ်သေးဘူးလား။ရုံးနောက်ကျနေမယ် သွားတော့လေ။ခဏနေရင်လည်း အိမ်ပြန်လာရဦးမယ့်ဟာကို"
"မရပါဘူးနော်။လိုချင်တယ်ဆို လိုချင်တယ်ပဲ။ညီငယ့် ဆီက မရမချင်း မသွားဘူး။"
ကလေးဆိုးကြီး တစ်ယောက်လို လုပ်နေသူကို အချိန်တန်တော့လည်း အရှုံးပေးရပါတော့သည်။သူ လိုချင်တာ ရပြီးတာနဲ့ ပြုံးဖြီးသွားတဲ့ မျက်နှာကို မြင်ရတော့လည်း ဟိန်းစစ်မှာ ပီတိဖြာရတာပါပဲလေ။
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi