အပိုင်း ၁၃
Unicode
"ဦးခေါင်"
"ဪ နန်းမှုံ"
နန်းမှုံရတနာ တစ်ယောက်ကတော့ ခေါင်ထက် ရုံးခန်းကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နေသည်။ခေါင်ထက် ကလည်း နန်းကလျာ ၏ မျက်နှာကြောင့်ရယ်၊ စီးပွားရေးကိစ္စရယ်ကြောင့် ခွင့်ပြုထားခြင်း ဖြစ်သည်။
နန်းမှုံ လာနေတဲ့ ကိစ္စကို စပယ်နဲ့ဒေါ်သူသူထက် က သိပ်တော့ဘဝင်ကျပုံမရ။အခြားဝန်ထမ်းတွေကတော့ ဘယ်လိုသဘောထားလဲ ခေါင်ထက် မသိ။စိတ်လည်း မဝင်စား။ခေါင်ထက် ဘက်မှ ဘာအမှားမှ မလုပ်တော့။ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလို။ဟိန်းစစ် ကိုတော့ နန်းမှုံရတနာ တို့အကြောင်း အခုထိမပြောဖြစ်သေး။စကားမစပ်မိတာရယ်။ဘာမဟုတ်တဲ့ ကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ချင်တာရယ်ကြောင့်ပါ။"ဘယ်ကနေ လာတာလဲ နန်းမှုံ။နန်းကလျာ မပါဘူးလား။"
"သင်တန်းသွားတက်ရင်းနဲ့ ဦးခေါင် ဆီ ဝင်လာတာ။တီတီ မပါဘူး။"
နန်းမှုံရတနာ သည် သူလွယ်လာတဲ့ လွယ်အိတ်ကို ဆိုဖာခုံပေါ်ချပြီး ခုံပေါ်မှာ ထိုင်လိုက်သည်။
"သင်တန်းတွေ သွားရတာလည်း ပင်ပန်းလိုက်တာ ဦးခေါင်ရာ။မေမေ တက်ခိုင်းလို့သာ တက်နေရတာ။နန်းမှုံ ကတော့ မတက်ချင်ဘူးရယ်။"
"ပင်ပန်းတာများ ဦးခေါင် ဆီ ဘာလို့ဝင်လာလဲ။ အိမ်တန်းပြန်ပါလား။"
"အိမ်မပြန်ချင်ပါဘူး။အိမ်ပြန်ရောက်ရင်အပြင်ပြန်ထွက်လို့မရတော့ဘူး။နန်းမှုံ ဗိုက်ဆာလို့ ဦးခေါင်အိမ်ကို လိုက်ပြီး ထမင်းလိုက်စားမလို့ဟာကို"
"ဘာ......
"ဟုတ်တယ်လေ။ထမင်းလိုက်စားမလို့။ဦးခေါင်ပဲ ပြောဖူးတယ်လေ။ဦးခေါင် မိန်းမ က အချက်အပြုတ် ကောင်းတယ်ဆို။"
"အာ.....အဲ့လို ရုတ်တရက်ကြီး အိမ်ကိုလိုက်လို့ မဖြစ်ဘူးလေ။ဦးခေါင် သူ့ကိုလည်း ဘာမှ ကြိုပြောထားတာ မဟုတ်ဘူး။"
"ကြိုမပြောထားတော့လည်း ဘာဖြစ်လဲ အခု ဖုန်းဆက်လိုက်လေ။"
"သူ က အလုပ်လုပ်နေတာ နန်းမှုံ။သူ့အလုပ်ချိန်ကို နှောင့်ယှက်လို့မရဘူး။"
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi