အပိုင်း ၃
Unicode
ရဲထက် အိမ်မှာ ဘုန်းကြီးပင့်ကာ ဝါဆိုသင်္ဃန်းကပ်မည် ဖြစ်သောကြောင့် ဟိန်းစစ် မဖြစ်မနေ သွားဖို့ အကြောင်းဖန်လာသည်။ဘုန်းကြီး၅ပါးကို ဒံပေါက်ဆွမ်းကပ်ပြီး ဖိတ်ကြားထားတဲ့သူတွေကိုတော့ မုန့်ဟင်းခါးပဲ ချက်ပြီး ဧည့်ခံမည်ဟု ရဲထက် ကပြောသည်။မုန့်ဟင်းခါးကိုတော့ ဟိန်းစစ် ကို ကိုယ်တိုင် လာချက်စေချင်နေသည်။သူငယ်ချင်းအရင်းကြီးလည်းဖြစ်နေ၊ လုပ်ပေးရမည့် ဝတ္တရားလည်း ရှိနေတာမို့ လာချက်ပေးမည်ဟု ကတိပေးလိုက်သည်။
ရဲထက် အိမ်ကို ညအိပ်သွားပြီး မုန့်ဟင်းခါးသွားချက်ပေးဖို့အတွက် ခေါင်ထက် ဆီက ခွင့်ပြုချက်ကို တောင်းခံရပါသေးသည်။ပြောပြထားပြီးသား ဖြစ်ပေမယ့် နီးတော့ တစ်ခါထပ်ပြောရပါသည်။
အရင်က တစ်ယောက်တည်းနေပြီး တစ်ယောက်တည်း စိတ်တုန်းကလို သွားချင်တာသွားလို့မရ လုပ်ချင်တာလုပ်လို့မရတော့။ဘယ်ပဲသွားသွား ဘာပဲလုပ်လုပ် သူ့ကို ပြောရသည်။သူ့ဆီမှ သွားခွင့် ခွင့်ပြုချက်ရမှသာ သွားရသည်။
ဒါဟာလည်း အိမ်ထောင်သည် ဖြစ်သွားခြင်းရဲ့ ပြယုဂ် တစ်ခုပါပဲ။"ညအိပ်သွားမှာ ဆိုတော့ ကိုကို အဆင်ပြေမှ ခွင့်ပြုပါ။ကျွန်တော့်ကတော့ သွားချင်တယ်။ရဲထက် က ငယ်သူငယ်ချင်းအရင်းကြီးလည်း ဖြစ်နေတာရယ် ပြီးတော့ ရဲထက်က အရင် ကျွန်တော် ဆင်းရဲတုန်းက အနားမှာ ဖေးမစောင့်ရှောက်ပေးသူလေ။အမေ့ကိုလည်း အမေရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာ။"
"အစ်ကို ကလည်း ဘာပြောနေလို့လဲ။ညီငယ် သူငယ်ချင်း အလှူကူညီတာပဲလေ။အစ်ကို မတားပါဘူး။ညီငယ် သွားမယ့်နေ့ အစ်ကို အိမ်ပြန်အိပ်လိုက်မယ်။"
သူ့ကို ပြောရဆိုရခက်ပြီး ခွင့်ပြုချက်ကို လွယ်လွယ်နဲ့ ပေးလိမ့်မည် မထင်ခဲ့။ဟိုနေ့ကတင် ရဲထက် နဲ့ အပြင်သွားတာကြာလို့ အရစ်ခံရသေးတယ် မဟုတ်လား။အဲ့ဒါကို ရဲထက် ကသိသည်။
ရဲထက် ကတောင် ပြောသေးသည်။"မင်း ဘဲကြီး က ငါ့ကို ကြည်တာမဟုတ်ဘူး။အလှူလာဖို့ ခွင့်ပြုပါ့မလား။" တဲ့လေ
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi