အပိုင်း ၃၈
Unicode
"ကိုကို ထမင်းစားမှာလားဟင်။"
"မစားတော့ဘူး။အသိတယောက် ထမင်းစားဖိတ်တာနဲ့ သွားစားလိုက်တယ်။"
"ဪ...ဟုတ်ကဲ့။"
ခေါင်ထက် ပြောတာတွေကို နားထောင်နေရင်း သူ လုပ်စရာရှိတာ လုပ်ပေးနေသည်။ခေါင်ထက် အဝတ်အစားလဲပြီးချိန်အထိ စောင့်ပြီး လုပ်ကိုင်ပေးသည်။ဟိန်းစစ် ပြောပြီး ခေါင်ထက် အနားက လှည့်ထွက်သွားလေသည်။
"ဘယ်လဲ ညီငယ်။"
"ကိုကို့ အဝတ်အစားတွေ သွားလျှော်မလို့လေ။"
"အင်း...သွား......သွား။အေးဆေးလျှော်နော်။"
"ဗျာ"
ပုံမှန်ဆို အဝတ်သွားလျှော်မယ်ဆိုရင် မသွားပါနဲ့။အကို့နား နေပါဦး။အဝတ်က ဘယ်အချိန် လျှော်လျှော် ရတာပဲလေ။ဒီတခါတော့ ခေါင်ထက် ထူးဆန်းနေလေသည်။
ထူးဆန်းနေသည်မို့ ဟိန်းစစ် သည် လျှော်မည့်အဝတ်အစားတွေကို ကိုင်လျက်နှင့်ပင် ခေါင်ထက် ကို ကြည့်နေသည်။ဒါကို ခေါင်ထက် မြင်တော့ ခပ်ပြုံးပြုံးလေး ကြည့်ရင်း ဟိန်းစစ် အနားသို့ ရောက်လာလေသည်။ဟိန်းစစ်၏ ပခုံးနှစ်ဖက်ကို အသာ ပွေ့ဖက်ကာ
"အကို့ကို ဘာလို့ ဒီလောက်တောင် ကြည့်နေတာလဲ။အကို ပိုချောလာလို့လား။"
ခေါင်ထက် ပြောတော့လည်း ပြုံးလိုက်မိသည်။
"ညီငယ် အဝတ်လျှော်တာ အေးဆေး လုပ်စေချင်လို့ပါ။
အဝတ်ကို အေးအေးဆေးဆေး လျှော်နေနော်။"ဟိန်းစစ်၏ နဖူးလေးကို အသာလေး နမ်းလိုက်ပြီး ရေချိုးခန်းသို့ တွန်းပို့လိုက်သည်။ဟိန်းစစ် ရေချိုးခန်းထဲ ဝင်သွားမှပဲ ခေါင်ထက် သက်ပြင်းချ လိုက်ရပါတော့သည်။
ဟိန်းစစ် ထွက်သွားသည်နှင့် ခေါင်ထက် သည် စားပွဲပေါ်မှာ တင်ထားသည့် ကားသော့ နှင့် အိမ်သော့ ယူကာ အောက်ထပ်သို့ အမြန်ဆင်းခဲ့သည်။အိမ်တံခါးဖွင့်ပြီး ကားဆီသို့ အမြန်သွားပြီး ကားနောက်ခန်းမှာ ရှိတဲ့ ပစ္စည်းအချို့ကို ယူကာ အိမ်ပေါ်သို့ ပြန်တက်ခဲ့သည်။အခန်းထဲရောက်တော့ ဟိန်းစစ် ရေချိုးခန်းထဲက ထွက်မလာလို့ တော်သေးသည်။ယူလာသည့် နေရာချပြီး လုပ်စရာရှိတာ အမြန်လုပ်ရသည်။လုပ်ရင်း ရေချိုးခန်းတံခါးပွင့်လာမှာလည်း စိုးရိမ်သည့်အတွက် ရေချိုးခန်းတံခါးဘက် လှမ်းကြည့်ရပါသေးသည်။
YOU ARE READING
ညီငယ် (ဒုတိယတွဲ) unicode and zawgyi