Part 1💙💚❤

530 38 16
                                    

" ခွပ် "

" မင်းဘာလုပ်တာလဲ "

" အဟက် မေးရဲတယ်နော်.....မင်းငါ့ကောင်မလေးနဲ့ ငါ့ကွယ်ရာမှာ ဖောက်ပြန်နေကြတာမလား "

" ဟား....ဟား....ငါဖောက်ပြန်ချင်လို့ မဟုတ်ပါဘူး မင်းကောင်မလေးကသာ ငါ့ကို လာပြီးမြှူဆွယ်နေတာ "

" မင်း မဟုတ်တာမပြောနဲ့  "

" မင်း မယုံလဲ နေပေါ့ မင်းကောင်မလေးကိုက ယောကျာ်းမြင်ရင် ငမ်းငမ်းထိုးဖြစ်နေတာတော့ ငါလဲ မတတ်နိုင်ဘူး ဒါမှမဟုတ် မင်းကသူသာယာအောင် မထားနိုင်လို့နေမှာပေါ့ "

သူပြောတဲ့စကားတေ နားမထောင်ချင်တော့တာကြောင့် မျက်နှာကို 3ချက် 4ချက်လောက်ပစ်ထိုးလိုက်ပြီး ရင်ဘတ်ကနေ ဆောင့်တွန်းလိုက်တော့ သူလဲကျသွားပြီး မြေပြင်ပေါ်က ကျောက်တုံးနဲ့ခေါင်းနဲ့ရိုက်မိသွားတာမို့ သွေးတေစီးကျလာတယ်.......

" cut... cut....မင်းသားခေါင်းမှာသွေးတေစီးကျလာပြီ "

Director ပြောမှ လဲကျသွားတဲ့မင်းသားလဲ ခေါင်းကို ကိုင်ကြည့်လိုက်တော့ သွေးတေနဲ့မို့

" သွေးတေ......အား....မူးလိုက်တာ "

မင်းသားကသွေးတေမြင်ပြီးမူးမေ့သွားတာမို့ Singလဲ မင်းသားကိုတွဲကာ အနီးနားကဆေးခန်း ကိုခေါ်လာလိုက်တယ်

ဆေးခန်းရောက်တော့ Doctorက စားပွဲမှာစာအုပ်ဖတ်နေတာမို့...

" Doctor ကျနော့်သူငယ်ချင်းကို ကြည့်ပေးပါအုံး "

Doctorလဲ မင်းသားရဲ့ခေါင်းကိုသေချာကြည့်လိုက်တော့ ခေါင်းကကွဲသွားတာမဟုတ်ဘဲ ပေါက်ယုံတင်ပေါက်သွားတာမို့ လုပ်စရာရှိတာလုပ်ပေးလိုက်ပြီး လူနာရှင်ကိုကြည့်လိုက်တော့

" အယ် P Singto "

" Newပဲ ဒါ Newဖွင့်ထားတဲ့ဆေးခန်းလား "

" မဟုတ်ဖူးအကို ကျနော့်သူငယ်ချင်းဆေးခန်းပါ ခနလာကူပေးတာ သူ့ကို "

Singလဲ သူလွမ်းနေခဲ့ရတဲ့ ကောင်လေးကိုဖက်ထားလိုက်တယ်

Newကလဲ လူနာအကြောင်းကိုမေးချင်ပေမဲ့  Singကဖက်လာတော့ ပြန်ဖက်ထားလိုက်တယ်

Definition of love💙💚❤ ( Completed) Where stories live. Discover now