Part 11

210 27 2
                                    

Unicode

Singတစ်ယောက် Photo shooting ပြီးလို့ သူ့မန်နေဂျာကို အရေးတကြီး လိုက်ပို့ခိုင်းတဲ့နေရာက Kristတို့ ကုမ္မဏီကို .......

Kristရုံးခန်းရှိတဲ့ 4လွှာကို တက်လာပြီး ရုံးခန်းထဲကို ဝင်လာလိုက်တော့ Kristက သူ့အတွင်းရေးမှူးနဲ့ စာရင်းတေလုပ်နေတယ်......

အခန်းထဲဝင်သွားပြီး Kristလို့ ခေါ်လိုက်တော့ ခေါင်းမော့လာပြီး.....

" ကိုကို ရောက်နေတာကြာပြီလား "

Kristက နေရာကနေထလာပြီး သူ့ဆီကိုလာတော့ အတွင်းရေးမှူးကောင်မလေးက

" ဆရာ ....ကျန်နေတဲ့ စာရင်းတေကို ကျမစားပွဲမှာပဲ သွားလုပ်လိုက်တော့မယ်နော် "

" အင်း "

အတွင်းရေးမှူးမလေးကို ' အင်း ' တစ်လုံးထဲပြောပြီး သူ့ကိုကိုလက်ကိုဆွဲကာ ဆိုဖာခုံပေါ်ထိုင်ခိုင်းလိုက်ပြီး သူပါဘေးက ကပ်ထိုင်လိုက်တယ်...

" ကျနော့် ကုမ္မဏီထိ ဘာကိစ္စရှိလို့လဲ ကိုကို "

Singတစ်ယောက် Kristမေးမှ သတိရတယ် ရိုက်ကူးရေးပြီးရင် Kristဆီသွားမယ်ဆိုတဲ့ စိတ်ကူးလေးကြောင့်သာ

ချက်ချင်းထွက်လာခဲ့တာ Kristဆီကို ဘာလို့သွားချင်နေမှန်းမသိတာမို့ သူမေးတာကို ဘယ်လိုဖြေရင် ကောင်းမလဲ စဥ်းစားလိုက်ပြီး

" မင်းရဲ့ အခြေအနေလာကြည့်တာလေ "

" ဟမ်...ကျနော်က ဘာဖြစ်နေလို့လဲ ကိုကိုရဲ့ "

" မင်းလေ မနေ့ညက ဟိုဒင်း....ဟိုဟွာ......ပြု...."

Singပြောနေတဲ့စကားတေ မဆုံးသေးခင် Kristက တဟား..ဟား...နဲ့ ထရီတာမို့ ....

" မင်းက ဘာတေရီနေရတာလဲ "

" ညကကိစ္စက ကိုကိုထင်သလို မဟုတ်ပါဘူး "

" ဘာမဟုတ်တာလဲ ကြားနေရတဲ့ အသံတေက ဒီလောက်ရှင်းနေတာကို "

Kristလဲ သူ့ကိုကိုကို သေချာနားထောင်ပါဆိုပြီး ညကအကြောင်းကို ရှင်းပြလိုက်တယ်.....

သူရှင်းပြတာနားထောင်ပြီး ကိုကိုက

" ဒါဆို မင်းငါ့ကိုလိမ်ခဲ့တာပေါ့ ဟုတ်လား "

Definition of love💙💚❤ ( Completed) Where stories live. Discover now