Krist တစ်ယောက် မေမေတို့နဲ့ ထမင်းစားပြီးတော့ သူ့ကိုကို စိတ်ပူနေမှာစိုးတာကြောင့်condoကို မြန်မြန်ပြန်လာခဲ့လိုက်တယ်.....
condo ရောက်တော့ ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ ကိုကို့ကို တွေ့တာကြောင့် အနားလေးကို သွားကာထိုင်လိုက်ပြီး...
ကိုကို့လက်ချောင်း သွယ်သွယ်လေးကို ဆုပ်ကိုင်လိုက်ကာ နဖူးပေါ်ကျနေတဲ့ ဆံပင်တေကို သပ်တင်ပေးရင်း
ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲ ကိုကိုရယ်........
ကျနော်လေ ကိုကို့ကို ချစ်လွန်းလို့ ရူးသွားလိမ့်မယ် သိလား.....
ကိုကို့ရဲ့ ဟောဒီ နှုတ်ခမ်းပါးလေး ဒီနှာခေါင်း ချွန်ချွန်လေး မျက်ခုံး မျက်လုံး အိုဗျာ ကိုကို့မှာ ရှိသမျှ အရာအားလုံးကို မြတ်နိုးတယ်.........
Krist တစ်ယောက် Sing ဆံပင်တေသပ်တင်ပေးရင်းကနေ မျက်နှာပေါ်က အစိတ်အပိုင်း တစ်ခုချင်းကို လက်ညှိုးလေးနဲ့ ထိတွေ့ရင်း ပြောနေတာကြောင့်....
Singတစ်ယောက် မျက်လုံးဖွင့်လာကာ Kristကိုကြည့်လိုက်ပြီး Kristလက်ချောင်းတေကို သူ့လက်ချောင်းတေနဲ့ ထပ်တူကျစေလိုက်ကာ.....
" အဆင်ပြေခဲ့လား "
" အင်း "
" တကယ်ကော အဆင်ပြေခဲ့တာ ဟုတ်ရဲ့လား Kristရယ် "
" ပြေခဲ့ပါတယ်ဆို ကိုကိုရာ "
" ဘယ်လိုပြေတာလဲ ကိုကို့ကို ပြောပြ "
" ကိုကို အရမ်းသိချင်တယ် ပေါ့ ဟုတ်လား "
Kristက ကျန်တဲ့ လက်တစ်ဖက်နဲ့ Singပါးလေးကို ဆွဲကာ ပြောတော့.....
" သိချင်ပါတယ်ဆို ကွာ "
" ဒါဆို ကျနော် အစအဆုံး ပြောပြမယ်နော် နားထောင်မယ်မလား "
" အင်း "
Kristက Singကိုင်ထားတဲ့ လက်ကို နူးနူးညံ့ညံ့ ဆွဲဖြုတ်လိုက်ပြီး Singကို ပွေ့ချီကာ အိပ်ခန်းဆီကို ဦးတည်ပြီး သွားတာကြောင့်.....
" ဒီမှာ ပြောလဲ ရတာကို ဘာလို့ အိပ်ခန်းထဲလဲ "
" ကိုကို သက်သောင့် သက်သာ မရှိမှာစိုးလို့ "
![](https://img.wattpad.com/cover/261478520-288-k180637.jpg)