Newလဲ Gunအကြံကို လက်တွေ့အသုံးချဖို့အတွက် Singဆီကို ဖုန်းလှမ်းဆက်လိုက်တယ်
" Hello. ..."
" Hello P Sing ...."
" ပြောလေ New ဘာပြောမို့လဲ "
" ဟိုလေ...ဟို...P Singတို့ Showပွဲရှိတယ်ဆိုတာ ဟုတ်လား "
" ဟုတ်တယ်လေ Newလာချင်လို့လား "
" ကျနော့်သူငယ်ချင်းက ကြည့်ချင်တယ်ဆိုလို့ အဲ့တာ... "
" အင်း...ဒါဆို Newတို့အတွက် VIPအတန်းမှာ စီစဥ်ပေးထားမယ် "
" အဲ့လောက် မလိုပါဘူး ကျနော်တို့က ဒီအတိုင်း...."
" Newကလဲကွာ ကိုယ်နဲ့တူတူမကြည့်ချင်ဘူးလား "
" အယ်....ကြည့်ချင်တာပေါ့ P Singရဲ့ "
" အင်း....ဒါဆို ကိုယ်စီစဥ်ပေးတဲ့အတိုင်းပဲနော် OKတယ်မလား "
" ဟုတ် OKတယ် 😁"
Singလဲ Newကို လာရမဲ့နေရာနဲ့အချိန်ပြောပြီး ဖုန်းချသွားတယ်......
Newဖုန်းပြောတာကို ဘေးကကြည့်နေတဲ့ Gunက
" ဘာတဲ့လဲ "
" အဆင်ပြေတယ် P Singက VIPအတန်းမှာ သူနဲ့တူတူထိုင်လို့ရအောင် စီစဥ်ပေးမယ်တဲ့ "
" ဟမ်...တကယ်လား "
" အင်း...."
" ပျော်လိုက်တာ P Tayမျက်နှာလေးကို အနီးကပ်မြင်ခွင့်ရတော့မယ် "
Gunပြောလိုက်တော့ Newလက်တေက Gunဇက်ပိုးလေးကို 3ချက်လောက်အုပ်လိုက်ပြီး
" ခွေးကောင်....စကားကိုဆင်ခြင်ပြော P Tayကငါ့လူနော် "
Gunကလဲ နာသွားတဲ့သူ့ဂုတ်ကို လက်နဲ့ပွတ်ရင်း
" ဘာကိစ္စနဲ့စကားကိုဆင်ခြင်ပြောရမှာလဲ P Tayက ငါ့idolလေ ငါက သူ့ရဲ့fan boy အဲ့တော့အနီးကပ်မြင်ချင်တာပေါ့ "
" အေး Idolကို Idolလို သဘောထား fan boy ကလဲ fan boyလိုနေ နှာထဖို့မစဥ်းစားနဲ့ "
" အောင်မာ စဥ်းစားတော့ ဘာဖြစ်လဲ Idolနဲ့ fan boy တွေ့ပြီး ချစ်သွားကြတဲ့ ဇာတ်လမ်းတေ အများကြီးနော် သဘောပေါက် "
Newလက်တေ Gunရဲ့ဇက်ပိုးဆီကို ဒုတိယအကြိမ်ရောက်သွားပြီး 5ချက်လောက်ထပ်အုပ်လိုက်တယ် Gunကတော့ သူ့ဂုတ်သူပွတ်ရင်း Newကို မျက်စောင်းကြီးထိုးလို့.....