" Gun မပြီးသေးဘူးလား "
" ပြီးပါပြီကွ မင်းကလဲ အရမ်းလောတာပဲ "
" လူတိုးရမှာ စိုးလို့ပါကွာ "
" မတိုးရပါဘူး fanတေက စည်းကမ်းရှိပါတယ် "
" ငါ့ကို ကြည့်အုံး အဆင်ပြေရဲ့လား "
Gunလဲ အပေါ်အောက် အနက်နဲ့ mask အနက်ပါ တပ်ထားတဲ့ Newကို ကြည့်လိုက်ပြီး လက်မထောင်ပြကာ.....
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. " Okတယ် "
" ဒီပုံအတိုင်းဆို P Tay မမှတ်မိလောက်ဖူးမလား "
" အင်း ထင်တာပဲ "
" မင်းပြီးပြီမလား သွားရအောင် "
2ယောက်သား ပြာပြာသလဲနဲ့ အခန်းထဲက ထွက်လာကြပြီး Newက စဥ်းစားသလိုပုံစံနဲ့ Gunအကျီကို လှမ်းဆွဲကာ
" Gun ငါတို့ တစ်ခုခု ကျန်နေခဲ့သေးလား "
" မကျန်ပါဘူး "
Newတစ်ယောက် သေချာစဥ်းစားနေရင်း သတိရသွားတော့ Gunကျောပြင်ကို တစ်ချက်ရိုက်ကာ
" ဘာ မကျန်တာလဲ...... နေအုံး မင်းကားဆီသွားနှင့် ငါသွားယူလိုက်မယ် "
Newက ပြောပြောဆိုဆို အခန်းဆီ ပြန်သွားတာကြောင့် Gunလဲ ကားဆီပဲ သွားလိုက်တယ်......
Newက ကျန်နေခဲ့တဲ့ ပစ္စည်းကို အခန်းထဲက ယူလာပြီး ကားထဲဝင်ထိုင်လိုက်တော့....
" ပန်းစည်း ကျန်ခဲ့တာလား "
" အင်း မောင်းတော့ နောက်ကျတော့မယ် "
" အေး "
**************
Offတစ်ယောက် စင်အနောက်က နားနေခန်းမှာ ဟိုပြေးဒီပြေးနဲ့ အလုပ်ရှူပ်နေတယ်.......
